Wednesday, July 7, 2021

နိုင်ငံရေး လူပါးဝခြင်း အနုပညာ



         ကိုစိုးတယောက် ရောက်လာပြန်တော့ လေကန်ရပြန်တာပါပဲ ။

"မင်းဆီမလာဖြစ်တာ နဲ့ နိုင်ငံရေး ပို့စ်တွေတောင် တင်တာ မတွေ့တော့ပါလား ကွ ''

"ထွေထွေထူးထူး လည်း မရှိလို့ပါ ဗျာ နောက်ပြီး ငယ်ဘဝ ပြီးအောင် အားထည့်ရေးနေလို့ပါ ''

"မနေ့က ရေးတဲ့ အောက်ဆီဂျင် ဗူးတွေ လိုအပ်နေတာမျိုး ရေးစမ်းပါအုံး ဟ ''

"ဟုတ်တယ် အောက်ဆီဂျင်က ရှိတယ် ဗူးမရှိကြတာ ပြဿနာ ဖြစ်နေတယ်''

"ဟေ ဒါဆို ဘယ်လို ဖြေရှင်း မလဲ ကွ ''

"ကျုပ်သာ အာဏာရှိသူဆိုရင် ဒီနေရာ မှာ နိုင်ငံရေး ကစားလို့ သိပ်ကောင်းတဲ့ အကွက်ပေါ့ ဗျာ ''

"အေး လုပ်စမ်းပါအုံး ''

"ချီလီမှာ မိုင်းတွင်းပြိုတော့ သမ္မတကိုယ်တိုင် ကယ်ဆယ်ရေး လုပ်ငန်းခွင်ထဲက စောင့်ကြည့်လို့ အားလုံးချီးမွမ်းကြရတာ မှတ်မိလား ''

"အေး ထိုင်းက ကလေးတွေ ဂူထဲဝင်သွားတော့လည်း အဲလိုပဲ လေ ''

"အခုလည်း ပြည်သူတွေရဲ့ အသက်ကို ကယ်ဖို့ လိုအပ်ချက်ဖြည့်ပေးရင် နိုင်ငံရေး အမြတ်ထွက်လာမှာ ပဲ ''

"ဟကောင် ကိုယ့်ဆီမှာ မရှိတာ ဘယ်လိုလုပ်မလဲ ကွ ''

"ဝယ်ပေါ့ ဗျာ စစ်လက်နက်တောင် သန်းပေါင်းများစွာ သုံးပြီး ပြည်သူကို ကာကွယ်ဖို့ ဆိုကာ ဝယ်နေသေးတာပဲ အောက်ဆီဂျင် အိုးတွေ သောင်းချီပြီး ချက်ခြင်း ဝယ်ပေးဗျာ တရုတ်က ဖြစ်ဖြစ် ရုရှာကဖြစ်ဖြစ် ဝယ်လို့ရနိုင်ပါတယ် ၊ သူက ထုတ်လုပ်ပြီးသား ပစ္စည်းတွေပါ ဝယ်လို့ရပါတယ် ''

"အေးဟ အဲလိုဆိုရင်တော့ မြန်မြန် ရလာမှာပေါ့ ကွာ ''

"ဒီလို အကွက်ကို NLD သုံးသွားတာ တွေ့တယ် မဟုတ်လား အခု ကိုယ့်အလှည့် လေ ''

"အေးကွ တပ်ချုပ်ကြီး လုပ်ပေးပါ့မလား ''

"သူရဲ့ နိုင်ငံရေး လူပါးဝခြင်း အနုပညာ ဝမ်းစာ ဘယ်လောက်ရှိသလဲ ၊ ပြည်သူအပေါ် ဘယ်လောက် ဂရုစိုက်သလဲ ဆိုတာ အဖြေပေါ်မှာ ပဲ ''

"သြော် ဘာမှ လုပ်မပေးပဲ ဒီအတိုင်း ဆက်ကြည့်နေရင် ပြည်သူကို မစောင့်ရှောက်တဲ့ စေတနာမဲ့သူပေါ့ ဟုတ်လား ''

"ခင်ဗျား ပြောတာနော် ကျုပ်ဘာမှ မပြောဖူး အင်းစိန်ထဲမှာ covid ဖြစ်နေလို့တဲ့ ကျုပ်မသွားနိုင်သေးဖူး ကဲ ခင်ဗျားလည်း ပြန်တော့ ''

        မျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...