Wednesday, August 25, 2021

ကြားမိသမျှ

ကြားမိသမျှ
========

.......၂၀၂၁ အခြေခံရည်ညွှန်းစပါးဈေးကို ငွေကျပ်ငါးသိန်းခြောက်သောင်းဟု နစကမှ  ထောက်ခံအဆိုပြုထားပါသည် ။
ယခင်နှစ်ကထက် ကျပ် လေးသောင်း တိုးမြှင့် သတ်မှတ်ထားပါသည် ။ 

         စပါးစျေး တိုးမြှင့်သတ်မှတ်ပေးရာမှာ ပေးကားပေး၏ မရ ဆိုတာမျိုး မဖြစ်ရလေအောင် စီမံဖို့ လိုအပ်ပါတယ် ။ NLD လက်ထက်မှာ ဒီလိုပဲ စပါးစျေး သတ်မှတ်ပါတယ် ။ အစိုးရက သတ်မှတ်စျေးနဲ့ သူကိုယ်တိုင် မဝယ်ပဲ ကုန်သည်တွေပဲ ဝယ်ခိုင်းတော့ စပါး တတင်း ၄၆ ပေါင်ကနေ  တတင်း ၅၂ ပေါင်ဆိုပြီး ဗြောင်ကြီး ခြောက်ပေါင် တိုးယူတယ် ။

      အစိုးရက မကြပ်မတ်တော့ ဘာထူးမှာလဲ တောင်သူတွေ ခံရတာပါပဲ ။ မြေသြဇာစျေးတွေ နှစ်ဆခွဲ သုံးဆနီးပါး တက်နေပြီ ။ အစိုးရ ဓာတ်မြေသြဇာ စက်ရုံ ၅ ရုံ ရှိတာ ဟန်ဆောင် ပန်ဆောင် နှစ်ရုံပဲ လည်နေတယ် ၊ တကယ် လည်ရင် တရုံစာပဲ ထွက်ပါတယ် ။ 

    ကျန်တဲ့ စက်ရုံတွေ အလဟဿ ဖြစ်မယ့်အစား လည်ပတ်ဖို့ ကြိုးစားပြီး မြေသြဇာစျေးကျအောင် လုပ်ပေးဖို့ လိုနေပါပြီ ။ 

      စပါးကိုလည်း အစိုးရ ပိုယ်တိုင် သတ်မှတ်စျေး နဲ့ ဝယ်ပေးမယ် ၊ ပဲ စျေးလည်း အိန္ဒိနဲ့ MOU ထိုးထားလို့ စျေးကောင်းလာမှာ ဆိုတော့ တောင်သူတွေ ရှေ့ရှောက် အခြေအနေ ကောင်းပါပြီ ။ 

       တောင်သူကုန်ကြမ်း သွင်းအားစုတွေ စျေးမှန်ပြန်ရောက်ရင်တော့ ဦးသိန်းစိန်လက်ထက်ကလို တောင်သူရွှေခေတ် ပြန်ရောက်လာရမှာပါ ။ 

     ဒါက တောင်သူ လယ်သမားတွေ အတွက် သတင်းပါ ။ 

     နောက်တခုက ပါချုပ်ဆရာတော်ကြီး ကျန်းမာရေး စိုးရိမ်ရ ဆိုတဲ့ သတင်းပါ ။ အမှန်က ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး နေကောင်းကျန်းမာလျက် ရှိပါသည်။

.........ယခု ကျန်းမာရေးစိုးရိမ်ရဟု အများစုပြောနေကြသော ဆရာတော်သည်-
မန္တလေးမြို့ နိုင်ငံတော် ပရိယတ္တိသာသနတက္ကသိုလ် (နပသ) ၏  ပါမောက္ခချုပ်, စစ်ကိုင်းမြို့ မိဂဒါဝုန်ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပဏ္ဍိတဝရာဘိဝံသ ဖြစ်ပါတယ် ။ 

       ကိုရွှေမျိုးဝင်း

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...