Wednesday, August 25, 2021

ငွေစက္ကူ

ငွေစက္ကူ
======

.....နစက အစိုးရမှာ ငွေမရှိတော့ဘူးလစာတွေ ၆ လ တခါပဲ ရှင်းနိုင်တော့မှာအခွန်မဆောင်နဲ့တော့ အစိုးရပြုတ်ဖို့
သေချာပြီ ဘာညာနဲ့ ဝါဒ ဖြန့်နေကြလေရဲ့ ။ငွေစက္ကူ ရိုက်ရမယ့် စက္ကူအလွတ်တောင်
မရောင်းကြတော့ဖူးလို့ ဝါဒဖြန့်ခဲ့ကြတယ် ။

....အခုလည်း ငွေစက္ကူဆေးသားတွေ မှိန်နေသလိုလို ၊ ဝါဇီပဲ ပေါက်ကွဲသလိုလို နဲ့ ဖွနေကြပြန်ပါပြီ ။ ငွေစက္ကူအကြောင်း ဗဟုသုတ ပြန်တင်ပါ့မယ် ။ 

- ငွေစက္ကူရိုက်ဖို့ ဘလောက်
အချပ်ရေ အနည်းဆုံး ၁၈ ချပ်လိုတယ် ။ တချပ်ကို အနည်းဆုံး US$ 3 သန်းဆိုတော့ငွေစက္ကူဒီဇိုင်း အသစ်အတွက် ဘလောက်ဖိုး US$ 54 သန်း ရင်းရပါတယ် ။

စက္ကူဖိုး  .........12000 ကျပ်
  ဆေး                  5200
 ရိုက်နှိပ်ခ.           1200
နံပါတ်ရေးခ.          400
ဘလောက်စစ်ခ   2500
စက္ကူဖြတ်ခ.        1200
-------------------------------------
       Total.         22500   ကျပ်

- ငွေစက္ကူ အရွက် ၄၀ အတွက်အရင်း 22500 ဆိုတော့ ငွေစက္ကူတရွက်ကိုအရင်း 562.5 ကျပ် ရှိပါတယ် ။ 

- ကဲ ငွေတွေကို ဘယ်လိုစနစ်နဲ့ ရိုက်ကြရသလဲ လေ့လာကြပါစို့ ။ ရိုက်ချင်တိုင်း ရိုက်
ထုတ်လို့ မရပဲ ဥပဒေအတိုင်းသာရိုက်ရပါတယ် ။ ငွေစက္ကူ သမိုင်း ပြန်ကြည့်ပါ ။ 

- မတည်ငွေအပေါ် မူတည်ပြီး ငွေစက္ကူပမာဏ ထုတ်လုပ်ကြရပါတယ် ။ 

- 1952. မတည် သန်း ၄ဝ အစိုးရမှ ၁၀ သန်း ထည့်ထားရ ။

- 1965 မှာ မတည်ငွေ သန်း ၄၀ ပြည့်သွား၍1967 မှာ မတည်ငွေ သန်း၂၀၀သတ်မှတ် ။

- 1975 မှာ မတည်ငွေ သန်း ၂၀၀ ပဲ ထပ်မံသတ်မှတ် ခဲ့ကြ ။

- 2-7-1990 မတည်ငွေ သန်း ၅၀၀သတ်မှတ်
အစိုးရမှ သန်း ၂၀၀ မတည် ။ 

- 1-10-2009 မှာ ငါးထောင်ကျပ်တန် ၊15-6-2012 မှာ တသောင်းတန် အသီးသီး
အသစ်ထုတ် ။ 

- 11-7-2013 မှာ မတည်ငွေ သန်းပေါင်း ၃ သိန်း သတ်မှတ်ပြီး သန်းပေါင်းတသိန်းကို မတည်ထည့်ဝင်ခဲ့ ။ 

- ငွေစက္ကူစီးရီးအား 676 တွဲ သတ်မှတ်ထား ။
ယခုထိ ငါးထောင်တန် အတွဲ 370 နဲ့ တသောင်းတန် အတွဲ 309 ပဲ ရှိသေးတယ် ။တရားဥပဒေနဲ့ အညီ ဘယ်လောက်ရိုက်လို့ရသေးလည်း ယှဉ်ကြည့်ပါ ။ 

- မတည်ငွေ သန်းပေါင်း သုံးသိန်း ပြည့်မှသာ ငွေစက္ကူသစ် ထပ်ရိုက်ရပါ့မယ် ။
ဒါမှမဟုတ် အရံဒေါ်လာ ဟာ လည်ပါတ်ငွေရဲ့ 0.5% (8.5 ဘီလီယံ ဒေါ်လာ) စုမိရင်
အသစ်ရိုက်လို့ရပါတယ် ။ 

- NLD ဟာ အရံငွေ ဒေါ်လာ 3.2 ဘီလီယံပဲကျန်အောင် ဖြုန်းတီးပြီး မလိုအပ်တဲ့
500 တန် နဲ့ 1000 တန်တွေ အသစ်တွေထုတ်ခဲ့ပါတယ် ။ ဗဟို ဘဏ် ငွေစက္ကူသစ်
ရိုက်နှိပ်ရေး ဥပဒေသကို ချိုးဖောက်လိုက်ပြီး အနိမ့်ဆုံး ဒေါ်လာ 108 သန်း ဖြုန်းတီးတာပါ ။ 

- မြန်မာအတွက် အိန္ဒိယမှ ငွေစက္ကူ အလွတ်ဝယ်ပါတယ် ။ ဝါဇီကို အရေအတွက် အတိအကျ ပို့ရပါတယ် ။ နံပါတ်စဉ် မတတ်ရသေးတဲ့
ငွေစက္ကူတွေကို မူလပေးအပ်သည့်ပမာဏနှင့် တိုက်ဆိုင်စစ်ဆေးလက်ခံပါတယ် ။ ဝါဇီက ငွေစက္ကူတွေဟာနံပါတ် မပါသေးပါဘူး ။

- နံပါတ်ကို ဗဟိုဘဏ်မှာ ရိုက်ပါတယ် ။ လွယ်လွယ်နဲ့ ပိုမထုတ်နိုင်ပါဘူး ။ 

- ပြောချင်တာက ငွေစက္ကူကို ဥပဒေနဲ့အညီ ရိုက်ထုတ်နိုင်ရန် ပမာဏ အများအပြား
ကျန်နေသေးခြင်း 

- ငွေစက္ကူသားသည် ငွေပေးဝယ်လျှင်အလွန်ရောင်းချချင်နေသော ပေါများပစ္စည်းဖြစ်နေခြင်း

- ထို့ကြောင့် နစက မှာ လစာမပေးနိုင်တော့ဟူသော ကောလဟာလ သည်ကား ရယ်ချင်
ဖွယ်ပင် ဖြစ်ပါတယ် ။

- အစိုးရမတည်ငွေ သန်းပေါင်းသုံးသိန်း အနက်အစိုးရ ထည့်ဝင်ငွေ သန်းတသိန်း အပြင် နောက် သန်း နှစ်သိန်း ဖြည့်ပြီးမှသာ အသစ်ထုတ်ရပါမည် ။ 

- ယခု လိုအပ်နေသေးသော သန်းပေါင်းနှစ်သိန်း နေရာအတွက် သန်းပေါင်း ၇၀၀၀
သာ ဖြည့်နိုင်ပါသေးတယ် ။ စီးရီးကျန် 5000 တန် 10000 တန်များအား ဥပဒေနဲ့ အညီ ထုတ်ခွင့်ရှိနေတဲ့ နစက အတွက်ငွေရေး ကြေးရေး ခြေသလုံးမွှေး အဆင့်မျှ
သာ ဆိုတာ သိကြရင် ကောင်းမယ်ဗျ ။   

- ယခု ဘဏ်များမှာ ငွေကြေးထိမ်းချုပ်ထားခြင်းဟာ ပုဂ္ဂိလိကဘဏ်တွေ နဲ့ ဗဟိုဘဏ်တို့ ရဲ့ နိုင်ငံရေး အကြောင်းပြ လှည့်စားမှုလို့ပဲ ယူဆပါတယ် ။ 

      မည်သို့ပင်ဆိုစေ ဘဏ်များက ပြည်သူ့ငွေကြေးအား ထိမ်းချုပ်ထားခြင်းဖြင့် ငွေကြေးအပ်နှံထားသူ ပြည်သူတွေ အနေနဲ့ များစွာ နစ်နာနေကြပါပြီ ။ 

          ယခင် သိန်းတရာ အပ်နှံထားသူသည် ဆန်​ချောအိတ် ၃၀၀ ဝယ်ယူရရှိနိုင်သော်လည်း ယခု သိန်း ၁၀၀ ဖိုး ဆန်​ချောအိတ် ၂၀၀ ခန့်သာ ရပါမည် ။ အလိုလိုနေရင်း ဆန်အိတ် တရာ ဆုံးရှုံးကြပါမည် ။ 

         ယခင်မြေဆီအိတ် ၄၀၀ ဝယ်နိုင်လျှင် ယခု မြေဆီအိတ် ၂၀၀ သာ ရရှိမည် ဖြစ်ပြီး အလကားနေရင်း မြေဆီအိတ် ၂၀၀ ဆုံးရှုံးရမည် ဖြစ်ပါသည် ။ 

      ကြာလေ နစ်နာရလေ ဖြစ်နေသော ဘဏ်အပ်ငွေများ အပေါ် ခိုင်မာသော အကြောင်းပြချက် မရှိပဲ ထုတ်ယူခွင့်ပိတ်ပင်ထားဆဲ ဖြစ်ရာ စီးပွားရေး နလံထူမှုအတွက် အရေးကြီးသော ငွေကြေးစီးဆင်းမှု တုန့်ဆိုင်းနေလျှက် ရှိရာ စီးပွားရေးလုပ်ငန်းရှင်များ အတွက် ခြေလာအိတ်ထဲ ခြေထောက်နှစ်ချောင်း စွတ်ပြီး ပြေးနေရသကဲ့သို့ ခရီးမတွင်နိုင်တော့ပါ ။ 

          အလျှင်အမြန် ပြန်လည်သုံးသပ်ပြီး နည်းလမ်းရှာဖွေ လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ ။ 

       ကိုရွှေမျိုးဝင်း

(ဆရာတော်ကို ကြောက်လို့သာ ငြိမ်နေကြရတာ ဘဝတွေက မျက်နှာသာ ကြည့်ပေတော့ )

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...