Saturday, August 28, 2021

မရေးဖြစ်တဲ့ ပြဿနာအချို့



         ကျနော့်ဆီကို ရေးခိုင်းထားတဲ့ ပြဿနာတွေက အများကြီး ဖြစ်နေပါတယ် ။ ဒီထဲကနေ တချို့ ကိစ္စတွေကို မေတ္တာရပ်ခံချင်တာ ရှိပါတယ် ။ 

      မီတာခ များ​နေတယ် ဆိုတဲ့ ပြဿနာ ရှိပါတယ် ။ တကယ်တန်းကျတော့ မိမိ မီတာရှိ အမှန်သုံးစွဲယူနစ် မှတ်တမ်း နဲ့  မီတာဘောက်ချာပေါ်က ရေးထားတဲ့ ယူနစ် တိုက်ဆိုင်စစ်ဆေးပြီး ဖြေရှင်းကြရမှာပါ ။ 

          မိမိသုံးစွဲထားတာထက် မီတာယုနစ်က ပိုများနေတယ် ထင်ရင် ကျွမ်းကျင်သူနဲ့ စစ်ဆေးကြည့်ရင် သိနိုင်ပါတယ် ။ ဥပမာ ဝပ်တထောင် တနာရီ သုံးရင် တယူနစ် တက်ရပါမယ် ။ အဲဒီစကေးနဲ့ အတိအကျ မီတာလည်တဲ့ စကေးကို ပြန်စစ်ပြီး ပြဿနာ ရှင်းရမှာပါ လိုင်းပေါ်က ရှင်းလို့ မရပါဘူး ။ 

        နောက် PDF သတင်း ရေးစေချင်လို့ လာပြောပြတာ အများကြီး ရှိပါတယ် ။ တိကျတဲ့ အချက်အလက် မပါ ပဲ ကျနော်တို့ သတင်းပေးလို့ မရပါဘူး ။ မြေပြင် ရဲဘော်တွေ လွန်စွာ ပင်ပန်းနေပါတယ် ။ 

      နောက်တချက် Messenger လောက်ကမှ သတ္တိရှိရှိ ဖွင့်မပြောရဲတဲ့ ကာယကံရှင် ဒေသခံ​​ကိုယ်စား ကျနော်တို့က ဘယ်လို အာအခံနဲ့ ရှေ့ဆက်ရမှာလည်းဗျာ ။ 

        ရဲမယုံလို့ စရဖ မယုံလို့ ခင်ဗျားတို့လည်း မယုံလို့ သတင်းမပေးချင်တာ PDF တွေ အကြောင်း သိတယ်ဆိုတဲ့ ပုဂ္ဂိုလ်များလည်း အဲလို စိတ်ထား နဲ့ တိုင်းပြည် ဘယ်လို ငြိမ်းချမ်းမလဲ မေးချင်ပါတယ် ။ 

      ပြည်သူတွေ အမြန်ဆုံး တည်ငြိမ်အေးချမ်းချင်တယ် ဆိုရင် အားလုံး ပူးပေါင်းကြမှ တပ်မတော်ကို ကူညီကြမှ အဆင်ပြေမှာပါ ။ ကျနော်တို့က တဆင့် သွားရင် ခင်ဗျားတို့ လုံခြုံပါတယ် ။ 

      ကျနော်တို့က တိုင်းသိပြည်သိ မကြောက်မရွံ့ ဒီလောက် ဖော်ကောင်လုပ်နေကြတာ အားမနာပဲ စောင်ခြုံထဲက ကြောက်ပြနေတာ သဘာဝ မကျဖူး ခင်ဗျ ။ 

         နစက အနေနဲ့ ပြည်သူ့အသံကို နားစွင့်နေတာ သေချာပါတယ် ။ အခြေအနေ ပေးတာနဲ့ သူတို့ တတ်နိုင်တာ ဆောင်ရွက်ပေးနေတာ အားလုံး အသိပါပဲ ။ 

      ကျနော်တို့ အော်နေတဲ့ ဆုကြေးထုတ်ပေးဖို့ ကိစ္စ ၊ ဘဏ်ပင်စင်စားတွေ ဒုက္ခရောက်နေတဲ့ စနစ် ပြင်ဆင်ဖို့ ကိစ္စ ၊ ဘဏ်တွေက ငွေထုတ်မရတာ အခု စက်တင်ဘာလဆန်းမှာ ထုတ်ခွင့်ပြုမယ်ဆိုတဲ့ သတင်း အစရှိသဖြင့် ဆောင်ရွက်ပေးနေပါပြီ ။ 

          ကျနော်တို့ တိုင်ပြည် အမြန်အေးချမ်းဖို့ တပ်မတော်နဲ့ ပူးပေါင်းပြီ သတင်းပေးကြခြင်းဖြင့် ကူညီကြပါစို့ ဗျာ ။ 

       ကိုရွှေမျိုးဝင်း

(အထက်က ကိစ္စများအတွက် နတ်ကို အားကိုးပြီး မ ခိုင်းပေမယ့် နတ် မစွမ်းပဲ နားလည်မှု လွဲသွားတဲ့ ကိစ္စလို့ပဲ သဘောထားပေးကြပါတော့ ဗျာ)

No comments:

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...