Saturday, August 28, 2021

အမေးများနေတဲ့သတင်း နဲ့==================မေးကြည့်ချင်သော မေးခွန်း



- မန်ခွမ် နဲ့ မန်ပိန်းကြားမှာ လှုပ်ရှားနေတဲ့ စစ်ကြောင်း ကို KIA တပ်မဟာ ၆ နဲ့ MMDA ကိုးကန့်တပ်တွေ​ပေါင်း​ပြီး ခြုံခို ချောင်းတိုက်ကြတယ် ။ 

 - အရာရှိ စစ်သည် ၈ ဦး ကျဆုံးတယ်....ခမရ ၅၂၅ 
×××××××××××××××××××××

       အဲဒါကို တပ်ရင်းလိုက်ကျဆုံးပြီး တပ်ရင်းမှူး နှစ်ယောက် သေသတဲ့ ။ ဖွနေတဲ့ သတင်းတွေ ပလူပျံနေတာ မြင်မကောင်းဖူး ။ 

       ဒီသတင်း နဲ့ ပတ်သတ်ပြီး တာဝန်ရှိ စစ်ဒေသမှူးကြီးတွေကို မေးချင်တာ တခုတော့ ရှိပါတယ် ။ ကျနော်တို့ ကြားသိထားတဲ့ သတင်းများ အရ ယခုအချိန်မှာ ရဟတ်ယာဥ်က အစ တိုင်းမှူးအမိန့် နဲ့ သုံးစွဲခွင့်ပြုထားတယ်လို့ သိထားပါတယ် ။ 

     နောက် မြန်မာ့တပ်မတော်မှာ ဒရုန်းစက်ရုံကို ၂၀၁၂ လောက်ကတည်းက တည်ဆောက်ပြီးကြောင်းလည်း သိရပါတယ် ။ 

      ယခုလို စစ်ကြောင်းချီတက်ပြီ ဆိုရင် ဒုတိယ ကမ္ဘာစစ်ကလို ပှိုင့်လွှတ် ချီတက်ခိုင်းတုန်းလား ဆိုတာ သိချင်ပါတယ် ။ 

       တပ်မတော်ထုတ် ဒရုန်းတွေက ကင်းထောက်အလုပ်တောင် မလုပ်နိုင်ဖူးလား ။ အဲလောက်မှ သုံးမရရင်လည်း ဘာကြောင့် ဒရုန်းအတွက် ငွေကုန်ခံနေကြသလဲ ဆိုတာ မေးချင်ပါတယ် ။ 

     ဒရုန်းတွေက သုံးလို့ ကောင်းပါလျှက်နဲ့ စစ်ကြောင်းတွေကို ဒုတိယကမ္ဘာစစ်က နည်းအတိုင်း ချီတက်ခိုင်းတယ်ဆိုရင်တော့ အဲဒီ အမိန့်ပေး တဲ့ တပ်မှူးကို စီစစ်ဖို့ လိုနေပါပြီ ။ 

     နိဂုံးချုပ် ပြောချင်တာက ဒီခေတ်ထဲမှာ အပျော်တမ်းသုံး ထောက်လှန်းရေး ဒရုန်း တစင်းဆိုတာ သိန်းဂဏန်း နဲ့ ရနိုင်နေပါပြီ ။ ဘာကြောင့် တန်ဖိုးဖြတ်မရတဲ့ ရဲဘော်တွေ အတွက် မရင်းကြပဲ  လူတွေ ရင်းနေရတာလဲ ။ ညဖက်ဆိုရင်လည်း ညကြည့် ကင်မရာတွေ ပေါ်နေတာ ကမ္ဘာဆွေးနေပါပြီ လို့ ဖြည့်စွက်ပါတယ် ။

       ကမ္ဘာ့အဆင့် တက်လှမ်းဖို့ ကြိုးစားနေတဲ့ တပ်မတော်မှာ ဒရုန်းကို စစ်ကြောင်းချီတက်ရာမှာ မသုံးနိုင်သေးတာဟာ သက်ဆိုင်ရာ တပ်မှူးရဲ့ မိုက်မဲ ညံ့ဖျင်းမှုကြောင့်လို့ သုံးသပ်ကြပါလိမ့်မယ် ။ 

          တပ်မတော်​​ကြည်း အတွက် ပြီးပြည့်စုံသော  လမ်းကြောင်း လုံခြုံမှုလောက်မှ စီမံမပေးနိုင်သော ထောက်ပံ့အုပ်ချုပ်မှု စွမ်းရည်အား တည့်တည့်ကြည့်ပြီး ပြန်လည်သုံးသပ်ဖို့ အရေးတကြီး လိုအပ်နေပါပြီ ။ 

         တည့်တည့်ပြောရရင် ယနေ့ တပ်မတော်သုံး နည်းပညာ နဲ့ အရာရှိတပ်မှူးတွေ ရဲ့ အရည်အချင်း က ဘာလဲ ဘယ်လဲ ဆိုတာ ပြည်သူတွေ သိချင်နေပါတယ် ။ ခင်ဗျားတို့ တပ်မှူးတွေ စီမံထောက်ပံ့မှု ညံ့ဖျင်းတိုင်း ရဲဘော်တွေ ကျဆုံးသတင်းဖတ်နေရတာ ရင်နာနေရပါတယ် ။ 

      ကိုရွှေမျိုးဝင်း   

(သြော် ဒီကာတွန်း ကြည့်ပြီးမှ ရေးရတာတောင် လက်တွန့်သွားတယ် တကယ့်ကာတွန်း ဆရာ)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...