Friday, August 30, 2024

လာပြန်ပြီ နောက်တမျိုး =====================



             ပြည်ချစ်ဆရာတော်ကြီး ဖြစ်တဲ့ ၅၅၀ ဆရာတော်ကြီးကတော့ ပဒက်တွေ သွေးတက်အောင် လုပ်ချလိုက်ပြန်ပါပြီ ။
အထူးကွန်မန်ဒို ချေမှုံးရေးတပ်ဆိုပြီး ထပ်မံ လေ့ကျင့်ပေးနေလေရဲ့ ။

         ဒီတခါ လေ့ကျင့်ရာမှာ ထူးခြားတာက လက်ရုံးရည်တင် မကဘူး နှလုံးရည်ပါ တခါတည်း ပါအောင်ဆိုပြီး စိတ်လေ့ကျင့်ရေးအဖြစ် တရားထိုင်ခြင်း တရားနာခြင်း တွေပါ စနစ်တကျ လေ့ကျင့်နေကြလေရဲ့ ။

         ဘယ်နေရာမှာ ဘာတာဝန်ပေးဖို့ ရည်ရွယ်လေ့ကျင့်နေပါသလဲ ဘုရား ဆိုတော့ ဒါတော့ စစ်ရဲ့သဘောအရ လှို့ဝှက်ထားချင်လို့ပါ ဒကာကြီးလို့ မိန့်တော်မူလို့ ထပ်မမေးခဲ့တော့ပါဘူး ။ စိတ်ထဲမှာတော့ အထူးလေ့ကျင့်နေမှတော့ ထူးတဲ့ နေရာ သုံးဖို့ပဲလို့ ယူဆမိပါတယ် ။

          ရှေ့တန်းမှာ တပ်မတော်နဲ့ အတူ လက်တွဲတိုက်ခိုက်နေတဲ့ ပြည်သူ့စစ်တွေ အများအပြား ရှိနေသလို တခြားနယ်တွေကိုလည်း အင်အား ထောင်ဂဏန်း သွားရောက် အားဖြည့်တိုက်ခိုက်ပေးနေသတဲ့ ဗျာ ။

           ယခု အထူးတိုက်ခိုက်ရေး သင်တန်းသား ၄၀၀ ကျော်ကိုလည်း စစ်ကိုင်းတိုင်း အစိုးရက စားနပ်ရိက္ခာ ထောက်ပံ့ကူညီပါတယ်လို့ ပြောပါတယ် ဗျာ ။

           စစ်တိုင်းအသီးသီးက အုပ်ချုပ်သူတွေ ဒီလို အလိုက်တသိ ထောက်ပံ့ကြရင်ဖြင့် ပြည်တွင်းပဒက်တို့အတွက် တပ်မတော်အင်အားတောင် မလိုပါဘူးဗျာ ။ ကိုယ့်ဘာသာ ဆော်လို့ ရတာပေါ့ ဗျာ ။

           တဆက်တည်း အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့မယ့် ကိစ္စ ပြောချင်ပါတယ် ။ အသက် ၃၅ မှ ၆၅ အထိ ဆိုတာ မှားလည်းမှားပြီး မှန်လည်း မှန်ပါတယ် ။ အဲဒါက တရားဝင်စာထုတ်ထားခြင်း မရှိပါဘူး သို့သော် ၃၅ အထိ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်နေတဲ့အတွက် ဒီလို ပိုင်းခြားခေါ်မှသာ အဆင်ပြေမှာမို့ပါပဲ ။

       နောက်ပြီးအရမ်းလဲ  စိတ်မပူနဲ့ လူတိုင်းမခေါ်ဘူး ။ စိတ်ချရတဲ့ လူဖြစ်ရမယ် စီးပွားရေး အရ မှီခိုသူတွေ ရှိတဲ့သူ မဖြစ်ရန်လိုမယ် ။ လူနည်းနည်း နဲ့ ကျစ်ကျစ်လစ်လစ် ပဲ ဖွဲ့စည်းမှာလို့ ကြားသိရပါတယ် ။

        ကိုရွှေမျိုးဝင်း

လားရှိုး တိုက် မတိုက် ==================



               လားရှိုးသတင်း မှားနေတယ်လို့ မန့်နေလို့ ဖျက်လိုက်ပါတယ် ။



             နောက်သတင်းကတော့ ကချင်ဘက်က ခမရ ၄၃၇ အခြေစိုက် မိုးမောက်မြို့အား KIA မှ တလခန့် အပြင်းအထန် တိုက်ခိုက်ခဲ့ရာမှ ၂၅ ရက်နေ့က ယင်းတို့ သိမ်းပိုက်နိုင်ပြီဟု ကြေညာခဲ့ပါတယ် ။

          ယင်းသို့ကြေညာပြီး ၄ ရက်အကြာ တပ်မတော်မှ ပြန်လည်တိုက်ခိုက်၍ ယနေ့ ၃၀ ရက်နေ့တွင် အလုံးစုံ ပြန်လည်ထိမ်းချုပ်နိုင်ခဲ့ပါတယ် ။

            အောင်ပွဲသတင်း ဆာလောင်နေသူ တိုင်းချစ်ပြည်ချစ်များ အားပါးတရ ပျော်ရွှင်ရမဲ့ရက်တွေ စတင်ရောက်ရှိလာပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ် ။

       ကိုရွှေမျိုးဝင်း

သူများနှာခေါင်းနဲ့ အသက်ရှူနေရတဲ့ 
ဥာဏ်မဲ့ပဒက်လေးတွေ ကိုယ့်အဆင့် ကိုယ်သိ.....

ချိန်ခွင်ရှာ ပြောင်းနေပြီ ====================



                လေလှိုင်းထဲနေ အဆမတန် အောင်ပွဲခံနေကြတဲ့ ပဒက်လေးတွေ အသံတိတ်ချိန် စတင်လာပါပြီ ။

         ပထမဆုံး တရုတ်ဖက်ကနေ နယ်စပ်ဂိတ်တွေ ပိတ်လိုက်တယ် ။ နောက် တရုတ်မြန်မာ နယ်စပ်မှာ ကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်မှု လာလုပ်ကြတယ် ။ နောက်ထပ် MNDAA TNLA UWSA. နဲ့ NUG တို့ရဲ့ ငွေစာရင်းတွေ ပိတ်တယ် ။ အခုနောက်ဆုံး TNLA ကို တိုက်ပွဲ မဖော်ဆောင်ဖို့ ဖိအားပေး တားမြစ်လာတယ် ။

           ဒါတွေက နိုင်ငံရေးပါဝါရဲ့ ကစားပွဲ ရလာဒ်တွေလို့ ဆိုရပါမယ် ။ စစ်ရေးချိန်ခွင်ကို တချက် လေ့လာကြည့်ရမယ်ဆိုရင်လည်း စစ်မျက်နှာ အသီးသီးကို ကြည့်ကြပါစို့ ။

         စိုးရိမ်စရာအကောင်းဆုံး ကံကြီးကုန်းရွာ ပြည်သူ့စစ်အတိုက်ခံရတဲ့ ပွဲစဥ် ကြည့်ပါ ။ အင်အားထောင်ချီပြီး စုဖွဲ့ထားတဲ့ KIA နဲ့ ကျွန်ပဒက်တို့ တိုက်စစ်ကို ကျေးရွာတရွာကနေ ၃ ရက်ထိ အနိုင်မခံ အရှုံးမပေးပဲ တိုက်ခဲ့ကြတာ ချီးမွမ်းစရာပါပဲ ။

         လေကြောင်းပစ်ကူ နဲ့ မုံရွာက လက်နက်ကြီး ပစ်ကူကြောင့် စိတ်ဓာတ်ခွန်အားတက်ကြွစေခဲ့တာလည်း အရေးကြီးတဲ့ အချက်ပါပဲ ။ တပြည်လုံးစိတ်ပူပြီး စောင့်ကြည့်ခဲ့ရတဲ့ ကံကြီးကုန်းကျေးရွာ တိုက်ပွဲကတော့ ရန်သူတို့ အကျအဆုံးများစွာနဲ့ ဖရိုဖရဲ ထွက်ပြေးကြရပါပြီ ။ စစ်ကူစစ်ကြောင်းများ ရောက်လာပြီး ချေမှုံးနိုင်ခဲ့ခြင်းကြောင့် စိတ်အေးကြရပါပြီ ။

           နောက်ထပ် အရေးကြီး စစ်မျက်နှာ တောင်ခမ်းတိုက်ပွဲလည်း ယနေ့ ပြီးသလောက် ဖြစ်သွားပါပြီ ။ စစ်ကူစစ်ကြောင်းများ ရောက်ရှိပြီလို့ သိရသလို ရန်သူများကိုလည်း အမြောက်အများ ကျဆုံး ဒဏ်ရာရအောင် ကောင်းမွန်စွာ ဆုံးမပေးလိုက်နိုင်ကြောင်း မဂ်လာသတင်းရရှိထားပါတယ် ။

             နောက်ထပ် သံတွဲသတင်းကတော့ AA တို့ရဲ့ တပ်မတော်မှ ဇီဝဗုံး ဓာတုဗုံး သုံးနေပါပြီ ၊ ပြည်သူတွေ သေနေပါပြီ ၊ ပြည်သူတွေ ဆေးဝါးပြတ်လပ်နေပါပြီ အော်နေပြီဆို သဘောပေါက်ကြပါတော့ ။ ဓာတ်ခဲစုတ်တို့ မရှုမလှ စုတ်ပြတ်နေရင် ဒီအသံထွက်လာတာ ကလင်ဒါကျ ဖြစ်နေပါပြီ ။ အထူး မှတ်ချက်ချရန် မလိုတော့ပါဘူး ။

           လေတထွားထွား နဲ့ ကိုရွှေကရင် KNU တိုရော အနေအထား ဘယ်လို ရှိနေလည်း ကြည့်ပါ ။ ဟိုနားလာဆွလိုက် သူတို့နာရေးကိစ္စလုပ်လိုက် ၊ ဒီနားလာဆွလိုက် ဘုရားသခင်ထံ အလည်သွားလိုက်နဲ့ ဝလချီးလည်နေပါတယ် ။

          ကယားကတော့ စာရင်းပျောက် အင်းပျောက် ဖြစ်နေပါပြီ ။ တချိန်က လွိုင်ကော်မြို့ပေါ်တက် ဖင်ခေါင်းကျယ်ခဲ့သမျှ တပ်မတော်က တကယ်ချတော့ တောကြိုအုံကြား ပြန်ပြေးနေကြလို့ သူတို့တပ်ဖွဲ့စည်းပုံ ပျက်နေပါပြီ ။ ကယားဖက်က ဆရာဝန် ဖမ်းမိတော့ စစ်ကြောရေးဝင်လိုက်တာ သေဆုံး ပြတ်တောက် ဒုက္ခိတ စာရင်း 3 G နဲ့ အပြည့်တဲ့ ။ တွက်သာကြည့်ပေတော့ ။

             စစ်မျက်နှာ အသီးသီးမှာ စစ်ရေးချိန်ခွင်ရှာ ပြောင်းနေပါပြီ ။ မိုးကုန်တာနဲ့ မကြာခင် တပ်မတော်ရဲ့ ထိုးစစ်အစစ်ကို မြင်ကြရမှာ သေချာပါတယ် ။ အလှည့်ကျမနွဲ့စတမ်း လို့ပဲ ပြောထားပါမယ် ။

         ပြည်မက PDF ပြဿနာက သူတို့ရဲ့ ပထွေး သခင် သူပုန်တွေ ဘဝပျက်တာနဲ့ ပုရွက်ဆိတ်အုပ် ဆင်သေးပန်းခံရလို ဖရိုဖရဲ ဖြစ်သွားမှာ 100 % မို့ ခေါင်းထဲထည့်စရာကို မလိုဘူးလို့ သုံးသပ်မိပါတယ် ။

          ကဲ စစ်သတင်းမှန်တွေဖတ်ပြီး မျိုးချစ်အပေါင်း နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေဗျာ ။

   
            ကိုရွှေမျိုးဝင်း

ပြည်ဖျက် ပဒက်တို့အတွက် တက်လမ်း.....


ယခုခေတ် သူကြီးတို့ သိကြဖို့ =====================

ဖြစ်စဥ် ( ၁ )
              ရှေးမြန်မာမင်းတွေ လက်ထက်တုန်းက သူကြီးတယောက် မြို့ပေါ်တက်လာတယ် ။ စျေးထဲမှာ လုယက်မှုဖြစ်နေတာ မြင်နေပေမယ့် သူ့အပိုင်နယ် မဟုတ်လို့ ဘာမှ မလုပ်ပဲ ကြည့်ပဲ နေသတဲ့ ။ 

        လူတွေဝိုင်းဖမ်းလို့မိပြီး တရားရုံးရောက်တော့ သက်သေပါလာတဲ့ သူကြီးမင်းကို တရားသူကြီးက ခင်ဗျားက သူကြီးဖြစ်နေပြီး လက်ပိုက်ကြည့်နေရသလား မေးတော့ သူ့အပိုင်နယ် မဟုတ်လို့ပါဆိုပြီး ဆင်ခြေပေးတယ် ။ 

         ဒီတော့ တရားသူကြီးက အာဏာပိုင်တို့မည်သည် ပြည်သူကို ကာကွယ်ပေးနိုင်ဖို့ အာဏာအပ်နှင်းထားခြင်း ခံရသူတွေဖြစ်ကြတယ် ။ မိမိမျက်စိရှေ့မှာ မတရားမှုမြင်ရလျှင် ကူညီရမည့် တာဝန်ရှိသည် ထို့ကြောင့် တာဝန်အပေါ် ဒေသအကြောင်းပြု ရှောင်လွှဲသည့် သူကြီးအား ဒဏ်ငွေ ၅၀၀ ဆောင်စေ ဆိုပြီး အမိန့်ချခဲ့တယ် ဗျ ။ 

ဖြစ်စဥ် ( ၂. )

              ကုန်းဘောင်ခေတ်မှာ ယခုကာလ မြင်းခြံမြို့ရဲ့ အမှတ် ၁၉ ရပ်ကွက်က စွန်းလွန်းရွာ တဲ့ ။ အမှတ် ၁ ရပ်ကွက်က မန်ကျည်းပင်စုရွာ ဆိုပြီး ရှိခဲ့ပါတယ် ။ တနေ့တော့ ရွာ ၂ ရွာကြားထဲက ကိုင်းတောထဲမှာ လူသတ်မှုဖြစ်ပါရော ။ 

          လူသတ်မှုမှာ တရားခံမပေါ်ရင် အပိုင်သူကြီးက ကျန်တဲ့ မိသားစုကို ငွေ ၆ ပိဿာလျှော်ကြေးပေးရမယ့် ဥပဒေရှိပါတယ် ။ ဒီတော့ သူကြီး ၂ ဦးလည်း သူတို့ အပိုင်မဟုတ်ပါဘူးဆိုပြီး ငြင်းကြတာပေါ့ ။ ငွေလျှော်ရမှာ စိုးလို့ပေါ့ဗျာ ။ 

         ဘုရင်က ဖြေရှင်းဖို့ မြေတိုင်းစာရေးလွှတ်ပေးရတာပေါ့ ။ ဒီတော့ သူကြီး ၂ ယောက်လုံးက မြေတိုင်းစာရေးကို ငွေ ၂ ပိဿာစီပေးပြီး လာဘ်ထိုးပြတယ် ။ ဟိုငတိကလည်း ငွေယူပြီး ပလပ်မြေပါဘုရား လုပ်ပါရောလား ။ ဒီတော့မှ ရွာပုလဲဆိုတဲ့ မြစ်ဘေးရွာသူကြီးက သူ့ကို ရွာတည်ခွင့်ပေးပါ ငွေကို သူလျှော်ပါ့မယ်ဆိုပြီး ရွာတည်ခဲ့တယ် ။ 

       မျဥ်းတားရင် ကျန်နေလို့ မျဥ်းကျန်ရွာလို့ ခေါ်ခဲ့ရာမှ မြင်းခြံလို့ ဖြစ်လာရတာပါပဲ ။ မြို့ရာဇဝင် ပြောချင်တာ မဟုတ်ပါဘူး ကုန်းဘောင်ခေတ်က ပြည်သူ့နစ်နာမှုအတွက် ပြဌာန်းခဲ့တဲ့ ဥပဒေကို ချီးကျူးချင်တာပါ ။ 

 ဖြစ်စဥ် ( ၃. )

            ယနေ့ အောင်မဂ်လာကားကြီးကွင်းထဲမှာ ပြင်ပ တက္ကစီတွေကို စည်းကမ်းဥပဒေ အကြောင်းပြုပြီး စည်ပင်ရဲ နဲ့ မော်တော်ပီကယ်တွေ အမဲဖျက်နေတဲ့ သတင်းတွေ အများအပြား ကြားလာရပါတယ် ။ 

         တက္ကစီ ဘုတ်မီးမလင်းလို့ ( နေ့ခင်းနော်)  ဂိတ်ရှာဖို့ ကားရပ်လို့ ၊ ခရီးသည်မချရမယ့်နေရာ ရပ်ချလို့ အစရှိတဲ့ အကြောင်းပြချက်တွေနဲ့ ၃၀၀၀၀ိ ဒဏ်ငွေဆိုပြီး ဒါးပြတိုက်ယူနေကြပါတယ် ဆိုပြီး တက္ကစီသမားတွေ အော်နေကြပါတယ် ။ 

         စည်းကမ်းကွ လို့ ဆင်ခြေပေးရင်လည်း ကားကွင်းထဲက အဲလို စည်းကမ်းဖောက်တဲ့ ကားတွေကိုတော့ တလ ၂၀၀၀၀ ပေးပြီး စည်းကမ်းဖောက်ခွင့် ပြုနေတာ ဘာသဘောလဲ မေးကြယုံပါပဲ ။ 

          ဖဲ သုံးချပ်လူလိမ်တွေ ၊ ခါးပိုက်နှိုက်တွေ ၊ ဖာခန်းတွေ ကားကွင်းထဲ လက်ညှိုးထိုး မလွဲပါပဲ ။ ကားကွင်းလုံခြုံရေးရဲတွေ ပေါင်းစားနေကြလို့ မမြင်ကြတာပါ ။ 

             ဒီထက်ဆိုးတာ ရှိသေးတယ် ကားကွင်းနဲ့ မျက်နှာခြင်းဆိုင်မှာ စဖရ အကူ ၂ ဆိုတဲ့ တပ်ဖွဲ့ကြီးလည်း ရှိတယ်ခင်ဗျ ။ အားကိုးရတယ်ဗျာ ရံဖန်ရံခါ သူ့ဝင်းပေါက်ရှေ့နား ဖဲ သုံးချပ် လိမ်နေကြတာတောင် လှည့်မကြည့်ဘူး ဗျ ။ 

        စရဖ ကွ အဲဒါ ရဲ အလုပ်ဆိုပြီး ဆင်ခြေပေးလေ့ရှိပါတယ် ။ ကဲ ကျနော် ရှေ့က ပြောခဲ့တဲ့ အုပ်ချုပ်သူတို့အတွက် ရှေးခေတ် ဥပဒေသတွေ ပြန်ကြည့် ပါအုံး ။ တာဝန်ယူမှု တာဝန်ခံမှု ရှိနေတာ တွေ့ရပါလိမ့်မယ် ။ 

         အခုခေတ်မှာဖြင့် ရစရာရှိလို ဆီလိုအပေါက်ရှာ စားမယ် ဝါးမယ် ၊ လုပ်စရာရှိရင် ရူးချင်ယောင်ဆောင်မယ်ဆိုတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေကြောင့် ပြည်သူတွေ နစ်နာကြရသလို အစိုးရကို မုန်းတီးနေကြတာလည်း မဆန်းဘူးလို့ ပြောချင်ပါတယ် ။ 

         အခုပြောတဲ့ ကားကြီးကွင်း ပြဿနာကိုသာ ချက်ခြင်းဖြေရှင်းပေးလိုက်ပါ ။ ဘယ်သူ့မှ တာဝန်ပေးမနေနဲ့ အနားက အကူ ၂ ဆိုတဲ့ ခေါင်းရှောင်တွေ တာဝန်ပေးလိုက် မိနစ်ပိုင်းအတွင် အကုန်ပေါ်တယ် ။ သူတို့ပါ ရောမလိမ်ရင်ပေါ့လေ ။ 

            ရှေးက သူကြီးတွေရဲ့တာဝန်ယူရမယ့် အပိုင်း တာဝန်ခံရမယ့်အကြောင်းသိကြဖို့ နဲ့  ခေတ်သူကြီးများကိုလည်း ဒီလိုမျိုး ဥပဒေနဲ့ ပြန်လည်စည်းနှောင်ဖို့ လိုအပ်နေပြီလို့ တင်ပြချင်ပါတယ် ။ 

        ကိုရွှေမျိုးဝင်း

ဒီလို စုဖွဲ့မှုမျိုးနဲ့ ပန်းတိုင်ရောက်္မယ် ထင်နေတာ အံ့ပါ့......

Thursday, August 29, 2024

ဒီလိုလုပ်ရင် ဒါမျိုးလုပ် ======================



                 စောစောကပဲ ပေါက်ကိုယ်တော်ရဲ့ ဒေါသသံစဥ်တွေ ကြားလိုက်ရပါတယ် ။ သူ့တပည့် ပြည်သူ့စစ်တွေကို ဌာနဆိုင်ရာနဲ့ စခန်းမှူးတို့က ဖမ်းဆီး နှိပ်စက်ပြီး ထောင်ကြီးချုပ်ထဲ တန်းပို့လို့ ဆိုပြီး ပြောနေတာပါ ။

                  ပြည်သူ့စစ်တပ်ဖွဲ့ဝင်ပါ ဆိုပြီး ပြောပြခဲ့ရင်တော့ သက်ဆိုင်ရာ တပ်မတော်အရာရှိတွေဆီ ဆက်သွယ်မေးမြန်း အတည်ပြုပြီး မဟုတ်တာ လုပ်ထားလည်း ဆိုဆုံးမရန် ပြန်လည်အပ်နှံခြင်းသာ လုပ်ဆောင်ချက် အမှန်ဖြစ်ပါလိမ့်မယ် ။

           ဥပဒေနဲ့ အညီဆိုပြီး လုပ်ချင်တိုင်း လုပ်ကြကြေးဆိုရင် ဒီကနေ့ ၃ လက်မအထကျဒါးကိုငျသူတိုငျး ပုဒ် ၂၃ နဲ့ ထောင် ၃ နှစ် ချလို့ ရနေတာ သိပါတယ် ။ သို့သော် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေအတွက်တော့ ချွင်းချက်ပေးကြရမှာပါပဲ ။

          ဖမ်းဆီးခဲ့ကြတဲ့ ဌာနဆိုင်ရာနဲ့ စခန်းမှူး သည်  PDF အားပေး ဖရဲသီး ဖြစ်ဖို့ များပါတယ် ။ စစ်တိုင်းမှူးမှ အဆိုပါ ကိစ္စအပေါ် အမြန်ဆုံး စစ်ဆေးဖော်ထုတ် ရှင်းလင်းရန် အရေးကြီးနေပါတယ် ။

         အားလုံးက မသိကျိုးနွံ ပြုလုပ်နေပါက ပြည်သူ့စစ်များ နှုတ်ထွက်ပြီး ကိုယ့်ဇာတိသာ ကိုယ်ဘာသာပြန်ပြီး အိပ်နေကြပေတော့ဗျာ ။ ကျုပ်သာ အဲဒီ ပြည်သူ့စစ်ဆိုရင် မထွက်ခင် ဒီလို သစ္စာဖောက်တွေကို PDF ယောင်ဆောင်ပြီး အပြတ်ရှင်းသွားမယ်ဗျာ ။ မလုပ်ရင် နောက်လည်း ဒီမအေလိုးတွေ ဒီလို လုပ်နေကြအုံးမှာပဲ ။

       ကိုယ့်ဖက်ကလူသာ လက်စွမ်းပြနေတာ PDF ဆို အဲလိုမအေလိုးတွေ ဘာမှ မလုပ်ခဲ့လို့ ဒီကနေ့လို ဖြစ်နေရတာ ။ ဖာ ဖိုး ဖဲ လိုင်းကြေးတောင်းဖို့ ပဲ အားထုတ်နေတာ တပြည်လုံးသိကြတယ် ။  ရှေ့တန်းမှာ ရန်သူကို အသက်စွန့် တိုက်နေရတာ တမျိုး နောက်တန်းက သစ္စာဖောက် မအေလိုးတွေက တမျိုးနဲ့ စိတ်ရှုပ်စရာပဲ ။

          ကိုရွှေမျိုးဝင်း

ခိုင်းဖို့ မွေးထားတဲ့ နွားအတွက် ဝန်ပိခံမနေပါနဲ့ ဥာဏ်နည်းရာရောက်ပါတယ်....

Wednesday, August 28, 2024

မြန်မြန် များများ ကြမ်းကြမ်း =========================



               တပ်မတော်က တိုက်ပွဲတွေ ဖော်ဆောင်ရာမှာ မြင်နေကြားနေရတဲ့ အချက်တွေအရသုံးသပ်ကြည့်ရမယ်ဆိုရင် စစ်အောင်နိုင်ဖို့ အချက်တွေနဲ့ ကွဲလွဲနေတာမျိုးတွေလည်း တွေ့နေရပါတယ် ။ 

           ဥပမာ လေယာဥ်နဲ့ ဗုံးကြဲတယ် ဆိုပါစို့ ဟုတ်ကဲ့ တစ်စီး နှစ်စီးလောက် နဲ့ ဟိုနားပျောက်တိ ပျောက်ကြား ဒီနား ပျောက်တိပျောက်ကြား ကြဲနေတာပဲ မြင်တွေ့နေရပါတယ် ။ 

        လေယာဥ်တွေ အုပ်လိုက်သွားပြီး တကြိမ်တည်းနဲ့ ရှိသမျှ ဧရိယာအပြည့် ကြဲချဖျက်ဆီးမှသာ ထိရောက်မှု အဆများစွာ တက်လာမယ်လို့ ထင်မြင်မိပါတယ် ။ မကြဲနိုင်ရင် မကြဲနဲ့ ကြဲပီဆိုရင်လည်း ထောင်းလမောင်းထအောင် ကြဲချပစ်လိုက်ပါ ။ 

          အခုဟာက သူပုန်ကို လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်ပေးနေသလောက်ပဲ လုပ်နေကြတာ မြင်နေရပါတယ် ။ 

           နောက်ပြီး မိမိစခန်းတွေကို ရန်သူလာတိုက်ပြီဆိုရင် သတင်းကြိုရထားလဲ မိမိဖက်က လက်ဦးမှုယူပြီး အလုံးအရင်းနဲ ပြန်တိုက်ဖို့ ကြိုးစားတာ မတွေ့ရသလောက်ပါပဲ ။ အောက်က လှိမ့်ပိန့်ခံနေရမှ လေယာဥ်နဲ့ ဗုံးကြဲ လေယာဥ်ပြန်ထွက်သွားတော့ ဟိုက ပြန်တိုက် စခန်းကျ နဲ့ သံသရာလည်နေတဲ့ အရှုံးစစ်ဗျူဟာကို ဘာကြောင့် မပြင်နိုင်တာလဲ တွေးမရပါဘူး ။ 

         တကယ်ဆိုရင် တိုက်ခိုက်ရေး ရဟတ်ယာဥ်တွေ နဲ့ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဥ်တွေ လေကြောင်းချီ တပ်တွေ အသင့်လုပ်ထားပြီး အချိန်နဲ့ တပြေးညီ ပြန်တိုက်ကြဖို့ မစီမံတတ်ကြတော့ဘူးလို့ မေးစရာဖြစ်နေပါတယ် ။ 

            မိမိစစ်တိုင်းအတွင်း အထူးလှုပ်ရှားမှု တပ်ရင်းတွေ ထပ်ဖွဲ့ ( ပသစ ပူးပေါင်းအင်အားနှင့် ) အတိုက်ခံရမယ့် စခန်းနဲ့ အနီးဆုံးထိ ကြိုတင်တပ်ဖြန့် တပ်ဖျောက် ထား ၊ လာတိုက်ရင် အတွင်းအပြင် စစ်မျက်နှာ  ၂ ဖက်ကနေ ဖိချေတိုက်ဆိုတဲ့ ရှေးခေတ် ဗျူဟာလောက်ကို ဗျူဟာမှူးတွေ မသိလောက်အောင် တုံးနေကြပြီလား မေးစရာဖြစ်နေပါပြီ ။ 

                အင်အားများများ နဲ့ မြန်မြန် ပြန်တိုက်ပြီး ကြမ်းကြမ်းကိုင်တွယ်ဖို့ လိုနေချိန်မှာ အထက်ကိုဖားယားပြီး ဂေါက်ရိုက် ဘီယာသောက် KTV သွားနေတဲ့ တပ်မှူးတွေထက် မိုက်ကပ်ညစ်ကျယ် လုပ်ရဲ ကိုင်ရဲ တပ်မှူးတွေကို နေရာမှန်ပြန်ပေး ဖို့ ကောင်းနေပါပြီ ။ 

            မိမိစခန်းတခု အတိုက်ခံရပြီ ဆိုတာနဲ့ ချက်ခြင်း လေကြောင်းစစ်ကူ လက်နက်ကြီး ပစ်ကူတွေ အသင့်ဖြစ်နေအောင် ကြိုတင်မစီမံတတ်ကြတော့ဘူးလား မေးချင်လာပါတယ် ။ 

            မြေပြန့်ဒေသကိုတောင် အဲသလို မစီမံနိုင်ရင်တော့ သက်ဆိုင်ရာ စစ်တိုင်းမှူးများ ဗျူဟာမှူးများ ရဲ့ အရည်အချင်းအတွက် အခြေခံ စစ်ရေးပြသင်တန်း ၆ လ မှ စပြီး ပြန်လည် သင်ကြားလေ့ကျင့်ပေးဖို့ လိုအပ်နေပါပြီ ။ သင်ထားသမျှတွေက KTV မာဆတ် ဂေါက်ကွင်း တွေထဲ ပျောက်ကုန်ပြီလေ ။ 

         ကိုရွှေမျိုးဝင်း

ဒီလိုမျိုး စောက်ဖျင်း စီမံခန့်ခွဲမှုမျိုးနဲ့ စစ်ခေါင်းဆောင်ဖြစ်ဖို့ မထိုက်တန်ဘူးနော်.....


Tuesday, August 27, 2024

တွံ့တေးသိန်းတန် နဲ့ ချစ်စံပယ် ========================



               နိုင်ငံကျော် အဆိုတော်ကြီး တွံ့တေးသိန်းတန်တယောက် အောင်မြင်ကျော်ကြားလာသလောက် အိမ်ထောင်ရေးက အဆင်မပြေဖြစ်လာပါတယ် ။ ငယ်လင် ငယ်မယားချင်း အဆင်မပြေတော့ အရက်သောက်တာ လွန်ကျူးလာပါရော ။ 

          နောက်တော့ အိမ်ထောင်ကွဲပြီး သူ့ရဲ့ ပရိတ်သပ်ကြိုက်လွန်းတဲ့ အသံပါ ပျက်သွားပြီးနောက်ပိုင်း ဘဝကိုအရှုံးပေးပြီး တွံ့တေးပြန်သွားရပါတယ် ။ 

           မြန်မာ့အသံမှာ ဝန်ထမ်းလုပ်ခဲ့စဥ်က တရုံးထဲအတူ အလုပ်လုပ်ခဲ့ရတဲ့ ချစ်စံပယ်က တွံ့တေးကို လိုက်လာပြီး အားပေးဖေးမကာ နောက်တဖန်ကျိုးစားဖို့ လာခေါ်ပါတယ် ။ 

          
           ဒါနဲ့ သူလည်း  ချစ်စံပယ်ရဲ့ စေတနာကို လေးစားပြီး အရက်ဖြတ် ပြန်လည်ပြင်ဆင်ကာ ရန်ကုန်အနုပညာလောကသို့ နောက်တကြိမ်ပြန်လာပါတယ် ။ နာမည်ကြီးတေးရေးဆရာတွေကလည်း ဝမ်းသားစွာ ကြိုဆိုပြီး ကူညီကြပါတယ် ။ 

          မူလကတည်းက အရည်အချင်းရှိပြီးသား တွံ့တေးသိန်းတန်ဟာ တောက်ပြောင်လာဖို့ အဆင်သင့်ဖြစ်ချိန်မှာပဲ နာမည်ကျော် ရွှေမင်းသမီးနဲ့ လူပျက်လေးမောင်ရွှေရိုး စုံတွဲသီချင်းကို ချစ်စံပယ် နဲ့ သီဆိုပြီး လျှမ်းလျှမ်းတောက် ပြန်ဖြစ်လာရပါတယ် ။

           သူ့ဘဝကို နိမ့်ကျချိန်မှာ ဖေးမကူညီလမ်းပြခဲ့သူ ချစ်စံပယ်ကို တွံ့တေးသိန်းတန်က တသက်တာ ကူညီစောင့်ရှောက်နိုင်ရန်  လက်ထက်ခဲ့ပါတယ် ။ 

        
          ဒီဇတ်လမ်းနဲ့ဆက်စပ်ပြီး ကျနော်တို့ တိုင်းပြည်ရဲ့ အဖြစ်အပျက်ကို ချိတ်ဆက်တွေးမိပြန်ပါတယ် ။ 

            ကျနော်တို့ တပ်မတော်ဟာ အရည်အချင်း အပြည့်ရှိခဲ့တဲ့ တပ်မတော်ကြီးပါပဲ ။ သို့သော် နှစ်ပေါင်းများစွာ စီးပွားသမားများနဲ့ တွဲဖက်ပြီး စိတ်ဓာတ်ရေးရာ ခံယူချက်များ ယိုယွင်းခဲ့ကြရတာ ငြင်းမရတော့ပါဘူး ။ 

             ဘေးထွက်ဆိုးကြိုးအဖြစ် ယနေ့ ကြုံတွေ့နေရတဲ့ စစ်ဆင် စစ်တက် အတတ်ပညာများ ညံ့ဖျင်းလာရပြီး စိတ်ဓာတ်များပါ ပျော့ညံ့လာကြပါတယ် ။ ဒီလိုပြောလို့ စိတ်မဆိုးကြစေချင်ပါဘူး ။ 

           အလံဖြူထောင် လက်နက်ချတယ်ဆိုတာ မြန်မာ့စစ်သမိုင်းမှာ တပ်စု တပ်စိတ် အဆင့်တောင် အင်မတန်ရှားလှပါတယ် ။ အခုတော့ ကျော်မကောင်း ကြားမကောင်း စစ်ဌာနချုပ်ကအစ ( လောက်ကိုင်)( ကော့ကရိတ်) ဖြစ်ခဲ့ကြတာ အားလုံးအသိပါပဲ ။ 

           ယခုအချိန်ကတော့ တပ်မတော်အနေနဲ့ ........

-  ကိိုသိန်းတန် အရက်ဖြတ်သလို ကိုယ်ကျိုးစီးပွားတွေ ဖြတ်ကြပါ ။

-  ကိုသိန်းတန်က သူ့အရည်အချင်းကို သူ့ဘာသာပြန်လည် ဖော်ထုတ်သလို တပ်မတော်လည်း မိမိအရည်အချင်းကို မိမိဖော်ထုတ်ပြကြပါ ။

- ကိုသိန်းတန်က ကူညီဖေးမသူ ချစ်စံပယ်ရဲ့ စကားကို နားထောင်သလို တပ်မတော်လည်း ချစ်တဲ့ပြည်သူတွေရဲ့ စကားကို အာရုံစိုက်ကြပါ  ။ 

- ကိုသိန်းတန်က မပေါင်းသင့်တော့တဲ့ မယားကြီးကို ရှင်းရှင်းပြတ်ပြတ် ဖြတ်ခဲ့သလို တပ်မတော်အနေနဲ့ မကောင်းတဲ့ ဝန်ထမ်း ဖရဲသီးတွေကို ကင်းအောင် ဆောင်ရွက်ပါ ။

- ကိုသိန်းတန်က သူနိမ့်ပါးစဥ် ဖေးမကူညီခဲ့တဲ့ ချစ်စံပယ်ကို တသက်တာ ဖေးမကူညီခဲ့သလို တပ်မတော်အနေနဲ့လည်း မိမိဘက်တော်သား ပြည်သူ့စစ်များကို လက်နက်ကောင်းတပ်ဆင်ပေးခြင်း ၊ စားရေရိက္ခာ ထောက်ပံ့ခြင်း ၊ စစ်ကူ ပစ်ကူများ အချိန်မှီ ပေးပို့ကူညီခြင်းတို့ဖြင့် တုန့်ပြန်မေတ္တာပြသစေလိုပါတယ် ခင်ဗျား ။ 

        ကိုရွှေမျိုးဝင်း


( စိတ်ဝင်စားဖို့ ကောင်းတဲ့ မန့် လေးတွေ လူကြီးမင်းများအတွက် ပြပေးလိုက်ပါတယ် ၊ မိတ်ဆွေတို့ရဲ့ မန့်တွေကို အမည်တွေ ဖျက်ပြီး တင်လိုက်ပါတယ် ၊ နောက်နောင်ကိုလည်း အရှိတရားကို မန့်ပေးကြစေလိုပါတယ်)

အတုယူနိုင်ဖို့. ============



                 ဒီနေ့ပဲ စစ်ကိုင်းတိုင်းထဲက အတုယူဖွယ် လုပ်ဆောင်ချက်တွေ သိလာရလို့ ဖောက်သည်ချချင်ပါတယ် ။ 

              စစ်ကိုင်းတိုင်းဆိုတာ အားလုံးသိတဲ့အတိုင်းပဲ မြန်မာပြည်မှာ ထကြွမှု အားအကောင်းဆုံး အစောဆုံးထကြွတဲ့ ဒေသဖြစ်ပါတယ် ။ အစောပိုင်းကာလ တာဝန်ယူကြရတဲ့ စစ်တိုင်းမှူးနဲ့ တိုင်းအုပ်ချုပ်ရေးမှူးတို့ စောက်ဖိုးမတန်မှု ၊ နစက ရဲ့ ကြီးကြပ်မှု ညံ့ဖျင်းခြင်းတို့ကြောင့် စစ်မီးစတောက်ခဲ့ရတဲ့ ဒေသဖြစ်ပါတယ် ။ 

           အဲဒီနေရာမှာပဲ ဘယ်လိုမှ မခံမရပ်နိုင်ဖြစ်လာတော့ ၅၅၀ ဆရာတော် ဦးဆောင်တဲ့ ပြည်သူ့စစ် ပေါက်စလေး စတင်မွေးဖွားလာပါတယ် ။ အသုံးမကျသူတဲ့ အုပ်ချုပ်သူတွေ ပြုတ်ကြ ပြောင်းကြပြီးနောက် ပြည်သူ့စစ်အင်အားလည်း အဆမတန် တောင့်တင်းလာပါတော့တယ် ။ 

          ယခုဆိုရင် ကန့်ဘလူက စခဲ့တဲ့ ပြည်သူ့စစ်အင်အားဟာ ကျွန်းလှ တန့်ဆည် မြို့နယ်များထိ လွှမ်းခြုံ စိုးမိုးလာနိုင်ခဲ့ပါတယ် ။ ဘယ်နေရာတွေ ဘယ်လောက်ပဲ သောင်းကျန်းခံရပါစေ အဆိုပါ စစ်ကိုင်းတိုင်းထဲက ဒေသလေးကတော့ အများအားဖြင့် အေးချမ်းနေပါတယ် ။ 

           ယခုဆိုရင် ၅၅၀ ဆရာတော်ရဲ့ အကြမ်းဖက်္နှိမ်နင်းရေး တပ်သားသစ် ၃၅၀ သင်တန်းတက်နေပြန်ပါပြီ ။ လစဥ် သင်တန်းအသစ်များကို ဖွင့်လှစ်သင်ကြားနေကြကြောင်း သိရလို့ ဝမ်းသာမိပါတယ် ။ 

        သင်တန်းသားများအတွက် ရိက္ခာ နဲ့ လက်နက်ခဲယမ်းတွေကိုလည်း တိုင်းဝန်ကြီးချုပ်နဲ့ စစ်တိုင်းမှူးကြီးတို့က ထောက်ပံ့ကူညီနေတယ်လို့ သိရပါတယ် ။ 

          တာဝန်ခွဲဝေမှုအရ ဝန်ကြီးချုပ်သည် ရိက္ခာ နဲ့ ငွေကြေး ပံ့ပိုးပြီး စစ်တိုင်းမှူးကတော့ သင်ကြားရေး နဲ့ လက်နက်ခဲယမ်း ကူညီပါတယ် ။ အုပ်ချုပ်ရေးပိုင်း နဲ့ တပ်မတော် ဒီလို ပူးပေါင်း ကူညီနေလို့ စစ်ကိုင်းတိုင်းအတွင်းက ဒေသတွင်းတည်ငြိမ်မှု ဖော်ဆောင်နိုင်တာ လက်တွေ့ပါပဲ ။ 

          ကြားသိရတဲ့ သတင်းများအရ ပဲခူးတိုင်း မကွေးတိုင်း များမှာတော့ ပြည်သူ့စစ်များအပေါ် ထောက်ပံ့ကူညီမှု အားနည်းနေသေးတယ်လို့ ကြားသိရပါတယ် ။ စစ်ကိုင်းတိုင်း နမူနာအတိုင်း ဝန်ကြီးချုပ် နဲ့ စစ်တိုင်းမှူးတို့ ကပ်တွက်မနေပဲ လက်တွဲ ကူညီဖို့ ကောင်းပါတယ် ။ 

        ကြားနေရတဲ့ သတင်းတွေအရ ပြည်သူ့စစ်များအပေါ် ပြန်မကြည့်တဲ့ ပဲခူးတိုင်း နဲ့ မကွေးတိုင်းရှိ ဝန်ကြီးချုပ် နဲ့ စစ်တိုင်းမှူးတို့အား ပြည်သူတို့က စောင့်ကြည့် နားစွင့်နေကြပါပြီ ။ မကူညီရင်တော့ ဆက်လက်ပြီး ပြင်းထန်စွာ ဝေဖန်ထောက်ပြ တိုင်ကြားကြရပါလိမ့်မယ် ။ 

         တဆက်တည်း ပြောပြချင်တာကတော့ ယခု DVB ကနေ ၅၅၀ ဆရာတော်အား ရွှေဝါရောင်ကိုယ်တော်များမှ လူဝတ်လဲရန် တိုက်တွန်းကြောင်း ဘာညာနဲ့ မတန်မရာ ပြောနေပြန်ပါတယ် ။ 

          ၂၀၂၁ အရေးအခင်းမှာ ဘယ် ရွှေဝါရောင် ကိုယ်တော်မှ မပါတော့ပါဘူ ။ ထူးထူးခြားခြာ သက်န်းကျွန်းဖက်က ကိုယ်တော်တပါးပဲ ပါဝင်နေတာ တွေ့ရပါတယ် ။ အဲဒီ ကိုယ်တော်ကလည်း ရွှေဝါရောင်သာဆိုတယ် နောက်ပိုင်းကာလတွေ ထောင်ကလွတ်လာပြီး ကုလားတွေနဲ့ ပလူးပလဲလုပ် ကုလားစာတွေ စားပြီး ပြဿနာရှာလာပါတယ် ။ 

         ရွှေဝါရောင် ဦးဆောင်ဆရာတော်ကြီးတွေကို ဆန့်ကျင်လာလို့ ဘယ်ရွှေဝါရောင်ဆရာတော်ကမှ သူ့ကို အဖက်မလုပ်ကြတော့ပါဘူး ။ ဒါကြောင့် ကုလားတွေဆီက ငွေကြေးရယူပြီး ကုလားအကြိုက် NLD အကြိုက် လုပ်ပြရင်း ၂၀၂၁ မှာ အဖမ်းခံရတာပါ ။ သိရသလောက် မလွတ်သေးပါဘူး ။ 

        ယခု ကံဆောင်သပိတ်မှောက်တယ် ဘာညာ ဆိုတဲ့ ရွှေဝါရောင် အမည်ခံ အတုများဟာ နိုင်ငံရေးတိုက်ကွက်အတွက် ဖန်တီးထားတဲ့ အယောင်ဆောင်များသာ ဖြစ်ပါတယ် ။ မယုံကြည်ရင်တော့ ရွှေဝါရောင် ဦးဆောင်ဆရာတော်ကြီးများထံ မေးမြန်းကြည့်ကြပါ ။ 

          အတုအယောင် ဂယောက်ခြောက်ခြား နိုင်ငံရေးဘုံကျွန် သက်န်းဝတ်တွေ ပြောဆိုဝေဖန်နေတာကို ၅၅၀ ဆရာတော်လို ပုဂ္ဂိုလ်မျိုးကလည်း ဂရုတစိုက် ဖြေရှင်းနေမှာ မဟုတ်တဲ့ အတွက် ကြားထဲကပဲ ကြုံတုန်း ရှင်းပြလိုက်ရခြင်း ဖြစ်ပါတယ် ။ 

         ဆရာတော် နှင့်တကွ တိုင်းပြည်ချစ်သူအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါစေ ။ 

       ကိုရွှေမျိုးဝင်း

၅၅၀ ဆရာတော်၏ အကြမ်းဖက် နှိမ်နင်းရေး သင်တန်းသားများ

Monday, August 26, 2024

စက္ကူ ထိပ်တုံး. ===============



            25-8-24 နေ့ မန္တလေး မှာ ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းပြောသွားတဲ့အထဲက အရေးကြီး အချက်အချို့ကို ကောက်ချက်ဆွဲရမယ်ဆိုရင်......

          '' နိုင်ငံအားမူလအခြေ အနေအတိုင်းပြန် လည် ရောက်ရှိရန်အတွက် လုပ်ဆောင်သင့် သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ''     

( ဒီစကားက တိုင်းပြည်ရဲ့ ခေါင်းဆောင်တဦး အနေနဲ့ ပြည်သူကို ကတိပေးတဲ့ စကားပါပဲ ။ မူလအတိုင်းဆိုတဲ့ စကားအရ လောက်ကိုင် ချင်းရွှေဟော် အစရှိတဲ့ ဒေသများသာမက နယ်စပ်စည်းအထိ သေချာပေါက် ပြန်လည်တိုက်ခိုက် သိမ်းပိုက်ပါလိမ့်မယ် ။ လာရှိုး တိုက်္မှာလား ပေးလိုက်မှာလား ဆိုတဲ့ တရာဖိုး သုံးပုဒ်တန် မေးခွန်း အတွက် အဖြေပါ )

      '' ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင်ခိုင်မာစွာဖြင့် ဆက် လက် ရပ်တည်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ''

( ဒီစကားသည် ရွေးကောက်ပွဲ ကျင်းပမည် မကျင်းပမည် ကို ဒွိဟ မဖြစ်ကြရလေအောင် ထပ်ဆောင်း သတိပေးလိုက်တဲ့ စကားဖြစ်ပါတယ် ။ နိုင်ငံရေးပါတီများအတွက် မဂ်လာစကား ဖြစ်နေပြီး ရွေးကောက်ပွဲပြီးလျှင် တော်လှန်ရေးဆိုတဲ့ ခေါင်းစဥ်အောက်္မှ လုပ်စားနေသူတွေ ခွက်ပျောက်ကြရမယ့် အခြေအနေမို့ ဒီစကားကို အကောင်အထည် ဖော်ရပါ့မယ်)

     '' ပြည်သူများ၏ ပူးပေါငျးဆောငျရှက် မှုများရှိရန်လိုကြောင်း၊ ထို့ကြောင့်ပြည်သူ့လုံခြုံရေးနှင့်ပတ်သက်၍ ပြည်သူပါသည့် လုံခြုံ ရေးစနစ်ကိုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူ့လုံခြုံရေး စနစ်တွင်ပြည်သူများပါဝင်ပါက တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုများ ကောင်းမွန်လာပြီး မိမိတို့နိုင်ငံ၏ ရည်မှန်းချက်ဖြစ်သည့် စစ်မှန်၍ စည်း ကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ''

( ဒီစကားကို ကြည့်ပါ ပြည်သူပါဝင် ပူးပေါင်းမှသာ ရည်မှန်းချက် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ကြောင်း သတိပေးထားတာပါ ။ ပြည်သူတွေအနေနဲ့ ငါနဲ့ ဘာဆိုင်လဲ တွေးပြီး ယာယီအားထည့် လုပ်ဆောင်ကြရမယ့် အကြမ်းဖက်နှိမ်နင်းရေး လုပ်ဆောင်ချက်ကို ပါဝင်ကူညီဖို့ သူမပါလို့ ငါမပါလို့ နဲ့ ကပ်တွက် ငြင်းဆန်နေရင်ဖြင့် နိုင်ငံသားတာဝန် မကျေပွန်ခြင်းသာမက ပြည်ဖျက် ဘက်တော်သားအဖြစ်ပါ သတ်မှတ်ချေမှုံးဖို့ လိုအပ်လိမ့်မယ်လို့ တင်ပြချင်ပါတယ်  )

             ဒီနေရာမှာ နစက အပေါ်ကိုလည်း ဝေဖန်ထောက်ပြ ချင်ပါသေးတယ် ။ ကာကွယ်ရေးအတွက် လူသူစုဆောင်းရာမှာ မျှတဖို့ အရေးကြီးပါတယ် ။ စနစ်တကျ မူဝါဒချပေးလိုက်ပါ ( ဒီနေ့ နက်ဖြန် အမြန်ဆုံး ချဖို့ အရေးကြီးပါတယ်) ။ ဘယ်လို အသက်အရွယ် ဘာတာဝန် (ဒေသတွင်း ရန်သူရှင်းလင်းရေးအတွက် ၊ ရပ်ကျေး အဝင်အထွက် ကင်းစောင့်ခြင်း ၊ ဧည့်စာရင်း၂၄ နာရီ ကြပ်မတ်စစ်ဆေးခြင်း )

          ဒါမှသာ ဘက်လိုက်ခြင်း ငွေကြေးအကြံအဖန်လုပ်ခြင်းများ နည်းပါးသွားပါလိမ့်မယ် ။ ဖြစ်နိုင်ရင် ရှိသမျှ အိမ်ထောင်စုများမှ မိန်းမသားချည်း ရှိသော မိသားစုများ ၊ အရွယ်ရောက် ယောကျာ်းသား မရှိသော အိမ်ထောင်စုများမှ အပ တအိမ်တယောက်က် အနည်းဆုံး ဆင့်ခေါ်သင့်ပါတယ် ။ ဆင်းရဲချမ်းသာမရွေး ဆင့်ခေါ်လိုက်မယ်ဆိုရင် လာဘ်စားတဲ့ ပြဿနာ မရှိနိုင်ပါဘူ ။

            အရေးကြီးဆုံးကတော့ နစက ရဲ့ပြည့်စုံတဲ့ ညွှန်ကြားချက် နဲ့ လုပ်ဆောင်မှု ရှိမရှိ ပြန်လည်စစ်ဆေးခြင်း အပြစ်ပေးအရေးယူခြင်း မရှိခဲ့တဲ့ အားနည်းချက်တွေ ပြုပြင်ဖို့ လိုအပ်နေတာပါပဲ ။ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကြောင်းပြုပြီး လုပ်စားနေကြတာ ကျော်မကောင်း ကြားမကောင်း ဖြစ်နေပါတယ် ။ ဒီလို မကောင်းတဲ့ အဆိုးကြော့သံသယာကို စောစီးစွာ ဖြတ်တောက်ဖို့ နစက အနေနဲ့ တာဝန်ပျက်ကွက်နေတယ်လို့ ဝေဖန်ချင်ပါတယ် ။

         နောက်ဆုံးတချက် ဝေဖန်ချင်တာကတော့ သူပုန်တွေနဲ့ ပတ်သက်ရင် နစကအနေနဲ့ NCA ကို ဘုရားတဆူ ဂူတလုံး လုပ်လွန်းနေတာ တွေ့နေရပါတယ် ။ တကယ်တမ်းကျတော့ သူပုန်အများစုက NCA ကို တန်ဖိုးမထားကြပါဘူး ။

            ရန်ကုန်လာလိုက် နေပြည်တော်လာလိုက် ထားတဲ့ဟိုတယ်မှာဇိမ်ခံ ဧည့်ခံတဲ့ အရက်ကောင်းမျိုးစုံ သောက်စားပြီး လုပ်ချင်ရာ လုပ်နေကြတာ အားလုံးအသိပါပဲ ။ အစိုးရကသာ NCA အတိုင်း NCA အတိုင်း နဲ့ ကိုယ့်ခြေထောက်ကို ထိပ်တုံးခတ်ပြီး ဖင်ဂျပ်စွဲအောင် ထိုင်နေခဲ့တာ နှစ်ပေါင်း မနည်းတော့ပါဘူး ။

       နစက အနေနဲ့ ရန်သူက NCA ကို စက္ကူစုတ်လို သဘောထားပြီး သောက်ရေးမစိုက်ရင် ကိုယ်ကလည်း NCA ကို ချီးကုန်းစက္ကူလုပ်ပစ်ဖို့ လိုအပ်နေပါပြီ ။ စက္ကူနဲ့ မိမိကိုယ် မိမိ ခြေထိပ်ခတ်ထားတာကို ဂုဏ်ယူနေရမယ့် ကာလမဟုတ်တော့ဘူးလို့ သတိပြုမိစေချင်ပါပြီ ။

         ကိုရွှေမျိုးဝင်း

ကိုယ်ပြုစုနေတဲ့ အပင် ရှင်သန်ဖွံ့ဖြိုးနိုင်မလားဆိုတာ သတိမထားပဲ သူခိုးအားပေး လုပ်မိနေမှဖြင့်....

ဆက်စပ်ခန့်မှန်းခြင်း ==================


         တရုတ်နိုင်ငံဖက်မှ ဝ ၊ ကိုးကန့် နယ်စပ်ဒေသအား ပိတ်ထားခြင်း ဆိုတဲ့ သတင်းတက်လာပါတယ် ။

          ထိုင်းမြန်မာ နိုင်ခြားကော်မတီ အစည်းအဝေးကို တာချီလိတ် 1 G 1 ဟိုတယ် မှာ မြန်မာစစ်ဗျူဟာမှူးနဲ့ ထိုင်း ဗိုလ်မှူးကြီး နထီးထင်းစိန် နဲ့ အဖွဲ့ဝင် ၄၇ ဦး အစည်းအဝေးပြုလုပ်ပါတယ် ။

              ထုံးစံအတိုင် မှောင်ခိုလုပ်ငန်း မူယစ်ဆေးတိုက်ဖျက်္မှု လူကုန်ကူး ဘာညာ သရကာတွေ ထုံးစံအတိုင်း ဆွေးနွေးသဘောတူကြပါတယ် ။ ထူးခြားချက်က မြန်မာပြည်က ဝရမ်းထုတ်ထားတဲ့ သူတွေကို ထိုင်းဖက်ကနေ ဖမ်းပြီး ပို့ပေးမယ်ဆိုတဲ့ သဘောတူညီချက် ပါနေတာပါ ။

                    မွန်ပြည်နယ် ကျိုက်္မရောမှာ ရှိတဲ့  MCL ဘိလပ်မြေစက်ရုံကို လွန်ခဲ့တဲ့လက KNU နဲ့ ဗမာပဒက်တွေ ဖျက်ဆီးခဲ့ပါတယ် ။ အဲဒီစက်ရုံက ထိုင်းနိုင်ငံသားပိုင်ဖြစ်ပြီး ထိုင်းဘုရင်တောင် အစုရှယ်ယာပါသလိုလို သတင်းထွက်နေပါတယ် ။ အခု အဲဒီ MCL စက်ရုံအတွက် လြှောျကွေးငှေ ဘတ် သန်း ၄၀၀ ပေးရမယ်လို့ KNU ကို ထိုင်းအစိုးရက ရာဇသံ ပေးထားလေရဲ့ ။

            မပေးရင် KNU တွေရဲ့ ပိုင်ဆိုင်မှုကို ချိတ်ပိတ်သိမ်းဆည်းမယ်လို့ ကြေညာထားပါတယ် ။

             ဒီလိုမျိုး အခြေအနေတွေကြောင့် ငါတို့နိုင်တော့မှာဆိုပြီး ထိုင်းနိုင်ငံထဲကနေ ပြည်တွင်းပဒက်သေတွေနဲ့ လုပ်စားနေတဲ့ ထောက်ပံ့ရေး သူတောင်းစားအုပ်စု တတိယနိုင်ငံကို ပြေးနိုင်ဖို့ အပြင်းအထန်ကြိုးပမ်းနေလေရဲ့ ။

             နောက်ဆုံးသတင်းကတော့ '' ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ '' အတွက် မြေပြင်အက်ရှင်ကို အချို့ဒေသတွေမှာ စလုပ်နေပါပြီ ။ ဒီသတင်းအတွက် ကြောက်ရွံ့နေတဲ့ ပဒက်လေးတွေနဲ့ သောက်ဆှသေောကျမြိုးတှကေတော့ နည်းမျိုးစုံနဲ့ ပြစ်တင်ဝေဖန်နေကြလေရဲ့ ။   

               တချို့ကလည်း တို့နဲ့ဘာဆိုင်လဲ ဘာညာ ခေါင်းရှောင်ချင်တဲ့ လက္ခဏာတွေ ပြနေလေရဲ့ ။ လိုအပ်တဲ့အင်အားကို စုဆောင်းတဲ့အခါ ခေါင်းရှောင်သူ မိသားစုတွေကို မိမိရပ်ရွာကိုမှ မကာကွယ်ချင်သူအဖြစ် သတ်မှတ်ပြီး သူပုန်နယ်ကိုသာ နယ်နှင်ဒဏ်ပေးလိုက်ပါ ။

           ကဲ ဒီသတင်းတွေကတော့ ပြည်ဖျက်ပဒက်တွေအတွက် သတင်းဆိုးတွေ ဖြစ်ပြီး တိုင်းပြည်အတွက်တော့ သတင်းကောင်းတွေပါလို့ ဖောက်သည်ချချင်ပါတယ်ခင်ဗျား ။

          ကိုရွှေမျိုးဝင်း

ခိုင်မာတဲ့ စိတ်ဓာတ် ဟူသည် =======================


                2021 တုန်းက ကျနော့်အကောင့်ထဲကို မိန်းကလေးတယောက် fri ဖြစ်နေရင်း သူတင်တဲ့ ဟာသ Tik Tok လေးတွေ ကြည့်ရပါတယ် ။ အဝန်အစား လွန်လွန်ကျူးကျူး ဝတ်တာလည်းမဟုတ် ဟာသဆန်ဆန် သူ့ဘာသာ ပျော်ပျော်ပါးပါ ကခုန်နေတာတွေ တွေ့နေရပါတယ် ။ နောက်မှ သိရတာက သူကနာမည်ကြီး Tik Tok ဆယ်လီတဲ့ ။

              တနေ့က ကျနော် Tik Tok ဖွင့်ပြီး သုံးကြည့်ပါတယ် ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီကောင်မလေး သွေးကင်ဆာနဲ့ ဆုံးသွားပြီ ဆိုတဲ့ သတင်းတက်လာပါတယ် ။ ဒါကတော့ သိပ်မဆန်းပါဘူး သခ်ါရသဘာဝကိုးဗျ ။

          ဆန်းတာက ဒီကောင်မလေး မသေခင် ဆေးရုံတက်ပြီး ကတုံးတုံး  သွေးသွင်းနေရတဲ့ အခြေအနေထိ ကျန်းမာရေးဆိုးဝါးနေပေမယ့် သူမကတော့ ရီစရာတွေ ပြောနေ နောက်နေတုန်းဗျ ။ သွေးသွင်းပိုက် တန်းလန်းနဲ့တောင် Tik Tok ဆော့ပြဘိုက်သေးတယ် ။ 

         လူတွေကို ပျော်စေချင်တဲ့ သူ့ရဲ့ စေတနာ နဲ့ သေလောက်တဲ့ဝေဒနာဆိုးကို အရီအပြုံးမပျက် ရင်ဆိုင်သွားနိုင်တဲ့ သတ္တိဟာ အင်မတန် အံ့သြလောက်ပါတယ် ။

             နောက်ထပ် ကျနော်အံ့သြရတဲ့ မျိူးချစ် မိန်းကလေး fri တယောက်ကတော့ အများသိကြတဲ့ စက်ာပူက စစ်မေဦးပါပဲ ။ မိုးကုတ်သူစစ်မေဦးတယောက် မိုးကုတ်ကျခါနီး အချိန်တုန်းက ကျနော့်ဆီ ဆက်သွယ်ပြီး အခြေအနေ စုံစမ်းပါတယ် ။

           ကျနော်စုံစမ်းပေမယ့် ဖုန်းအဆက်အသွယ် မရတဲ့အတွက် သူသိချင်တဲ့ သတင်း ကျနော်မပေးနိုင်ခဲ့ပါဘူ ။ မိသားစုအတွက် သူ့ရင်ထဲ ဘယ်လောက်ပူပင်နေရမယ်ဆိုတာ စာနာမိပါတယ် ။ စိတ်ပူပေမယ့် သူမရဲ့ တပ်မတော်အပေါ်ထားတဲ့ ယုံကြည်ချက် နဲ့ ချစ်ခင်စိတ်ကတော့ လျော့မသွားပါဘူး လို့ ပြောခဲ့တာလည်း ရင်နင့်သွားခဲ့မိတာ အမှန်ပါပဲ ။

          မိုးကုတ်လည်း ကျသွားရော ကျနော့်အကောင့်လည်း ကျ စစ်မေဦးနဲ့ အဆက်အသွယ်လည်း ပျက်သွားရပါတယ် ။ မနေ့က Tik Tok မှာ စစ်မေဦးအကောင့် ပြန်တွေ့ပါတယ် ။ သူလည်း ဘာမှ မဖြစ်သလို Tik Tok ဆော့ပြီး ကနေလေရဲ့ ။

             ကျမမိသားစုအတွက် အရမ်းစိတ်ပူတယ် ဒါပေမယ့် ရန်သူတွေ ဝမ်းသာအောင်တော့ စိတ်ညစ်ပြမနေချက်ဘူး ဆိုတဲ့ စကားကို ပြန်ကြားယောင်ရင်း သြော် စစ်မေဦး ဆိုတာ ဒီလိုမျိုး အာဂအမျိုးသမီး သူရဲကောင်းပါလို့ လေးစားမိပါတယ် ။

           အပေါ်က Tik Tok ဆယ်လီအမည်က ဟေမာန်ဇော် ( ဟေမာဝင်း) တဲ့ ။ သူ့ရဲ့ ပရိတ်သပ်အပေါ် ပျော်ရွှင်စေလိုတဲ့ စေတနာ နဲ့ ခိုင်မာတဲ့ စိတ်ဓာတ် ။ ညီမလေး စစ်မေဦးရဲ့ မိသားစုအသက်အတွက် စိတ်နာမယ်ဆို နာလောက်တဲ့ တပ်မတော်ကို စိတ်မနာ စိတ်ဓာတ်မကျပဲ စွဲမြဲတဲ့ ယုံကြည်ချက် နဲ့ ကြံ့ခိုင်တဲ့ စိတ်ထား ။

               မိန်းကလေး နှစ်ယောက်ရဲ့ ခိုင်မာတည်ကြည်တဲ့ စိတ်ထားတွေကို တွေ့ရတော့ တပ်မတော်အပေါ် ထောက်ခံပါတယ် ဆိုတဲ့ လူအချို့ရဲ့ အလျော့ပေး လက်မြောက်ချင်တဲ့ သဘောထားတွေကို ပြောင်းသင့်ပြီလို့ ပြောချင်ပါတယ် ။

          မနေ့က ကြားခဲ့ရတဲ့ သတင်းအရတော့ တပ်ချုပ်ကြီးက စစ်တိုင်းမှူး အသီးသီကို ၂ လအတွင်း မိမိတာဝန်ကျ စစ်တိုင်းများအတွင်း သောင်းကျန်းသူ ရှင်းလင်းရေးဆောင်ရွက်ရန် အမိန့်ပေးထားတယ်လို့ ကြားသိရပါတယ် ။

             အများမျှော်လင့်နေတဲ့ လားရှိုးအတွက်တော့ မကြာမှီလာပါလိမ့်မည် ။ ခန့်မှန်းအရတော့ ပွင့်လင်းရာသီ မိုးအကုန်ဖြစ်နိုင်ပါတယ် ။ မိုးတိမ်တွေရဲ့ အနှောက်အယှက်ကြောင့် လေကြောင်းစိုးမိုးမှု အခက်မတွေ့စေရန် တွက်ဆထားကြမှာပါ ။

         ကဲ ကျနော်တို့လည်း အပေါ်က မိန်းကလေး နှစ်ဥိးကို အတုယူပြီး ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ တပ်မတော် အောင်ပွဲကို စောင့်ဆိုင်း ဝန်းရံကြပါစို့ ဗျာ ။

         ကိုရွှေမျိုးဝင်း

စိတ်ခံစားမှု နိုင်ငံရေး ===================


              မနေ့က ညပိုင်းမှ လိုင်းကြည့်မိပါတယ် ။ အချင်းချင်း နားလည်မှုလွဲပြီး ပြောနေတာလေးတွေ တွေ့ရပါတယ် ။ အမှန်အတိုင်းပြောရရင် ၂ ဖက်လုံးမှန်နေတာလည်း မြင်ရပါတယ် ။ တဦး နဲ့ တဦး ဆဲဆိုရန်တွေ့ခြင်းမပြုပဲ နားလည်မှုတွေနဲ့ ပြောဆိုနေကြတဲ့အတွက်လည်း ဝမ်းသာမိပါတယ် ။

            ပထမဆုံးလိုင်းပေါ်ကနေ သတင်းတင်နေတာ မိမိအားနည်းချက်ကို ရန်သူပါ သိစေ၍ ယင်းဒေသကို အားသွန်ခွန်စိုက် ဖျက်ဆီးနိုင်ရန် အချက်ပြသကဲ့သို့ ဖြစ်နေခြင်း ၊ အခြားဒေသရှိ မိမိဘက်တော်သားများပါ စိတ်ဓာတ်ကျဆင်းစေခြင်း ဆိုတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိနေလို့ သတိထားကြဖို့ ပြောချင်တာက လိုရင်း ပှှိုငျ့ ပဲ ဖြစ်ပါတယ် ။

        ဒီဖက်ကလည်း ရဲဘော်ရဲဘက်ချင်း စိတ်ပူလို့ ဖုန်းနဲ့သတင်းပေးတယ် ။ တာဝန်ရှိ တပ်မှူးတွေက အက်ရှင်မယူဘူး ။ ဒီတော့ စိတ်ပူရတာတဖက် ဒေါသထွက်ရတာ တဖက်နဲ့ လိုင်းပေါ်တက်အော်ရော ။ ဒါမှသာ အထက်က အမိန့်ပေးနိုင်မယ့် လူကြီးတွေဆီ တိုက်ရိုက်ရောက်ပြီး ချက်ခြင်း ကူညီနိုင်ဖို့ ရည်ရွယ်ချက်နဲ့ပေါ့  ။

         ဒါက ဖြစ်ပျက်နေကြရတဲ့ ပြဿနာတွေပါပဲ ။ ကဲ တချို့ ပြဿနာတွေမှာ အဲသလို ၂ ဖက်လုံးမှန်နေတာတွေ ရှိတတ်ပါတယ် ။ တဦး နဲ့ တဦး ငါမှန်တယ် သူမှန်တယ် လည်း အပြင်းအထန်ငြင်းနေကြတာမဟုတ်ပါဘူး ။

         ကျနော်ပြောချင်တာက ဒီလိုမျိုး ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာကို စုပေါင်း တွေးဆကြဖို့ပဲ ဖြစ်ပါတယ် ။ ဖြစ်ဖို့ကောင်းတာကတော့ ကျနော်ဖက်ကနေ သတင်းပို့ဖို့ ဒေသဆိုင်ရာ ခေါင်းဆောင်ရွေးဖို့ပါပဲ ။

             ရွေးမယ့်သူသည် စစ်ကိုင်းတိုင်းဆိုရင် ၅၅၀ ဆရာတော် ၊ မန်းတိုင်းဆိုရင် ပေါက်ဆရာတော် အစရှိသလိုပေါ့ တိုင်းသိပြည်သိ ပုဂ္ဂိုလ်တွေကို အနည်းဆုံးတိုင်းမှူးထံ တိုက်ရိုက်ပေးပို့ဖို့ စီမံထားကြရင် အဆိုပါ သတင်းပေါက်ကြားမှု ပြဿနာ ရှင်းပြီးဖြစ်နိုင်ပါတယ် ။

      နောက်တချက် တိုင်းမှူးထံ သတင်းပို့ခြင်း လုပ်ငန်းစဥ်အား မှတ်တမ်းတင်ထားရပါမယ် ။ တိုင်းမှူးမှ  တာဝန်မဲ့စွာ ဘာမှ ဆောင်ရွက်ခြင်းမရှိရင်တော့ ကစထမှူး ( တိုင်းမှူး ၃ ဦး၏ အခက်အရာရှိ) ၊ ညှိကွပ် ၊ တပ်ချုပ်ကြီး အစရှိတဲ့ အဆင့်တွေထိ သက်သေနဲ့တကွ တိုင်ကြားကြရပါမယ် ။
 
      အဲဒီလို တိုင်ရပြီဆိုရင်တော့ ကျနော်တို့ တညီတညာတည်း တလေသံတည်း နဲ့ ညီညာဖျဖျ ဆိုရှယ်မီဒီယာ ရှိသမျှ ပလက်ဖောင်းတွေနေ အော်ကြရပါမယ် ။ ဒါဆိုရင်တော့ တကြိမ်က နှစ်ကြိမ် ဥပေက္ခာပြုရဲမယ်မထင်ပါဘူး ။

          နိုင်ငံ့အရေးကို စိတ်ခံစားမှုနဲ့ မလုပ်ကြပဲ လုပ်သင့်တာကိုပဲ သပ်သပ်ရပ်ရပ်လုပ်ကြရမှာပါ ။ ညီညာမှ ပြည်သာရမှာမို့ မျိုးချစ် ညီအကိုတတွေ တွဲလက်ညီညီနဲ့ ဆက်လက်အားထည့် လုပ်ကိုင်ကြပါစို့ဗျာ ။

          ကိုရွှေမျိုးဝင်း

အကျဥ်းအကျပ်ဆိုတာ ဥာဏ်ပါရင် ကျော်လွှားလို့ ရနိုင်ပါတယ် .....

Thursday, August 22, 2024

ဆေးမီးတို ===========



               ကျနော်တို့ တိုင်းပြည်ဟာ အခုဆိုရင် အဖက်ဖက်က တိုက်ခိုက်ခံနေရတဲ့ တိုင်းပြည်ဖြစ်ပါတယ် ။ အထူးသဖြင့် စစ်ရေး ဲဲနဲ့ တကွ အတူပါလာသော အစစ အရာရာ ရှားပါးခြင်း ငွေကြောင်းဖောင်းပွခြင်းတို့လည်း ပါဝင်နေတာ တွေ့ရပါတယ် ။ 

                   အင်တိုက် အားတိုက် ဖျက်ဆီးခံနေရတဲ့ အထဲမှာ အတ္တကြီး
လွန်းတဲ့ ဝိသမလောဘသား ထိပ်ထိပ်ကျဲ သူဌေးကြီးတွေ ပါဝင်ပတ်သပ်နေလို့ အရေးယူခဲ့တာ အားလုံးအသိပါပဲ ။ 

             ယခု လတ်တလော လောင်စာဆီ ပြဿနာကို ကြည့်ပါ ။ ဒေါ်လာစျေးတက်လို့ ဆိုပြီး ဆီသဘော်ရောက်နေတာတောင် ဆိပ်ကမ်းကပ် မချခိုင်းပဲ ရှုံးမှာစိုးလို့ ဆီ အပျက်ခံနေကြပါတယ် ။ ဝယ်မရတဲ့ ပြည်သူတွေက ဝိုင်းအော်တော့ အစိုးရကနေ ဒေါ်လာ သန်း ၁၀၀ ကို ပေါက်စျေးရဲ့ ထက်ဝက်ခန့်နဲ့ ရောင်းချပေးပြီး ဆီကုန်သည်တွေကို အကျိုးရှိစေခဲ့ပြန်ပါတယ် ။ 

           အမှန်ကတော့ မြတ်တုန်းက ငတ်ကြီးကျခဲ့တဲ့ ဆီကုန်သည်တွေ ရှုံးလည်း ခံကြပေါ့ဗျာ ။ အစိုးရအနေနဲ့လည်း ပြည်သူ့ငွေသုံးပြီး ပြည်သူအဆင်ပြေရေး စီစဥ်ပေးရတာ မှန်ပေမယ့် ဒီအလုပ်က ရေရှည်အဆင်မပြေပဲ လောင်စာဆီကုန်သည်သာ အကျိုးရှိနေတာကို သတိပြုသင့်ပါပြီ ။ 

         နောက်တခါ သပိတ်မှောက်ကြရင် ဒီလောင်စာဆီကနေ စတင်ကြလိမ့်မယ်ဆိုတာ တွက်ဆကြည့်ရင် သိနိုင်ပါတယ် ။ စဥ်းစားမိသလောက် ပြောကြည့်ရရင်တော့ လောင်စာဆီ လက်ကျန် နည်းပြီဆိုတာနဲ့ အစိုးရက မိမိအစီအစဥ် နဲ့ မိမိငွေကြေးဖြင့် ကြိုတင် ဝယ်ယူထားသင့်ပါတယ် ။ 

          သိုလှောင်ကန်များ အသစ်တည်ဆောက်ခြင်း ၊ လောင်စာဆီကုန်သည်များပိုင် လှောင်ကန်များအား ယာယီ အခမဲ့ အသုံးပြုခြင်း ( ယင်းတို့ ဆီမသွင်းနိုင်သောကြောင့် နိုင်ငံတော်မှ အရေးပေါ် လိုအပ်ချက်အရ) ၊ဆောင်ရွက်ရန် စဥ်းစားသင့်ပါပြီ ။
        
             သိုလှောင်ပြီး ရှိပါလျှက် ညစ်ပတ်ထိမ်းသိမ်းထားလျှင် အစိုးရဆီ ထည့်တာနဲ့ သိနိုင်ပါပြီ ။ ထိုသို့လိမ်ညာခြင်းအား ဖော်ထုတ်ရမိလျှင် စစ်ဆေးရန်တာဝန်ရှိသူများ နှင့် ပိုင်ရှင်တို့၏ ပိုင်ဆိုင်မှုများကိုပါ သိမ်းယူပြီး ပြစ်ဒဏ်ကြီးကြီး ချမှတ်လိုက်ပါက နောက်နောင် မသမာမှု ပပျောက်သွားပါမည် ။ 

        လောင်စာဆိကိစ္စကတဆင့် နိုင်ငံတော် ပြိုကွဲရေး ၊ အရံငွေကြေး ( ဒေါ်လာ) ချိနဲ့ရေး အထိ တဖက်္မှစနစ်တကျ ဆောင်ရွက်နေခြင်း အပေါ် ယခုလို ဆေးမိးတို နည်းလောက်နဲ့ ဖြေရှင်းနေရင်ဖြင့် '' တတိတတိ ငအိ ကျားချီ '' ဖြစ်ကြရပါလိမ့်မယ် ။ 

           ကိုရွှေမျိုးဝင်း
တချို့လုပ်ရပ်တွေက မှန်သလိုလိုနဲ့ ကြာမှ မှားမှန်းသိချိန် နောက်ကြနေရော.....

Wednesday, August 21, 2024

အမြစ်စွဲအောင် မလုပ်နဲ့===================



            ကျနော့် page ကျသွားပြန်ပါပြီ ရှာနေသူတွေ အတွက် သတင်းပေးတာပါ ။ ထပ်ဖွင့်ပြီးမှ လင့် ချပေးပါ့မယ် ။

          ဒီနေ့ ပြောစရာရှိတာက မနေ့က လားရှိုးအုပ်ချုပ်ရေးအဖွဲ့ ဖွဲ့ပြီ ဆိုကာ တက်လာတဲ့ သတင်းကြောင့်ပါပဲ ။ အမှန်အတိုင်း ပြောရရင် လူပြောသူပြောများနေတဲ့ ဆင်ဖြူရှင် ဘာညာ ဆိုတာ ဘယ်တော့ စမယ် မသိပါဘူး ။

            လတ်တလောတော့ ရှမ်းမြောက်မှာ စစ်ကြောင်းတွေ ထိုးနေတာလည်း တွေ့ရပါတယ် ။ အရေးကြီးတာက လားရှိုးအတွက် လက်စားချေ ထိုးစစ်ဆင် ပြန်သိမ်းနိုင်ဖို့ပဲ ဖြစ်ပါတယ် ။ အခုလို ရန်သူက ခပ်တည်တည် နဲ့ အုတ်မြစ်ချနေတာကို အလှကြည့်နေရတာကိုက တပ်မတော်အတွက် အတော်လေး ကြက်သရေတုံးတဲ့ ကိစ္စအဖြစ် ရှုမြင်မိကြသူ တွေ အများကြီး ဖြစ်နေကြပါပြီ ။

               အစိုးရ ပြန်ကြားရေးကလည်း အရေးမပါတဲ့ သစ်ပင်စိုက်ပွဲ နဲ့ ဆိုကရေးတီးပွဲ အားကစားပွဲ သတင်းတွေသာ လှိုင်လှိုင်ကြီး ထုတ်လွှင့်ပြနေတာခင်ဗျ ၊ အခုလို ပြည်သူတွေကြား လိပ်ခဲတင်းတင်း ဖြစ်နေတဲ့ ပြဿနာကျတော့ တခြားဂြိုလ်မှာ ဖြစ်နေတဲ့ ပြဿနာကဲ့သို့ တစက်လေးမှ သတင်းမထုတ်ပြန်ဘူး ခင်ဗျ ။

               မင်းကလဲကွာ နစက အနေနဲ့ လုပ်စရာရှိတာ လုပ်မှာပါလို့ ဖြေတွေးလည်း တွေးမိပါတယ် ။ သို့သော် ရာနှုံးပြည့် မယုံမိတာက လွန်ခဲ့တဲ့ ၃ နှစ်ထဲက လုပ်သင့်တဲ့အလုပ်ကို အခုချိန်ထိ အီလေးဆွဲ လုပ်ပြနေတဲ့ အကျင့်ဆိုးကြောင့် ပါပဲ ။

             ဘယ်လို ဆင်ခြေတွေပေး ၊ ဘယ်လိုလူတွေအပေါ် အပြစ်ပုံ လွှဲချနေကြပါစေ အဓိကကျတဲ့ နစက ရဲ့ လုပ်သင့်တာ မလုပ် မလုပ်သင့်တာ လုပ်ခဲ့တဲ့အတွက် ယနေ့လို ပြဿနာ ဖြစ်ခဲ့ရတာ ငြင်းစရာမလိုတဲ့ အဖြေမှန်ပါခင်ဗျား ။

           ပြောချင်တာကတော့ ယခု ဖွဲ့စည်းထားတဲ့ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ ဘယ်တော့ မြေပြင်ပေါ် စဖွဲ့ကြမှာလဲ...?
မလုပ်နိုင်သေးရင်လည်း လက်ရှိ ဌာနေ ပြည်သူ့စစ်တွေကို အဆင့်မှီလက်နက် ချက်ခြင်း တပ်ဆင်ပေးစေလိုပါတယ် ။ ပြည်သူတွေက နစက ရဲ့ အီလေးဆွဲတဲ့ အကျင့်ကြောင့် ဘဝပျက်နေကြပါပြီ ။
( နောက် ၃ နှစ်ကြာမှဆိုရင်ဖြင့် ဆွမ်းသွတ်ဖို့ ဘုန်းကြီးတောင် ကျန်မှာ မဟုတ်ဖူးနော်)

            လာရှိုးအပါအဝင် ရှမ်းမြောက်အတွက် ဘယ်ကာလမှာ ဘာလုပ်ပြမယ်ဆိုတဲ့ ( အချိန်အတိအကျပြောရန်မဆိုလို) နိုင်ငံတော်အဆင့် ကတိစကား ပြည်သူတွေ ကြားချင်နေပါပြီ ။ ဖြစ်နိုင်ရင် ဒီနေ့ မနက်ဖြန် လားရှိုးကို မြေပြင်တပ်မသွားနိုင်ရင်တောင် လေယာဉ်နဲ့ အုပ်လိုက် သမ စေချင်နေပါတယ် ။

( ဖမ်းဆီးခံ စစ်သည်တွေ အတွက် လုပ်မဖြစ်သေးရင်လည်း အကျိုးအကြောင်း ပြည်သူကို တရားဝင် ရှင်းပြစေလိုပါတယ်)

          ကိုရွှေမျိုးဝင်း

ဆင်ကို မပြီး မတင်နိုင်မှန်းသိတယ် ၊ ခြေလှမ်းအချ မမှားအောင် ကူညီဖေးမပြီး အတူရှိကြောင်း အချက်ပြနေတာပါ

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...