Friday, September 13, 2024

ယှဉ်ကြည့်ကြခြင်း ==================



                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ့နေရတော့ ဝမ်းမြောက်စရာပါပဲ ။

          တပ်မတော်သား ၊ ပြည်သူ့ရဲ ၊ မီးသတ် ၊ လူကယ်ပြန် ၊ ပရဟိတအဖွဲ့များ ၊ သံဃာများ အစရှိတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေဟာ မိမိတို့ စွမ်းသလောက် ဆောင်ရွက်ကူညီနေကြသလို အလှူရှင်များကလည်း ကူညီနေကြပါတယ် ။

                ဒီလို ရေဘေး နဲ့ သေရေး ကြုံနေရတဲ့ အချိန်မှာတောင် ဟို မအေဘေး အာဏာ ရူး  အကြမ်းဖက်တွေက  အမျိုးမျိုး တိုက်ခိုက်ယုတ်မာနေကြတာ တွေ့နေရပါတယ် ။

            ကျိုက်ထိုဖက်မှာ ရေဘေးကယ်နေတဲ့ စစ်သည်တွေကို KNU နဲ့ PDF တွေက ချောင်းမြောင်းလုပ်ကြံလို့ စစ်သည်တွေ ကျဆုံးခဲ့ရသတဲ့ ။

  
              ကိုယ်တိုင်ကူညီဖို့ စိတ်ကူးမရှိပဲ စစ်သားတွေကူညီကယ်တင်ရင် မလိုက်ကြနဲ့ ရေထဲ အသေခံကြတို့ ငါတို့လာကူညီမ လိုက်ခဲ့တို့ ( ဘယ်နေမှန်းမသိတဲ့ ကောင်တွေ) နဲ့ လိုင်းပေါ်ကနေ ယုတ်ယုတ်မာမာ လှုံ့ဆော်နေတဲ့ တကယ့်အယုတ်တမာတွေကို တွေ့မြင်နေကြရတာလဲ စိတ်ပျက်စရာပါပဲ ။

              တာချီလိတ်ဖက်မှာ ထိုင်းက ရဟတ်ယာဥ်နဲ့ အထက်မြင့်တိုက်ခေါင်မိုးပေါ် ရိက္ခာလာချကူညီပေးတာကို အလွန်အမင်းချီးမွမ်းပြပြီး တပ်မတော်က အညာမှာ ရဟတ်ယာဥ်နဲ့ ဘာကြောင့် မကူညီတာလည်းဆိုပြီး အပုပ်ချနေလေရဲ့ ။

             ရာသီဥတုဆိုးဝါးနေပြီး ရေပတ်လည်ဝိုင်းနေတဲ့အချိန်မှာ ပေ ၂၀ လောက်မြင့်တဲ့ တဲအိမ်စုတ်တွေ အပေါ်ကို ဘယ်လိုလုပ် ရဟတ်ယာဥ်နဲ့ ရိက္ခာချပေးမလဲ ။ အခြေအနေ အချိန်အခါ ရေခံမြေခံ မတူတာကို ဇွတ်ညှိပြီး အစိုးရကို ပုပ်ခတ်နေကြတာ သူတို့အလုပ်ပါပဲ ။

          ကိုင်းမေးကြည့်အုံးမယ်နော် မင်းတို့အနီ မီဒီယာတွေ ရေဘေးအတွက်

-  ရေသန့်တဗူး လှူပြီးပြီလား.... ?

- PDF တွေ ထမင်းတထုပ်လှူပြီးပြီလား.... ?

- NUG ကရော ခွေးတကောင် ကယ်ပြီးပြီလား....?

- သူပုန်တွေကရော အဝတ်တထည် လှူနေပြီလား.... ?

             ကဲ ဘယ်မလဲ မင်းတို့ဖက်က ပြည်သူ့အခက်အခဲကို လှူဒါန်းနေတဲ့ သက်သေတွေ ပြနိုင်ကြသလား.. ?

           အသက်စွန့်ပြီး ကယ်ဆယ် ကူညီရေး လုပ်နေကြသူတွေကို မဟုတ်က ဟုတ်က အပုပ်ချပြီး ဘေးထိုင်ဘုပြောနေတဲ့ လူယုတ်မာတွေအကြောင်း ပြောလို့တောင် ကုန်မှာမဟုတ်ဘူး ။

               ဒါတွေဘာကြောင့်လုပ်နေကြသလဲဆိုရင် အစိုးရအပေါ် ယခု ရေဘေးပြည်သူတွေ ကျေးဇူးတင်သွားကြမှာ ၊ အားကိုးသွားကြမှာကို မယုံကြည်လို့ပါပဲ ။

          သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ရတာကို လူတိုင်းသိနေပါလျှက် ဆည်တွေကြောင့်ဆိုပြီး ဝါဒဖြန့် နေတာလည်း တွေ့ရပါတယ် ။ ဆည်ဆိုတာ ဒီလို ရေများချိန်မှာ ရေထိမ်းနိုင်ဖို့နဲ့ ရေရှားချိန်မှာ ပြန်လည်ဖြန့်ဝေနိုင်ဖို့လုပ်ထားကြတာချည်းပဲ ။

         ဆည်တိုင်းမှာ ရေထိမ်းတံခါးရှိတယ် ။ တံခါးကနေ လွတ်တဲ့ရေဟာ သူ့မြောင်းနဲ့သူပဲ စီးသွားကြတာပါ ။ နောက်ပြီး ဆည်တိုင်းမှာ သတ်မှတ်ရေလှောင် ပမာဏထက် များရင် ရေထွက်သွားဖို့ ရေကျော်ပေါက်တွေ ရှိကြတယ် ။

         ရေကျော်ပေါက်ကနေ ရေများတိုင်းထွက်နိုင်အောင် တံခါးမရှိဘူး တမင်လုပ်ထားကြရတာပါ ။  စံချိန်တင်အောင် မိုးများလွန်းလို့ ဖြစ်တောင့်ဖြစ်ခဲ ဆည်တမံတွေ ကျိုးရင်တော့ မပြောတတ်ဘူးလေ ။

         ယခုမိုးဟာ တရုတ်ပြည်ရဲ့ မုန်တိုင်းအရှိန်ကြောင့် အရှေ့ရှမ်းရိုးမကတဆင့် နှစ်ပေါင်း ၆၀ အတွင်း အများဆုံးရွာတဲ့ မိုးဖြစ်ပါတယ် ။ ဒါကြောင့် ရှမ်းပြည်ဖက်တောင်တန်းကနေ စီးဆင်းလာတဲ့ တောင်ကျရေ နဲ့ အလည်ပိုင်းမှာ ရွာတဲ့ စံချိန်တင်မိုးရေတို့ စုပေါင်းပြီး ဖြစ်လာရတဲ့ ရေဘေးဒုက္ခဖြစ်ပါတယ် ။

                နိုင်ငံတော်အနေနဲ့ တတ်စွမ်းရှိသမျှ ကယ်ညီကယ်တင်နေသလို နိုင်ငံအနှံ့က ကူညီနိုင်သူ အသင်းအဖွဲ့ လူပုဂ္ဂိုလ်အပေါင်းတို့ကလည်း စုပေါင်း ကယ်တင်နေကြပါတယ် ။

             လူယုတ်မာတွေ မကူညီချင်နေပါ မနှောင့်ယှက်ကြပါနဲ့လို့ ပြောချင်ပါတယ် ။

         ကိုရွှေမျိုးဝင်း


မြကျောက် တပ်ချုပ်ကြီး =====================



           ကိုကြီးစိုးတယောက် အစောကြီး ရောက်လာတာနဲ့ ကပျာကရာ မျက်နှာသစ်ပြီး လိုက်သွားရပါတယ် ။ လက်ဖက်ရည်ဆိုင်မှာ စားသောက်ပြီးတာ နဲ့....

"ငမျိုးရေ ငါလည်း ညက ပျင်းတာ နဲ့ မင်း ပို့စ် အဟောင်းတွေ ပြန်ဖတ်ပြီး မေးစရာလေးတွေ ပေါ်လာတယ်ကွ''

"ဘာမေးမှာလဲ ဗျ ''

"ဒီလိုကွ အခု GZ ကလေးတွေ မကြောက်မရွံ့လုပ်နေတာတွေ ၊ နောက် ဒီလိုခေတ်ပျက်ကြီးမှာ မျိုးချစ်တွေ မကြောက်မရွံ့ GZ တွေကို ဝေဖန်နေတာ တွေကို မြင်ပြီး သတ္တိဆိုတာ ဘာလဲ လို့ မေးချင်လာတာ ကွ ''

"သူများတွေက သတ္တိကို အမျိုးမျိုး အဓိပ်ပါယျ ဖွင့်နေကြတယ် ကျနော်ကတော့ ရိုးရိုးရှင်းရှင်း ပဲ တွေးမိတယ် သတ္တိမဲ နဲ့ သတ္တိဖြူ နှစ်မျိုးရှိတယ် ''

"အေး ဘာတွေလဲ ကွ ''

"အနာဂါတ် မျှော်လင့်ချက် ကင်းမဲ့နေသူတွေ ၊ သံယောဇဉ်ထား တွယ်တာရမည့်သူများအပေါ် ဥပေက္ခာပြုရက်သူတွေ ၊ ဆင်ခြင်တုံတရား မရှိသူတွေ ထင်ရာ လုပ်ရဲတာကို သတ္တိမည်းလို့ မှတ်ထား ဗျာ''

"ဟိုက်.....ပေါက်ကရ အတွေးအခေါ် လာပဟေ့ ''

"ခင်ဗျား စဉ်းစားကြည့် GZ ကလေးမိုက်တွေ အနာဂါတ်အတွက် ဘာညာ နဲ့ နိုင်ငံရေးကြောင်ပါးတွေ မြှောက်ပေးတာ နဲ့ မိဘ ဆွေမျိုးတွေကို ပစ်သွားပြီး ထင်ရာစိုင်းနေတာပဲ လေ ''

"နောက်တမျိုး ကျတော့ ''

"နောက်တမျိုးက မိမိတိုင်းပြည် နဲ့ လူမျိုးအတွက် ဘာဖြစ်ဖြစ် လုပ်ရဲသူ ၊ ပုဂ္ဂိုလ်ရေး သံယောဇဉ်ထက် တိုင်းပြည်ကို ပိုချစ်သူ ၊ အနာဂါတ်ရဲ့ ကောင်းခြင်း ဆိုးခြင်းကို ဥပေက္ခာပြုရဲသူတွေကို သတ္တိဖြူ လို့ သတ်မှတ်တယ် ဗျာ''

"အေး ဟုတ်ပြီ နောက်တခု ကွာ အခု တပ်ချုပ်ကြီးကို မင်းပြင်းပြင်းထန်ထန် ဝေဖန်နေတာ ဖတ်ရသလို ချီးကျူးတာတွေလည်း ဖတ်ဖူးတယ် သူ့ကို ဘယ်လို မြင်သလဲ တဲ့တဲ့ ပြောကြည့်စမ်းကွာ မင်း သတ္တိ အမဲလား အဖြူလား သိရအောင်....''

"သြော် ကိုကြီးစိုးက လက်ဖက်ရည် တခွက်နဲ့ ကျုပ်ကို အရောက်ပို့ဖို့ ညကတည်းက တွေးပြီး အခု မနက်လင်းလို့ မျက်နှာမသစ်ရသေးဖူး အစောကြီး ပြေးလာပြီး ချောက်ချတာပေါ့ လေ ''

"အမလေး ကွာ အဲဒီသဘော မဟုတ်ပါဖူး ကွ ငါတို့ မြင်းခြံထောင်ကြီးက ကျယ်ပြီး အစားအသောက်လည်း သိပ်မဆိုးတော့ပါ ဘူး ဟ အလုပ်မရှိတဲ့ မင်း နဲ့ ကုန်စျေးနှုံး တက်နေတာနဲ့ အတော်ပါပဲ ''

"ကိုင်း ခင်ဗျားက သိချင်မှတော့ မဖြေရင်လည်း သိက္ခာကျအုံး မယ် ဒီတော့ ဖြစ်ရပ်မှန် နဲ့  ဥပမာပေး ပြောပြမယ် ''

"အေးပြောစမ်းပါအုံး ''

"နအဖ ခေတ်တုံးက ပြည်မြို့နယ်ထဲက တပ်မ (၆၆) ကို ဗိုလ်ချုပ်ကြီးခင်ညွှန့် ရောက်လာတယ် ဗျ ''

"အင်း သူတန်ခိုးထွားနေတုန်းကပေါ့ ဘာဆက်ဖြစ်လဲ ''

" တပ်ကအရာရှိတွေက ဧည့်ခံရတာပေါ့ ထမင်းစားပြီးတော့ အချိုပွဲ အလှည့်မှာ သရက်သီးပန်းကန်ထဲက သရက်သီး စိတ်လေးတွေကို ကြည့်ပြီး ဗိုလ်ချုပ်ကြီးခင်ညွှန့်က သူ့နားက ဧည့်ခံနေတဲ့ အရာရှိကို မေးတယ် ဗျ''

"အေး ဘာမေးသလဲ ''

"ဖိုးသက်ထွန်း (၆၆ တပ်မအရာရှိ) ဒါ ဘာသရက်မျိုးလဲ ကွ ''

"မြကျောက်ပါ ဗိုလ်ချုပ်ကြီး ''

"အေးကွ တို့ဆီမှာ စျေးအကြီးဆုံး သရက်သီးပဲ  နောက်ထပ်ရှိသေးလား ''

"ရှိပါသေးတယ် ဗိုလ်ချုပ်ကြီး''

"အေး ဒါးနဲ့ လက်ဖက်စားဇွန်းရယ် သရက်သီးရယ် ယူခိုင်း ကွာ''

      ခဏနေတော့ မြကျောက် သရက်သီး နဲ့ ဒါးရယ် ပန်းကန်လွတ်ရယ် ရောက်လာပါတယ် ။ သရက်သီးကို အတုံးလေးတွေ မလှီးစေပဲ အခြမ်းကြီး နှစ်ခြမ်းကို အခွံ မခွာပဲ လှီးပြီး ပက်လက်လှန်ထားစေပါတယ် ။ ပြီးမှ လက်ဖက်စားဇွန်း နဲ့ ကော်ခပ်ပြီး စားသတဲ့ ။ တပ်မ ၆၆က အရာရှိကြီးကိုလည်း အဲဒီလို စားစေပြီး ဆက်ပြောတယ်....

"မြကျောက်သရက်သီးက တလုံး လုံး ချိုအီနေတာ မဟုတ်ဖူး ဖိုးသက်ထွန်းရ သူက ဒီနေရာက နင့်နေအောင် ချိုလိုက် ဟိုနေရာက နဲနဲချဉ်လိုက် အဲသလိုကွ ဒါကြောင့် ဒီလိုစားကြည့်မှ ချိုလိုက် ချဉ်လိုက် နဲ့ အရသာပြောင်း နေတာကွ ဒါကိုက မြကျောက်ရဲ့ အရသာ ဖိုးသက်ထွန်း ရ .......အဲသလို ပြောခဲ့ဖူးတယ် ဗျ ''

"အင်း မစားဖူးတော့ မသိပါဖူး ကွာ အဲဒီ စျေးကြီးတဲ့ ချိုချဉ် မြကျောက် သရက်သီး နဲ့ ငါမေးတာ နဲ့ ဘာဆိုင်သလဲ ကွ ''

"ခင်ဗျားမေးတဲ့ မေးခွန်း တပ်ချုပ်ကြီးအပေါ် ဘယ်လိုမြင်သလဲ ဆိုတာပြောရမယ်ဆိုရင် မြကျောက်သရက်သီးလိုပဲ ချိုတဲ့နေရာက နင့်နေအောင် ချိုသလို ချဉ်တဲ့ နေရာတွေကလည်း ချဉ်တာပဲ ဗျ   ဒါပေမယ့် သေချာတာက တိုင်းပြည်အတွက် သာမန်လူတွေထက် တန်ဖိုးကြီးတယ် ''

"ဟိုက် အတော်လူပါးဝတဲ့ အဖြေပဲ ကွ ငပိကြော်ကျွေးရမလိုလို ၊ ဂုဏ်ပြုရမလိုလို နဲ့ ငါကတော့ အူကြောင်ကြောင် ဖြစ်သွားရပြီဟေ့ ''

"ခံရပါများတော့ ချောက်ချတာတွေ ရိုးနေပြီ လေ😁😁😁''

"အေး နောက်ဆုံးမေးခွန်း ကွာ အထက်က သတ္တိ နှစ်မျိုးမှာ မင်းက အမဲလား အဖြူလား ''

"ကျုပ်က ပြုတ်စရာ ရာထူးမရှိဖူး ၊ အလုပ်မရှိဖူး ၊ မှန်တယ်လို့ ယူဆပြီးရင် တဇွတ်ထိုး လုပ်ချင်ရာလုပ်တတ်တဲ့ အကျင့်ဆိုး နဲ့ ထင်ရာ လျှောက်ပြော လျှောက်ရေးနေတဲ့ အဆင့်ပါ ဗျာ သတ္တိ မရှိပါဘူး ''

"လာပြန်ပြီ တကယ်တန်းကြတော့ မင်းသတ္တိက ဟိုမရောက် ဒီမရောက် ဖြူညစ်ညစ် ပါကွာ ''

"ဟိုက် ထွက်ခတ် ခတ် ပြန်ပြီ ပြန်ကြစို့ ဗျာ မြကျောက်တပ်ချုပ်ကြီး သားတွေ တကယ်လုပ်နေတာ အနှောင့်အယှက် ပေးသလို ဖြစ်နေလိမ့်မယ် ''

       ကိုရွှေမျိုးဝင်း

။         ။ ဟိုတုန်းက ရေးခဲ့ဖူးတာလေး အခုတော့ ချိုပြီလား ချဥ်တုန်းလားဆိုတာ ကျုပ်တော်ဖြင့် လျှာတွေထုံနေလို့ အရသာခံမရလို့ မသိဘူး ....ခင်ဗျားတို့ကော.....?

နိုင်ငံရေး အကင်းအညှာ ====================



                     တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရဆိုတာ ပြည်သူတွေ ယုံကြည်အားကိုးဖို့ အရမ်းအရေးကြီးပါတယ် ။ ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ အကျိုးအမြတ် ရကြတဲ့ လုပ်ငန်း ရှိသလို အရှုံးခံလုပ်ပေးကြရတဲ့ လုပ်ငန်းမျိုးလည်း ရှိရမှာပါပဲ ။     

           
               အရှုံးခံလုပ်ကြရတဲ့ လုပ်ငန်းထဲမှာ ပညာရေး ကျန်းမာရေး ကဏ္ဍတွေနဲ့ အတူ အရှုံးခံသင့်တဲ့ လုပ်ငန်းတွေ ရှိပါတယ် ။ သယ်ယူပို့ဆောင်ရေးကဏ္ဍ နဲ့ လျှပ်စစ်ကဏ္ဍလိုမျိုး တပြည်လုံးအပေါ် သကျရောက်မှု အားကြီးတဲ့ ကဏ္ဍတွေပဲ ဖြစ်ပါတယ် ။

                  နစက အနေနဲ့ ပြည်သူချစ်မယ့် ဆောင်ရွက်ချက်တွေကိုသာ မလုပ်တတ်သေးတာဗျ ၊ ပြည်သူမုန်းမယ့် ဆောင်ရွက်ချက်ဆို အတော်လုပ်ပြတတ်တာ တွေ့နေရပါတယ် ။

            ဆက်သွယ်ရေးကဏ္ဍအတွက် ဖုန်း ဒေတာတွေ စျေးတက်အောင် အမိန့်အာဏာနဲ့ ဆောင်ရွက်ပြီး ပြည်သူကို ဒုက္ခပေးတယ် ။ အခုလည်း မီတာခတွေ ၂ ဆကနေ ၃ ဆ တိုးလာပြန်ပြီ ။ မရေးတော့ဘူးလို့ စိတ်ကူးထားပေမယ့် နစ်နာသူတွေ လာပြောကြတာ များနေလို့ ရေးလိုက်တာပါ ။

           ဘာတဲ့... အရှုံးပေါ်နေတာ တနှစ်ကို ဘီလီယံ ၃၀၀ လောက် ရှိလို့ပါဆိုတဲ့ လျှပ်စစ်ဝန်ကြီးဌာန ။ ခင်ဗျားတို့ကို မေးချင်ပါတယ်.....

  -  အခု PDF တွေ စိုးမိုးထားတဲ့ နယ်တွေကို လျှပ်စစ်မီတာခ မကောက်ပဲ ဘာလို့ မီးဆက်ပြီးပေးနေရတာလဲ.... ?    

- 11 KB ကြိုးသည် အများဆုံး ၇ မိုင်လောက်သာ ဆွဲလို့ရပါလျှက် ၁၂ မိုင်ကျော်ထိ သွယ်တန်းခွင့်ပြုပြီး လျှပ်စစ်အလေအလွှင့်များအောင် စီမံနေတာ ခင်ဗျားတို့ ဝန်ကြီးဌာနပဲ မဟုတ်ပါလား.... ?

- လျှပ်စစ်ခိုးယူနေတဲ့ လုပ်ငန်းရှင်တွေကို မသိကျိုးနွံပြုပြီး ပေါင်းစားနေကြတာတွေကို မဖမ်းဆီးပဲ ဥပေက္ခာပြုထားတာကရော ခင်ဗျားတို့မှာ တာဝန်မရှိတော့ဘူးလား..... ?

             အဓိကကျတဲ့ အထက်ပါ ဆုံးရှုံးမှုကြီးရဲ့ အခြေခံအကြောင်းကြီး ၃ မျိုးအတွက် ဝန်ကြီးဌာနမှာ တာဝန်ရှိပေမယ့် လုံးဝ တာဝန်မယူပဲ ပြည်သူ့အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်အောင် စီမံနေတာကိုတော့ ရှုံ့ချကြရမှာပါပဲ ။   

     
                 စားဝတ်နေရေးအတွက် စစ်မီးလျှံကြားမှာ အလုပ်အကိုင် အကြပ်အတည်း ၊ ကုန်စျေးနှုံးအဆမတန် တက်နေတဲ့ ပြဿနာ ၊ ကုန်စည်စီးဆင်းမှု ကမောက်ကမ ဖြစ်နေတဲ့ ကာလဆိုးကြီးဆိုတာ အားလုံးအသိပါပဲ ။

              အဲဒါကိုမှ မထောက်မညှာ မဖြစ်သလောက် တတ်တာပါဆိုပြီး ခပ်ပေါ့ပေါ့ ပြောသွားတဲ့ တာဝန်ရှိပုဂ္ဂိုလ်ဆိုသူဟာ စျေးထဲက ကုန်ပစ္စည်းကို ဆိုက်ကားနင်း ငွေရှာဖူးသူမဟုတ်လို့ရယ် စာနာစိတ်မရှိသူ ဖြစ်လို့ရယ်တို့ကြောင့် လွယ်လွယ်ပြောတဲ့ အဖျင်းစကားပါပဲ ။

           နစက အနေနဲ့ ၂၀၂၅ မှာ ရွေးကောက်ပွဲကျင်းပ အာဏာလွှဲပြီးရင် ပြီးသွားမှာပါ ။ ဒီတနှစ် ဘီလီယံ ၃၀၀ အရှုံးခံတော့ ဘာဖြစ်မှာလဲ...? ခင်ဗျားတို့က တော်တော်လေးကို  ပြည်သူမုန်းအောင် စီမံခန့်ခွဲတတ်သူတွေပါပဲ ။

  
        အခြေအနေ အချိန်အခါ မကြည့်ပဲ လုပ်ချင်တာတွေ လုပ်ခဲ့ကြလို့ တိုင်းပြည်လည်း ပျက်လုခမန်း ဖြစ်နေပြီ ။ တိုင်းပြည်လည်း မီးပုံထဲရောက်အောင် ခင်ဗျားတို့ တလွဲတွေ စီမံခန့်ခွဲခဲ့ပြီးပြီ ။  အခုထိ ရတဲ့ အပေါက်ကနေ ဒုက္ခထပ်ပေးနေတုန်းပဲလား ။

              ဝန်ကြီးတွေပြောသမျှယုံ ၊ ဝန်ထမ်းဆိုးတွေနေရာပေး ၊ အောက်ခြေမှာ ဘာတွေဖြစ်နေသလဲ ပြန်မကြည့်ရင်တော့ သမိုင်းအမဲစက်တွေ ဖြက်မရဖွဈပါလိမျ့မယျ ။ မလောက်မင စားနေရရှာတဲ့ ပြည်သူ့ထမင်းအိုးထဲက ထမင်းလေးကို တဇွန်းလေး လာနှိုက်စားတာလည်း သိသာတယ်ဗျ ။ 

           ဒီလိုခေတ်ပျက်ကာလကြီးမှာ ပြည်သူကို ကိုယ့်ဖက်ပါလာအောင် ကျိုးစားစည်းရုံးရမယ့်အစား   နိုင်ငံရေးအကင်းမပါးတာလား စာနာစိတ် မရှိတာလား ၂ မျိုးလုံးလားမသိဘူး ညံ့တာကတော့ အတော်ညံ့တယ် ဗျာ ။

          ဆက်လည်း မပြောချင်တော့ပါဘူးဗျာ ။

           ကိုရွှေမျိုးဝင်း

ပညာသားပါပါ နဲ့ ဥာဏ်သုံးတတ်ရင် ကင်မရာမန်းကိုပါ အုပ်စုထဲမှာ ပါအောင် ရိုက်လို့ရတယ် .... အရေးကြီးတာ ပညာပါတဲ့ ဥာဏ်ရှိဖို့ဆိုတာ သိဖို့....

ရာဇဂုဏ် တဲ့ ဗျာ. ==============

..... နှစ်ကူးလက်ဆောင် အဖြစ် ရေးခဲ့ဖူးတာလေး ပြန်တွေ့လို့ အမှတ်တရ ပြန်တင်ပါရစေ ဗျာ......


        ပြည်တွင်းပြဿနာ ( စစ်ရေး နိုင်ငံရေး ) များအတွက် ဝေဖန်နေကြတဲ့ အပေါ် ဘယ်လို ဖြေရှင်းရင် ကောင်းမလဲ ဆိုပြီး ဆွေးနွေးဖြစ်ကြပါတယ် ။  အဲဒီ ပြဿနာကတော့ ရာဇဂုဏ် ၈ ပါး နဲ့ အညီ ဖြေရှင်းမယ်ဆိုရင် အလွယ်တကူ ဖြေရှင်းလို့ ရပါတယ်လို့ ဆွေးနွေးမိပါတယ်  ။

     သဘာဝ ကျမကျ ၊ မှန်လောက်၏ မမှန်လောက်၏ ဆိုတာနဲ့ လူငယ်လူရွယ်တို့ အတွက် ဗဟုသုတဖြစ်စေဖို့ ရာဇဂုဏ် ၈ ပါးကို ဖော်ပြပါရစေ သိနားလည်ပြီးသူ ပညာရှိများ သည်းခံပေးပါခင်ဗျား.....

ရာဇဂုဏ် ၈ ပါး
--------------

၁ ။ နှိပ်နင်း ချီးမြှောက်ခြင်း၌ သိကြားကဲ့သို့ ကျင့်ရာ၏ ။

(နှိပ်စက်ဖို့ လိုလာရင် ဝရဇိန်လက်နက်နဲ့ ရဲရဲတင်းတင်း နှိပ်ကွပ်သလို ချီးမြင့်ဖို့ဆိုရင်လည်း လက်မနှေးပါနဲ့တဲ့ )

၂ ။ အခွန်အတုတ် ဖြေးဖြေးဆောင်ယူခြင်း၌ နေကဲ့သို့ ကျင့်ရာ၏ ။

(အခွန်ကောက်ယူတဲ့နေရာမှာ သတ္တဝါတို့ အသက်ရှင်ရေးအတွက် အပူဓာတ်ပေးနေတဲ့ နေမင်းကဲ့သို့ မျှတတဲ့ အပူဓာတ်ပေးပြီး ကောက်ယူဖို့ ၊ လောဘတကြီး အခွန်နဲ့ မနှိပ်စက်ဖို့)

၃ ။ သူလျှိုဖြင့် အမှုမျိုးသိအောင်ပြုရာ၌ လေကဲ့သို့ ကျင့်ရာ၏ ။

(သူလျှိုကိစ္စ ဖော်ထုတ်ရာမှာ လေကဲ့သို့ လျှင်မြန်ကျယ်ပြန့်စွာ ဆောင်ရွက်ရမည်တဲ့ ၊ အခုအနေအထားကတော့ ဘယ်သူ့ကို ယုံယုံကြည်ကြည်နဲ့ သတင်းပေးရမှန်းတောင် မသိအောင် ဖြစ်နေမှတော့......)

၄ ။ ချစ်သည် မုန်းသည်မရှိ ထုံးစံနှင့်အညီ အပြစ်ပေးခြင်း၌ ယမမင်းကဲ့သို့ ကျင့်ရာ၏ ။

(ကဲ ရေးထားတာ အလွန်ရှင်းပါတယ် အဲသလို လိုအပ်ပါက ရက်ရက်စက်စက် ယမမင်းကဲ့သို့  မကျင့်ရင် ရာဇဂုဏ်ပျက်တဲ့ မင်း ဖြစ်ပါတယ်တဲ့)

၅ ။ စည်းစိမ်ဥစ္စာ မတောင့်တခြင်း၌ မဟာသမုဒ္ဒရာကဲ့သို့ ကျင့်ရာ၏ ။

(လောဘ နည်းဖို့ကလည်း ရာဇဂုဏ်မှာ အရေးကြီးသတဲ့)

၆ ။ လူတကာမြင်လျှင် ရွှင်စေခြင်း၌ လပြည့်ဝန်းကဲ့သို့ ကျင့်ရာ၏ ။

(မင်းဧရာဇ်သည် ကိုယ့်မြင်တာနဲ့ ပြည်သူတွေ ဝမ်းသာကြရပါမယ်တဲ့ မြင်တာနဲ့ ဆန့်ကျင်သူရော ထောက်ခံသူရော ဆဲချင်နေရင် ရာဇဂုဏ် ပျက်သတဲ့)

၇ ။ ပြည်တိုင်းကား အမှုကို ကောင်းစွာဆောင်ခြင်း၌ မြေကြီးကဲ့သို့ ကျင့်ရာ၏ ။

(မင်း ဧကရာဇ်တို့သည် မိမိ တိုင်းပြည်အတွက် ကောင်းကျိုးဆောင်ရွက်ရာမှာ မည်သူဝေဖန်ရှုံ့ချမည်ကိုမျှ ထည့်သွင်းမစဥ်းစားပဲ တုန်လှုပ်ခြင်းကင်းသော မြေကြီးကဲ့သို့ ကျင့်ကြံမှာသာ ရာဇဂုဏ်နှင့် ပြည့်စုံပါမည်)

၈ ။ သူရဲသူခက်တို့အား မျိုးရိက္ခာဝေဖန်တော်မူခြင်း၌ ပဇ္ဇန်နတ်ကဲ့သို့ ကျင့်ရာ၏ ။

(ရာဇဂုဏ် ရှိတဲ့မင်းဆိုတာ မိမိရဲ့ သူရဲကောင်းစစ်သည်တွေကို လုံလောက်အောင် ထောက်ပံ့မှာသာ မင်းကောင်းမင်းမြတ်ဂုဏ်နဲ့ ထိုက်တန်ပါသတဲ့)

       ကဲ ဒီ ရာဇဂုဏ် ၈ ပါး နဲ့ အညီ အုပ်ချုပ်နိုင်မယ့် မင်းဧရာဇ် စစ်စစ်သာ အုပ်ချုပ်မယ်ဆိုရင် ကျုပ်တို့မြန်မာပြည် နေ့ခြင်းညခြင်း အေးချမ်းမယ်လို့ ရာနှုံးပြည့် ယုံကြည်ပါတယ် ဗျာ ။

       ကိုရွှေမျိုးဝင်း

လေကြောင်း စိုးမိုးရေး ===================

ယနေ့ကာလ အရေးပါတဲ့ လေကြောင်းတိုက်ပွဲအတွက် ဘရွှေကြီးရဲ့ အမျှော်အမြင် နဲ့ လုပ်ဆောင်ချက်တွေကို သတိရဖို့.......73 နှစ်မြောက် တပ်မတော် လေ အတွက် ဂုဏ်ပြုရေးသားခဲ့ခြင်းအား ပြန်လည်တင်ပြခြင်းဖြစ်ပါတယ် ။



      1954 မှာ တရုတ်ဖြူတွေက အမေရိကန်အားကိုးနဲ့ မြန်မာပြည်ကို ကျူးကျော်လာကြတယ် ။ သူတို့ရဲ့ မြေအောက် ကတုတ်ကျင်း ဘန်ကာတွေကို ဖြိုချဖို့ ဒုံးကျည်တပ်ဆင်နိုင်တဲ့ လေယာဉ်တွေ လိုအပ်နေပြီ ။

       မြန်မာပြည်မှာ မရှိသေးလို့ ဒုံးကျည်တပ်ဆင်နိုင်တဲ့ စပစ်ဖိုင်းယား မူရင်းထုတ်လုပ်သူ အင်္ဂလန်မှာ စစ်ကျန် အဟောင်းလေးတွေ ရောင်းပေးပါ ဆိုတော့ မရောင်းပေးပဲ လွတ်လပ်ရေး ယူချင်အုံးလေ ဆိုပြီး လှောင်ပြောင်ခဲ့တယ် ။

      မိတိဆွေအသစ် စက်စက် အစ္စရေးက မြန်မာတွေ လိုအပ်နေတဲ့ စပစ်ဖိုင်းယား အစီး ၃၀ ကို လက်နက်ခဲယမ်း အပြည့်အစုံ အပိုပစ္စည်း များစွာ နဲ့ စျေးနှုံးချိုသာစွာ ရောင်းပေးခဲ့တယ် ။

      နဝတ ခေတ်ဦးမှာ မြန်မာကို ပမာမခန့် နဲ့ လေကြောင်းအသာစီးရထားတယ် ဆိုပြီး ထိုင်း ဂျက်တိုက်လေယာဉ်တွေ နယ်စပ်ဖြတ်ကျော် ရန်စတာကို အံကြိတ် ကြည့်နေခဲ့ရဖူးတယ် ။

     တနေ့ ဦးသန်းရွှေက  စစ်ရုံးမှာ တာဝန်ကျတဲ့ အမေရိကန်ပြန် ထောက်လှမ်းရေး အရာရှိကို ပြောလိုက်တယ် ။

"ဟေ့ကောင် မင်း တရုတ်ကို လိုက်သွားရမယ် ငါ ဂျက်လေယာဉ်ပျံ ဝယ်ထားတယ် သွားပြီး လေ့လာ ခဲ့ "

         တရုတ်ကို လိုက်သွားရတဲ့ ထောက်လှမ်းရေး အရာရှိက လေယာဉ်တွေ စစ်ဆေးပြီး ပြန်လာတော့ သိပ်မကြည်ဖူး ဖြစ်နေပါတယ် ။ တနေ့ ဦးသန်းရွှေ နဲ့ ၂ ယောက်တည်း စကားပြောဖြစ်တော့

"ဟေ့ ကောင် အမေရိကန်ပြန်ကြီး ငါ ဝယ်ပေးတဲ့ F 7 ဂျက်တွေ ဘယ်လိုလဲ ကွ"

"မကြိုက်ဖူး အဘတပ်ချုပ်ကြီး MIG 21 အစုတ် ကော်ပီတွေပဲ ခေတ်မရှိတော့ဘူး"

         ဦးသန်းရွှေက သူပြောတာကို ကွမ်းတမြုံ့ မြုံ့ နဲ့ ဝါးရင်း ပြုံးပြီး နားထောင်နေတယ် ပြီးတော့မှ ပြန်ပြောတယ်

"အင်း မင်းက အမေရိကန်ပြန် ပီသပါ့ကွာ ဟကောင်သူဌေးသားရေ ငါတို့က ဆင်းရဲတဲ့ နိုင်ငံကွ ဂျက်တိုက်လေယာဉ်တစင်းကို ဒေါ်လာ သုံး / လေး သိန်း နဲ့ ရောင်းတာ တရုတ်ပဲ ရှိတယ် ကွ မင်းတို့ ဂျက်အင်ဂျင် ဆူပါဆောနစ် စနစ်တွေနဲ့ ရင်းနီးအောင် လေ့ကျင့်ကြအုံးလေ လူသာမစေကြနဲ့ ပျက်ရင် လွှင့်ပစ်လိုက် နောက် မင်းတို့ ကျွမ်းကျင်ပြီးမှ ခေတ်မှီတာတွေ ဝယ်တာပေါ့ကွာ ကဲ သိပြီလား သူဌေးသား "

       အဲဒီလိုပြောခဲ့တဲ့ ကာလတုန်းက မြန်မာ့လေတပ်မတော်မှာ MIG 29 B / UB 12 စင်း ၊ F 7 တစ်ဒါဇင်ကျော် ၊ A 5 အနည်းငယ် နဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ် အစုတ် နည်းနည်းပဲ ရှိသေးတဲ့ ကာလဖြစ်ပါတယ် ။

      မြန်မာ့လေတပ်ဟာ ဦးသန်းရွှေ စျေးပေါပေါ နဲ့ ဝယ်ပေးခဲ့တဲ့ အပေါစား F7 ဂျက်လေးတွေကို အစ္စရေး အကူအညီနဲ့ အဆင့်မြှင့်ပြီး လေ့ကျင့်ရင်း တိုက်ရင်းလေ့ကျင့်လိုက်တာ အတော်လေး အသားကျသွားပါပြီ ။ လေ့ကျင့်သားဝချိန်မှာတော့ ဘရွှေက အားလုံးဝမ်းသာသွားအောင် လက်ဆောင်ပေးပါတော့တယ် ။

      2009 ဒီဇင်ဘာလထဲမှာ MIG 29 လေတပ်အတွက် အစင်းရေ 20 ၊ ဒေါ်လာ 570 သန်း တန်ဖိုးရှိတဲ့ စာချုပ် နဲ့ ချုပ်ဆို ဝယ်ယူခဲ့ပါတယ် ။ ထုံးစံအတိုင်း တရစ်ခြင်း ပို့ဆောင်ခဲ့ရာ 2013 မှာ အစင်း ၂၀ လုံး လက်ခံရရှိခဲ့ပါတယ် ။
(2017 မှာတော့ MIG 29 တွေကို MIG 29 SM အဆင့်မြှင့်ပေးခဲ့ပါတယ်)

      2010 မှာတော့ ခေတ်မမှီတော့တဲ့ PT6 လေ့ကျင့်ရေး လေယာဉ်တွေအစား Grob G1 20 TP လေ့ကျင့်ရေးလေယာဉ်သစ် အစင်းရေ 20 ဝယ်ယူခဲ့ပါတယ် ။ ဂျာမဏီထုတ် လေ့ကျင့်ရေးတိုက်လေယာဉ်ဟာ အမေရိကန် နဲ့ အင်္ဂလန်ကပါ ဝယ်ယူပြီး သုံးစွဲနေရတဲ့ ထိပ်တန်းအဆင့် နောက်ဆုံးပေါ် လေယာဉ်တွေ ဖြစ်ပါတယ် ။

        အဲဒီနောက် လေသူရဲသင်တန်းသား သစ်များ များစွာ မွေးထုတ်ပေးနိုင်ဖို့ အတွက် ရုရှားရဲ့ Yak 130 လေ့ကျင့်ရေးလေယာဉ် 18 စင်း ထပ်မံဝယ်ယူခဲ့ပါတယ် ။ များပြားလာမယ့် လေသူရဲသစ်များအတွက် အမျှော်အမြင်ကြီးမားတဲ့ တပ်မတော်ဟာ ထင်မှတ်မထားတဲ့ အကွက်တခုကို လုပ်ပြခဲ့ပါတယ် ။

      အဲဒါကတော့ K8W ဂျက် လေ့ကျင့်ရေးတိုက်လေယာဉ်တွေကို ပြည်တွင်းမှာ ထုတ်လုပ်ပြခဲ့ခြင်းပဲ ဖြစ်ပါတယ် ။ ဒေသတွင်း ပြိုင်ဖက်တွေအတွက်တော့ ထိတ်လန့်ဖွယ် သတင်းဆိုးဖြစ်ပြီး မြန်မာ့လေတပ်မတော်အတွက်တော့ ဂုဏ်ယူဖွယ် မင်္ဂလာ သတင်းကောင်းကြီး ဖြစ်ခဲ့ရပါတယ် ။

       K8W ထုတ်လုပ်တဲ့ တရုတ် ၊ ပါကစ္စတန် ၊ အီရန် နဲ့ မြန်ာ လေးနိုင်ငံ အနက် မြန်မာကတော့ K8W တွေကို လေ့ကျင့်ယုံတင်မကဘူး သောင်းကျန်းသူတန်ပြန် နှိမ်နင်းရေးအတွက် အပေါ့စားတိုက်ခိုက်ရေး လေယာဉ်အဖြစ် စွမ်းဆောင်နိုင်အောင် ပြုပြင်အသုံးချခဲ့တာ ထူးခြားမှုပါပဲ ။ ယခုထိ ပြည်တွင်းထုတ် K8W 38 စင်း ထုတ်လုပ်ပြီးသွားပါပြီ ။

      F7 နဲ့   A 5 တွေကို အနားပေးဖို့ MIG 29 တွေ ဝယ်ယူခဲ့ရုံမကပါဘူး မြန်မာ့ရေမြေနဲ့ ကိုက်ညီတဲ့ JF 17 BLK 2 တိုက်လေယာဉ် 16 စင်းလည်း ထပ်ဝယ်ပါတယ် ။

      JF 17 တွေဟာ ခေတ်မှီပဲ့ထိမ်းလက်နက်စနစ် ပါဝင်တဲ့အတွက် အပေါ့စားတိုက်ခိုက်မှုတွေသာ မကဘူး မြေပြင်တိုက်ခိုက်ရေးကိုပါ ထိရောက်စွာ တိုက်ခိုက်နိုင်တာမို့ မြန်မာ့လေတပ် အတွက် မြင်းကို ဂြိုလ်တပ်ပေးသလို ဖြစ်သွားရပါတယ် ။

JF 17 တွေမှာ C 802 AK သင်္ဘောဖျက်ဒုံးကျည်စနစ်ပါ ပါဝင်နေလို့ ပင်လယ်ပြင်စိုးမိုးရေး အတွက် မင်းရဲသိင်္ခသူနဲ့ အတူ   အချိုပေါ် သကာလောင်းနိုင်မယ့် တိုက်လေယာဉ်ပဲ ဖြစ်ပါတယ် ။

     အဲဒါတွေထက်ပိုပြီး အားရဖွယ်ရှိတာကတော့ 2017 တုန်းက စာချုပ်ခဲ့တဲ့ SU 30 SME ၆ စင်းကတော့ ပြိုင်ဖက်တွေတွက် ပွဲသိမ်းလက်သီးတစုံလို့ ဆိုရပါမယ် ။ မကြာမှီမြန်မာ့ဝေဟင်မှာ မြင်တွေ့ရပါမယ်  ။

      ကျယ်ပြန့်များပြားလှတဲ့ SU 30 SME ရဲ့ စွမ်းရည်ကိုတော့ သီးခြားပို့စ်ရေးမှ တိကျ ပြည့်စုံစွာ သိရမှာပါ ။

    တပ်မတော်လေ ကတော့ တိုက်လေယာဉ်တွေ များလာတာနဲ့ အမျှထောက်ပံ့ရေးလေယာဉ်တွေ လည်း ချန်မထားပဲ အားဖြည့်နေပါတယ် ။ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် နဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေလည်း နောက်ကျမကျန်အောင် ဖြည့်တင်းနေကြပါတယ် ။

     လက်ရှိမြန်မာ့တပ်တော်မှာ တရားဝင် အရောင်းအဝယ်စာချုပ်တွေ နဲ့ လူသိထင်ရှား ဝယ်ယူထားတဲ့ လေတပ်အင်အား ကတော့

SU 30 SME        =    6
JF17BLK2          = 16
MIG 29 SM         = 22
YAK 130              = 16
K8W                      = 38
G120 TP               = 20
ATR42 500MAP  =   2
ATR42 500           =   4
Beechcraft1900  =   8
Mi 35 P                  = 12
Mi 17                      =   6
AS 365                   =   6 
Eurocupter
Ec 120                    =   3

      73 နှစ်မြောက် တပ်မတော်လေ နေ့မှာ တပ်တော်ဝင်တာက

G120 TP        2  စင်း
Y 12                2  စင်း
Beenchcraft  1  စင်း

   တပ်တော်ဝင်ခဲ့ပါတယ် ။

    ဂျော်ဒန်ကနေ 2019 ဇွန်လတုန်းက ရောင်းမယ်လို့ ကြေငြာထားတဲ့ C 295 ကို မြန်မာက ဝယ်လိုက်ပါတယ် ။ ပြည်တွင်း ပြည်ပ အဖျက်သမားတွေ ငယ်သံပါအောင် အော်နေကြပါတယ် ။ ဘာကြောင့် အော်နေကြသလဲ ?

- ကုန်အများကြီး တင်နိုင်တယ်

- နယ်စပ်က ပြေးလမ်းတိုတဲ့ လေယာဉ်ကွင်းငယ်တွေမှာ တက်ဆင်းလုပ်နိုင်တယ်

- လေထီးစစ်သည် ၅၀ ကျော် သယ်နိုင်တယ်

- လိုအပ်ရင် တိုက်ခိုက်ရေး လက်နက်တပ်ဆင်နိုင်အောင် ထုတ်လုပ်ထားတယ်

     ဒီတော့ မြန်မာ့တပ်မတော် စွမ်းဆောင်ရည် မြင့်မားအောင် လုပ်နေတာကို မလိုလားတဲ့ ပြည်တွင်းပြည်ပက ခွေးလိုကောင်တွေ ဟောင်နေကြတယ် ဒါပဲ ဗျ  ။ ဘင်္ဂလားမှာတောင် အဲဒီလေယာဉ် တစင်းပဲ ရှိတယ်လို့ ကြားသိရပါတယ် ။

......နောက်ဆုံး အချက်တခုတင်ပြချင်တာကတော့ ရုရှားရဲ့ SU 75 မိတ်ဆက်ကြော်ငြာပွဲမှာ မြန်မာ့တပ်မတော် လေ တပ်သားတဦး ပါဝင်ထည့်သွင်း ရိုက်ကူးပြသွားတဲ့ အချက်ပဲ ဖြစ်ပါတယ် ။

         အဲဒီလို ထည့်ရိုက်ခွင့်ရှိတာ ဒီလေယာဥ် ထုတ်လုပ်ဖို့ အတွက် ရင်းနှီးငွေ အချိုးကျ ထည့်ဝင်ထားလို့ ဆိုပြီး လက်နက်ရေးကာ ကျွမ်းကျင်သူများက ပြောကြပါတယ် ။ ဒါဆိုရင် မြန်မာ့တပ်မတော်သည် နောက်မကြာခင် ကာလများမှာ SU 57 တွေ နဲ့ ကျောရိုးထား ဖွဲ့စည်းနိုင်တော့မယ့် ကာလ မဝေးတော့ပါဘူး ။

            ဒီလောက်ငွေတွေ သုံးနေတာ ဘက်ဂျက်တွေ ကုန်မှာပေါ့လို့ မတွေးပါနဲ့  ။ အခုလို စဥ်ဆက်မပျက် ဝယ်ယူထားနိုင်တဲ့ အဓိက ဝင်ငွေက ခင်ဗျားတို့ နာမည်ဖျက်နေတဲ့ MEC ရဲ့ အမြတ်ငွေတွေ နဲ့ တိုင်းပြည်ကာကွယ်ရေး အတွက် သုံးစွဲနေကြတာပါ ဗျာ ။

     ကဲ ၇၃ နှစ်မြှောက် တပ်မတော်လေ အတွက် စုဆောင်းမိတဲ့ အချက်တွေနဲ့ ဂုဏ်ပြုရင်း ရေးသားလိုက်ပါပြီ ။

     စစ်သားကြီးတွေဖြစ်တဲ့ ဘရွှေ နဲ့ ရွှေဘ တို့ ဆရာတပည့် နှစ်ဦးလုံးကတော့ တပ်မတော်တွက် အစိမ်းရောက်ဝတ်ဆင်ပြီး အပိုမပါပဲ လက်တွေ့ကျတဲ့ လေစိမ်းတိုက် စကားတွေနဲ့ ဆောင်ရွက်ခဲ့တာ မျက်မြင်ပါပဲ ။

မှတ်ချက် ။     ။ ယခု အင်အားစာရင်းများသည် တရားဝင် မီဒီယာများ သိရှိပြီး စာရင်းများသာ ဖြစ်ပါတယ် ။ အများသူငါ မသိထိုက်သော စာရင်းများ လုံးဝ မပါရှိသေးပါဘူး ။

        ကိုရွှေမျိုးဝင်း

Monday, September 9, 2024

မကွေးက တရားခံ =================



         မကွေးက ငွေရှာကြမ်းနေတာ ဘယ်သူတွေလဲ... သိထားတာတွေ နဲ့ ကွာခြားနေပြီလား...

           ကျနော့်ဆီကို သတင်းတခုလာပေးပါတယ် ။ ဟုတ်မှန်ခဲ့ရင် နစကရဲ့ ပြည်သူ့စစ်စီမံကိန်းကို နာမည်ပျက်စေဖို့ ကိုယ်ကျိုးရှားသူတွေကို အရအမိ ဖမ်းနိုင်မှာ ဖြစ်လို့ တင်ပြလိုက်ရပါတယ် ။ ရွာတွေထိ စုံစမ်းရင် ပေါ်ပေါက်မှာပါ ။

        မကွေမြို့နယ်ထဲက  ညောင်ပင်ရွာသားတွေကို အရင်လထဲတုန်းက ပသစ အတွက် ၂ ဦး ခေါ်သွားလို့ တဦး ၇၅ သိန်းနဲ့ ပြန်ရွေးခဲ့ရသတဲ့ ။

        မကြာဘူး ပြီးခဲ့တဲ့ တပတ်ကပဲ ဒီညောင်ပင်ရွာက ၂ ယောက်ထပ်ဆွဲတယ် ။ တယောက်ကို သိန်း ၆၀ နဲ့ ပြန်ရွေးခဲ့ရပြီး တယောက်ကတော့ မရခဲ့ဘူးတဲ့ ။ အခု ရပ်စောက်ကို ရောက်သွားပြီလို့ ဆိုပါတယ် ။ ခမရ ၃၀၁ တပ်အနား သွားရွေးရကြောင်း ပြောပါတယ် ။

          ဒီနေ့ အခြေအနေ ထပ်ကြည့်အုံး  တည်ပင်ကန်ပေါက်ရွာကို ဝင်လာပြီး လူ ၃ ယောက် ကြိုးတုတ်ဖမ်းထားသတဲ့ ။ ဘယ်သူတွေလဲ ဆိုတော့ ..
ဦးဘိုဌေး ( အုပ်ချုပ်ရေးမှုးဟောင်း)
ဦးမောင်ဆန်း
အောင်မျိုးသူ

      သူတို့သုံးဦးကို ဖမ်းထားကြပြန်တယ် ။ ဘယ်ကဖမ်းတာလဲ ရပ်ကျေး အုပ်ချုပ်ရေးမှူးလား ဆိုတော့ မဟုတ်ဖူးတဲ့ ။ စစ်တပ်ကတဲ့ ဗျာ ။ ကဲ အခု 9-9-2024 ည ၇ နာရီလောက်ထိ ရွာထဲမှာ ရှိနေတုန်းပါပဲ ။

         ဒီလို ဥပဒေမဲ့ လုပ်နေတဲ့ တပ်ဖွဲ့ဝင်တွေကို စီစစ်အရေးယူနိုင်ဖို့ အချိန်နဲ့တပြေးညီ တင်ပြလိုက်ရပါတယ် ။ အရေးမယူရင်လည်း ကျုပ်တို့ ပြည်သူတွေ ပုလင်းတူဗူးဆို့ အထက်အရာရှိတွေကိုပါ ထပ်တိုင်ကြသေးတာပေါ့ ဗျာ ။ 

      ကိုရွှေမျိုးဝင်း

ကိုယ် မဟုတ်တဲ့ သူ မို့ =====================



                   နေ့လည် ၂ နာရီမှာ ဖုန်းဝင်လာလို့ ကြည့်လိုက်တော့ ကိုကြီးစိုး ဖုန်း ဖြစ်နေတယ် ။

'' ကိုကြီးစိုး ပြောဗျာ ဘာကိစ္စ ''

'' အခု ငါတို့ ပသစ တပ်ဖွဲ့ထဲက ကလေးတွေက မေးနေတာတွေ ငါလည်း ကျကျနန မသိဘူး သူတို့လည်း သိစေချင်လို့ မေးစရာရှိလို့ကွ မင်းက ဟိုစပ်စပ် ဒီစပ်စပ် နဲ့ စာဖတ်တဲ့ စပ်ဖာလိုကောင်မို့ မေးမလို့ ဟေ့ ''

'' လုပ်ပြီ မေးလည်း မေးသေး လူလည်း စပ်ဖာ တဲ့  ကဲ မေးဗျာ သိတော့လည်း ဖြေရတာပေါ့ ''

'' အခု ဖြစ်နေတဲ့ စစ်ပွဲတွေမှာ အရင်ကထက်စာရင်  တပ်မတော်က အသာစီးရနေပြီ ဒါကို ဆက်ပြီးထိမ်းနိုင်မလား ဆိုတာ မေးချင်တယ်ကွ ''

'' ကိုကြီးစိုးရေ တပ်မတော်က အခု တိုက်နေတယ် ဆိုတာ ဘာမှ မဟုတ်သေးဘူး ဗျ သွေးပူလေ့ကျင့်ခန်း လုပ်နေသလောက်ပဲ ရှိပါသေးတယ် ''

'' ဟကောင် လေယာဥ်ပျံနဲ့ ဆော်လို့ အကြမ်းဖက်တွေ ငယ်သံပါအောင် အော်နေကြတာ သွေးပူလေ့ကျင့်ခန်းလား ဟ ''

'' တကယ်ပြောတာ ဗျ အခု ဗုံးကြဲနေတာတွေက ဒေသခံတွေ အဲဒီမြို့ရွာတွေက ရှောင်တိမ်းနိုင်အောင်ရယ် နောက်လူတွေ ပြန်မဝင်ကြသေးဖို့ရယ် သတိပေးတဲ့ အဆင့်နဲ့ လက်စမ်းနေတဲ့ အနေအထား ဗျ ''

'' ဒါဆို တကယ် တိုက်ပြီ ဆိုရင်ကောကွာ''

'' တကယ်ပြီဆိုရင် ပထမဆုံး အဲဒီမြို့ရဲ့ အမြှောက်တကမ်းမှာ ဟောင်ဝစ်ဇာအမြှောက်တပ်တွေ အခြေပြုမယ် ပြီးရင် လေယာဥ်အုပ်နဲ့  ဆက်တိုက်ဗုံးကြဲမယ် ၊ ပြီးရင် ဟောင်ဝစ်ဇာ 155 mm တွေ အတွဲလိုက်ပစ် 122 တွေ ဒရုန်းတွေ နဲ့ မြေကြီးကို ထယ်ထိုးသလို ပစ်မယ် ပြီးမှ ခြေလျှင်တပ်တွေ ဝင်ရှင်းလိမ့်မယ် ''

'' လားရှိုးကို အဲလိုသာ တိုက်ရင် မသာဘယ်စျေးလဲ မေးရမှာ ပေါ့ကွာ ''

'' မှန်တယ် ဒါကြောင့် တပ်ချုပ်ကြီးက ပြည်သူတွေကို မနေကြဖို့ သတိပေးစကားပြောသွာတာပဲ အခု ဗုံးကြဲနေတာ လေတပ်က အပျင်းပြေ တလုံးချ နှစ်လုံးချ ကြဲပြနေတဲ့ အဆင့်ဗျ ''

'' အေးကွ အဲလို အုံနဲ့ကျင်းနဲ့ တိုက်နိုင်ဖို့  စုဖွဲ့မှုတွေ လိုနေတာကိုး ကွ မင်းပြော သလိုသာ တကယ်တိုက်ရင် ခဏပါပဲ ကွာ ဒါနဲ့ ဘယ်တော့လောက် တိုက်္ကြမယ် ထင်သလဲ ကွ ''

'' စစ်ရေး စစ်ရာ လှို့ဝှက်ချက်တွေမို့ ဘယ်သိပါ့မလဲ ဗျာ သေချာတာက တိုက်လိမ့်မယ် လိုအပ်တာတွေ ဖြည့်ပြီးပြီ ၊ အခြေခံအကျဆုံး 155 mm အမြှောက်ကျည် နဲ့ ပေါင် ၅၀၀ ဗုံးတွေကို ပြည်တွင်းမှာ ထုတ်နေတာ ကြာပြီ ၊ 122 mm အတွဲလိုက်ဒုံးတွေလည်း ပြည်တွင်းမှာပဲ ထုတ်တယ် ၊ ရုရှားက အဆင့်မြင့်လက်နက်တွေလည်း ထောက်ပံ့မယ် ဆိုတော့ ပွဲက ပြီးနေပါပြီ ဗျာ ''

'' အစောကြီးကထဲက အဲလိုပြင်ဆင်ပြီး အမြစ်ဖြတ်ဖို့ ကောင်းတာ ကွာ ''

'' မှန်တယ် ဒါပေမယ့် ကိုကြီးစိုး သိထားဖို့က ကိုယ်က သူမှ မဟုတ်တာဗျာ တိုင်းပြည်ကံကြမ္မာလို့သာ ယူဆလိုက်ပေတော့ ဗျာ ''

'' အေးပါကွာ လက်နက်ပုံလေးတွေ ထည့်လိုက်အုံးကွာ ဗဟုသုတပေါ့ ''

'' ok ပါဗျာ ''

             ကိုရွှေမျိုးဝင်း

သူတို့ မပြောရဲတဲ့ သတင်းများ =========================



              ကယားဖက်က လွှိုင်လငိလေး ရဲစခန်းကို တပ်မတော်က ချေမှုန်းရေးပြုလုပ်ပြီး  သိမ်းပိုက်လိုက်ပါတယ် ။ ရေဖြူရွာမှာ တပ်စွဲနေတဲ့ KNDF စခန်းကိုလည်း PNA ( ပအို့ဝ်) ပြည်သူ့စစ်များက ပြန်လည်သိမ်းပိုက်လိုက်ပါတယ် ။ လွှိုင်လင်လေး တကြောလုံးကိုလည်း တပ်မတော်က နယ်မြေရှင်းလင်းရေး ပြုလုပ်နေပါပြီ ။

              သပိတ်ကျင်း အောင်သာရွာအနီး ခိုနေကြတဲ့ TNLA နဲ့ ပဒက် အင်အား ၁၅၀ ခန့်ကို သွားရောက်တိုက်ခိုက်ခဲ့ရာ ထုံးစံအတိုင်း ထွက်ပြေးသွားကြလို့ လက်နက်အများအပြား သိမ်းဆည်းရမိခဲ့ပါတယ် ။ မိမိဘက်က စစ်သည် ၂ ဦး ဒဏ်ရာရရှိပြီး မစိုးရိမ်ရဘူးလို့ ကြားသိရပါတယ် ။

             7-9-24 နေ့တုန်းက ယောဖက်ရှိ ပုထိုးလုံ ရေနံမြေစခန်းကို တပ်မတော်က စစ်ကြောင်းထိုးရှင်းလင်းရာ ယောပဒက် ၂၄ လောင်း ရရှိပြီး လက်နက်မြားလည်း သိမ်းဆည်းရရှိခဲ့ပါတယ် ။

            ကချင်ဖက်က ဆိုင်းတောင်ရှိ LUCKY MAN ဟိုတယ်ကို 6-9-24 နေ့တုနျးက တပ်မတော်မှ ဝင်ရောက်စီးနင်းခဲ့ပါတယ် ။ ကချင်ခေါင်းကြီးပိုင်း ၄ ဦး နဲ့ တပ်သားတွေ အရှင်ဖမ်းမိခဲ့ပါတယ် ။

            KIA မှ ယင်းလူများအား ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း တပ်မတော်သည် ယခင်ကလို သဘောကောင်းမပြတော့ပဲ ငြင်းဆိုခဲ့သဖြင့် ယနေ့ ကချင်ဖက်မှာ တိုက်ပွဲဖြစ်နေခြင်း ဖြစ်ပါတယ် ။

           လာရှိုး လေကြောင်း တိုက်ခိုက်မှုမှာ MNDAA ဆရာကြီးအဆင့် ၃ ဦး နဲ့ အခြားအဆင့် ၅၀ ကျော် ဘဝပြောင်းသွားကြောင်း သတင်းထွက်လာပါတယ် ။ လူထိခိုက်မှု မရှိဘူးလို့ MNDAA မှ အရှက်ပြေ ကြေညာပေမယ့် မြို့ရှောင်သံလမ်းအနီးက သခ်ျိုင်းမှာ မြှပ်ကြောင်း နဲ့ အခြားအသံဖိုင်တွေက သက်သေပြနေပါတယ် ။

          တကောင်းက နီကယ်စက်ရုံကိုလည်း တပ်မတော်က တရုတ်များအား ပြန်ထွက်စေပြီး ယခု ထောင်လမောင်းကြေအောင် ဆော်ပြီး စစ်ကြောင်းထိုးလို့ ပဒက်တွေရဲ့ စိတ်ကူးယဥ်အိပ်မက် တမလွန်မှာ ဆက်မက်နေကြရပါပြီ ။

            ကျောတိုက်နယ်ရှိ MOGE ပိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ နယ်မြေသာမကဘူး အဲဒီတနယ်လုံးက ရေနံမှော်တွေကိုပါ တပ်မတော်စစ်ကြောင်းတွေနဲ့ စနစ်တကျ မွှေနှောက်ထိုးစစ်ဆင်ပြီး သိမ်းပိုက်ခဲ့ပါတယ် ။ ဒီလို တကယ်တိုက်တော့လည်း ပဒက်လေးတွေ ဖင်သီအောင်ပြေးလိုက်ကြတာ အူစိန်ဘော့စံချိန် ချိုးရော ဆိုပဲ ဗျ ။

            တောင်ခမ်းကတော့ ပလောင်လေးတွေ  ပွဲပြန်ကနေလေရဲ့ ။ ၉၀၂ ၊ ၃၄၅ ၊ ၃၅၄ ဖက်တွေမှာ ဆေးသမား ပလောင်တွေနဲ့ တိုက်ပွဲ ပြန်စနေပါတယ် ။ လူသူ ရိက္ခာ ခဲယမ်း အားလုံး ပြန်ဖြည့်ထားတဲ့ တောင်ခမ်းကတော့ လာလေ ကြိုက်လေအနေအထားလို့ သုံးသပ်နေကြပါတယ် ။

              မြင်းခြံဖက်မှာလည်း ရွာတွေကို လက်နက်ပြ ဆက်ကြေးကောက်စားနေရပြီ ဖြစ်တဲ့ ပဒက်တွေကို မြင်းခြံပြည်သူ့စစ်က လိုက်တိုက်နေလို့ ယှဥ်မတိုက်ရဲတဲ့ ပဒက်တွေ ပြေးရင်းလွှားရင်း သေနတ်တောင် ကျကျန်ခဲ့လို့ တဲ့ ။

               ဒါတွေက ပြည်တွင်းသတင်းလေးပါပဲ ။ တပ်မတော် နဲ့ ပြည်သူတွေ အတွက် အားတက်ဖွယ် ပြည်ပသတင်းတခု ကြားထားပါပြီ ။ မဟာမိတ်ရုရှားထံမှ စစ်ရေးအကူညီ အဖြစ် ဒေါ်လာ ၅ ဘီလီယံတန်ကြေးရှိ စစ်လက်နက်ခဲယမ်းများ ထောက်ပံ့ပေးမယ်လို့ သဘောတူ စာချုပ်ရေးထိုးခဲ့ကြောင်း ကြားသိရပါတယ် ။

            NUG တို့ ဒေါ်လာသန်း ဆယ်ဂဏန်း မှ အများဆုံး ရာဂဏန်းလောက်အကူညီရဖို့ တကမ္ဘာလုံးဆီကို သုတောင်းစားလို လိုက်တောင်းနေရချိန်မှာ တပ်မတော်အတွက် နိုင်ငံတခုတည်းက ဒေါ်လာ ၅ ဘီလီယံ ( သန်းပေါင်း ၅၀၀၀)  ကူညီမယ်ဆိုတဲ့ သတင်းက သူတို့အတွက် သွေးပျက်လောက်တဲ့ သတင်းဖြစ်ပါတယ် ။

             ဖတ်ရှုသူမျိုးချစ်အပေါင်း နှစ်ထောင်းအားရ ရွှင်လန်းကြပါစေ ။

         ကိုရွှေမျိုးဝင်း

NUG နဲ့ ပဒက်လေးတွေရဲ့ အနာဂါတ်ကတော့......

ကိုယ်လုပ်ဖို့ပဲ လိုပါတယ် ======================



                 တချိန်တုန်းက သူပုန်ကိစ္စတွေ ပြောတိုင်း အိမ်နီးချင်းတိုင်းပြည်တွေ လက်ခံထားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆင်ခြေတွေ ပေးခဲ့ကြရပါတယ် ။

              အခုလောလောဆယ် အနေအထားအရတော့ မိမိ အိမ်နီးချင်း တိုင်းပြည်တွေကလည်း မိမိဖက်ကနေ ရပ်တည်ပေးပြီး သူတို့ တတ်နိုင်တာကို ဆောင်ရွက်နေကြပါတယ် ။

            ထိုင်းနိုင်ငံမှာ PDF အဖျက်သမားတွေ အတွက် အလှူငွေ ကောက်ခံခြင်း ၊ လက်နက်စီးဝင်ခြင်းတို့ အတွက် အရေးပါတဲ့ ဖြစ်စဥ်တွေ ရှိခဲ့ပါတယ် ။ ယနေ့ ထိုင်းနိုင်ငံရှိ မြန်မာများကို စီစစ်အရေးယူနေကြတာ အားလုံးအသိပါပဲ ။

            PDF နဲ့ KNU တို့ဆိုရင် ထိုင်းတပ်မတော်က တိုက်ရိုက်ဖမ်းဆီးနေသလို ၊ ထောက်ပို့အုပ်စုတွေ ဆိုရင် ထိုင်းရဲက ဖမ်းဆီးပါတယ် ။ ရုံးခန်းတွေ ဘာတွေ နဲ့ ခွက်ခေါက်ဖို့ အသာထား လိုင်းပေါ်ကနေ အွန်လိုင်းစျေးသည်ပါ မချန် အကုန်ဖမ်းနေပါပြီ ။

                NUG တွေ နဲ့ ရဲရဲတောက်အုပ်စုလည်း အနောက်ကမ္ဘာကို ပြေးကြဖို့ အလုအယက်ကြိုးစားနေကြတဲ့ အထိ ထိုင်းဖက်က တာဝန်ကျေပြနေပါတယ် ။

         တရုတ်ဖက်လည်း ဘဏ်စာရင်းပိတ် ၊ နယ်စပ်ဂိတ်တွေပိတ် ၊ ရာဇသံပေး နဲ့ ပြုလုပ်ရင်း လောင်စာဆီ နှင့် လက်နက် စီးကြောင်းပါ ပိတ်ဆို့ထားလို့ TNLA တွေဆို အခု လားစီး နေကြရတဲ့ ဘဝ ရောက်နေတယ်လို့ သတင်းတွေ တက်လာပါတယ် ။

             MNDAA ဆိုရင်လည်း NUG နဲ့ မပေါင်းပါဘူး ၊ မန္တလေး တောင်ကြီး မတိုက်ပါဘူး ၊ ပြည်ထောင်စုကနေ မခွဲပါဘူး နဲ့ ပလီပလာ ပြောလာနေကြရပါတယ် ။

        ကုန်ကုန်ပြောရမယ်ဆိုရင် လာအိုလို တိုင်းပြည်ကတောင် PDF ကို ဖမ်းပြီး နစက ကို အပ်နေကြလို့ သူတို့အတွက် ပြည်ပ ထွက်ပေါက် ပိတ်နေကြပါပြီ ။ ပြည်ပ အကူအညီလမ်းကြောင်း မရှိတော့ပါဘူး ။

              တပ်မတော်အနေနဲ့ မိမိအလုပ် မိမိအားသွန်ခွန်စိုက် လုပ်လို့ ရနေပါပြီ ။ ဒီရက်ပိုင်း စစ်ပွဲသတင်းတွေက မောင်ရွှေလေး ရေတပ်စခန်းကလွဲရင် မိမိဖက်က အသာစီးချည်းပါပဲ ။

            သက်န်းညီနောင်လည်း သိမ်းပြီပါပြီ ။ တောင်ခမ်းကိုလည်း စိတ်အေးကြရပါပြီ ။
ပြင်ဦးလွင်တဝှိက်ကိုလည်း မြေပြင်ထိုးစစ် စနေပြီလို့ ကြားရပါတယ် ။ လားရှိုးကိုလည်း ဒီနေ့ မနက်အစောကြီး ဗုံးထပ်ကြဲပါတယ် ။ ပြည်သူတွေကို သတိပေးတဲ့ အနေနဲ့ပဲ ကြဲချခြင်း ဖြစ်ပါတယ် ။

                ဒီသတင်းတွေ မှန် မမှန်ကတော့  လိုင်းပေါ်မှာ သူတို့ဖက်ရဲ့  ငိုခြင်းချသံတွေ ၊ တောက်ခေါက်ကြိမ်းမောင်းသံတွေ ၊ ခွက်ခေါက်သံတွေ သောသော ညံနေတာ ကြည့်ပြီး သိနိုင်ပါတယ် ။

   
         ပြည်သူတွေကတော့ တပ်မတော်ရဲ့ ရခိုင် နဲ့ ရှမ်းမြောက်အတွက် အောင်ပွဲဆင်မယ့် ထိုးစစ်ကြီးကိုပဲ ရင်ခုန်စွာ စောင့်မျှော်နေကြောင်း သတင်းပါးလိုက်ရပါတယ် ။

        ကိုရွှေမျိုးဝင်း

( မီဒီယာတိုက်စစ်အတွက် ရှိသမျှ ပလက်ဖောင်းတွေကနေ သတင်းဖြန့်ဖို့ PAGE အသစ် ဖွင့်လိုက်ပါတယ် ။ TikTok လည်း သုံးရပါလိမ့်မယ် ဗျာ ။
       https://www.facebook.com/profile.php?id=61565464954832 )


သတိထားရမယ့် အုပ်ချုပ်ရေး =========================



              ၈၈ တုန်းက ဖြစ်ခဲ့ကြရတဲ့ အရေးအခင်း နဲ့ ၂၀၂၁ မှ ယနေ့ထိ ဖြစ်နေရတဲ့ အရေးအခင်း တွေရဲ့ တရားခံကို အသေအချာ ပြန်ကြည့်မယ်ဆိုရင် နိုင်ငံရေး ဆန့်ကျင်ဖက် အဖွဲ့အစည်းတွေပဲ မြင်တွေ့ကြရရုံမက အခြားအဖွဲ့လည်း ရှိနေပါတယ် ။

             ဘယ်အဖွဲ့ကြောင့် အစိုးရ ဆန့်ကျင်ရေး အင်အားစုတွေ စုစည်းမိကြသလဲ ဆိုရင်တော့ အစိုးရအုပ်ချုပ်ရေး ယန္တရား နဲ့ ပတ်သပ်တဲ့ မတရားမှုပြုသူတွေ နဲ့ မတရားမှုပြုနေတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကြောင့် ဆိုတာ သိနိုင်ပါတယ် ။ ဝန်ထမ်းကောင်းများအား မဆိုလိုပါဘူး ဗျာ ။

            အစိုးရအပေါ် အကြည်ညိုပျက်အောင် လုပ်နေတာ အဆိုပါ ဝန်ထမ်းဆိုးများသာ ဖြစ်နေပါတယ် ။ ဒါကြောင့် အစိုးရအနေနဲ့ အမိန့် ညွှန်ကြားချက်များအား ထုတ်ပြန်ရာမှာ တိကျတဲ့ အမိန့်ဖြစ်ဖို့ အရေးကြီးပါတယ် ။

           ယခုဆိုရင် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ဆင့်ခေါ်ချက်တွေအပေါ် တပ်ချုပ်ကြီးက ဥပဒေနဲ့အညီ ဆောက်ရွက်ခိုင်းတယ် ။ အဖွဲ့ရဲ့ ထိပ်ဆုံးက ဥက္ကဌ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကလည်း ထပ်ဆင့် ညွှန်ကြားပါတယ် ။

         သို့သော် အောက်ခြေမှာက ရပ်ကျေး အုပ်ကြီးတွေ မြို့နယ် ထွေအုပ်တွေ နဲ့ ခရိုင် တိုင်း အဆင့်ထိ အသီးသီး ဝေစားမျှစား လုပ်နေကြသည့်နှယ် မတော်မတရား ပြုကျင့်နေကြတာ လူကြားမကောင်းပါဘူး ။

             
             ဒီလိုဖြစ်နေတာကို နိုင်ငံတော်အဆင့် ပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးတင်အောင်စန်း မသိဘူးလား.... ? သိအောင်ကော ပြန်မကြည့်ဘူးလား..... ? မေးကြရပါ့မယ် ။

         အကယ်၍ မသိဘူးဆိုရင်တော့ လူကြီးမင်း တာဝန်မကျေပါဘူး ၊ မလုပ်နိုင်လျှင် စောစီးစွာ အထက်သို့တင်ပြပြီး  အခြားသူတဦးဦးကိုသာ တာဝန်လွဲပေးစေလိုပါတယ် ။

            သိတယ်ကွ ဆိုရင်လည်း ပြဿနာကို နေ့ခြင်း ညခြင်း ဖြေရှင်းပေးဖို့ လိုနေပါပြီ ။ အောက်ခြေက မဟုတ်တာလုပ်နေတာကို သိပါလျှက်နဲ့ ပစ်ထားရင်လည်း တာဝန်မကျေတာပါပဲ ။

        အထက်က ပြောခဲ့တဲ့ အရေးအခင်းတွေ ဖြစ်လာစေဖို့ လောင်စာတွေက ရပ်ကျေးကနေ စပြီး အုပ်ချုပ်ရေးပိုင်းက ဥပဒေအကြောင်းပြုပြီး မတော်မတရား ပြုမူခဲ့ကြလို့ စတင်ခဲ့ရတာ သင်ခန်းစာ ယူနိုင်ကြပါစေ ။

          
           နောက်ထပ် အမည်ဆိုးကတော့ ယာဥ်ထိန်းတွေ ဖြစ်ပါတယ် ။ လမ်းစည်း ယာဥ်စည်းကမ်းတွေ အတွက် ဆောင်ရွက်ကြရပါတယ် ။ ယခုဆိုရင် တောကြို အုံကြားမှ မြို့ကြီးများဆီသို့ စစ်ဘေးရှောင်ရင်း ရောက်လာသူတွေ မနည်းလှပါဘူး ။

         
               မြို့ပြ စည်းကမ်းတွေနဲ့ မရင်းနှီးသူတွေအပေါ် ဥပဒေဗန်းပြ လုပ်စားနေကြတာ လူကြားမကောင်း များနေပါပြီ ။ ပွင့်ပွင့်လင်းလင်း ဝေဖန်ရမယ်ဆိုရင် ယနေ့ အချိန်အခါသည်ကား အစိုးရအနေနဲ့ မိမိတာဝန်ကို မိမိမကျေပွန်ခဲ့တဲ့အတွက် ပြည်သူတွေ ဒုက္ခပေါင်းစုံရောက်စေခဲ့ရတဲ့ ကာလဖြစ်နေတာကို ရဲရဲတင်းတင်း သိထားဖို့ လိုပါတယ် ။

           မိမိအားနည်းချက်ကြောင့် ဒုက္ခရောက်နေရတဲ့ ပြည်သူတွေအပေါ် တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ စိတ်ဒုက္ခရောက်အောင် အကြပ်ကိုင် ငွေညှစ်နေတာ အစိုးရအတွက် ရှက်စရာကောင်းလှပါတယ် ။

          ငွေရတော့ ယာဥ်ထိမ်း နဲ့ သူ့အထက်က ဝေစားမျှစာ အရာရှိဆိုး အချို့ ပါ ။ ပြည်သူစောက်မြင်ကပ်တော့ နစက ဖြစ်နေတာလည်း အမှန်တရားပါပဲ ။

           ဒါကြောင့် ယခုကာလမှာ အန္တရာယ်နည်းပါးတဲ့ ယာဥ်စည်းကမ်းအချို့ကို ဖြေလျှော့ထားပြီး မသိဟန်ဆောင်နေကြတာ အဆင်ပြေမယ်ထင်ပါတယ် ။ နယ်တွေက သူခိုးဒမြ သူပုန်နဲ့ ပဒက်တွေရဲ့ သေနတ်ကြောက်လို့ နစက လက်အောက် ပြေးလာပါတယ် နစကတပည့် ဝန်ထမ်းတွေက စက္ကူ နဲ့ ဘောပင်ပြပြီး ဒါးပြထပ်တိုက်နေတာတော့ မကောင်းဘူးလို့ ယူဆပါတယ် ။

          အားလုံးကို ထိမ်းချုပ်ဖို့ကတော့ နစကရဲ့ တာဝန်ပဲဖြစ်ပါတယ် ။ သား သမီး မကောင်း မိဘခေါင်း လို့ ဆိုသကိုးဗျ ။ မြွေပူရာ ကင်းမှောင့် ဆိုသလို အပူသည်ကို ရေနွေးထပ်လောင်းနေတဲ့ ဝန်ထမ်းဆိုးများကိုလည်း ပေါင် ၅၀၀ ဗုံးကြဲသလို ရှင်းထုတ်ဖို့ လိုအပ်နေကြောင်း တင်ပြလိုက်ရပါတယ် ဗျာ ။

မှတ်ချက် ။        ။ ဝန်ထမ်းဆိုးတွေ နေရာကို ဖြူစင်တဲ့ အလုပ်လက်မဲ့ ဘွဲ့ရပညာတတ်တွေ အစားမထိုးတတ်အောင် ညံ့ဖျင်းနေပြီလားလည်း မေးခွန်းထုတ်လိုက်ချင်ပါရဲ့ ဗျာ ။

          ကိုရွှေမျိုးဝင်း

ဒီလို ခြောက်တိုင်းသာ ကြောက်နေရရင်တော့ ဒီတိုင်းပြည် လပြွတ်မှ ကောင်းမလာဘူး........

ပုတ်သင်ညိုများ သိထားကြစေချင်တယ်==============================



              မနက်အစောကြီး ဖုန်းလာလို့ ကြည့်မိတော့ မတွေ့တာကြာပြီဖြစ်တဲ့ ကိုကြီးစိုး လေ ။ စောစောစီးစီး ဘာစပ်စုမယ်မသိဘူး အတွေးနဲ့ ဖုန်းကိုင်လိုက်တော့.....

'' ငမျိုးရေ မင်းကို မေးစရာရှိလို့ ကွ ''

'' ထင်ပါတယ် အလကားနေရင်း ဘေလ်ကုန်ခံ မဆက်ဖူးလို့ ပြောဗျာ ဘာမေးမှာလဲ  ''

'' အခုတလော တို့ဘက်က အမြှောက်ပစ်ချက် နဲ့ ဗုံးကြဲတဲ့ တိုက်ခိုက်မှုတွေမှာ ပစ်မှတ်တွေကို တိတိကျကျ မှန်နေတဲ့ သတင်းတွေ ကြားနေရလို့ ကွ ''

'' အင်း ဟုတ်တယ်လေ ကိုကြီးစိုး အဲဒါ ဘာဖြစ်လို့လဲ ''

'' ငါ့ စိတ်ထဲ ထူးဆန်းနေလို့ ကွ နောက်ပြီး Guided ဗုံး လို့ သုံးနေတာ ဘာလဲ ကွ အရပ်သားနားလည်အောင် ပြောစမ်းပါအုံး ''

'' Guided ဗုံး မဟုတ်ဖူး သူအမြှောက်ကျည်ဆံပဲ ၁၅၅ မမ ထဲမှာ အဲဒီ ကျည်ဆံနဲ့ ထည့်ပစ်ရင် ပစ်မှတ်ကို ဆယ်ပေအကွာအတွင်း ထိအောင် ပစ်လို့ရသတဲ့ ဗျ GPS စံနစ်ပါတာကိုး ''

'' ဟ ဒီလောက်ကောင်းရင် အဲဒါနဲ့ပဲ တောက်လျှောက်ပစ်ပေါ့ ကွ သူပုန်ကုန်ဖို့ အရေးကြီးတာပဲ လေ ''

'' သူက စျေးကြီးတယ် ဗျ နောက်ပြီး တွက်ချက်ပစ်ရတာဆိုတော့ ၁၆ အလီလောက် ရရုံနဲ့ မတွက်တတ်ဖူးလေ အထူးလေ့ကျင့်ထားတဲ့ တပ်သားတွေပဲ ပစ်တတ်တာမျိုးဗျ ''

'' အေးကွာ ဘာပဲ ပြောပြော များများ ပစ်ဖို့တော့ လိုနေပြီကွ  ''

'' စျေးကြီးလို့ ချွေတာနေသလား မသိဘူး အရင်ကတော့ အဲဒီ Guided အမြှောက်ဆံတွေကို ကိုယ်တိုင်ထုတ်ဖို့ စမ်းသပ်နေတဲ့ သတင်းတွေတော့ ကြားဖူးတယ် ဗျ ''

'' လုပ်စမ်းပါကွာ ဖရီးဂိတ်တောင် ကိုယ်တိုင်ဖြစ်ကြသေးတာပဲ ဖြစ်လာမှာပါ ၊ နောက်ပြီး လေယာဥ် နဲ့ ဗုံးကြဲတာလည်း တိကျတယ်လို့ ကြားတယ်ကွ အဲဒါကလည်း ထူးခြားသလားလို့  ''

'' အင်း သူကလည်း ပစ်မှတ်လမ်းညွှန်မယ့် ဂြိုလ်တုအချက်ပြစနစ် ကောင်းရင် ကောင်းသလောက် ထိရောက်တာပေါ့ ဗျာ MIG 29 နဲ့ SU 30 တို့က စွမ်းဆောင်ရည် မြင့်ပါတယ် ''

'' ဟကောင် မြန်မာပိုင် ဂြိုလ်တု ရှိတယ်ဆိုကွ  ''

'' ဦးသိန်းစိန် လက်ထက်က ဂျပန်ကနေ ဂြိုလ်တုတလုံးဝယ်ပြီး ကိုယ်ပိုင်သုံးဖို့ ကြိုးစားခဲ့တယ် ၊ ရမယ့်အချိန်ကြတော့ NLD လက်ထက် ဒါကိုပဲ အမေရိကန် ကန့်ကွက်လို့ ပျက်ပြယ်သွားသတဲ့ ဗျာ ''

'' မဟုတ်ဖူးလေ အရင်ထဲက တလုံးရှိတယ်ဆို ''

'' အဲဒါ ကိုယ်ပိုင် မဟုတ်ဖူး ဗျ သူများဂြိုလ်တုထဲက အခန်းငှား သုံးရတာ ဆက်သွယ်ရေး ကွန်ယက်အတွက် သုံးဖို့ပဲ ၊ ပြောရရင်တော့ အခန်းအများကြီးပါတဲ့ ဂြိုလ်တုတလုံးရဲ့ အခန်းလေးတခန်းကို လပေးဌားရတဲ့ သဘောပဲ ''

'' ဒါဆိုလည်း ရုရှား နဲ့ လုပ်ပေါ့ကွာ ကဲ ထားပါကွာ အခု ဗုံးကြဲမှုတွေ တိကျလာတာ ဂြိုလ်တုက ပစ်မှတ် လမ်းညွှန်ပေးနေပြီလို့ မင်းထင်နေတာလား ''

'' တရုတ်က ကူညီနေပြီ ထင်တာပဲ ဗျ ၊ TNLA တို့ ပဒက်တို့ သူတို့အားကိုးတဲ့ ဒရုန်းတွေ ဖောဖောသီသီ မသုံးနိုင်တော့တာ တရုတ်ဖက်က သွေးကြောဖောက်ထားလို့ ဗျ သူ့စကားနားမထောင်လို့ TNLA ကို ပညာပြနေတာ သေချာပါတယ် ''

'' ဘာပဲပြောပြော သူတို့နားနေတဲ့ အရပ်သားတွေလည်း ရောသေကြမှာပဲကွ ''

'' ဒါတွေကြောင့် တပ်ချုပ်ကြီးက ကြိုပြောပြီး သတိပေးခဲ့တာပေါ့လေ သစ်ပုတ်ပင်မိုးကြိုးပစ်မှာသေချာလို့ ပုတ်သင်ညိုတွေ အဆစ်မပါရအောင် ပြောခဲ့တာလေ ''

'' အေးလေ သူပုန်နဲ့အတူနေမှတော့ သူပုန်ဆွေမျိုး သူပုန်အားကိုးတွေက 90 % နေမှာပါကွာ အရေးကြီးတာကတော့ သူပုန်မျိုးပြုတ်ဖို့ပဲကွ ''

'' ဒါဆိုလည်း ကိုယ်ပိုင်ဂြိုလ်တု အမြန်ရရှိရေး နဲ့ Guided ကျည်ဆံတွေ ထုတ်လုပ်တာ အောင်မြင်ပါစေလို့ ဆုတောင်းနေပေတော့ဗျာ ''

'' ok ကွာ ညနေမှ ပြန်ခေါ်တော့မယ်ကွာ ဒါပဲငမျိုးရေ ''

         ကိုရွှေမျိုးဝင်း

Friday, September 6, 2024

စစ်ရေးသတင်း. ==============



              ဒီကနေ့ လှုပ်ခတ်သွားတဲ့ သတင်းကတော့ နမ့်ခမ်းက TNLA တို့ရဲ့ ဌာနချုပ်ရှိ ခေါင်းပေါင်းတွေရဲ့ တည်နေရာကို ဗုံးကြဲတိုက်ခိုက်တဲ့ အတွက် TNLA ခေါင်းဆောင် စစ်ထောက် သေဆုံးတယ်ဆိုတဲ့ သတင်း တက်လာပါတယ် ။

                 နေရာအတိအကျ နဲ့ ညွှန်ပြနိုင်တဲ့ သတင်းပေးနဲ့ အတိအကျ ပစ်ခတ်ဗုံးကြဲနိုင်တဲ့ လေတပ်ရဲ့ စကေးကိုတော့ လေးစားကြရမှာပါပဲ ။

          နောက်သတင်းကတော့ မြိုင်နယ်ကနေ ဇောင်းထနေတဲ့ ပဒက်လေးတွေရဲ့ သင်တန်းဆင်းပွဲကို ဝင်သမတဲ့ သတင်းဖြစ်ပါတယ် ။ လက်ယက်မကျေးရွာ မှာ ပဒက်တွေ အခြေပြုနေကြတာ ကြာပါပြီ ။

         ယနေ့ စာသင်ကျောင်းဝန်းအတွင်း ပဒက်သက်တန်း ဆင်းပွဲ ကျင်းပနေစဥ် လေယာဥ်နဲ့သာမက MI 35 နဲ့ ပါ စိမ်ပြေနပြေ ပစ်ခတ်ခဲ့ရာ သင်တန်းဆင်းစ သေနတ်မပစ်ရသေးပဲ လူ ၁၀၀ ကျော် ယမမင်းထံ အလည်ရောက်သွားတယ်လို့ ကြားသိရပါတယ် ။

                ထုံးစံအတိုင်း တောင်ခမ်းမှာတော့ တက်လိုက်ပစ်လိုက် နဲ့ အလောင်းတွေ လာလာ ပို့နေလို့ တပ်မတော်သားတွေ ပျော်နေကြသတဲ့ ။ တပ်မတော်က အလောင်းတလောင်း ၁ သိန်း သေနတ် ၁ လက် ၅ သိန်း ဆုချနေလို့ သူပုန်အလာတောင် မျှော်နေကြသတဲ့ ဗျာ ။ ၂၈ လောင်း နဲ့ သေနတ် ၈ လက်ဆိုတော့ ဒီနေ့ အတွက်တော့ စိုပြေပြီပေါ့ဗျာ ။

             သပိတ်ကျင်းဘက်မှာလည်း ၁၅ လောင်းရတယ်ဆိုတော့ မဆိုးပါဘူး ပေါ့ဗျာ ။

             ဖယ်ခုံဖက်လည်း လေတပ်က အပျင်းပြေ ဗုံးကြဲခဲ့လို့ ဓာတ်ပုံတွေသာ ကြည့်ပေတော့ဗျာ ။ လိုကေးရှင်းနဲ့ ဆော်ပလော်တီးလို့ သစ္စာဖောက် ရှာပုံတော် ဖွင့်နေကြလေရဲ့ ။

                တပ်မတာ် လက်စွမ်းလက်စတွေ စမြင်နေရပြီမို့ အမြည်းဝမ်းသာခွင့်လေးအတွက် တပ်မတော်သားအားလုံးကို ကျေးဇူးတင်ပါတယ် ဗျာ ။

       ကိုရွှေမျိုးဝင်း

TNLA ခေါင်းဆောင် စစ်ထောက် လို့ ပြောကြတယ် ။


ကယား ဖယ်ခုံ

Thursday, September 5, 2024

စစ်ပွဲသတင်းအချို့ ================



                 သံဖြူဇရပ် ရေး ထားဝယ် လမ်းဘေး စက်သုံးဆီဆိုင်အနီးမှာ KNU နဲ့ PDF တို့သည် ခရီးသွားကားများအား ဆက်ကြေးကောက်နေကြောင်း သတင်းရရှိ၍ တာဝေးပစ်  Guided အမြှောက်ဖြင့် တိကျစွာ ပစ်ခတ်သဖြင့် အကြမ်းဖက် ၄ ဦး နေရာတင် တစစီဖြစ်ပြီး အများအပြား ပြင်းထန်ဒဏ်ရာများရရှိသွားကြပါတယ် ။

            မြဝတီအနီး လှုပ်ရှားနေသော အောင်ဇေယျစစ်ကြောင်းသည် ရင်ကွဲတောင်နှင့် ကပ်လျှက်တည်ရှိသော မိုက်ကရိုဝေ့ဖ် တာဝါတိုင်ကုန်း နှင့် ထိစပ်တောင်ကြောတခုလုံးအား သိမ်းပိုက်ပြီး ရင်ကွဲတောင်ကို ဆက်လက်သိမ်းပိုက်ရန် တိုက်ခိုက်နေပါပြီ ။

         မွန် နဲ့ ကရင်အစပ်က အနမ်းကွင်း စခန်းအား KNU ပဒက် နဲ့ မွန်အကြမ်းဖက်တို့ ပူးပေါင်းပြီး ဝိုင်းတိုက်နေတာ ရက် ၂၀ လောက် ရှိပါပြီ ။ မာကျောတဲ့ ခံစစ်ကြောင့် အကြမ်းဖက်တွေ များစွာကျဆုံးနေပါတယ် ။ စစ်ကူ စစ်ကြောင်းများကလည်း ဖြတ်တောက်ထားတဲ့ ပိတ်ဆို့ရေးတပ်များကို ထိုးဖောက်၍ အနမ်းကွင်းအနီး ရောက်ရှိနေပါပြီ ။

                မနေ့က တပ်ချုပ်ကြီးရဲ့ လွှိုင်ကော်ခရီးစဥ်မှာ တပ်ချုပ်ကြီးရှိနေစဥ် မပစ်ခတ်ရဲသော ကယားသူပုန် နဲ့ PDF လေးဟာ တပ်ချုပ်ကြီး ပြန်သွားမှ အရှက်ပြေ ၁၂၀ နဲ့ ၃ ချက် ပစ်ပြခဲ့ပါတယ် ။ အဲလို အရှက်ပြေပစ်ခဲ့တဲ့ တည်နေရာ နမ့်မယ်ခုံရှိ KSP ရုံးကို ယနေ့ တပ်မတော်လေက သွားရောက်ဆုံးမခဲ့ရာ ပစ်မှတ်များအား တိုက်ရိုက်ထိမှန်ခဲ့ကြောင်း သိရပါတယ် ။

            ကသာမြို့နယ် မိုးတားလေး ရှိ KIA နဲ့ PDF များကို နယ်မြေရှင်းလင်းရေး တိုက်ခိုက်ရေး တပ်များက ချေမှုံးခဲ့ရာ စုစုပေါင်း ၅၀ ခန့် ပြန်မလာနိုင်တဲ့ ခရီးထွက်သွားပြီလို့ သိရပါတယ် ။

             ယော ပသစတို့လည်း နယ်မြေရှင်းလင်းရေးအတွက် လှုပ်ရှားဆောင်ရွက်နေပါပြီ ။ ကိုယ်တိုက်တော့ သူပြေးနေကြရတာပါပဲ ။

              နာမည်ကျော် တောင်ခမ်းအမြှောက်စခန်းကတော့ TNLA နဲ့ ပဒက်အပေါင်းတို့အတွက် သခ်ျိုင်းဖြစ်နေပါပြီ ။ မနေ့ကပဲ ရာချီနေတဲ့ အလောင်းတွေကို မမြှပ်နိုင်တော့လို့ ရွာသားတွေခေါ်ပြီး မီးရှို့ကြရကြောင်း သတင်းထွက်လာပါတယ် ။

           ဒီနေ့လည်း မရမက အတင်းတက်လုံးပေမယ့် ထုံးစံအတိုင်း အသေအပျောက်များတာပဲ အမြတ်ထွက်နေပါတယ် ။ တောင်ခမ်းကို သိမ်းပြီးပြီလို့ လိမ်ညာကြပေမယ့် ဓာတ်ပုံလေး တပုံတောင် မရိုက်ပြနိုင်လို့ ခေါတ်သစ်လို လိမ်နေကြသတင်းဌာနတောင် လိမ်မရဖြစ်နေပါတယ် ။

           တောင်ခမ်းအတွက် လက်နက်ကြီးတွေ သံချပ်ကာတွေ လာနေပြီလို့ သတင်းထွက်နေပေမယ့် အဲဒါတွေ သုံးတာနဲ့ လေတပ်က ချက်ခြင်းလာပြီး ဖျက်ဆီးမှာ တွက်ဆပြီး မသုံးရဲကြသေးပါဘူး ။

            ဒါတွေက တပ်မတော်ဖက်က ထိုးစစ်သတင်းတွေပါပဲ ။ သူတို့ဖက်က တောင်သာပုဒတ်စာကုန်း ပသစ ရွာကို ဝင်တိုက်ကြပါတယ် ။ ပသစ မှ အင်အားခြင်း မမျှလို့ အနောက်ဖက်ရှိ ထနောင်းကုန်း ပသစ နှင့် ပူးပေါင်းကာ ပြန်လည်တိုက်ခိုက်ခဲ့ကြရပါတယ် ။ အထိခိုက် အကျဆုံး မရှိဘူးလို့ ကြားသိရပါတယ် ။

              ကဲ ရန်သူဖက်က လာတိုက်တာဆိုလို့ တောင်ခမ်း နဲ့ တောင်သာပဲ တွေ့ရပါတယ် ။ ကျန်တဲ့ အတိုအထွာတွေကတော့ PDF တို့ ခရီးသည်တင်ကား ဝိုင်းပစ်တာတို့ ၊ လက်နက်မရှိတဲ့ ပြည်သူကိုသတ်တာတို့ ၊ ဒရော့ဗုံးနဲ့ အရပ်သားတွေကို တိုက်ခိုက်တာတို့ စတဲ့ အတိုအထွာတွေပဲ ရှိတော့တာ တွေ့ရပါတယ် ။

     
           နိုင်ငံရေး နဲ့ ဆက်စပ်နေတဲ့ MNDAA ရဲ့ NUG နဲ့ မဆက်ဆံတော့ဘူးဆိုတဲ့ ကြေညာချက် ၊ ဘဂ်လားက AA နဲ့ ဒုက္ခသည်အရေး ဆွေးနွေးမယ်ဆိုတဲ့ ပြောဆိုချက် ၊ ထိုင်းရဲ့ လှုပ်ရှားမှု ၊ တရုတ်ရဲ့ လှုပ်ရှားမှုတွေကိုတော့ သီးသန့် ရေးမှ အဆင်ပြေပါမယ် ။

           ကိုရွှေမျိုးဝင်း 

5-9-2024.  9:20

ခွေးဆိုတာ ကြောက်လို့ပြေးပြရင် လိုက်ကိုက်ပေမယ့် ခုလို တုန့်ပြန်ရင် ပြန်ပြေးတတ်တာမျိုးရယ်.......

စိတ်ကူး နဲ့ လက်တွေ့. ====================


                 တပ်မတော်ရဲ့ တန်ပြန်တိုက်စစ် နဲ့ ပတ်သက်ပြီး မယုံကြည်တဲ့သူတွေ ၊ တမြို့လောက် ပြန်သိမ်းပြပါဆိုတဲ့သူတွေ ၊ သံချပ်ကာတွေ တင့်တွေ အလှထားတာလား ဆိုတဲ့သူတွေ ၊ လေယာဥ်နဲ့ အပေါ်ကနေ ပစ်ချပါလား ဆိုသူတွေ အများအပြား တွေ့နေရလို့ ရေးပြချင်လာပြန်ပါတယ် ။

            ဟုတ်ကဲ့ ပထမဆုံး မြို့တမြို့ကို ပြန်သိမ်းပြပါ ဆိုတဲ့ အချက်ကို ပြောချင်တာက မြို့သိမ်းပြီးရင် ပြီးသွားတာ မဟုတ်ပါဘူး ၊ လမ်းပန်းဆက်သွယ်ရေး နဲ့ အုပ်ချုပ်ထောက်ပံ့မှုတွေပါ ထည့်သွင်းစဥ်းစားရပါတယ် ။

         နောက်ပြီး တမြို့ထဲ သိမ်းဖို့ ဆိုတဲ့ စစ်ရေးရည်မှန်းချက် မဟုတ်ပဲ တနယ်လုံး ပြန်သိမ်းရမယ့် ရည်ရွယ်ချက်မို့ မိမိဖက်က ပြည့်ဝတဲ့ အင်အား လုံလောက်တဲ့ ရိက္ခာ ခဲယမ်း လမ်းကြောင်းတွေကို အများကြီး တွက်ချက် ဖြည့်ဆီးရတဲ့အတွက် ရွာတရွာ ဒါးပြတိုက်ဖို့ သွားသလို ခုပြင် ခုတိုက်လို့ မရပါဘူးလို့ ပြောချင်ပါတယ် ။

            နောက်ပြီး သံချပ်ကာတွေ တင့်တွေ နဲ့ ဘာကြောင့် ဝင်မတိုက်တာလည်း ဆိုတာပါပဲ ။ ဟုတ်ကဲ့ သံချပ်ကာတို့ တင့်တို့ ဆိုတာ ကန့်သတ်ချက်နဲ့ တိုက်ရတာမျိုးပါ ။ အဲဒီ ယာဥ်တွေအတွက် အလွယ်တကူ ကွေ့ဖို့ တပတ်လည်ဖို့ အတွက် လမ်းအကျယ် ကန့်သတ်ချက် ရှိပါတယ် ။

           ကျဥ်းမြောင်းတဲ့ တောင်ပေါ်လမ်းတွေမှာ စစ်ကစားဖို့ မလွယ်ကူတဲ့ ယာဥ်အမျိုးအစားတွေ ဖြစ်ပါတယ် ။ မပြင်ဆင်ပဲ သွားတိုက်ရင် ရန်သူက ဒရော့ဗုံး နဲ့ ချေမှုံးခံရနိုင်တာကို ထည့်သွင်းစဥ်းစားရပါတယ် ။ ကိုယ့်ဖက်က ဂိုးသွင်းဖို့ချည်း ကြည့်မနေပါနဲ့ ခံစစ်အတွက်လည်း ပြင်ဆင်ကြရပါတယ် ။

            နောက် လေတပ်ကနေ ဗုံးကြဲ ဒုံးနဲ့ ပစ်ဖို့ ကိစ္စ ပြောချင်ပါတယ် ။ လေယာဥ်ပေါ်ကနေ အောက်က ပစ်မှတ်ကို အကဲကြည့်ရာမှာ မြေပြင်အခက်အခဲ နဲ့ ရာသီဥတု အခက်အခဲတွေ ရှိတတ်ပါတယ် ။ မြို့ပြတွေကို တိုက်ခိုက်ရာမှာ မရွေ့ပြောင်းနိုင်ခြင်း ၊ မြေပြင်အတားအဆီး မရှိခြင်းတို့ကြောင့် လွယ်ကူပါတယ် ။ ရာသီဥတု ကောင်းရင် နေ့ ည မရွေး တိုက်လို့ရပါတယ် ။

           သို့သော် တောတောင်အတွင်းရှိ ရန်သူများကို တိုက်ခိုက်ရာမှာတော့ မြေပြင်က သစ်ပင်တောအုပ်များက ကာကွယ်ပေးထားလို့ မျက်ကွယ် ဖြစ်နေရပါတယ် ။ ကျည်မကွယ်ပေမယ့် မျက်ကွယ်ဖြစ်နေလို့ မြေပြင် အကဲကြည့်မပါရင် မထိရောက်ပဲ ကျည်ဖြုန်း ဗုံးဖြုန်း ဖြစ်ရပါမယ် ။

           
              ဒါတွေကြောင့် ဗမာ့တပ်မတော် အနေနဲ့ အမြစ်ဖြတ်ရမယ့် ထိုးစစ်ကြီးမှန်သမျှကို မိုးရာသီကုန်ဆုံးချိန်မှာ စတင်ဆင်နွဲပြီး သစ်ပင် သစ်တောတို့ အရွက်ကြွေချိန် တပေါင်းတန်ခူးမှာ အပြတ်ရှင်း လက်စတုံးလေ့ရှိတာပါပဲ ။ ဒါတွေက လက်ရှိ ဗမာ့တပ်မတော်ရဲ့ နည်းပညာပိုင်ဆိုင်မှုအရ အခက်အခဲတွေ့ရနိုင်မယ့် ထိုးစစ်ဆင်ရမယ့်  ကာလ သတ်မှတ်ချက်ကို တွေးနိုင်အောင် တင်ပြရခြင်း ဖြစ်ပါတယ် ။

  
            ဒီထက်အဆင့်မြင့်တဲ့ တိုက်ခိုက်ရေးစစ်ပစ္စည်း လက်နက်များနဲ့ နည်းပညာများ ဖြည့်စွက်နိုင်ရင်တော့ ရာသီမရွေး ချေမှုံးရေးထိုးစစ်ကြီးများ ဆင်နွဲလာနိုင်မှာ ဖြစ်ပါတယ် ။    

               
              ကျနော်တို့ မြင်တွေ့ကြည့်ရှုနေကြရတဲ့ စစ်ကားရုပ်ရှင်တွေထဲကလို လေယာဥ်ပျံတွေ နဲ့ တဝုန်းဝုန်းဗုံးကြဲ ၊ တင့်တွေနဲ့ တဗြုံးဗြုံး တက်ဆော် ဆိုတာအားရစရာပေါ့လေ ။

          အဲလို တိုက်နိုင်ကြဖို့ အချိန်ရာသီ နဲ့ မြေအနေအထား တွေ လိုအပ်နေသေးတာကို ကျနော်တို့ နားလည်ထားကြမယ် ဆိုရင်တော့ ဟုတ်မှ ဟုတ်ပါ့မလား ဆိုတဲ့ သံသယတွေ လျှော့ပါးသွားပြီး စိတ်ချမ်းသာမှု တစုံတရာ ရရှိနိုင်မယ်လို့ ယူဆမိပါတယ် ။

          တိုင်းပြည်အရေးအတွက် ပူပန်နေကြရပါသော  ဖတ်ရှုသူ တပ်မတော်ချစ်သူအပေါင်းတို့ ရွှင်လန်းချမ်းမြေ့ အပမ်းပြေကြပါစေဗျာ ။

   
         ကိုရွှေမျိုးဝင်း

              

မန္တလေး - လွှိုင်ကော် နဲ့ စစ်ရေးအခြေအနေ. ===================



              မနေ့က မန္တလေး မှာ ရှော့တိုက်ဒုံး ၇ လုံး ကွဲတယ် ။ တဖက်မီဒီယာတွေ အကြီးအကျယ် ဝါဒဖြန့်နေကြတာ အခုပဲ မန္တလေးမြို့ကြီး အုန်းအုန်းကြွက်ကြွက် ထွက်ပြေးနေသလိုလို ၊ ထိုးစစ်ကြီးတခုပဲ ဆင်နွဲနေသလိုလို ပါပဲ ။

         ဖြစ်စဥ်အမှန်ကတော့ အားလုံးသိပြီးသားပါပဲ ။ သူတို့ဖက်က ဆိုက်ဝါးကို မြင်အောင် ကြည့်ကြဖို့ပါပဲ ။ ရှော့တိုက်ဒုံးနဲ့ အပစ်ခံရတာဟာ လုံခြုံရေးတွေ သိပ်ညံ့လို့ဆိုပြီး အပြစ်တင်မယ်ဆိုရင်လည်း မှားပါတယ် ။

         ရှော့တိုက်ဒုံးဆိုတာ ငယ်ငယ်က ဗျောက်အိုးဖောက် မီးရှူးလွှတ်ကြသလို ပြေးချင်ရာပြေး ကျချင်ရာကျ ပစ်ရတဲ့ အမျိုးအစားဖြစ်ပြီး လက္မ ၂၀ ဝန်းကျင်ပဲ ရှိတဲ့ ပစ္စည်းမို့ သိုဝှက်ရတာ လွယ်ပါတယ် ။ သဲအိတ်ပေါ်တင်ပြီး နောက်ကနေ မီးရှို့ ပစ်ရတာဆိုတော့ နေရာသတ်မှတ်ချက်လည်း မရှိဘူးလေ ။ ဖမ်းရခက်ပါတယ် ။

             မန္တလေးကိစ္စပြီးရင် လွှိုင်ကော်ကြည့်ပါ ။ တပ်ချုပ်ကြီး လွှိုင်ကော်ကို သွားတယ် ။ တောင်ကြီးကနေ ကားတန်းနဲ့ သွားတာပါ ။ လေယာဥ်နဲ့ မဟုတ်ပါဘူး ပြောချင်တာက အဲဒီလမ်းကြောင်းရဲ့ လုံခြုံရေးနဲ့ နယ်မြေစိုးမိုးမှုကို သူ့အသက်နဲ့ရင်းပြီး ယုံကြည်ကြောင်း ပြခဲ့တာပါ ။

                လွှိုင်ကော်မြို့ပေါ်ကိုလည်း ကားနဲ့ပဲ လှည့်လည်စစ်ဆေးသွားတာပါ ။ သူပုန်တွေက ၁၂၀ မမ နဲ့ ၃ ချက်ပစ်တယ်လို့ ဆိုပါတယ် ။ တဖက်သတင်းတွေကတော့ မြို့ထဲလှည့်နေတုန်း ပစ်သလိုလို ဝါဒဖြန့်ပေမယ့် ဒီဖက်က သတင်းအရတော့ ပြန်သွားပြီးမှ ပစ်တာလို့ ဆိုပါတယ် ။

         တပ်ချုပ်ကြီးရှိနေစဥ် ပစ်တာဆိုတဲ့ သတင်းက ဖြစ်နိုင်ချေနည်းပါတယ် ။ လေတပ်က တောက်လျှောက် နယ်မြေစိုးမိုး အကဲကြည့် လုံခြုံရေးပေးထားတာမို့ အဲဒီအချိန် ပစ်ရင် ပစ်တဲ့နေရာကို သေချာပေါက် စက္ကန့်ပိုင်းအတွင်း တန်ပြန်ချေမှုံးကြမှာပါ ။ ၁၂၀ မမ ဆိုတာ ကျိုက်ထီးရိုးသေနတ်လို မပြီး ပြေးလို့ ရတာမျိုးမှ မဟုတ်တာလေ ။

            ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် အကြမ်းဖက်သူပုန်နဲ့ ပဒက်တွေအတွက် ဆင့်စပက် အနာလုပ်နေရတဲ့ အခြေအနေထိ ဆိုးဝါးနေပြီလို့ ကောက်ချက်ချမိပါတယ် ။ အရင်ကလို အလံတွေထူ video ဖိုင်တွေတင်တဲ့ အနေအထားကနေ ဗျောက်အိုးဖောက်ပြပြီး နိုင်နေပြီ တိုက်နေပြီ လုပ်ပြနေရတဲ့ အခြေအနေထိ ယိုင်ရွဲ့နေကြတာကို မြင်ကြည့်ကြစမ်းပါဗျာ ။

             နောက်ထပ်သတင်းအချို့ကတော့ ပြင်ဦးလွင်ဝန်းကျင်က TNLA စိုးမိုးထားတဲ့ ရွာတွေကို တပ်မတော်က မြေပြင်ရှင်းလင်းရေး ဆောင်ရွက်ပြီး သိမ်းပိုက်နေပါပြီ ။ တကယ်တိုက်တော့ တကယ်ပြေးနေရတာ ပလောင်ဘိန်းစား နဲ့ ပဒက် တွေပဲဆိုတာ သေချာပါတယ် ။

              စစ်ကိုင်း နဲ့ မကွေးနယ်ထဲမှာ အချို့ ပဒက်စခန်းတွေကို လိုက်ရှင်းလင်းနေသလို မိမိပြည်သူ့စစ် ရွာတွေကို ရိက္ခာခဲယမ်း ထောက်ပံ့မှုတွေ မရောက်သေးဘူးလို့ ဆိုပါတယ် ။

         ရိက္ခာကို လေကြောင်းနဲ့ ပို့တဲ့နေရာမှာ မြေပြင်က သတ်မှတ်ဧရိယာအတွင်း ရန်သူကင်းရှင်းဖို့ အရေးကြီးပါတယ် ။ မြေပြင်က ထွက်တိုက်ဖို့ ခက်ခဲနေရင် mi 35 လောက်နဲ့ ပစ်ရှင်းရှင်းပြီး ချပေးလို့ ရနိုင်ပါတယ် ။

        တာဝန်ကျေပဲ သွားပြီး ချမရလို့ ပြန်ခဲ့တယ်ဆိုရင်တော့ တခုခု လွဲနေပြီလို့ ပြောချင်ပါတယ် ။ ပြည်သူတွေ ဝိုင်းအော်ထားရတဲ့ ပခုက္ကူ ၁၀၁ က သူဌေး G1 ကြီး ရဲ့ သတင်းလည်း ဘာထူးခြားမှုမှ မရှိဘူးနဲ့ တူပါရဲ့ ။ မထူးခြားရင်တော့ သူ့အထက်က လူကြီးပါ ထူးခြားမယ့်အဆင့်ထိ သတင်းပို့ကြည့်ကြတာပေါ့ ဗျာ ။

            တနိုင်ငံလုံးအနှံ့ လေ့လာကြည့်မယ်ဆိုရင် တပ်မတော်က အပေါင်းလက္ခဏာတွေ အများကြီးတွေ့နေရပါတယ် ။ မယုံဘူး ဆိုသူတွေ သူတို့ဖက်က အလံတလူလူ နဲ့ သတင်းတွေ ၊ ငိုချင်းချ သတင်းတွေ နဲ့ ၊ အလှူခံသတင်းတွေ ဖတ်ကြည့်ပါ ။

          KNU ဖက်က ဒဏ်ရာရထားတဲ့သူတွေကို တဲကြီးထဲမှာ ကုနေတဲ့ video ဖိုင်ကြည့်ပြီး ဘာသတင်းမှ မကြားရပဲ တပ်မတော်က ဘယ်လိုဆော်နေပြီလဲ ဆိုတာ သိဖို့ကောင်းပါပြီ ။

            တပ်ချုပ်ကြီးရဲ့ တောင်ကြီးမိန့်ခွန်း နဲ့ လွှိုင်ကော်မိန့်ခွန်းများအား လေ့လာကြည့်ခြင်းအားဖြင့် တန်ပြန်ထိုးစစ်ကြီး ဆင်နွဲဖို့ အသင့်ဖြစ်နေပြီး အချို့ဒေသတွေမှာ စတင်နေပြီလို့ တွက်ဆလို့ ရပါတယ် ။

          ၂၀၂၁ အာဏာမထိမ်းခင် ကာလများမှာ ငြင်းခုန်နေကြရတာ မှတ်မိကြမှာပါ ။ ကျနော်ကတော့ တပ်မတော်ရဲ့ သတင်းထုတ်ပြန်မှုတွေ တပ်ချုပ်ကြီးရဲ့ မိန့်ခွန်းတွေ  ကြည့်တာနဲ့ အာဏာထိမ်းဖို့ ၁၀၀ % ပါလို့ ပြောခဲ့ပါတယ် ။

           ယခုလည်း တပ်မတော်ရဲ့ ကြိုတင်ပြင်ဆင်မှုများ ၊ သတင်းထုတ်ပြန်မှုများ နဲ့ တပ်ချုပ်ကြီးရဲ့ မိန့်ခွန်းများအား လေ့လာခြင်းဖြင့် မိမိမြို့ရွာများအား ပြန်လည်ထိမ်းချုပ် သိမ်းပိုက်ရန်မှာလည်း ၁၀၀ % ပါလို့ ပြောချင်ပါတယ် ။

         ကိုရွှေမျိုးဝင်း


သတင်း တည်းဖြတ်ခြင်း နှင့် အကဲခတ်ခြင်း. =====================



              အမှန်တိုင်းပြောရရင်တော့ ကျနော်က fb သုံးရတာ အဆင်မပြေလို့ တယ်လီဖက် ကူးလာတာပါ ။ နောက်ပြီး ပြင်ပလောကနဲ့ ၂ နှစ်နီးပါး ကင်းကွာနေလို့ ဘယ်သူက ဘာဆိုတာလည်း မသိခဲ့ရပါဘူး ။

                 fri တယောက်က ကိုမျိုး ဒီချယ်နယ်တွေ join ထားပါဆိုပြီး ပေးလို့သာ အဲဒီချယ်နယ်တွေနဲ့ join ပြီး ဖတ်နေရတဲ့ အဆင့်ပါပဲ ။ ဒီနေရာမှာ ဟိုဘက် ဒီဘက် ၂ ဖက်လုံးက ဖတ်သင့်တဲ့ ချယ်နယ်အတော်များများ ပါ ပါတယ် ။ အနီဆိုသူတွေရဲ့ ချယ်နယ်တွေက ဆိုက်ဝါးတွေကို ဖတ်ရတာ ရှင်းပါတယ် ။

               သို့သော် ပူးသတ်လိုလို စိမ်းဖျော့ဖျော့ ချယ်နယ်တွေကြတော့ အကဲခတ်ရ ခက်ခဲပါတယ် ။ မိမိဖက်ကနေ စိတ်ဓာတ်ကျပြီး ဘာလာလာ ဆဲမယ်ဆိုတဲ့ ဆိုက်ဝါးကျည် မှန်ထားတဲ့သူတွေ ၊ တပ်မတော်အပေါ် ယုံကြည်မှု ပျက်ပြားနေပြီး ဘာရေးရေး မယုံဘူး ဆိုတဲ့ အကန်မန့်တွေနဲ့ ဟိုဖက်လည်း အားမကိုးရဲ ဒီဖက်လည်း မယုံကြည်ရဲတဲ့ မိတ်ဆွေတွေ အများအပြား မြင်ကြရပါတယ် ။

            အဲလိုထဲကနေ တပ်မတော် ဘာလုပ်လုပ် မှန်တယ်ဆိုတဲ့ ပုဂ္ဂိုလ်များကိုတော့ ဘယ်ပြည်သူကမှကို လှည့်မကြည့်တော့တာလဲ အမှန်တရားပါပဲ ။ ကိုယ့်အုပ်စုနဲ့ကိုယ် သာယာနေရုံမှ တပါး ပြည်သူအများစုက လက်မခံကြပါဘူး ။

              ဒါတွေက တယ်လီမီဒီယာ စစ်မြေပြင်က လက်ရှိအနေအထားတွေ ပါပဲ ။ ဒီထဲက အင်မတန် အန္တရာယ်ကြီးတဲ့ ချယ်နယ်ကတော့ သူ့လူ ကိုယ့်ဖက်သား '' ကြီးအာပလာ '' ဆိုတဲ့ ချယ်နယ်ပါပဲ ။

         ရေးလိုက်ရင်တော့ '' ဖခင် ဖခင် '' နဲ့ ယခင်က '' မင်းသားကြီး '' ကိုတောင် သတိရမိသေး ။ သူရေးနေတာ အကဲခတ်ကြည့်ပါ ။ တောင်ခမ်း ကျနေတာ နေ့တိုင်းပဲ ဗျ ။ တောင်ကြီးကို တိုက်တော့မယ် က ၂ ရက်တခါ ။ ပြင်ဦးလွင်က တပ်မိသားစုတွေ ပြေးနေတာက ၃ ရက်တခါ ။

           ဗထူးရပ်စောက် နဲ့ ပြင်ဦးလွင် မန္တလေးကို ထိုးစစ်ဆင်ဖို့ ရန်သူတွေ အလုံးအရင်း နဲ့ တပ်ရွေ့နေတာ နေ့စဥ်ရက်ဆက် ။ မိမိရဲ့ တပ်မတော်အရာရှိတွေထဲက ဖရဲသီးတွေ ၊ လုပ်ကြံမယ့်သူတွေ အမည်စာရင်းတင်ပြီး လိမ်ညာနေတာ နာရီနဲ့ အမျှ ။

             တပ်ဖက်က ရေးသားနေတဲ့ ချယ်နယ်သတင်းတွေ မှားကြောင်း ၊ ဘညွှန့် ကျော်စွာ ၊ တောင်ပေါ်ပေတိုး ၊ ခြေလျှင်စစ်သည် ဗိုလ်စော အစရှိတဲ့ သူတွေရဲ့ သတင်းတွေ မှားကြောင်း ပြောရတာက မိနစ်တိုင်းပဲ ။

          မိမိဖက်က သတင်းရေးရင်လည်း ရန်သူကို သတင်းပေးသလို ရေးတတ်တာတွေ သတိထားကြည့်ရင် သိနိုင်ပါတယ် ။

         အမှန် ၃၀ % လောက်ကို ရောပြီး ရေးနေတာပါ ။ သတိထားပြီး လေ့လာဖို့ လိုတဲ့ အန္တရာယ်များသူဖြစ်ပါတယ် ။ 4C တို့လို ရန်သူက သိသာတယ် ကြီးအာပလာ လို ရန်သူက အတော်ချင့်ချိန် သုံးသပ်ရတဲ့ ရန်သူပါ ။

            တပ်မတော်ဖက် ပြုပြင်ပြောင်းလဲမှုတွေ ကြိုတင်ပြင်ဆင်မှုတွေကို အချိန်ယူဆောင်ရွက်နေရခြင်း ၊ မိမိစစ်ကြောင်း လှုပ်ရှားမှု ၊ ဦးတည်မှု နဲ့ ရန်သူကျဆုံးမှုတွေကို တရားဝင် သတင်းထုတ်ခြင်းပြုရန် အချိန်မကျသေးခြင်းတို့အပေါ် အခွင့်ကောင်းယူပြီး ဆိုက်ဝါးထည့်နေတာပါ ။

               လားရှိုးကျပြီးနောက် တပ်မတော်အပေါ် ယုံကြည်မှု ပျက်ပြားနေချိန်မှာ မိမိတို့ မီဒီယာသမားများက ရတတ်သရွေ့ သတင်းတွေ ရေးနေကြတာကို ကြီးအာပလာ က ပြည်သူတွေ တပ်မတော်အပေါ် ယုံကြည်အားကိုးလာကြမှာ စိုးရိမ်နေပါတယ် ။

          အဲဒါကြောင့် မျိုးချစ်မီဒီယာတွေ လိမ်နေကြောင်း ၊ တပ်မတော်က ဘယ်လောက် ရှုံးနေကြောင်း ၊ ဘယ်မြို့ ဘယ်ရွာတွေ အတိုက်ခံရနိုင်ကြောင်း အစရှိသဖြင့် ဝါဒ ဖြန့်နေတဲ့ ချယ်နယ် ဖြစ်တယ်လို့ ပြောချင်ပါတယ် ။

       နိဂုံးချုပ်ပြောချင်တာက အဲလို တဖက်က ထူထူရော ပါးပါးကော ထည့်နေတဲ့ ဂျင်းတွေ စားပြီး ကိုယ့်ရောဂါကိုယ်ရှာ ကိုယ့်ဘာသာ စိတ်ဆင်းရဲနေကြရင်လည်း ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပါပဲ ဗျာ ။

         စိတ်ဆင်းရဲခြင်း သတင်းအသီးအရွက်တွေစားပြီး မျှော်လင့်ချက်တွေ လွတ်ချထားရင်တော့ ဘယ်ဆေးထိုးထိုး တိုးမှာ မဟုတ်တော့ပါဘူးလို့ တင်ပြလိုက်ခြင်ပါတယ် ။

        ကိုရွှေမျိုးဝင်း

သတင်းတွေကြောင့် ရူးတဲ့သူ ပိုများနေပြီလေ 😁😁😁😁

Wednesday, September 4, 2024

TNLA ဆိုတာ ===============



             TNLA လို့ သိနေကြတဲ့ ပလောင်သောင်းကျန်းသူတွေရဲ့ ရာဇဝင်ကလည်း ပေါ့တော့တော့မဟုတ်ဖူးဗျ ။ ကျနော်တွေ့ဖူးတဲ့ ရှမ်းတောင် ရပ်စောက်နယ်ထဲက ပလောင်တွေကတော့ အေးအေးနေတဲ့သူ များလှပါတယ် ။ ကျနော်ပြောချင်တာက သောင်းကျန်းသူ တခြား ရိုးသားတဲ့ ပလောင်ပြည်သူက တခြား လို့ ခွဲခြားသိချေင်ပါတယ် ။

             မြန်မာတို့ရဲ့ ညောင်ရမ်းခေတ် နောက်ဆုံးမင်း မဟာဓမ္မရာဇာဓိပတိ လက်ထက်မှာ မွန်တွေ တိုက်လို့ ဗမာပြည် ပျက်သွားရပါတယ် ။

         မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျ ဆီကို မွန်တွေက သစ္စာခံဖို့ တောင်းဆိုတာရယ် ၊ ကွေ့ဂုဏ္ဍအိမ်ခေါင်းဆောင်တဲ့ ကွေ့ရှမ်းလူမျိုးတွေကလည်း သစ္စာခံဖို့ တောင်းဆိုတာရယ် လာကြတဲ့ အကြောင်းကို မှတ်မိကြမှာပါ ။

         အဲဒီ ကွေးရှမ်းဆိုတာ ပလောင်တွေပါပဲဗျာ ။ ပလောင်တွေက ကိုယ်တိုင်သာ အစွမ်းအစနဲ့ နယ်မချဲ့ရဲတာ ပွဲလန့်ရင် ဖျာဝင်ခင်းဖို့ ချောင်းနေတာ အရင်ကတည်းကပါဗျာ ။ ခြသေ့်စားပြီး အရိုးအရင်း ဝင်လုတဲ့ မြေခွေးမျိုးဗျ ။

             သမိုင်းကြောင်းလေး ပြန်လှန်ရရင် ဗမာဘုရင်လောင်း ဦးအောင်ဇေယျကတော့ ရှင်းတယ် ဗျာ မတန်မရာ လာပြောတဲ့ သောက်ပလောင်တွေ အကုန်သတ်ပစ်လိုက်တာပဲ ပြီးရော ။

                သူလည်း ဘုရင်ဖြစ်ရော တောကြိုအုံကြားက ပလောင်တွေကို မြင်းတပ်တွေနဲ့ ဆော်ပလော်တီးပစ်တာ အခု တပ်ချုပ်ကြီး လက်ထက်မတိုင်ခင်ကာလထိ သူခိုး ဒါးပြအဆင့်နဲ့ပဲ နေခဲ့ကြရပါတယ် ။

           1980 လောက်တုန်းက မိုးကုတ် မန္တလေး ကားလမ်းမှာ ဒါးပြတိုက်ကြတာ ပလောင်တွေပါပဲ ။  ပဏ္ဏဝ ၊ကာဝိန္ဒ ၊ခမ်းမတ်ဆိုတာ နာမည်ကျော် ပလောင်ဒါးမြတွေ လေ ။ တုတ်ပြီး ဒါးပြီး ဘာညာနဲ့ နာမည်ကျော်နေတဲ့ သူတွေပေါ့ဗျာ ။

              ဦးနေဝင်းလည်း မိုးမိတ်ဗျူဟာမှူးကို ဒီကောင်တွေ မမြင်ချင်ဘူး ကောင်လေး ကြည့်လုပ်စမ်းကွာလို့ ခိုင်းလိုက်ပါရော ။ မိုးမိတ်ဗျူဟာမှူးလည်း ဇောင်းထနေတဲ့ ပလောင်ဒါးမြကို စစ်ကြောင်းထိုးရှင်းလိုက်တာ တုတ်ပြီး ဒါးပြီး ဒါးပြတွေ အသက်ဘယ်က ထွက်ရမှန်းမသိ ထွက်တော့တာပဲ ။

             ဒါးပြမတိုက်ရတော့ မိုးကုတ်ကျောက်ကိစ္စတွေမှာ လိမ်စားကြတာလည်း အများစုက ပလောင်တွေပဲ ခင်ဗျ ။ ဖာ ဖိုး ဖဲ အကုန်လုပ်ပြီး လက်ကျောမတင်းတဲ့ ပလောင်ယောကျာ်းတွေကြောင့် ပလောင်မတွေ ကလေးကျောပိုး ပေါက်တူးတလက်နဲ့ လယ်လုပ်နေကြရတာပေါ့ ဗျာ ။

          မိုးမိတ်ဗျူဟာမှူးက ရှင်းတယ်ဗျ ခပ်ကြောင်ကြောင် တပ်မှူးမဟုတ်ဘူးရယ် ။ သေနတ်ဌားပေးတဲ့  SSA က ဗိုလ်မှူးစိုင်းခုံးကို မင်းတို့ SSA ကို နမ့်ပယ်ချောင်းဘေး မမြင်ချင်ဘူး လို့ အပြတ်ပြောပြီး နယ်မြေပါရှင်းပစ်တာဗျာ ။ နောက်ကွယ်ကကောင်ပါ ရှင်းပစ်တဲ့ ဗျူဟာမှူးကြီးကို လွမ်းစရာပေါ့ဗျာ ။

              ဒီကနေ့တော့ဖြင့်  ပလောင်တို့ တစခန်းထလာပြန်ပါပြီ ။ ညောင်ရမ်းခေတ်တုန်းကလို အရိုးအရင်း စားရနိုးလုပ်လာပြန်ပါပြီ ။ တပ်မတော်အနေနဲ့ ကုန်းဘောင်မင်းဆက်လို ပလောင်ကို အပြတ်ရှင်းဖို့ လိုပါပြီ ။

           မဆလခေတ် မိုးမိတ်ဗျူဟာမှူးကြီးလို နောက်ကွယ်က လက်နက်ပေးသူကိုပါ နယ်မြေအပိုင်စားမပေးတော့ဖို့ လိုနေပြီမို့ သမိုင်းထဲက အတုယူစရာတွေကို ယူနိုင်ကြဖို့ တင်ပြလိုက်ရပါတယ် ။

             ကိုရွှေမျိုးဝင်း

ကားပြင်ဖို့ ကရိယာမရှိ ပညာမရှိပဲ မွေးထားတဲ့ ခွေး အားကိုးပြီး ပြင်နေတာ ပြန်ကောင်းလိမ့်မယ် အားကြီးကြီး 
😁😁😁😁

MNDAA ရဲ့လာရာ နဲ့ လားရာ =======================



            ကိုးကန့်လို့ ခေါ်တဲ့ MNDAA ဟာ မူကတည်းက တရုတ် မြန်မာ နယ်စပ်က ကိုယ်ပိုင်ယဥ်ကျေးမှုမရှိပဲ တရုတ်ယဥ်ကျေးမှုနဲ့ ကြီးပြင်းလာတဲ့ လူမျိုးစုဖြစ်ပါတယ် ။ မူလတုန်းက ရွာကိုးရွာပဲ ရှိလို့ ရှမ်းလို ကောင်ကန့် လို့ ခေါ်ခဲ့ရာမှ ကိုးကန့် ဖြစ်လာရပါတယ် ။

         တရုတ်စကားပြော ကိုးကန့်တွေဟာ သိန္ဒီစော်ဘွားရဲ့ ပိုင်နက်နယ်မြေအတွင်း ရှိနေပြီး သိန္ဓီစော်ဘွားထံ အခွန်ထမ်းဆောင်ရတဲ့ မျိုးနွယ်စု ဖြစ်ပါတယ် ။

          အခွင့်အရေး ရလာတိုင်း ပုန်ကန်လေ့ရှိတဲ့ သူပုန်မျိုးနွယ်စုဖြစ်ပါတယ် ။ MNDAA ကို ဖုန်ကြားရှင်က စတင်ထူထောင်ခဲ့ပါတယ် ။ နောက်တော့ 2009 မှာ ဖုန်ကြားရှင်ကို ကိုးကန့်ကနေ မောင်းထုတ်လို့ KIA နယ်မြေထဲမှာ အခြေချခဲ့ရပါတယ် ။
။ မြန်မာအစိုးရ အဆက်ဆက် နဲ့ တပ်မတော်ရဲ့ မူဝါဒ အမှားများကတော့ အဲဒီ MNDAA ကို အမြစ်မဖြတ်ပဲ ပြန်လည်ကြီးထွားလာအောင် မွေးမြူထားခဲ့ကြတာပါပဲ ။

            အလွန်လွဲမှားတဲ့ သူပုန်မွေးမြူရေးကို ၂၀၂၁ အာဏာထိမ်းပြီးသည်ထိ ဆောင်ရွက်ခဲ့ကြပါတယ် ။ မိမိတပ်စခန်းများ အတိုက်ခံရသော်လည်း အစွယ်မရှိတဲ့ ကျားအိုပမာ တပ်မတော်က ရန်သူ့ဌာနချုပ်များကို မတိုက်ခိုက်ပါဘူး ဆိုတဲ့  မူဝါဒချမှတ်ခဲ့တာ အံ့အားသင့်စရာပါပဲ ။

           ဒီတော့ သူပုန်အပေါင်း သူတော်ကောင်းတို့ကလည်း နယ်စပ်ဒေသရှိ တပ်စခန်းငယ်များအား သာလွန်အင်အားများ စုဖွဲ့ပြီး အကြိမ်ကြိမ် လာတိုက်ကြပါတယ် ။ ကူရာမဲ့ တပ်စခန်းငယ်ရှိ ရဲဘော်များ ကျဆုံးခဲ့ကြရတာ မနည်းလှပါဘူး ။

          ဟုတ်ကဲ့ မြန်မာ့တပ်မတော်ကြီးကတော့ စိတ်ပါတဲ့အချိန် မိမိစခန်းငယ်တွေ ပြန်တိုက်ယူလိုက် ၊ တနှစ်တခါ စစ်ကားလေး ရိုက်ပြလိုက်နဲ့ သာယာနေတာပါပဲ ။ ရန်သူကို လက်စားချေဖို့ နဲနဲလေးမှ စိတ်ကူးမရှိခဲ့ကြပါဘူး ။

        ရန်သူတွေလည်း ပိုမိုရဲတင်းလာပြီး NCA ကို ချီးကုန်းစက္ကူလောက်တောင် တန်ဖိုးမထားတော့ပဲ လူသစ်စု နယ်မြေချဲ့ နဲ့ လက်နက်ခဲယမ်းစု စစ်ပြင်နေကြပါတယ် ။

           တပ်မတော်ရဲ့ ပေါ့ဆမှုမြားကတော့ အံ့အားသင့်လောက်ပါတယ် ။ ၁၀၂၇ ပထမလှိုင်းမှာ လောက်ကိုင်လို စစ်ဌာနချုပ်ကြီး ပါသွားတာတောင် ဂေါက်ရိုက်မပျက်ကြပါဘူး ။ ဘာဆို ဘာတခုမှ မပြင်ဆင်ကြပါဘူး ရှက်လည်း မရှက် ၊ လက်စားချေ လိုစိတ်လည်း မရှိကြသေးပါဘူး ။

           ဒီလောက် ကျက်သရေတုန်းနေမှတော့ ရန်သူက ရှေ့တိုးပြီပေါ့လေ ။ ဒီလိုနဲ့  ၁၀၂၇ ဒုတိယလှိုင်းစစ်ပွဲမှာ လားရှိုးနဲ့ ရှမ်းမြောက်တခွင် ကုန်သလောက် အသိမ်းခံလိုက်ရမှ တပ်မတော်လည်း ခွေးလိုးခံရတဲ့ ကျားလို စစ်ကို စစ်နဲ့ တူအောင်တိုက်မှ ရတော့မယ်လို့ သိသွားဟန်တူပါတယ် ။

                MNDAA ဟာ လူမျိုးမတူသလို ယဥ်ကျေးမှုမတူတဲ့အတွက် သူတို့ သိမ်းပိုက်ခံရတဲ့ နယ်မြေတွေကို ရက်စက်စွာ အုပ်ချုပ်နေပါတယ် ။ ဘာသာရေး စော်ကားမှု ၊ လူမှုရေးစော်ကားမှုတွှကို အကြိမ်ကြိမ် ပြုလုပ်ပြီး ဗမာလူမျိုးစုကြီးကို ပုဆိုးလှန်ပြနေပါတယ် ။

            ဒီလောက် သစ္စာမဲ့ ယုတ်မာ ရက်စက်တဲ့ MNDAA ကို မြန်မာ့တပ်မတော်က အကြမ်းဖက်အဖြစ် ကြေညာပြီး ချေမှုံးဖို့ ပြင်ဆင်နေပါပြီ ။ မကြာခင်ကာလအတွင်း ဗမာ့တပ်မတော်ရဲ့ မူလလက်ဟောင်း စွမ်းရည်သတ္တိ နဲ့ ရက်စက်တဲ့ တိုက်ကွက်တွေကို မြင်တွေ့ရပါတော့မယ် ။

           ဒါကတော့ MNDAA ရဲ့ မူလ လာရာလမ်းကြောင်း နဲ့ သူ့ရဲ့လားရာတို့ အခြေအနေဖြစ်ပါတယ် ။ ဗမာတို့ရဲ့ မွေးရာပါ ရဲစွမ်းသတ္တိ နဲ့ လုပ်ရည်ကိုင်ရည်ကို ပြကြရဖို့ အချိန်ကြလာပါပြီ ။  တပ်မတော်သားများ အမျိုး ဘာသာ သာသနာ ရဲ့ ဂုဏ်ကို ဆောင်ယူနိုင်ပြီး ရန်သူကို ညက်ညက်ကျေအောင် ချေမှုံးကြပါလို့ တောင်းဆိုချင်ပါတယ် ။

        ကိုရွှေမျိုးဝင်း


အကြမ်းဖက်ဆိုလျှင် ===================



               မနေ့က နစက သတင်းထုတ်ပြန်ချက်အရ MNDAA ၊ TNLA ၊ AA တို့ သုံးဖွဲ့ကို အကြမ်းဖက်အဖြစ် ကြေငြာလိုက်ပါတယ် ။

             ထူးခြားတာက KNU ၊ KIA ၊ KNPP တို့ ပါမလာတာကို သတိထားမိမှာပါ ။ ကဲ သူပုန်တွေပဲကွာ ကြေညာခြင်း မကြေညာခြင်းက ဘာကွာလို့လဲ ဆိုပြီး မေးစရာရှိပါတယ် ။

            အကြမ်းဖက်အဖြစ် ကြေညာလိုက်တာနဲ့ အဲဒီ အဖွဲ့နဲ့ ပတ်သက်ဆက်နွယ်မှု မှန်သမျှကို အကြမ်းဖက်ပုဒ်မ နဲ့ တရားစွဲလို့ ရပါပြီ ။ မကြေညာရင် အလွန်ဆုံး ပုဒ်မ ၁၇ / ၁ နဲ့ ပဲ တရားစွဲလို့ ရမှာ ဖြစ်ပါတယ် ။ ပြစ်ဒဏ်ခြင်းက ကွာခြားပါတယ် ။

            နောက်တချက်က အကြမ်းဖက်ကြေညာလိုက်ရင် ဒီအဖွဲ့အစည်းတွေကို နိုင်ငံသားအဖြစ်က ပယ်ဖျက်သကဲ့သို့ ဖြစ်သွားပါတယ် ။ ၈၂ နိုင်ငံသား ဥပဒေအရ ဒီလို အကြမ်းဖက်အဖွဲ့ဝင်များအား နိုင်ငံသားအဖြစ်မှ စွန့်လွှတ်လိုက်ပါပြီလို့ အစိုးရအနေနဲ့ ကြေညာလို့ ရသွားပါပြီ ။

             ဒီလိုဆိုရင် နိုင်ငံခြားကို ဘယ်ခွေးတိုးပေါက်ကနေ ပြေးပြေး သူဟာ နိုင်ငံမဲ့ သူတောင်းစားသာသာ ဖြစ်သွားပါပြီ ။ အဲဒီ တပ်ဖွဲ့ဝင်တွေဟာ အိမ်နီးခြင်းတိုင်းပြည်တွေ ထွက်ပြေးလည်း အကြမ်းဖက်အဖြစ် ဖမ်းဆီးပြီး ပြန်လည်ပို့ဆောင်ခြင်း ခံကြရပါမယ် ။

            နောက်ဆုံး အဲဒီ အကြမ်းဖက် တပ်ဖွဲ့တွေကို အစိုးရအနေနဲ့ ဘယ်လောက်ကြမ်းတမ်းတဲ့ ထိုးစစ်နဲ့ ချေမှုံးနေပါစေ လူ့အခွင့်အရေးတွေ ၊ လူသားခြင်းဆိုင်ရာ စာနာထောက်ထားမှုတွေ လာပြောလို့ မရတော့ပါဘူး ။ ပြောလည်း ဂရုစိုက်စရာ မလိုတော့ပါဘူး ။ တယောက်မကျန် ချေမှုံးသတ်ဖြတ်လည်း ပြဿနာမရှိတော့ပါဘူး ။

           နောက်တချက်က အကြမ်းဖက်အဖြစ် ကြေညာခြင်း ခံထားရတဲ့ အဖွဲ့တွေဆီကို တခြားနိုင်ငံတွေကနေ ဘယ်လိုအကြောင်းပြချက်နဲ့မှ တရားဝင် ထောက်ပံ့လို့ မရတော့ပါဘူး ။ ခိုးပေးတာတော့ ရှိကောင်း ရှိပါ့မယ် ။

           နောက်ထက် ဘာကြောင့် နစက အနေနဲ့ အခုမှ ကြေညာရသလဲ ဆိုတာ တွေးကြည့်ကြပါစို့ ။ နစက အနေနဲ့ အရှက်တကွဲ ဖြစ်ခဲ့ရတဲ့ ရှမ်းမြောက်တိုက်ပွဲများ ၊ ရခိုင်တိုက်ပွဲများကြောင့် ပုံပျက်ပန်းပျက် ဖြစ်ခဲ့ကြရတာ အားလုံး အသိပါပဲ ။

           ဒီကာလတွေမှာ ပြည်သူအပေါင်းရဲ့ ငိုကြွေးသံတွေ ၊ အားမလိုအားမရ ဆဲဆို ဝေဖန်နေကြတာတွေ ၊ အနှိမ့်ချခံ အစော်ကားခံနေတာတွေကို အံကြိတ်ခံနေကြရမှာ သေချာပါတယ် ။

         တပ်မတော်အနေနဲ့ ကျဆင်းနေတဲ့ စစ်ရေးသိက္ခာ ၊ နိုင်ငံရေးသိက္ခာများ အတွက်လည်းကောင်း ၊ မိမိရဲ့ ကျဆုံးရဲဘော်များနဲ့ နယ်မြေများအတွက်လည်းကောင်း ၊ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးထားကြရတဲ့ ပြည်သူများအတွက်လည်းကောင်း ပြန်လည်တုံ့ပြန်ဖို့ ကြိုးစားရပါပြီ ။

         တပ်တွင်းသစ္စာဖောက်များ ဖယ်ရှားခြင်း ၊ မတန်မရာ နေရာရထားသူများ စီစစ်ခြင်း ၊ နောက်ကြောင်းအေးစေရန် ပြည်သူ့စစ် နဲ့ အကြမ်းဖက်နှိမ်နင်းရေးကဲ့သို့ တပ်များ စုစည်းတည်ဆောက်ခြင်း ၊ တန်ပြန်ထိုးစစ်ကြီးအတွက် စစ်မျက်နှာ အများအပြား၌ တပြိုင်နက်တည်း ခုခံခြင်း ချေမှုံးခြင်း ဆောင်ရွက်နိုင်ရန် ပြင်ဆင်ခြင်း ၊ လူအင်အား လက်နက်ခဲယမ်းအင်အား လောင်စာဆီကအစ ပြည့်စုံစေရန် စီမံဖြည့်တင်းခြင်း အစရှိတဲ့ အလုပ်တွေကို သိုသိုသိပ်သိပ် ဆောင်ရွက်ကြရပါတယ် ။

           နစ်နာမှုများကြောင့် စိတ်မရှည်သော ပြည်သူများရဲ့ ဆဲဆို ဝေဖန်မှုများကိုခံနေကြရင်း လုပ်စရာရှိတာတွေကို လုပ်ဆောင်ခဲ့ကြရပါတယ် ။

             ဒီလိုနဲ့ စစ်အောင်နိုင်ရေးအတွက် အရေးကြီးတဲ့ အခြေခံအချက်အလက်တွေ ဖြည့်တင်းပြီးအောင် ဆောင်ရွက်ရင်း တန်ပြန်တိုက်စစ်အတွက် စစ်မျက်နှာ ရွေးချယ်ရပြန်ပါတယ် ။

            ကယား ကရင် နဲ့ ကချင်တို့ကို ဒုတိယ ဦးစားပေးအနေနဲ့ ချန်လှပ်ထားပြီး ရှမ်းမြောက် နဲ့ ရခိုင်ကို ချေမှုံးဖို့ ပြင်ဆင်ခဲ့ကြပါတယ် ။ ယခု 2-9-2024 နေ့မှာ အကြမ်းဖက်ကြေညာချက် ထုတ်လိုက်တာက အပျင်းပြေထုတ်ပြန်တာ မဟုတ်ပါဘူး ။

         ပြည်သူတွေ မျှော်လင့်နေတဲ့ တန်ပြန်ထိုးစစ်အတွက် အဆင်သင့်ဖြစ်နေပြီ မို့ မိမိစိတ်တိုင်းကျ ချေမှုံးနိုင်ရန် ကြိုတင်ကြေညာခြင်း ဖြစ်ပါတယ် ။ ယင်းနယ်မြေများရှိ အရပ်သားပြည်သူများအနေနဲ့ ကြိုတင် တိမ်းရှောင်ဖို့တော့ လိုအပ်ပါလိမ့်မယ် ။

           တပ်မတော်အကြောင်းကို လေ့လာဖူးသူများကတော့ ရိပ်စားမိကြမှာပါ ။ တပ်မတော်ရဲ့ သမိုင်း ငါတို့လက်ထက်မှာ မရိုင်းစေရဆိုတဲ့ စိတ်ကတော့ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကနေ သာမန်ရဲဘော်သာမက သူတို့ရဲ့ အိမ်ထောင်ဖက်ရဲမေများထိ နက်နက်ရှိုင်းရှိုင်းခံယူထားကြမှာပါပဲ ။

            မှားခဲ့တာတွေ နောက်မှာ ထားခဲ့ပြီး အမှန်တရားနဲ့အတူ ရှေ့ခရီးဆက်လှမ်းနိုင်ဖို့ ကျနော်တို့လည်း ပူးပေါင်းကြရပါမယ် ။ တပ်မတော်ရဲ့ စွမ်းဆောင်ရည်ကို မယုံကြည်သူများအနေနဲ့ လတ်တလော သူပုန်အုပ်စိုးရာ နယ်မြေများတွင် သွားရောက်အခြေချစေချင်ပါတယ် ။

            တကယ်တမ်းကျတော့ မကျေနပ်လို့သာ တပ်မတော်ကို ဝေဖန်ဆဲဆိုနေကြတာပါ ။ သူပုန်ကိုတော့ တပ်မတော်ထက်ပိုပြီး အားကိုးယုံကြည်လို့ မရမှန်း အားလုံးရဲ့ နှလုံးသားထဲက စွဲမှတ်ပြီးသားပါပဲ ။
PDF ကတော့ အစောကြီးထဲက အကြမ်းဖက်ကြေညာပြီးသားမို့ ဘဝတူ သူတို့ရဲ့ ဆရာသမားတွေနဲ့အတူတူ ကြေမွပျက်ဆီးကြရမှာ အသေအချာပါပဲ ဗျာ ။

        ကဲ တပ်မတော်သား အပေါင်းတို့ရေ ဖိုက်တင်းပါဗျာ ။ တိုင်းပြည်ရဲ့ အနာဂါတ် ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ၊ ဘာသာ သာသနာ အားလုံးက ခင်ဗျားတို့ရဲ့ သေနတ်ပြောင်းဝ အစွမ်းအစပေါ်မှာ မူတည်နေပါပြီ ဗျာ ။ တိုက်တရာ အောင်ပွဲ တထောင် ကို ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးစွာနဲ့ ရယူနိုင်ပါစေလို့ ဆုတောင်းရင်း.....

         လေးစားအားကိုးစွာဖြင့်....

          ကိုရွှေမျိုးဝင်း

ဘိုးဘွားတို့ရေး သွေးချွေးမြေပုံ
ပဲ့ မကုန်အောင်  ငါတို့ရဲ့ အား
ငါ တို့ ဒါး နဲ့  ထိမ်းသိမ်းသွားရမည် ။

      

Monday, September 2, 2024

ဒေါ်စုကြည်ကို ခေါ်ပြချင်တယ် =======================

    

   ဒေါ်စုကြည်တယောက် မြန်မာ့နိုင်ငံရေးလောကထဲ ဝင်လာပြီးကတည်းက တောက်လျှောက် သူမတိုက်ခိုက်လာတာ အမျိုးသားရေး စိတ်ဓာတ် ဆိုတဲ့ စကားလုံးကိုပါပဲ ။

          သူ့ဘာသာ သာမန်ဘဝနဲ့နေပြီး ဘယ်လင်ယူယူ ဂရုစိုက်စရာ မလိုပေမယ့် တိုင်းပြည်အုပ်ချုပ်မယ့် နေရာအတွက်တော့ဖြင့် နိုင်ငံခြားသား လင်ယူထားတဲ့သူတယောက်ကို မျိုးချစ်စိတ် ရှိသူတိုင်းက ဘယ်ကြိုက်နိုင်ပါ့မလဲဗျာ ။

              ဒါကိုပဲ မိမိအားနည်းချက်ကို မိမိမမြင်ပဲ မျိုးချစ်စိတ် ရှိသူတွေကပဲ ခေတ်နောက်ပြန် ဆွဲနေသလိုလို ၊ ဒီခေတ်ထဲမှာ မျိုးချစ်စိတ်က အလုပ်မဖြစ်တော့ဘူး ပြောလိုပြောနဲ့ ပုတ်ခတ်ဆော်ကားခဲ့တာ အားလုံး မှတ်မိကြမှာပါ ။

                အာဏာရပြီးတာနဲ့ မြန်မာတပြည်လုံး သူမလိုပဲ အမြှီးပြတ်ကြဖို့ လူ့အခွင့်ရေးဗန်းပြ ၊ ဘာသာပေါင်းစုံ တန်းညှိယုံမက ဗုဒ္ဓဘာသာ ပြိုကျပျက်ဆီးရေးပါ အားသွန်ခွန်စိုက် ကျိုးပမ်းလုပ်ဆောင်လာပါတယ် ။

         လူငယ်လူရွယ်တွေကို INGO NGO တွေကနေတဆင့် မှိုင်းသွင်းပြီး မိုက်ရိုင်းစေခဲ့ပါတယ် ။ ယနေ့လူငယ်အများစု ဘာသာရေးအသိမှား ယဥ်ကျေးမှုအသိမှားတွေကို အဲဒီ ပရဟိတ အမည်ခံအဖွဲ့အစည်းများမှ တဆင့် ကျယ်ပြန့်နှံ့စပ်စွာ ဖြန့်ချီခဲ့ကြပါတယ် ။

      NLD လက်ထက်  အရေးအခင်းကာလ မတိုင်မှီ ဗုဒ္ဓဘာသာအပေါ် နည်းမျိုးစုံနဲ့ စော်ကားလာကြပါတယ် ။ အရေးအခင်းလည်း ဖြစ်ရော ဘုန်းကြီးပုံတော်တွေကို ထမီ ၊ မိန်းမအတွင်းခံဘောင်းဘီ တွေပေါ်မှာ ကော်ကပ်ပြီး ခေါင်းပေါ်ကနေကြိုးတန်း ချိတ်ဆွဲတဲ့ အထိအစွမ်းကုန် မိုက်ရိုင်းခဲ့ကြတာ ယနေ့ PDF လူငယ်တွေပဲ ဖြစ်ပါတယ် ။

            ပြောရမယ်ဆိုရင် အမျိုးသားရေးစိတ်ဓာတ်ကို စနစ်တကျ ရိုက်ချိုးခဲ့တာ ဒေါ်စုကြည်ရဲ့ ယုတ်မာမှုကြောင့်ဆိုတာပါပဲ ။ သူမပြောခဲ့တဲ့ အမျိုးသားရေးစိတ်ဓာတ်ဆိုတာ ဒီခေတ်မှာ အလုပ်မဖြစ်တော့ပါဘူးဆိုတဲ့ ခပ်ပဲ့ပဲ့ အဆိုကို သူမအား ယနေ့ သူမရဲ့ လင်ကြီးတိုင်းပြည်မှာ သွားပြောခိုင်းလိုက်ချင်ပါတယ်ဗျာ ။

          အဂ်လန်တနိုင်ငံလုံးက အစ္စလန် ဆန့်ကျင်ရေး ဆန္ဒပြနေကြပြီး အမျိုးသားရေး စိတ်ဓာတ်ထားရှိကြဖို့ ဖင်ပြဲအောင် အော်နေကြလေရဲ့ ။ ကဲ မြန်မာလူငယ်တွေ ဒေါ်စုကြည် ဂျင်း စားလို့ ကောင်းတုန်းပဲလား မေးချင်မိပါရဲ့ ။

         သူမရဲ့ ဂျင်းကို လုံးဝမစားကြတဲ့ မျိုးချစ်အုပ်စုရဲ့ ခိုင်မာတည်ကြည်သော ၊ ရဲရင့်မှန်ကန်သော အမျိုး ဘာသာ သာသနာ ချစ်စိတ်တို့နဲ့ တောင့်ခံထားလို့သာ တို့တိုင်းပြည် တို့ဘာသာ ဒီအတိုင်းရှိနေသေးတာဗျာ ဒီအတွက်တော့ဖြင့် မျိုးချစ်အပေါင်းကို လေးစားဦးညွှတ်ကြရမှာပါပဲ ဗျာ ။

         ကိုရွှေမျိုးဝင်း

နခခ ၅ သို့. ===========



              မောင်တော မြို့နယ်ထဲက နခခ ၅ ဟာ ယနေ့ထိ AA တွေရဲ့ တိုကျခိုက်မှုကို ကြံ့ကြံ့ခံ တိုက်ခိုက်နေဆဲပါပဲ ။ သူတို့အတွက် လေကြောင်းမှ ရိက္ခာ ဆေးဝါး ထောက်ပံ့ဖို့ လိုအပ်နေပါတယ် ။

           ကမ်းထိုးယာဥ် ကပ်မရဖြစ်နေပါက လေကြောင်းမှ ပို့လို့ ရပါတယ် ။ တပ်ဖွဲ့ဝင်များ ကျန်နေပါ၍ စိတ်အားတက်ကြွစေမည့် အစီအမံများ ၊ ထောက်ပံ့မှုများ လိုအပ်နေပါပြီ ။

       မိုးမလွန်ခင် ထွန်ချကြဖို့ အရေးကြီးပါတယ် ။ ရခိုင်ပြည်နယ်က စခန်းတခုသည် ယခုအချိန်တွင် အရေးပါလှပါသည် ။ မိမိတို့ ခြေကုပ်ယူထားနိုင်သည့် စခန်းမှန်သမျှ တန်ဖိုးထားခြင်း ၊ မိမိရဲဘော်တဦးတယောက်ကအစ တန်ဖိုးထားြပခြင်းဖြင့် အစိုးရကောင်းတို့ရဲ့ ဝိသေသကို ထင်ရှားစွာ ပြသနိုင်ကြပါစေဗျာ ။

         မနေ့က ရဲတပ်သားတယောက်အား ဒရုန်းဖြင့် ရှာဖွေခြင်း ၊ ဒရုန်းဖြင့် အစာရေစာ နဲ့ အသက်ကယ်ဝတ်စုံ ချပေးနိုင်ခြင်းတို့အား ဝမ်းမြောက်ဖွယ် မြင်တွေ့ရပါတယ် ။

          ဒီနည်းပညာနဲ့ ယခု နခခ ၅ စခန်းအား ကူညီမယ်ဆိုရင် အလွယ်တကူ ကူညီနိုင်ပါတယ် ။ ဒီသတင်းကြားပြီး အမြန်ဆုံးကူညီနိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ် ဗျာ ။

           သစ္စာရှိ ရဲရင့်သူအပေါင်းအား တန်ဖိုးထားပြခြင်းဖြင့် နိုင်ငံဂုဏ်ကို ဆောင်နိုင်ကြပါစေ ။

      ကိုရွှေမျိုးဝင်း


ငြင်းနေကြတဲ့ စစ်သတင်းများ ========================


                 မြင်းခြံ နဲ့ နွားထိုးကြီး ပဒက်တွေ မြို့သာရဲစခန်းကို အလစ်ဝင်တိုက်ကြပါတယ် ။ လေကြောင်းပစ်ကူနဲ့ ​မြေပြင်စစ်ကူများ အချိန်မှီရောက်ရှိတဲ့ အတွက် PDF သုံးလောင်း နဲ့ လက်နက်တွေ ရရှိခဲ့ပါတယ် ။ ရဲတပ်သား ၂ ဦး ကျဆုံးခဲ့ရပါတယ် ။

             ပြန်ဆုတ်ပြေးရတဲ့ ပဒက်တွေထဲမှာ ၂၀ ခန့် သေတယ်လို့ မြို့ခံများက ပြောကြပါတယ် ။ ရက်စွဲမတွေ့ရတဲ့ မြင်းခြံသား ဇော်ဝေစိုးရဲ့ ပို့စ် အရတော့ မနေ့ကမှ တင်ထားတာဆိုရင် သေတဲ့သတင်း မှန်ပါတယ် ။

           စစ်ကိုင်းတိုင်းထဲက မဒေါင်းလှ ကျေးရွာကို PDF နဲ့ KIA တွေ ဒုတိယအကြိမ် ဝင်တိုက်ပါတယ် ။ လူဦးရေ ၃၀၀ ကျော်လောက်ပဲ ရှိတဲ့ ရွာပေါက်စထဲမှာ အင်မတန်ရဲရင့်တဲ့ ပြည်သူ့စစ် နဲ့ တပ်မတော်သားတွေဟာ အင်အား ထောင်ဂဏန်း ရှိတဲ့ ရန်သူကို တုန့်ပြန်ခဲ့ကြရပါတယ် ။

             ရွာတွင်းရှိ အိမ်ခြေများ မီးရှို့ခံရပေမယ့် လေကြောင်းပစ်ကူ ရောက်လာပြီး ချေမှုံးသလို မြေပြင်ကလည်း ၅၅၀ ဆရာတော်ရဲ့ ပြည်သူ့စစ်များက ပိတ်ဆို့ထားတဲ့ ရန်သူ့ရဲ့ ဖြတ်တောက်ရေးတပ်များကို ထူးချွန်စွာ ထိုးဖောက်ပြီး မဒေါင်းလှရွာနဲ့ ပူးပေါင်းမိအောင် ဆောင်ရဖွက်နိုင်ခဲ့ပါတယ် ။

          ရန်သူ ပဒက်နဲ့ KIA တို့ဟာ အကျအဆုံး များစွာနဲ့ ပြန်လည်ဆုတ်ခွာသွားကြပါတယ် ။ ကြားဖြတ်စက်္မှ ကြားရသလောက် ရာချီ ကျဆုံးကြောင်း သတင်းရရှိပါတယ် ။

          နောက်ထပ်တိုက်ပွဲကတော့ တောင်ခမ်း ပဲ ဖြစ်ပါတယ် ။ တောင်ခမ်းကို TNLA နဲ့ ပဒက်တွေ အတင်းဝင်လုံးကြပြန်ပါတယ် ။ ထုံးစံအတိုင်း လေကြောင်းပစ်ကူ နဲ့ လက်နက်ကြီးပစ်ကူရယ် တောင်ခမ်းက ခုခံနေတဲ့ စစ်သည်တွေရဲ့ ထိရောက်တဲ့ ပစ်ခတ်မှုတွေ​ကြောင့် တိုးမရပဲ ယနေ့ လင်းအားကြီးမှာ ပြန်ပြေးကြရပါတယ် ။

    
                   အရေးကြီးတဲ့ ရခိုင်မှာလည်း ရေတပ်စခန်းရမလားလို့ လာစမ်းနေတဲ့ AA တွေ စစ်သဘော် ၈ စင်းရဲ့ ပစ်အား လေတပ်ရဲ့ တိုက်ခိုက်္မှု ၊ ခြေလျှင်တပ်ရဲ့ ပိတ်ဆို့မှုများကြောင်း သူတို့ အခြေချရာ ကျောက်ကလပ်ရွာထဲမှာ ခေါင်းမဖော်ရဲတော့ဘူးလို့ ကြားရပါတယ် ။

              ကယားမှာတော့ တချိန်က နာမည်ကြီး မာဝီရဲ့ တပ်မဟာလည်း အင်အား ဆယ်ဂဏန်းပဲ ကျန်တော့ပါတယ် ။ ကယား စစ်ဦးချုပ် ခိုးရီဒူးရဲ့ fb အကောင့်မှာလည်း black profile ချိန်းသွားရတဲ့အထိ ဘဝပျက်နေရပါပြီ ။

            ရေဖြူ ဘုတ်ပြင်းမှာ PDF စခန်း ၃ ခုကို ဖျက်ဆိးနိုင်ခဲ့ပြီး ပဒက်အရှင် ၁၅ ကောင် ဖမ်းဆိးပြီး လက်နက်အများအပြား ရရှိခဲ့ပါတယ် ။

            သပိတ်ကျင်းနယ်ထဲက PDF တို့ ခိုအောင်းနေတဲ့ ဇရပ်ကွင်းရွာကို ဗုံးကြဲခဲ့ပါတယ် ။ အဲဒီ အကျိုးဆက်လားတော့ မသိပါဘူး ။ မနေ့က သပိတ်ကျင်း ပဒက် ၃၀ လက်နက်လာချတဲ့ သတင်း ကြားသိရပါတယ် ။

                ကျနော်တို့ သုံးသပ်ခဲ့ကြသလို အချိန်ကျလာပြီမို့ ဖား နဲ့ ငါး ကွဲလာပါပြီ ။ ယခင်နဲ့ မတူတဲ့ တပ်မတော်ရဲ့ စစ်ကူ ပစ်ကူ များ ပြောင်းလဲလာကြခြင်းကြောင့် ​ရလာဒ်ကောင်းများ တွေ့မြင်လာရခြင်းဖြစ်ပါတယ် ။

              ပြတ်သားတဲ့ အမိန့် ၊ တိကျမှန်ကန်တဲ့ ပစ်ကူ ၊ လျှင်မြန်တဲ့ စစ်ကူ ၊ နယ်မြေကျွမ်းကြင် ရဲရင့်တဲ့ ဌာနေပြည်သူ့စစ်များကြောင့် အောင်ပွဲ အလီလီ ရလာကြပါပြီ ။ အရေးကြီးတဲ့ တပ်တွင်း ဖရဲသီးနဲ့ လောဘဇောတိုက်နေတဲ့ တပ်တွင်း အရာရှိတွေကို ဖော်ထုတ်ဖယ်ရှားပြီးရင်တော့ ပိုပြီး အောင်မြင်ပါလိမ့်မယ် ။

           ကိုရွှေမျိုးဝင်း

မြင်းခြံသား ဇော်ဝေစိုးရဲ့ မြှောက်ပင့် ငိုချင်း.......

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...