ကျနော် covid အကြောင်း သိပ်မရေးပါဖူး ။ ဘာကြောင့်လဲ ဆိုရင် ဆေးဝါးဆိုင်ရာ ပညာရပ်တွေ အတွက် ကျနော်တို့က လုံးဝ နလပိန်းတုန်း အဆင့်တွေ ဖြစ်နေလို့ပါပဲ ။
ယခု လိုင်းပေါ်မှာ တင်နေကြတဲ့ ဂွေးတောက်ရွက်ရှူတာ တို့ ဝမ်းလျှားမှောက် အိပ်ပါတို့ အစရှိတဲ့ ဆေးမှီးတို ကုထုံးတွေကို စေတနာနဲ့ ရှယ်နေကြ တင်နေကြတာ တွေ့ရပါတယ် ။ အလုပ်ဖြစ်မဖြစ် သေချာမှ ရှယ်စေချင်ပါတယ် ။
ဥပမာ ဂွေးတောက်ရွက် ရှူလို့ အဆုတ်ထဲ အောက်ဆီဂျင် ရောက်တယ်ဆိုတာ သဘာဝ မကျပါဖူး ၊ တကယ်မှတ်ပြီး ပေါ့ဆဆ လုပ်မိလို့ သေသွားရင် ကိုယ်ပါ အကုသိုလ် ဖြစ်နိုင်ပါတယ် ။ လုပ်တုန်းက စေတနာနဲ့ ကုသိုလ်စိတ်နဲ့ပေါ့ ဒါပေမယ့် ပညာမမှန်တော့ ရလာဒ်က အကုသိုလ် ဖြစ်သွားနိုင်ပါတယ် ။
အရမ်း Hot နေတဲ့ အောက်ဆီဂျင် ကိစ္စ နဲ့ ကုသရေး ဆိုင်ရာ ပြဿနာ တွေ အပေါ် လေ့လာကြည့်မိပါတယ် ။ လောလောဆယ် အစိုးရ ဆေးရုံကြီးတွေမှာ အောက်ဆီဂျင်တွေ အထိုက်အလျှောက် ရှိပါတယ် ကုလည်း ကုသပေးနေပါတယ် ။
ကုသရေးပိုင်းမှာ CDM ဆရာဝန် 40 % လျော့သွားပါတယ် ။ လက်ကျန် Non CDM ထဲမှာ အတွင်း သစ္စာဖောက် အနည်းဆုံး 30 % ရှိနေမှာ သေချာပါတယ် ။ ပြောချင်တာက စိတ်ရော ကိုယ်ပါ နှစ်ပြီး လုပ်ကိုင်နေတဲ့ ဆရာဝန်ဟာ ယခုအခါ 30 % ထက် မပိုဖူးဆိုတာ အရှိတရားပါပဲ ။
နောက်တချက် NLD လက်ထက်တုန်းက ဖောင်ဒင်းရှင်းအလှူပစ္စည်းတွေကို အဲဒီ ဖောင်ဒေးရှင်းတွေက အကုန်ပြန်ယူသွားကြပါတယ် ၊ မန္တလေး AYA ဖောင်ဒေးရှင်း က နမူနာပေါ့လေ ၊ ရန်ကုန်ဆေးရုံကြီးလည်း တင့် တွေတောင် ပြန်ယူသွားကြပါတယ် ။
နောက် ရန်ကုန်မှာ ယခင် NLD လက်ထက်က 40 L အောက်ဆီဂျင်ဘူး 9000 နဲ့ Oxygen Concentrator 3000 ရှိခဲ့ပါတယ် ။ Oxygen Station တွေလည်း ရှိခဲ့ပါတယ် ။ Liquid Oxygen ဆိုတာ ဆေးရုံတိုင်းမှာ ရှိခဲ့ပါတယ် ။ တနေ့ကိုဘူးပေါင်း ၄၅၀၀ ဝန်းကျင် ပေးနိုင်ခဲ့ပါတယ် ။
ယခုအခါ အဲဒီ ပစ္စည်းတွေ အားလုံး NLD ရဲ့ CDM ဆရာဝန် အယုတ်တမာတွေက ခိုးယူသွားတာ တမျိုး ၊ သုံးမရအောင် ဖျက်ဆီးခဲ့တာ တဖုံနဲ့ ပျက်စီးစေခဲ့တဲ့ အတွက် အခက်အခဲ ဖြစ်စေပြီး ပြည်သူတွေ သေခဲ့ကြရပါတယ် ။
နောက် NLD တွေဟာ ဘယ်လိုမှ တွေးမရတဲ့ ရက်စက်ယုတ်မာမှုတွေ ပြုလုပ်နေကြပြန်ပါတယ် ။ covid ကို ပြည်သူတွေထံ မကူး ကူးအောင် အလွန်ရက်စက်ယုတ်မာစွာ လုပ်နေကြပါတယ် ။
(သူတို့ကိုယ်တိုင်တင်ထားတဲ့ ပို့စ် တွေ ဖတ်ကြည့်ကြပါ)
နောက်တချက်က Oxygen တွေကို ဇွတ်လုဝယ်နေကြပါတယ် ၊ ဇော်ဝေစိုးလို လူယုတ်မာ ပြောသမျှ လုပ်နေကြတဲ့ NLD အောက်တန်းစားတွေကြောင့် ဆေးရုံတွေမှာ ရနေကြ Oxygen မရတော့ သူတို့ဝယ်နေကြ Oxygen စက်ရုံအချို့ကို အပြင်လူ မရောင်းချဖို့ တားမြစ်ပါတယ် ။
နောက် အခြေအနေ မဆိုးတဲ့ ပေါ့စတစ်တွေကို အိမ်မှာပဲ ကုသစေတာ အဲဒါတွေကြောင့်လား ၊ CDM ဆရာဝန်တွေ ကြောင့်လား ဆိုတာတော့ ကျနော်မသိပါဘူး ။
ကိုယ်ခံအားကောင်းသူဆိုရင် တပတ်လောက်ကြာရင် ပြန်ကောင်းသွားတယ်လို့လဲ ပြောဆိုရေးသားနေကြတာ တွေ့ရပါတယ် ။
.....ယခု ဖြစ်နေတဲ့ပုံကြည့်ရတာက ဆေးရုံတွေမှာ အသဲအသန်လူနာတွေကို ပဲ လက်ခံမယ့် အနေအထားတွေ့ရပါတယ် ။ ဒါတောင် စနစ်တကျ စည်းမျည်းနဲ့ ကိုက်ညီတဲ့ လူနာပဲ လက်ခံနိုင်တဲ့ အခြေအနေလို့ သုံးသပ်မိပါတယ် ။
(ဆရာဝန် အခက်အခဲ ၊ ဆေးအကူပစ္စည်း အခက်အခဲ)
NLD တွေဟာ နစက ကို အမည်ဖျက်ဖို့ အတွက် ပြည်သူ့အသက်တွေကို စတေးဖို့ လုပ်နေကြတာလည်း တွေ့နေရသလို covid အရေးမှာ နှေးကွေးတဲ့ နစက ရဲ့ တုန့်ပြန်မှုကလည်း သူတို့ စောက်သုံးမကျတာရော ၊ ကျန်းမာဝန်ကြီးဌာနက လောက်ကောင်တွေကြောင့်ရော ဆိုတော့ မြန်မာပြည်သူတွေ အကုသိုလ် ဝင်ရတော့တာပါ ပဲ ။
ကျနော် အနှစ်ချုပ်ရမယ်ဆိုရင်
၁ ။ NLD တွေဟာ Covid ရောဂါကို ယုတ်မာစွာနဲ့ ပြည်သူ့ထံ ကူးစက်ရန် တမင်လုပ်ဆောင်နေခြင်း
၂ ။ မရှိမဖြစ် လိုအပ်သော Oxygen ပြတ်လပ်သွားအောင် တမင် ယုတ်မာနေကြခြင်း
၃ ။ Oxygen အလှူရှင် ပို့စ် တွေကိုတောင် fb မှာ တင်မရအောင် ပြုမူနေတဲ့ လူယုတ်မာ အစုအဖွဲ့ကြီးအား နစက ရဲ့ ကကကွန် ဆိုတဲ့ ရုရှားပြန်များ ထောက်လှမ်းခြင်း နှိမ်နင်းနိုင်ခြင်း မရှိအောင် ညံ့ဖျင်းစုတ်ပြတ် နေတဲ့ အရည်အချင်း ။
၄ ။ covid အတွက် နစက မှ သိသာထိရောက် မြန်ဆန်တဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်မပေးခြင်း
(လုပ်နေတာလည်း ထင်ရှားလူသိများအောင် မလုပ်နိုင်တဲ့ လူညံ့တွေ ပြန်ကြားရေး တာဝန်ထမ်းဆောင်နေခြင်း)
၅ ။ ပြည်သူများ အားကိုးရာမဲ့ ဖြစ်နေပြီး မိမိကို မိမိ ဂရုစိုက်၍ ဘုရားကု ကုရုံကလွဲပြီး
ယုတ်မာသော NLD နဲ့ ပျော့ညံ့ နုံချာသော အစိုးရ ကျန်းမာရေး ဝန်ကြီးဌာန ကြားထဲမှာ မသေအောင် ဆုတောင်းနေကြရုံပါပဲ ။
သိထားကြရမှာက covid ဖြစ်တိုင်း မသေပါဘူး ။ သေဆုံးတဲ့ ရာခိုင်နှုံးဟာ ပေါ့စတစ် လူ ၂၀၀ မှ တစ်ဦးလောက်သာ ရှိပါတယ် ။
ဘယ်လိုလူတွေ သေရသလဲဆိုရင် ကိုယ်ခံအားနည်းပြီး ရောဂါ အခံရှိသူများ နဲ့ ကိုယ်ခံအားကောင်းပေမယ့် စိတ်ဓာတ် ပျော့ညံ့ အကြောက်ကြီးသူများ သေကြပါတယ် ။
ကမ္ဘာ့ကပ်ရောဂါကြီး ကိုတောင် အာဏာရမ္မက်အတွက် အသုံးချရဲတဲ့ အာဏာရူး NLD လူယုတ်မာတွေ နဲ့ အူကြောင်ကြောင် အစီအမံတွေ နဲ့ နစက ကြားထဲမှာ ကျနော်တို့ရဲ့ ရှင်သန်နိုင်စွမ်းကို ပြသဖို့ ကြိုးစားကြပါစို့ ဗျာ ။
မျိုးဝင်း
No comments:
Post a Comment