Monday, August 30, 2021

စရိုက်



       ကိုစိုးတယောက် ပါဆယ်ထုပ်နဲ့ ရောက်လာပြန်တော့ လေကန်ကြရပြန်ပါတယ် ။

"ငမျိုးရေ မနက်က မင်းမော်ကွန်း ACC ကနေ ဘောမတွေကို လှောင်ပြောင်နေတယ် ကွ သတင်းမှား နဲ့ ပျော်နေကြလို့တဲ့''

"တွေးကြည့်ရင် သူရှက်ရမှာဗျ ဘာသာသွေးအပြည့်နဲ့ သနားတတ်တဲ့ ဘောမအုပ်စုက သူသေတာ ပျော်နေရအောင် သူကိုယ်တိုင် ယုတ်မာသူအဆင့် ရောက်နေပြီဆိုတာ သူမသိလို့လေ''

"အံမယ် ဒီကောင်က သူ့မိသားစုသူတော့ ချစ်ပါတယ် ကွာ ''

"သူ့ကိုယ်သူ ချစ်တာပါ ဗျာ မိသားစုကို ချစ်ရင် ဒုက္ခတောထဲ ခေါ်မလား ဗျ ''

"သြော် မင်းကလည်း သူချစ်လို့ သူတွေ့ချင်လို့ ခေါ်လိုက်တာပေါ့ ကွ ''

"ဒီလိုဗျ ကိုစိုးရ ကိုယ်က သူနဲ့ တွေ့ရမှ ပြောရမှ စိတ်ချမ်းသာမှာ မို့လို့ တွေ့ချင်လို့ ဒုက္ခတောထဲ ခေါ်တာဟာ သူ့ကိုယ်သူသာ ချစ်လို့ဗျ သားသမီးတွေ ရောင်စုံဒုက္ခတွေ့ရမှာတောင် သူမစာနာလို့ ခေါ်တာ ဗျ ''

"မင်း အတွေးအခေါ်က တမျိုးပဲ''

"ဟုတ်တယ် ကျနော် အုတ်ဖိုတရားရုံးမှာ သက်သေထွက်ပြီး အပြန်  WY တွေ ထည့်ပေးပြီး ထောင်ချောက်ဆင်လို့ အချုပ်ထဲရောက်တုန်းကပေါ့ ''

"အေး တရားခံမိလို့ မင်းလွတ်လာတာ သိတယ်လေ.. ''

"အင်း ပြောချင်တာက ရဲတွေက ကျနော့်မိသားစုဆီ အကြောင်းကြား ပေးမယ် ဖုန်းလည်း ပေးဆက်ကြပါတယ် ဒါပေမယ့် ကျနော် လုံးဝ မဆက်သွယ်ခဲ့ဖူး ဗျ ''

"အေး နောက်မှ မင်း မင်းမိန်းမ နဲ့ သားက သိပြီး အုတ်ဖိုကို လိုက်သွားတယ် လေ ''

"ဟုတ်တယ် ကျနော်က သူတို့ သားအမိကို ပြောလိုက်တယ် ငါ မဟုတ်တာ ဘာတခုမှ မလုပ်ဖူး အချိန်တန်ရင် လွတ်မှာ သေချာတယ် နင်တို့လည်း နောက်ထပ်မလာ​ကြနဲ့ လို့ ပြောလိုက်တယ် ''

"အင်း ဒီတော့ ''

"မိန်းမက လာမှာပေါ့ ဘာဖြစ်လို့လဲ တဲ့ ''

"အိမ်ထောင်ဦးစီးဆိုတာ အေးရင် မိသားစုနဲ့ အတူ မျှဝေရမယ် ပူရင်တော့ တယောက်ထဲ ခံရမယ် အဲဒါ ငါ့မူဝါဒပဲ နောက် လုံးဝ မလာကြနဲ့ ငါ့ပြဿနာ ငါ့ဘာသာ ရှင်းမယ်လို့ အပြတ်ပြောခဲ့တယ် ''

"အေး မင်းကတော့ လူထူးဆန်းပဲ သူများတွေဆို ဒုက္ခရောက်တာနဲ့ သားမယား အပူကပ်တော့တာပဲ ကွ ''

"ထားပါ အဲလိုပြောတော့ လူခဏခဏ သတ်ပါတယ်ဆိုတဲ့ လူမိုက် နဲ့ အခြားလူတွေက ကျနော့်ကို လေးစားလို့တဲ့ ခင်မင်ကုန်​ကြတယ် ကိုစိုးရေ ''

"နေပါအုံး မင်းမော်ကွန်းကနေ မင်းအကြောင်း ရောက်သွားပြီ''

"အဲဒါ ပြောချင်တာ ဗျ ကျုပ်လို အဆင့်နဲ့လူတောင် မိသားစုအတွက် သွားရေး လာရေး စားရေး သောက်ရေး ကိစ္စကို ကြည့်ပြီး သူတို့အပိုဒုက္ခ မရောက်ရအောင် ပြတ်သားတဲ့စိတ်ရှိသေးတာပဲ သူကျမှ မိသားစုလိုက် တောထဲထိ ခွေးတိုးဝက်ဝင် ခေါ်ပြီး ဒုက္ခခံခိုင်းတာ ချီးကျူးရမလား ဗျ ''

"အေးကွ ဒီလိုတွက်ကြည့်တော့လည်း ဟုတ်တာပဲ ကွာ နေပါအုံး သေနတ်ကြီး ကိုင်ထားတဲ့ မန်းဂျော်နီက ဘယ်လို ဖြစ်တာလည်း ဟ အသက်လည်း မငယ်တော့ပါဘူး ''

"အသက်က ၈၀ လောက် ရှိပြီဗျ ၊ သူကစီးပွားရေး သမားအစစ်ဗျ ချမ်းသာတယ် NLD ပါတီကို ရန်ပုံငွေ သိန်း သုံးသောင်း ထည့်ပြီး ဝန်ကြီးချုပ်ရာထူး ယူခဲ့ရတာပဲ ''

"ဟေ ဟုတ်လှချည်လားကွ သိန်း သုံးသောင်းဆို မနည်းဖူး နော ''

"အခုထိ တဖက်ကမ်းမှာ အိမ်ကြီးအိမ်ကောင်း နဲ့ နေတုန်းပါပဲ သူ့အိမ်မှာတောင် NUG PDF တွေ ရှိနေနိုင်တာပေါ့ ဗျာ ''

"အင်း ဝါဒဖြန့်တဲ့နေရာမှာတော့ သေခါနီးတွေအထိ သုံးတတ်တဲ့ NLD တွေပဲ ဟေ့ ''

"မီဒီယာမှာတော့ နစက နဲ့ NLD မိုးနဲ့မြေ ပါပဲ ဗျာ နစက အနေနဲ့ ငါတို့ အမှန်တိုင်း လုပ်နေတာပဲ ဆိုတဲ့ ဘိုးတော်ဘုရား အတွေးအခေါ် နဲ့ လုပ်ပြနေတုန်း ပဲလေ ''

"အေး ပြင်သင့်သလောက်တော့ ပြင်နေပါပြီ ကွာ အချိန်တန်တော့ နွားပိန်ကန်မှာပါ ကဲ ပြန်အုံးမယ်ကွာ ''

         ကိုရွှေမျိုးဝင်း

(တချို့ ဒေါက်ဖိနပ်က အဆိပ်ပြင်းတာ ဥာဏ်နည်းသူတွေ မသိနိုင်ကြသေးဘူး)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...