Monday, August 30, 2021

ဦးစား​​ပေးကူညီသင့်တဲ့ အခက်အခဲ


         ယနေ့ ပြည်ပမှာ လုပ်ကိုင်နေကြရတဲ့ မြန်မာတွေဟာ သန်း နဲ့ ချီနေပါပြီ ။ သူတို့ရဲ့ လုပ်အားခတွေဟာ ပြည်တွင်းသို့ ပြန်လည်စီးဝင်နေရာ မသေးငယ်လှတဲ့ ဝင်ငွေစီးကြောင်းကြီး တခုအဖြစ် မြင်သာလှပါတယ် ။ 

      စိုက်တိုင်းရှုံး ၊ လုပ်တိုင်းငတ်နေတဲ့ တောင်သူလုပ်ငန်းတွေ အသက်ငွေ့ငွေ့လေး နဲ့ ရှင်သန်နေနိုင်သေးတာ အဲဒီ ပြည်ပရောက် လုပ်သားအများစုရဲ့ ထောက်ပံ့ငွေကြောင့်ဆိုတာ တောသူတောင်သားတွေ သိကြပါတယ် ။ 

     ဒီကနေ့လို ကပ်ရောဂါ ဆိုက်ရောက်နေချိန်မှာ အချို့က မိခင်တိုင်းပြည်ဆီသို့ ပြန်လာချင်ကြပေမယ့် အမျိုးမျိုးသော အခက်အခဲများ နဲ့ ကြုံတွေ့နေကြရပါတယ် ။ 

      ထိုင်းနိုင်ငံမှာ ခရိုင် တခုမှ အခြားခရိုင်သို့ ကူးသန်းခွင့် ပိတ်ပင်ထားပါတယ် ။ ဒီတော့ ပြန်လာချင်တဲ့ တရားဝင်လုပ်သား မြန်မာတွေဟာ ဘန်ကောက် ကနေ လေကြောင်းနဲ့ ပြန်မရတော့ တားမြစ်ထားတဲ့ ခရိုင်ခြင်းဖြတ်ကျော်လမ်းတွေကို ခိုးကြောင် ခိုးဝှက် ငွေပေး ဖြတ်နေကြပါတယ် ။

       မဲဆောက်လောက် ရောက်ရင် ထစ်နေပါပြီ ။ တည်းခိုစရိတ်က ကိုယ့်ဘာသာ ကျခံနေရတော့ စုဆောင်းလာသမျှ ကုန်ပါရော ။ 

     အဲဒီ အခက်အခဲ ​ဖြစ်နေတဲ့ အတွက် မြန်မာသံရုံးက တဆင့် အစိုးရခြင်း ညှိနှိုင်းပြီး ပြန်ပို့နိုင်ရင် ကိုယ့်လူမျိုးတွေ ခေါင်းပုံဖြတ်မခံရပဲ အိမ်ပြန်လှနိုင်ပါတယ် ။ လေယာဥ်လက်မှတ် ယခင် ဘတ် ၂၀၀၀ ယခု ဘတ် ၈၀၀၀ တလကြိုပြောရသတဲ့ ။

        ဒါတွေက သံတမန်ဆိုင်ရာ စွမ်းဆောင်ရည် ပြည့်ဝမယ် ဆိုရင် G TO G ပြဿနာဆိုတော့ မခက်ခဲပဲ အဆင်ပြေပါမယ် ။ 

      နောက်နိုင်ငံကတော့ အတော်လေး နာမည်ပျက်နေတဲ့ မလေးရှား ရှိ မြန်မာသံရုံးပဲ ဖြစ်ပါတယ် ။ ကျနော် ၂၀၀၃ တုန်းက မလေးရှားမှာ လုပ်ခဲ့ဖူးပါတယ် ။ OT ကို လုပ်သလောက်မပေးပဲ မတရားဖြတ်တောက်ထားလို့ သံရုံးကို သွားတိုင်ပါတယ် ။ 

       သံအရာရှိက နဝတ အတွင်းရေးမှူး ၂ ဗိုလ်ချုပ်ကြီးတင်ဦး ရဲ့ သားအရင်း ကိုဇော် (အမည်အပြည့်အစုံမေ့နေလို့ပါ) ဖြစ်ပါတယ် ။ သူက တခါတည်း သူဌေးဆီ ဖုန်းဆက်ပြီး ကူညီပါတယ် ။ အဲဒီ အချိန်က မြန်မာသံရုံးထဲမှာ အကူအညီတောင်းလို့ ကျွေးမွေး နေရာပေးထားတဲ့ မြန်မာ ၇၆ ယောက် ရှိပါတယ် ။

      သံရုံးက နေ့စား အလုပ် ရှာပေးပါတယ် ။ နေစရာ စားစရာ အခမဲ့ပေးပါတယ် ။ ငွေစုမိလို့ ပြန်ချင်ရင် လေယာဥ်စီစဥ်ပေးပြီး တရားဝင် ပြန်လို့ရအောင် ကူညီပေးပါတယ် ။ မြန်မာနိုင်ငံသား ဖြစ်ဖို့ပဲ လိုပါတယ် ၊ ခင်ဗျားဘာသာ အောက်လမ်းက ခိုးလာလည်း ကူညီတာပါပဲ ။ 

       အခုတော့ မလေးရှား မြန်မာသံရုံးက နာမည်အတော် ပျက်နေပါတယ် ။ နောက်ပြီး ပက်စ်ပို့ သက်တမ်းတိုးတာက အစ အခြားနိုင်ငံတွေက online ကနေ အလွယ်တကူ တိုးလို့ရနေပါပြီ ။ မြန်မာသံရုံးက မရသေးပါဘူး ။ အခုလည်း သံရုံးပိတ်ထားလို့ တိုးချင်သူတွေ ဒုက္ခရောက်နေပါတယ် ။

      Online ကသာ လွယ်လွယ်တိုးမရတာပါ လူမလိုပဲ ပွဲစားနဲ့ သက်တိုးရအောင်တော့ အကြံအဖန် လုပ်နေပြလေရဲ့ ။ သက်တမ်းတိုးပွဲစားတွေ ကြေညာပြီးကို လုပ်နေပြတာ ရှက်စရာပါပဲ ။ 

      ကိုရွှေမြန်မာ စောက်အများကလည်း ကိုယ်တိုင် လုပ်ရင် ရင်းဂစ် ၂၁၀ ကုန်မှာကိုပဲ ပွဲစားနဲ့ ၈၀၀ ကျော် အကုန်ခံပြီး လုပ်ကြသတဲ့ ။ 

     နောက် နိုင်ငံတော် အစီအစဥ်နဲ့ ပြန်ခေါ်တဲ့ အနေအထားကိုတောင် ငွေပေးရတယ်လို့ အသံထွက်လာပါတယ် (ဟုတ်မဟုတ် စီစစ်သင့်ပါတယ်)

      တနေ့က ရေးသလို လေယာဥ်လက်မှတ်ကိုလည်း MAI နဲ့ ပေါင်းပြီး သံရုံးက ဂွင်ရိုက် မှောင်ခိုရောင်းစားသတဲ့ ။ လူကြားမကောင်းတဲ့ ကိစ္စတွေ ဖြစ်ပါတယ် ။ 

         တိုင်းပြည်တခုရဲ့ ပုံရိပ်ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန မှ သံရုံးများ ဤသို့သာ ဆိုလျှင် တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကား အဝီစိမှ တက်လာဖွယ် မရှိပါဘူး ။ 

      ဝန်ကြီး ဦးမောင်ဝဏ္ဏမောင်လွင် အနေနဲ့ ပြည်ပရန် အတွက် စွမ်းစွမ်းတမန် ဆောက်ရွက်ရင်း အလုပ်များနေတာ နားလည်ပေမယ့် ဒီလိုမျိုး ဌာနတွင်း အသုံးမကျမှုတွေကိုလည်း အမှိုက်ရှင်းပေးဖို့ လိုအပ်နေပါပြီ ခင်ဗျား ။ 

      ပြည်ပသွားလုပ်သားများသည် တိုင်းပြည်၏ စီးပွားရေး ဒေါက်တိုင်ကြီးများ ၊ ချစ်ခင်ရသူများအား ယာယီစွန့်ခွာ၍ တိုင်းတပါး၌ အနှိမ်ခံ လုပ်ကျွေးနေသူများ ဖြစ်ကြပါတယ် ။ သူတို့ အခက်အခဲဟာ တိုင်းပြည်ရဲ့ အခက်အခဲပါလို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ရှုမြင် စာနာဖို့ အရေးတကြီး လိုအပ်နေပါပြီ ခင်ဗျား ။ 

       ကိုရွှေမျိုးဝင်း

(တတ်နိုင်သလောက် ကြိုးစားပေးနေပေမယ့် ကိုယ့်တတ်စွမ်းက ဒါပဲ ဖြစ်နေတဲ့အခါ ထိရောက်ပါစေလို့ ဆုတောင်း မျှော်လင့်ယုံမှ တပါး........)

စရိုက်



       ကိုစိုးတယောက် ပါဆယ်ထုပ်နဲ့ ရောက်လာပြန်တော့ လေကန်ကြရပြန်ပါတယ် ။

"ငမျိုးရေ မနက်က မင်းမော်ကွန်း ACC ကနေ ဘောမတွေကို လှောင်ပြောင်နေတယ် ကွ သတင်းမှား နဲ့ ပျော်နေကြလို့တဲ့''

"တွေးကြည့်ရင် သူရှက်ရမှာဗျ ဘာသာသွေးအပြည့်နဲ့ သနားတတ်တဲ့ ဘောမအုပ်စုက သူသေတာ ပျော်နေရအောင် သူကိုယ်တိုင် ယုတ်မာသူအဆင့် ရောက်နေပြီဆိုတာ သူမသိလို့လေ''

"အံမယ် ဒီကောင်က သူ့မိသားစုသူတော့ ချစ်ပါတယ် ကွာ ''

"သူ့ကိုယ်သူ ချစ်တာပါ ဗျာ မိသားစုကို ချစ်ရင် ဒုက္ခတောထဲ ခေါ်မလား ဗျ ''

"သြော် မင်းကလည်း သူချစ်လို့ သူတွေ့ချင်လို့ ခေါ်လိုက်တာပေါ့ ကွ ''

"ဒီလိုဗျ ကိုစိုးရ ကိုယ်က သူနဲ့ တွေ့ရမှ ပြောရမှ စိတ်ချမ်းသာမှာ မို့လို့ တွေ့ချင်လို့ ဒုက္ခတောထဲ ခေါ်တာဟာ သူ့ကိုယ်သူသာ ချစ်လို့ဗျ သားသမီးတွေ ရောင်စုံဒုက္ခတွေ့ရမှာတောင် သူမစာနာလို့ ခေါ်တာ ဗျ ''

"မင်း အတွေးအခေါ်က တမျိုးပဲ''

"ဟုတ်တယ် ကျနော် အုတ်ဖိုတရားရုံးမှာ သက်သေထွက်ပြီး အပြန်  WY တွေ ထည့်ပေးပြီး ထောင်ချောက်ဆင်လို့ အချုပ်ထဲရောက်တုန်းကပေါ့ ''

"အေး တရားခံမိလို့ မင်းလွတ်လာတာ သိတယ်လေ.. ''

"အင်း ပြောချင်တာက ရဲတွေက ကျနော့်မိသားစုဆီ အကြောင်းကြား ပေးမယ် ဖုန်းလည်း ပေးဆက်ကြပါတယ် ဒါပေမယ့် ကျနော် လုံးဝ မဆက်သွယ်ခဲ့ဖူး ဗျ ''

"အေး နောက်မှ မင်း မင်းမိန်းမ နဲ့ သားက သိပြီး အုတ်ဖိုကို လိုက်သွားတယ် လေ ''

"ဟုတ်တယ် ကျနော်က သူတို့ သားအမိကို ပြောလိုက်တယ် ငါ မဟုတ်တာ ဘာတခုမှ မလုပ်ဖူး အချိန်တန်ရင် လွတ်မှာ သေချာတယ် နင်တို့လည်း နောက်ထပ်မလာ​ကြနဲ့ လို့ ပြောလိုက်တယ် ''

"အင်း ဒီတော့ ''

"မိန်းမက လာမှာပေါ့ ဘာဖြစ်လို့လဲ တဲ့ ''

"အိမ်ထောင်ဦးစီးဆိုတာ အေးရင် မိသားစုနဲ့ အတူ မျှဝေရမယ် ပူရင်တော့ တယောက်ထဲ ခံရမယ် အဲဒါ ငါ့မူဝါဒပဲ နောက် လုံးဝ မလာကြနဲ့ ငါ့ပြဿနာ ငါ့ဘာသာ ရှင်းမယ်လို့ အပြတ်ပြောခဲ့တယ် ''

"အေး မင်းကတော့ လူထူးဆန်းပဲ သူများတွေဆို ဒုက္ခရောက်တာနဲ့ သားမယား အပူကပ်တော့တာပဲ ကွ ''

"ထားပါ အဲလိုပြောတော့ လူခဏခဏ သတ်ပါတယ်ဆိုတဲ့ လူမိုက် နဲ့ အခြားလူတွေက ကျနော့်ကို လေးစားလို့တဲ့ ခင်မင်ကုန်​ကြတယ် ကိုစိုးရေ ''

"နေပါအုံး မင်းမော်ကွန်းကနေ မင်းအကြောင်း ရောက်သွားပြီ''

"အဲဒါ ပြောချင်တာ ဗျ ကျုပ်လို အဆင့်နဲ့လူတောင် မိသားစုအတွက် သွားရေး လာရေး စားရေး သောက်ရေး ကိစ္စကို ကြည့်ပြီး သူတို့အပိုဒုက္ခ မရောက်ရအောင် ပြတ်သားတဲ့စိတ်ရှိသေးတာပဲ သူကျမှ မိသားစုလိုက် တောထဲထိ ခွေးတိုးဝက်ဝင် ခေါ်ပြီး ဒုက္ခခံခိုင်းတာ ချီးကျူးရမလား ဗျ ''

"အေးကွ ဒီလိုတွက်ကြည့်တော့လည်း ဟုတ်တာပဲ ကွာ နေပါအုံး သေနတ်ကြီး ကိုင်ထားတဲ့ မန်းဂျော်နီက ဘယ်လို ဖြစ်တာလည်း ဟ အသက်လည်း မငယ်တော့ပါဘူး ''

"အသက်က ၈၀ လောက် ရှိပြီဗျ ၊ သူကစီးပွားရေး သမားအစစ်ဗျ ချမ်းသာတယ် NLD ပါတီကို ရန်ပုံငွေ သိန်း သုံးသောင်း ထည့်ပြီး ဝန်ကြီးချုပ်ရာထူး ယူခဲ့ရတာပဲ ''

"ဟေ ဟုတ်လှချည်လားကွ သိန်း သုံးသောင်းဆို မနည်းဖူး နော ''

"အခုထိ တဖက်ကမ်းမှာ အိမ်ကြီးအိမ်ကောင်း နဲ့ နေတုန်းပါပဲ သူ့အိမ်မှာတောင် NUG PDF တွေ ရှိနေနိုင်တာပေါ့ ဗျာ ''

"အင်း ဝါဒဖြန့်တဲ့နေရာမှာတော့ သေခါနီးတွေအထိ သုံးတတ်တဲ့ NLD တွေပဲ ဟေ့ ''

"မီဒီယာမှာတော့ နစက နဲ့ NLD မိုးနဲ့မြေ ပါပဲ ဗျာ နစက အနေနဲ့ ငါတို့ အမှန်တိုင်း လုပ်နေတာပဲ ဆိုတဲ့ ဘိုးတော်ဘုရား အတွေးအခေါ် နဲ့ လုပ်ပြနေတုန်း ပဲလေ ''

"အေး ပြင်သင့်သလောက်တော့ ပြင်နေပါပြီ ကွာ အချိန်တန်တော့ နွားပိန်ကန်မှာပါ ကဲ ပြန်အုံးမယ်ကွာ ''

         ကိုရွှေမျိုးဝင်း

(တချို့ ဒေါက်ဖိနပ်က အဆိပ်ပြင်းတာ ဥာဏ်နည်းသူတွေ မသိနိုင်ကြသေးဘူး)

Saturday, August 28, 2021

အမေးများနေတဲ့သတင်း နဲ့==================မေးကြည့်ချင်သော မေးခွန်း



- မန်ခွမ် နဲ့ မန်ပိန်းကြားမှာ လှုပ်ရှားနေတဲ့ စစ်ကြောင်း ကို KIA တပ်မဟာ ၆ နဲ့ MMDA ကိုးကန့်တပ်တွေ​ပေါင်း​ပြီး ခြုံခို ချောင်းတိုက်ကြတယ် ။ 

 - အရာရှိ စစ်သည် ၈ ဦး ကျဆုံးတယ်....ခမရ ၅၂၅ 
×××××××××××××××××××××

       အဲဒါကို တပ်ရင်းလိုက်ကျဆုံးပြီး တပ်ရင်းမှူး နှစ်ယောက် သေသတဲ့ ။ ဖွနေတဲ့ သတင်းတွေ ပလူပျံနေတာ မြင်မကောင်းဖူး ။ 

       ဒီသတင်း နဲ့ ပတ်သတ်ပြီး တာဝန်ရှိ စစ်ဒေသမှူးကြီးတွေကို မေးချင်တာ တခုတော့ ရှိပါတယ် ။ ကျနော်တို့ ကြားသိထားတဲ့ သတင်းများ အရ ယခုအချိန်မှာ ရဟတ်ယာဥ်က အစ တိုင်းမှူးအမိန့် နဲ့ သုံးစွဲခွင့်ပြုထားတယ်လို့ သိထားပါတယ် ။ 

     နောက် မြန်မာ့တပ်မတော်မှာ ဒရုန်းစက်ရုံကို ၂၀၁၂ လောက်ကတည်းက တည်ဆောက်ပြီးကြောင်းလည်း သိရပါတယ် ။ 

      ယခုလို စစ်ကြောင်းချီတက်ပြီ ဆိုရင် ဒုတိယ ကမ္ဘာစစ်ကလို ပှိုင့်လွှတ် ချီတက်ခိုင်းတုန်းလား ဆိုတာ သိချင်ပါတယ် ။ 

       တပ်မတော်ထုတ် ဒရုန်းတွေက ကင်းထောက်အလုပ်တောင် မလုပ်နိုင်ဖူးလား ။ အဲလောက်မှ သုံးမရရင်လည်း ဘာကြောင့် ဒရုန်းအတွက် ငွေကုန်ခံနေကြသလဲ ဆိုတာ မေးချင်ပါတယ် ။ 

     ဒရုန်းတွေက သုံးလို့ ကောင်းပါလျှက်နဲ့ စစ်ကြောင်းတွေကို ဒုတိယကမ္ဘာစစ်က နည်းအတိုင်း ချီတက်ခိုင်းတယ်ဆိုရင်တော့ အဲဒီ အမိန့်ပေး တဲ့ တပ်မှူးကို စီစစ်ဖို့ လိုနေပါပြီ ။ 

     နိဂုံးချုပ် ပြောချင်တာက ဒီခေတ်ထဲမှာ အပျော်တမ်းသုံး ထောက်လှန်းရေး ဒရုန်း တစင်းဆိုတာ သိန်းဂဏန်း နဲ့ ရနိုင်နေပါပြီ ။ ဘာကြောင့် တန်ဖိုးဖြတ်မရတဲ့ ရဲဘော်တွေ အတွက် မရင်းကြပဲ  လူတွေ ရင်းနေရတာလဲ ။ ညဖက်ဆိုရင်လည်း ညကြည့် ကင်မရာတွေ ပေါ်နေတာ ကမ္ဘာဆွေးနေပါပြီ လို့ ဖြည့်စွက်ပါတယ် ။

       ကမ္ဘာ့အဆင့် တက်လှမ်းဖို့ ကြိုးစားနေတဲ့ တပ်မတော်မှာ ဒရုန်းကို စစ်ကြောင်းချီတက်ရာမှာ မသုံးနိုင်သေးတာဟာ သက်ဆိုင်ရာ တပ်မှူးရဲ့ မိုက်မဲ ညံ့ဖျင်းမှုကြောင့်လို့ သုံးသပ်ကြပါလိမ့်မယ် ။ 

          တပ်မတော်​​ကြည်း အတွက် ပြီးပြည့်စုံသော  လမ်းကြောင်း လုံခြုံမှုလောက်မှ စီမံမပေးနိုင်သော ထောက်ပံ့အုပ်ချုပ်မှု စွမ်းရည်အား တည့်တည့်ကြည့်ပြီး ပြန်လည်သုံးသပ်ဖို့ အရေးတကြီး လိုအပ်နေပါပြီ ။ 

         တည့်တည့်ပြောရရင် ယနေ့ တပ်မတော်သုံး နည်းပညာ နဲ့ အရာရှိတပ်မှူးတွေ ရဲ့ အရည်အချင်း က ဘာလဲ ဘယ်လဲ ဆိုတာ ပြည်သူတွေ သိချင်နေပါတယ် ။ ခင်ဗျားတို့ တပ်မှူးတွေ စီမံထောက်ပံ့မှု ညံ့ဖျင်းတိုင်း ရဲဘော်တွေ ကျဆုံးသတင်းဖတ်နေရတာ ရင်နာနေရပါတယ် ။ 

      ကိုရွှေမျိုးဝင်း   

(သြော် ဒီကာတွန်း ကြည့်ပြီးမှ ရေးရတာတောင် လက်တွန့်သွားတယ် တကယ့်ကာတွန်း ဆရာ)

မရေးဖြစ်တဲ့ ပြဿနာအချို့



         ကျနော့်ဆီကို ရေးခိုင်းထားတဲ့ ပြဿနာတွေက အများကြီး ဖြစ်နေပါတယ် ။ ဒီထဲကနေ တချို့ ကိစ္စတွေကို မေတ္တာရပ်ခံချင်တာ ရှိပါတယ် ။ 

      မီတာခ များ​နေတယ် ဆိုတဲ့ ပြဿနာ ရှိပါတယ် ။ တကယ်တန်းကျတော့ မိမိ မီတာရှိ အမှန်သုံးစွဲယူနစ် မှတ်တမ်း နဲ့  မီတာဘောက်ချာပေါ်က ရေးထားတဲ့ ယူနစ် တိုက်ဆိုင်စစ်ဆေးပြီး ဖြေရှင်းကြရမှာပါ ။ 

          မိမိသုံးစွဲထားတာထက် မီတာယုနစ်က ပိုများနေတယ် ထင်ရင် ကျွမ်းကျင်သူနဲ့ စစ်ဆေးကြည့်ရင် သိနိုင်ပါတယ် ။ ဥပမာ ဝပ်တထောင် တနာရီ သုံးရင် တယူနစ် တက်ရပါမယ် ။ အဲဒီစကေးနဲ့ အတိအကျ မီတာလည်တဲ့ စကေးကို ပြန်စစ်ပြီး ပြဿနာ ရှင်းရမှာပါ လိုင်းပေါ်က ရှင်းလို့ မရပါဘူး ။ 

        နောက် PDF သတင်း ရေးစေချင်လို့ လာပြောပြတာ အများကြီး ရှိပါတယ် ။ တိကျတဲ့ အချက်အလက် မပါ ပဲ ကျနော်တို့ သတင်းပေးလို့ မရပါဘူး ။ မြေပြင် ရဲဘော်တွေ လွန်စွာ ပင်ပန်းနေပါတယ် ။ 

      နောက်တချက် Messenger လောက်ကမှ သတ္တိရှိရှိ ဖွင့်မပြောရဲတဲ့ ကာယကံရှင် ဒေသခံ​​ကိုယ်စား ကျနော်တို့က ဘယ်လို အာအခံနဲ့ ရှေ့ဆက်ရမှာလည်းဗျာ ။ 

        ရဲမယုံလို့ စရဖ မယုံလို့ ခင်ဗျားတို့လည်း မယုံလို့ သတင်းမပေးချင်တာ PDF တွေ အကြောင်း သိတယ်ဆိုတဲ့ ပုဂ္ဂိုလ်များလည်း အဲလို စိတ်ထား နဲ့ တိုင်းပြည် ဘယ်လို ငြိမ်းချမ်းမလဲ မေးချင်ပါတယ် ။ 

      ပြည်သူတွေ အမြန်ဆုံး တည်ငြိမ်အေးချမ်းချင်တယ် ဆိုရင် အားလုံး ပူးပေါင်းကြမှ တပ်မတော်ကို ကူညီကြမှ အဆင်ပြေမှာပါ ။ ကျနော်တို့က တဆင့် သွားရင် ခင်ဗျားတို့ လုံခြုံပါတယ် ။ 

      ကျနော်တို့က တိုင်းသိပြည်သိ မကြောက်မရွံ့ ဒီလောက် ဖော်ကောင်လုပ်နေကြတာ အားမနာပဲ စောင်ခြုံထဲက ကြောက်ပြနေတာ သဘာဝ မကျဖူး ခင်ဗျ ။ 

         နစက အနေနဲ့ ပြည်သူ့အသံကို နားစွင့်နေတာ သေချာပါတယ် ။ အခြေအနေ ပေးတာနဲ့ သူတို့ တတ်နိုင်တာ ဆောင်ရွက်ပေးနေတာ အားလုံး အသိပါပဲ ။ 

      ကျနော်တို့ အော်နေတဲ့ ဆုကြေးထုတ်ပေးဖို့ ကိစ္စ ၊ ဘဏ်ပင်စင်စားတွေ ဒုက္ခရောက်နေတဲ့ စနစ် ပြင်ဆင်ဖို့ ကိစ္စ ၊ ဘဏ်တွေက ငွေထုတ်မရတာ အခု စက်တင်ဘာလဆန်းမှာ ထုတ်ခွင့်ပြုမယ်ဆိုတဲ့ သတင်း အစရှိသဖြင့် ဆောင်ရွက်ပေးနေပါပြီ ။ 

          ကျနော်တို့ တိုင်ပြည် အမြန်အေးချမ်းဖို့ တပ်မတော်နဲ့ ပူးပေါင်းပြီ သတင်းပေးကြခြင်းဖြင့် ကူညီကြပါစို့ ဗျာ ။ 

       ကိုရွှေမျိုးဝင်း

(အထက်က ကိစ္စများအတွက် နတ်ကို အားကိုးပြီး မ ခိုင်းပေမယ့် နတ် မစွမ်းပဲ နားလည်မှု လွဲသွားတဲ့ ကိစ္စလို့ပဲ သဘောထားပေးကြပါတော့ ဗျာ)

Wednesday, August 25, 2021

ဆင်သမနွယ်

ဆင်သမနွယ် 
=========

        သံလျှင်ဓမ္မရိပ်သာ ၊ လှိုင်သာယာ စက်ရုံလုပ်သားများ နဲ့ အနယ်နယ် အရပ်ရပ်သို့ ဆေးများအား ပမာဏများစွာ ထုတ်လုပ်လှူဒါန်းနေရပါ၍ ဆင်သမနွယ် ကုန်ကြမ်းထပ်မံလိုအပ် နေပါသဖြင့် အကူညီတောင်းခံချင်ပါတယ် ခင်ဗျာ ။ 

        ရန်ကုန်အောင်ဆန်းကွင်းသို့ ပေးပို့ လှူဒါန်းလိုပါက ကူညီစေလိုပါတယ် ခင်ဗျား ။  ပို့ဆောင်ခ အတွက် ဒီဖက်က ကျခံပေးပါ့မယ် ခင်ဗျား ။

           ဝမ်းသာစရာက လူပေါင်း ထောင်သောင်းချီ၍ ပျောက်ကင်းအောင် ကူညီပေးနိုင်ပြီး ဖြစ်ကြောင်း သတင်းကောင်း ပါးချင်ပါတယ် ။ 

         ဆင်သမနွယ် လှူရန် တတ်နိုင်သူများ အောက်ပါ ဖုန်း နံပါတ်သို့ ဆက်သွယ် လှူဒါန်း ပေးပို့စေလိုပါတယ် ခင်ဗျာ ။ 

        09 421067069
         ဘဒ်ဒန်တသဒ်ဓမ်မ

        ကိုရွှေမျိုးဝင်း

ငွေစက္ကူ

ငွေစက္ကူ
======

.....နစက အစိုးရမှာ ငွေမရှိတော့ဘူးလစာတွေ ၆ လ တခါပဲ ရှင်းနိုင်တော့မှာအခွန်မဆောင်နဲ့တော့ အစိုးရပြုတ်ဖို့
သေချာပြီ ဘာညာနဲ့ ဝါဒ ဖြန့်နေကြလေရဲ့ ။ငွေစက္ကူ ရိုက်ရမယ့် စက္ကူအလွတ်တောင်
မရောင်းကြတော့ဖူးလို့ ဝါဒဖြန့်ခဲ့ကြတယ် ။

....အခုလည်း ငွေစက္ကူဆေးသားတွေ မှိန်နေသလိုလို ၊ ဝါဇီပဲ ပေါက်ကွဲသလိုလို နဲ့ ဖွနေကြပြန်ပါပြီ ။ ငွေစက္ကူအကြောင်း ဗဟုသုတ ပြန်တင်ပါ့မယ် ။ 

- ငွေစက္ကူရိုက်ဖို့ ဘလောက်
အချပ်ရေ အနည်းဆုံး ၁၈ ချပ်လိုတယ် ။ တချပ်ကို အနည်းဆုံး US$ 3 သန်းဆိုတော့ငွေစက္ကူဒီဇိုင်း အသစ်အတွက် ဘလောက်ဖိုး US$ 54 သန်း ရင်းရပါတယ် ။

စက္ကူဖိုး  .........12000 ကျပ်
  ဆေး                  5200
 ရိုက်နှိပ်ခ.           1200
နံပါတ်ရေးခ.          400
ဘလောက်စစ်ခ   2500
စက္ကူဖြတ်ခ.        1200
-------------------------------------
       Total.         22500   ကျပ်

- ငွေစက္ကူ အရွက် ၄၀ အတွက်အရင်း 22500 ဆိုတော့ ငွေစက္ကူတရွက်ကိုအရင်း 562.5 ကျပ် ရှိပါတယ် ။ 

- ကဲ ငွေတွေကို ဘယ်လိုစနစ်နဲ့ ရိုက်ကြရသလဲ လေ့လာကြပါစို့ ။ ရိုက်ချင်တိုင်း ရိုက်
ထုတ်လို့ မရပဲ ဥပဒေအတိုင်းသာရိုက်ရပါတယ် ။ ငွေစက္ကူ သမိုင်း ပြန်ကြည့်ပါ ။ 

- မတည်ငွေအပေါ် မူတည်ပြီး ငွေစက္ကူပမာဏ ထုတ်လုပ်ကြရပါတယ် ။ 

- 1952. မတည် သန်း ၄ဝ အစိုးရမှ ၁၀ သန်း ထည့်ထားရ ။

- 1965 မှာ မတည်ငွေ သန်း ၄၀ ပြည့်သွား၍1967 မှာ မတည်ငွေ သန်း၂၀၀သတ်မှတ် ။

- 1975 မှာ မတည်ငွေ သန်း ၂၀၀ ပဲ ထပ်မံသတ်မှတ် ခဲ့ကြ ။

- 2-7-1990 မတည်ငွေ သန်း ၅၀၀သတ်မှတ်
အစိုးရမှ သန်း ၂၀၀ မတည် ။ 

- 1-10-2009 မှာ ငါးထောင်ကျပ်တန် ၊15-6-2012 မှာ တသောင်းတန် အသီးသီး
အသစ်ထုတ် ။ 

- 11-7-2013 မှာ မတည်ငွေ သန်းပေါင်း ၃ သိန်း သတ်မှတ်ပြီး သန်းပေါင်းတသိန်းကို မတည်ထည့်ဝင်ခဲ့ ။ 

- ငွေစက္ကူစီးရီးအား 676 တွဲ သတ်မှတ်ထား ။
ယခုထိ ငါးထောင်တန် အတွဲ 370 နဲ့ တသောင်းတန် အတွဲ 309 ပဲ ရှိသေးတယ် ။တရားဥပဒေနဲ့ အညီ ဘယ်လောက်ရိုက်လို့ရသေးလည်း ယှဉ်ကြည့်ပါ ။ 

- မတည်ငွေ သန်းပေါင်း သုံးသိန်း ပြည့်မှသာ ငွေစက္ကူသစ် ထပ်ရိုက်ရပါ့မယ် ။
ဒါမှမဟုတ် အရံဒေါ်လာ ဟာ လည်ပါတ်ငွေရဲ့ 0.5% (8.5 ဘီလီယံ ဒေါ်လာ) စုမိရင်
အသစ်ရိုက်လို့ရပါတယ် ။ 

- NLD ဟာ အရံငွေ ဒေါ်လာ 3.2 ဘီလီယံပဲကျန်အောင် ဖြုန်းတီးပြီး မလိုအပ်တဲ့
500 တန် နဲ့ 1000 တန်တွေ အသစ်တွေထုတ်ခဲ့ပါတယ် ။ ဗဟို ဘဏ် ငွေစက္ကူသစ်
ရိုက်နှိပ်ရေး ဥပဒေသကို ချိုးဖောက်လိုက်ပြီး အနိမ့်ဆုံး ဒေါ်လာ 108 သန်း ဖြုန်းတီးတာပါ ။ 

- မြန်မာအတွက် အိန္ဒိယမှ ငွေစက္ကူ အလွတ်ဝယ်ပါတယ် ။ ဝါဇီကို အရေအတွက် အတိအကျ ပို့ရပါတယ် ။ နံပါတ်စဉ် မတတ်ရသေးတဲ့
ငွေစက္ကူတွေကို မူလပေးအပ်သည့်ပမာဏနှင့် တိုက်ဆိုင်စစ်ဆေးလက်ခံပါတယ် ။ ဝါဇီက ငွေစက္ကူတွေဟာနံပါတ် မပါသေးပါဘူး ။

- နံပါတ်ကို ဗဟိုဘဏ်မှာ ရိုက်ပါတယ် ။ လွယ်လွယ်နဲ့ ပိုမထုတ်နိုင်ပါဘူး ။ 

- ပြောချင်တာက ငွေစက္ကူကို ဥပဒေနဲ့အညီ ရိုက်ထုတ်နိုင်ရန် ပမာဏ အများအပြား
ကျန်နေသေးခြင်း 

- ငွေစက္ကူသားသည် ငွေပေးဝယ်လျှင်အလွန်ရောင်းချချင်နေသော ပေါများပစ္စည်းဖြစ်နေခြင်း

- ထို့ကြောင့် နစက မှာ လစာမပေးနိုင်တော့ဟူသော ကောလဟာလ သည်ကား ရယ်ချင်
ဖွယ်ပင် ဖြစ်ပါတယ် ။

- အစိုးရမတည်ငွေ သန်းပေါင်းသုံးသိန်း အနက်အစိုးရ ထည့်ဝင်ငွေ သန်းတသိန်း အပြင် နောက် သန်း နှစ်သိန်း ဖြည့်ပြီးမှသာ အသစ်ထုတ်ရပါမည် ။ 

- ယခု လိုအပ်နေသေးသော သန်းပေါင်းနှစ်သိန်း နေရာအတွက် သန်းပေါင်း ၇၀၀၀
သာ ဖြည့်နိုင်ပါသေးတယ် ။ စီးရီးကျန် 5000 တန် 10000 တန်များအား ဥပဒေနဲ့ အညီ ထုတ်ခွင့်ရှိနေတဲ့ နစက အတွက်ငွေရေး ကြေးရေး ခြေသလုံးမွှေး အဆင့်မျှ
သာ ဆိုတာ သိကြရင် ကောင်းမယ်ဗျ ။   

- ယခု ဘဏ်များမှာ ငွေကြေးထိမ်းချုပ်ထားခြင်းဟာ ပုဂ္ဂိလိကဘဏ်တွေ နဲ့ ဗဟိုဘဏ်တို့ ရဲ့ နိုင်ငံရေး အကြောင်းပြ လှည့်စားမှုလို့ပဲ ယူဆပါတယ် ။ 

      မည်သို့ပင်ဆိုစေ ဘဏ်များက ပြည်သူ့ငွေကြေးအား ထိမ်းချုပ်ထားခြင်းဖြင့် ငွေကြေးအပ်နှံထားသူ ပြည်သူတွေ အနေနဲ့ များစွာ နစ်နာနေကြပါပြီ ။ 

          ယခင် သိန်းတရာ အပ်နှံထားသူသည် ဆန်​ချောအိတ် ၃၀၀ ဝယ်ယူရရှိနိုင်သော်လည်း ယခု သိန်း ၁၀၀ ဖိုး ဆန်​ချောအိတ် ၂၀၀ ခန့်သာ ရပါမည် ။ အလိုလိုနေရင်း ဆန်အိတ် တရာ ဆုံးရှုံးကြပါမည် ။ 

         ယခင်မြေဆီအိတ် ၄၀၀ ဝယ်နိုင်လျှင် ယခု မြေဆီအိတ် ၂၀၀ သာ ရရှိမည် ဖြစ်ပြီး အလကားနေရင်း မြေဆီအိတ် ၂၀၀ ဆုံးရှုံးရမည် ဖြစ်ပါသည် ။ 

      ကြာလေ နစ်နာရလေ ဖြစ်နေသော ဘဏ်အပ်ငွေများ အပေါ် ခိုင်မာသော အကြောင်းပြချက် မရှိပဲ ထုတ်ယူခွင့်ပိတ်ပင်ထားဆဲ ဖြစ်ရာ စီးပွားရေး နလံထူမှုအတွက် အရေးကြီးသော ငွေကြေးစီးဆင်းမှု တုန့်ဆိုင်းနေလျှက် ရှိရာ စီးပွားရေးလုပ်ငန်းရှင်များ အတွက် ခြေလာအိတ်ထဲ ခြေထောက်နှစ်ချောင်း စွတ်ပြီး ပြေးနေရသကဲ့သို့ ခရီးမတွင်နိုင်တော့ပါ ။ 

          အလျှင်အမြန် ပြန်လည်သုံးသပ်ပြီး နည်းလမ်းရှာဖွေ လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ ။ 

       ကိုရွှေမျိုးဝင်း

(ဆရာတော်ကို ကြောက်လို့သာ ငြိမ်နေကြရတာ ဘဝတွေက မျက်နှာသာ ကြည့်ပေတော့ )

ကြားမိသမျှ

ကြားမိသမျှ
========

.......၂၀၂၁ အခြေခံရည်ညွှန်းစပါးဈေးကို ငွေကျပ်ငါးသိန်းခြောက်သောင်းဟု နစကမှ  ထောက်ခံအဆိုပြုထားပါသည် ။
ယခင်နှစ်ကထက် ကျပ် လေးသောင်း တိုးမြှင့် သတ်မှတ်ထားပါသည် ။ 

         စပါးစျေး တိုးမြှင့်သတ်မှတ်ပေးရာမှာ ပေးကားပေး၏ မရ ဆိုတာမျိုး မဖြစ်ရလေအောင် စီမံဖို့ လိုအပ်ပါတယ် ။ NLD လက်ထက်မှာ ဒီလိုပဲ စပါးစျေး သတ်မှတ်ပါတယ် ။ အစိုးရက သတ်မှတ်စျေးနဲ့ သူကိုယ်တိုင် မဝယ်ပဲ ကုန်သည်တွေပဲ ဝယ်ခိုင်းတော့ စပါး တတင်း ၄၆ ပေါင်ကနေ  တတင်း ၅၂ ပေါင်ဆိုပြီး ဗြောင်ကြီး ခြောက်ပေါင် တိုးယူတယ် ။

      အစိုးရက မကြပ်မတ်တော့ ဘာထူးမှာလဲ တောင်သူတွေ ခံရတာပါပဲ ။ မြေသြဇာစျေးတွေ နှစ်ဆခွဲ သုံးဆနီးပါး တက်နေပြီ ။ အစိုးရ ဓာတ်မြေသြဇာ စက်ရုံ ၅ ရုံ ရှိတာ ဟန်ဆောင် ပန်ဆောင် နှစ်ရုံပဲ လည်နေတယ် ၊ တကယ် လည်ရင် တရုံစာပဲ ထွက်ပါတယ် ။ 

    ကျန်တဲ့ စက်ရုံတွေ အလဟဿ ဖြစ်မယ့်အစား လည်ပတ်ဖို့ ကြိုးစားပြီး မြေသြဇာစျေးကျအောင် လုပ်ပေးဖို့ လိုနေပါပြီ ။ 

      စပါးကိုလည်း အစိုးရ ပိုယ်တိုင် သတ်မှတ်စျေး နဲ့ ဝယ်ပေးမယ် ၊ ပဲ စျေးလည်း အိန္ဒိနဲ့ MOU ထိုးထားလို့ စျေးကောင်းလာမှာ ဆိုတော့ တောင်သူတွေ ရှေ့ရှောက် အခြေအနေ ကောင်းပါပြီ ။ 

       တောင်သူကုန်ကြမ်း သွင်းအားစုတွေ စျေးမှန်ပြန်ရောက်ရင်တော့ ဦးသိန်းစိန်လက်ထက်ကလို တောင်သူရွှေခေတ် ပြန်ရောက်လာရမှာပါ ။ 

     ဒါက တောင်သူ လယ်သမားတွေ အတွက် သတင်းပါ ။ 

     နောက်တခုက ပါချုပ်ဆရာတော်ကြီး ကျန်းမာရေး စိုးရိမ်ရ ဆိုတဲ့ သတင်းပါ ။ အမှန်က ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး နေကောင်းကျန်းမာလျက် ရှိပါသည်။

.........ယခု ကျန်းမာရေးစိုးရိမ်ရဟု အများစုပြောနေကြသော ဆရာတော်သည်-
မန္တလေးမြို့ နိုင်ငံတော် ပရိယတ္တိသာသနတက္ကသိုလ် (နပသ) ၏  ပါမောက္ခချုပ်, စစ်ကိုင်းမြို့ မိဂဒါဝုန်ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပဏ္ဍိတဝရာဘိဝံသ ဖြစ်ပါတယ် ။ 

       ကိုရွှေမျိုးဝင်း

မျိုးချစ်စိတ် နဲ့ အမုန်းမျိုးစေ့

မျိုးချစ်စိတ် နဲ့ အမုန်းမျိုးစေ့
===================

          ဒီကနေ့ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပြဿနာများဟာ ယခုဆိုလျှင် အနာ နဲ့ ဆေး တဲ့နေပြီ ဖြစ်ပါတယ် ။ တပ်မတော် က လုပ်ချင်ကိုင်ချင်စိတ်လည်း ရှိမယ် ၊ လုပ်ဖို့လည်း ဆုံးဖြတ် ညွှန်ကြားထားပြီ ဆိုရင် ကျနော်တို့ ပူပန်စရာ မလိုတော့ပါဘူး ။ အချိန်တန်ရင် ပြီးသွားပါလိမ့်မယ် ။

       ဆူပူအကြမ်းဖက်မှုတွေ ပြီးသွားတော့ ဖွံ့ဖြိုး တိုးတက်မှု နဲ့ ပြန်လည်ထူထောင်ရေး အတွက် တွေးတောကြံစည်ကြရပါပြန်ပါပြီ ။ 

      ယနေ့ ဖြစ်နေသော ပြဿနာ ရဲ့ အဓိက ဇစ်မြစ်သည်ကား မျိုးချစ်စိတ် ကုန်ခမ်းနေသောကြောင့် အထွေထွေသော ဘေးထွက်ဆိုးကျိုးများ ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ် ။ 

       မျိုးချစ်စိတ်ကုန်နေတဲ့ ရောဂါကို ပညာရေးကဏ္ဍမှသာ အကောင်းဆုံး ကုသပေးနိုင်ပါမယ် ။ အချိန်ယူရမှာ ဖြစ်ပေမယ့် မလွဲမသေ လုပ်ကြရပါမယ် ။ 

        ပညာရေးကဏ္ဍမှာ ယနေ့ CDM နာမည်ကြီး ဆေးလောကကို ကြည့်ပါ ၊ ကျနော်ကြားရသလောက်ကတော့ ဆရာဝန် ၆၅ % သည် တရုတ်သွေးစပ် ကပြားများ ဖြစ်တယ်လို့ ကြားသိရပါတယ် ။ မှန် မမှန်ကတော့ ဆရာဝန်လောကမှ ပုဂ္ဂိုလ်များ သိပါလိမ့်မယ် ။ 

        ဒီအချက်သာ မှန်ခဲ့ရင် နောင်တချိန်မှာ ဆေးလောက အတွက် ကျောင်းသားရွေးချယ်ရာမှာ သွေးနှော နဲ့ မျိုးချစ်စိတ်ကို ဦးစားပေး စီစစ်ရွေးချယ်ဖို့ လိုအပ်လာပြီလို့ ဆိုချင်ပါတယ် ။

       အဓိက ပြောချင်တာက ပညာရေး လောကပါပဲ ။ အနာဂါတ်ခေါင်းဆောင်လောင်းတွေကို ပျိုးထောင်တဲ့နေရာမှာ မျိုးချစ်စိတ်အကောင်းဆုံး ၊ လေ့လာသုံးသပ်မှု အကောင်းဆုံး ၊ ကိုယ်ကျင့်တရားအကောင်းဆုံး ၊ ဘာသာသွေးအကောင်းဆုံး ဆိုတဲ့ အတော်ဆုံးသောသူများကိုသာ ရွေးချယ်ခန့်ထားဖို့ ပြန်လည်သုံးသပ်သင့်ပါပြီ ။ 

        ယနေ့ ပညာရေးလောကရဲ့ ဦးဆောင် ပုဂ္ဂိုလ်ကြီးတွေဟာ ကျက်မှတ်ပြန်ရေး အဆင့် ထူးချွန်သူတွေပဲ များလှပါတယ် ။ ဒီအချက်ကို ပြောရမယ်ဆိုရင်ကိုယ်ပိုင်ထိုးထွင်းဥာဏ် နဲ့ တိုင်းပြည်အကျိုး သယ်ပိုးနိုင်တဲ့ ကဏ္ဍများ မှတ်မှတ်ထင်ထင် ပြသနိုင်ခြင်း မရှိသေးတာ သက်သေပါပဲ ။ 

      ယင်း ပညာတတ်ကြီးများ ပြုစုပေးလိုက်သော သင်ရိုးညွှန်းတန်းများ ၊ သင်ကြားရေး စနစ်များရဲ့ အသီးအပွင့်ရလာဒ်များကို အများစု အကျိုးပြု ရာခိုင်နှုံးဖြင့် တွက်ဆပြပါမယ် ။ 

      ဆယ်တန်းအဆင့်ထိ ပညာသင်ကြားခဲ့သော ကျောင်းသားတယောက်ရဲ့ ပညာသင်နှစ်သည်ကား အနည်းဆုံး ဆယ်နှစ်သက်တန်း ရှိပြီး တက္ကသိုလ် ဘွဲ့ရအထိ ဆယ့်လေးနှစ် သင်ကြားခဲ့ရပါတယ် ။ 

      ယင်း ဆယ် နှစ် မှ ဆယ့်လေးနှစ်အထိ သင်ကြားခဲ့ရသော အဂ်လိပ်စာ ပညာရပ်သည် သုံးစားမရသော ပညာရပ်အဆင့်နဲ့ လမ်းဆုံးသွားကြရပါတယ် ။ 

         မယုံကြည်လျှင် အရပ်ထဲရှိ ဘွဲ့ရကျောင်းသားအများစုအား အဂ်လိပ်လို ပြောကြည့်ပါ နားလည်း မလည်သလို ပြန်လည်း မပြောတတ်ပါဖူး ။ 

      ပုဂံညောင်ဦးမှာ နှစ် နှစ်လောက် ပုန်းရည်ကြီးရောင်းဖူးရင် အဲဒီ ဘွဲ့ရ ကျောင်းသားထက် ပုန်းရည်သည်က ပိုပြောတတ်ပါတယ် ။ 

      အခြားသော ပညာရပ်များတွင်လည်း ထိုနည်းလည်းကောင်း ဖြစ်နေပါတယ် ။ သီအိုရီ ဖင်ထောင်ကျက်လာပြီး ဘွဲ့ရလာသူတွေ အများစုဟာ ပြင်ပလက်တွေ့လောကမှာ မလုပ်တတ် မကိုင်တတ်တာ စိတ်ပျက်စရာပါပဲ ။ 

       အဲဒါတွေဟာ စနစ်မကောင်းခြင်း နဲ့ ဆရာတွေ ညံ့ဖျင်းခြင်းတို့ကြောင့် ဖြစ်ပါတယ် ။ နည်းပညာတက္ကသိုလ်တွေမှာ ကား ဆိုင်ကယ် လေယာဥ် အင်ဂျင်တွေ အလုံးလိုက် ချပြသင်ကြားရပါမယ် ။ 
(နည်းပညာတက္ကသိုလ် တတိယနှစ်ကျောင်းသား ပူလီ ဆိုတာ မမြင်ဖူးလို့ လက်တွေ့ လိုက်ပြဖူးပါတယ်)

      ဘလက်ဘုတ်ပေါ်မှာ သင်ကြားပြီး လက်တွေ့မပါတဲ့ စနစ်နဲ့ ပညာရေး အဟောသိကံ ဖြစ်ကုန်တာ နှမျှောစရာ ကောင်းပါတယ် ။ 

     ကျယ်ပြန့်စွာ ဆွေးနွေးရမယ့် ကိစ္စတွေမို့ အကျဥ်းမျှပဲ တင်ပြထားပါမယ် ။ ပြောချင်တာက မျိုးချစ်စိတ် နဲ့ ပတ်သက်တာ ဖြစ်ပါတယ် ။ 

    မူလတန်း အရွယ်မှာ မျိုးချစ်စိတ် နဲ့ တိုင်းပြည်အတွက် ပြည်သူအတွက် လုပ်ပေးချင်စိတ်တွေ ၊ အများသူငှာနဲ့ ပေါင်းသင်းဆက်ဆံရေးတွေ ၊ လူ့ကျင့်ဝတ်တွေကို သင်ကြားချိန် ရာခိုင်နှုံး 80 % လောက် သင်ကြားပျိုးထောင်ရပါမယ် ။ 

      သင်ကြားပေးရမယ့် ဆရာရဲ့ စိတ်ဓာတ်အခံက အင်မတန် အရေးကြီးပါပြီ ။ ယခု CDM ဆရာတွေ အကြောင်းအမျိုးမျိုး ကြောင့် ပြန်လာပြီး သင်ကြပါပြီတဲ့ ၊ ကလေးတွေကို ဘာတွေ သင်ကြားပေးမယ် ထင်ကြပါသလဲ ။

      တခွန်းရ တခွန်း တပ်မတော် မကောင်းကြောင်း ၊ အမျိုးဘာသာ သာသနာ မျိုးချစ်စိတ် ဆိုတာ မထားသင့်ကြောင်း ဒါတွေ သင်ပေးမှာ စိတ်သာချပါ ။ 

       ဘာကြောင့်လဲ ဆိုတော့ CDM ဆရာအများစုဆိုတာ သူ့စိတ်ခံကိုက အနှစ်မရှိတဲ့ ဒေါ်စုကြည်ကို အကြည်ညိုလွန်နေခြင်း ၊ မျိုးချစ်စိတ်ဆိုတဲ့ စကားလုံးကို တစ္ဆေ သရဲ မကောင်းဆိုးဝါးတွေ ဘုရားစာ ကြောက်သလို ကြောက်နေခြင်းတို့ကြောင့် ဖြစ်ပါတယ် ။ 

     အနာဂါတ် အတွက် ယနေ့လို ပြဿနာပေါင်း သောင်းခြောက်ထောင် မတက်စေချင်ရင် CDM ဆရာတွေကို အလုပ်ထုတ်ပစ်တာ စိတ်အချရဆုံးပါပဲ ။ ပညာရေး လောက ဖရဲသီးတွေ အကုန်ခွဲပစ်ရပါမယ် ။

       ဆရာတွေ ရှားသွားပြီလား ၊ အထက်တန်း အဆင့်အထိ အသစ်ခန့်ဖို့ သိပ်မခက်လှပါဘူး ။ တက္ကသိုလ်တွေအတွက်လည်း နည်းလမ်းရှာလို့ ရပါတယ် ။ တက္ကသိုလ်တွေ ဖောင်းဖွနေတာ အားလုံးအသိပါပဲ ။ 

     တိုင်း နဲ့ ပြည်နယ် ၁၄ ခု တက္ကသိုလ် ၁၄ ခု သို့မဟုတ် ၂၈ ခု ပဲ ထားလိုက်ပါ ။ အရေးကြီးတာ ကျောင်းသားတွေ အတွက် နေဖို့ စားဖို့ ယခင် မဆလ​ခေတ်ကလို အဆောင်တွေ လုံလောက်အောင် တည်ဆောက်ပေးရင် ရပါပြီ ။ 

      သင်ထောက်ကူပြည့်စုံအောင် စီမံဖို့ လွယ်သွားမယ် ၊ စီမံအုပ်ချုပ်မှု သိပ်သည်းကျစ်လစ်သွားမယ် ၊ ဒေသ အသီးသီးက ကျောင်းသူ ကျောင်းသားတွေ အပြန်အလှန် ရင်းနှီးချစ်ခင်လာကြမယ် ၊ တိုင်းရင်းသား လူငယ်တွေ အတွက် ပြည်ထောင်စု စိတ်ဓာတ် နဲ့ နားလည်စည်းလုံးလာကြမယ် ။ 

       လိုရင်ကြံဆ နည်းလမ်းရဆိုသလို လုပ်ချင်ရင် ဖြစ်ပါတယ် ။ ပညာလိုချင်သူတွေဟာ ပြည်ပထိ သွားသင်နေကြသေးတာ အားလုံးအသိပါပဲ ၊ ကိုယ့်နိုင်ငံထဲ သွားသင်ရတာ အပန်းမကြီးလှပါဘူး ။ 

        နိုင်ငံရဲ့ အနာဂါတ်အတွက် မျိုးချစ်စိတ်ဟာ အင်မတန် အရေးကြီးပါတယ် ။ မျိုးချစ်စိတ်ကို ရင်ထဲရောက်အောင် ထည့်ပေးနိုင်တာလည်း ပညာရေးဆိုတဲ့ ဝင်ပေါက်တပေါက်ပဲ ရှိပါတယ် ။ 
NLD ဟာ ပညာရေးကို စနစ်တကျ ဖျက်ဆီးခဲ့တာ နမူနာကြည့်ပါ ။ 

      ထို့ကြောင့် အရေးကြီးသော ပညာရေးကဏ္ဍအတွက် မျိုးချစ်စိတ် မွေးမြူပေးရမယ့် ဆရာများရဲ့ ကဏ္ဍဟာ အင်မတန် အရေးကြီးလှပါတယ် ။ 

      အနှစ်ချုပ်ပြောရလျှင် အနာဂါတ် နိုင်ငံတော် ပျက်ဆီးစေမယ့် အမုန်းမျိုးစေ့ ပျိုးပေးမယ့် CDM ဆရာတွေကို ပြတ်ပြတ်သားသား ရှင်းပစ်ဖို့ အချိန်ကောင်းဖြစ်ပါကြောင်း ထပ်လောင်း ပြောချင်ပါတယ် ။ 

       ကိုရွှေမျိုးဝင်း

မြန်မာ့ တပ်မတော် ဟူသည်

မြန်မာ့ တပ်မတော် ဟူသည်
==================

       ဒီ ပို့စ်ကို ဇွန်လတုန်းက ဇောင်းထနေတဲ့ PDF GZ လေးတွေ နဲ့ အနူတော လူချောလုပ်နေတဲ့ KNU တပ်မဟာ ၅ အတွက် သနားလို့ ကြိုရေးပြီး သတိပေးခဲ့ပါတယ် ။ ပြန်ဖတ်ကြည့်ပါ ။
 

.......2019 မှာ ဝယ်ယူထားတဲ့ အရေအတွက် အစီး ၂၀ လုံး လက်ခံရရှိခဲ့တာကနေ မြန်မာ့ လေတပ်သမိုင်းကို အဆင့်မြှင့်ပေးခဲ့တာ Mig 29 S /SE (4 th generation) တွေပါပဲ ။ 

      အဆင့်တူ 4th တွေထဲမှာ ရုရှားထုတ် Mig 29 SE ဟာ ထိပ်တန်းအဆင့်ဖြစ်ပြီး ယနေ့တိုင် နိုင်ငံအများအပြား သုံးစွဲနေကြဆဲ ဖြစ်ပါတယ် ။ 

      4th gen. .ဆိုပေမယ့် Mig 29 S /SE. တွေဟာ မြေပြင်တိုက်ခိုက်ရေးမှာ အကန့်အသတ်နဲ့သာ စွမ်းဆောင်နိုင်ပါတယ် ။ ဒါ့ကြောင့် မြန်မာ့တပ်မတော်အတွက် အသုံးတဲ့သော ဘက်စုံသုံးတိုက်လေယာဥ်အဆင့် Mig 29 SM အဖြစ် ရုရှားက အဆင့်မြှင့်ပေးလိုက်ပါတယ် ။ အီလက်ထရောနစ် စနစ် အနည်းငယ် နိမ့်ကျနေတာက လွဲပြီး လက်နက် နဲ့ အခြားစွမ်းရည်တွေက 4+gen. . အဆင့် Mig 29 SMT အဆင့်ရှိနေပါပြီ ။ 

      Mig 29 SM တွေဟာ ပဲ့ထိမ်းဒုံး ၊ ရေဒါဖျက် ဒုံး ၊ တိကျသော Lasar and TV Guided ပဲ့ထိမ်းဗုံး ၊ မြေပြင်တိုက်ခိုက်ရေး Designation Pod ၊ ECM Pod တွေပါ တပ်ဆင်နိုင်ပါတယ် ။ ရေပြင်မှာလည်း တာဝန်ထမ်းဆောင်နိုင်ပါတယ် ။ 

     ပစ်မှတ်ကို 100 km ကနေ RCS 5 sqm အရွယ်ရှိတဲ့ ပသ်မှတ်ကို 80+km ကနေ ပစ်နိုင်ပါတယ် ။ ပစ်မှတ် ဆယ်ခုကို တပြိုင်နက်ထဲ သတ်မှတ်နိုင်ပြီး တကြိမ်ကို ပစ်မှတ် နှစ်ခုနှုံးနဲ့ ပစ်ခတ်နိုင်ပါတယ် ။ 

      နောက်ထပ်အဆင့်မြင့် လေယာဥ်ကတော့ ရုရှားရဲ့ နောက်ဆုံးပေါ် လေ့ကျင့်ရေးလေယာဥ် YAK 130 အစီး ၁၈ စီး နဲ့ ဂျာမဏီထုတ် Grob G1 20 TP. ၂ဝ စီး တို့က အသစ် တွေ ဖြစ်ပါတယ် ။ 

     ဒီလေယာဥ်တွေက 4th+ gen.. နဲ့ 5 gen..  တို့လို နောက်ဆုံးပေါ်တိုက်လေယာဥ်တွေ မောင်းနှင်နိုင်ဖို့ ကြိုတင်လေ့ကျင့်ရမယ့် လေယာဥ်တွေပါ ။ 

     ဒါတွေက မြန်မာ့ လေတပ်အတွက် Mig 29 SM နေရာမှာ SU 30 နဲ့ SU 57 တို့ကို ကျောရိုးထားတော့မယ် ဆိုတဲ့ လက္ခဏာပါပဲ ။ 

     JF 17 လို ခေတ်မှီ ဘက်စုံသုံးလေယာဥ် တွေဟာလည်း သောင်းကျန်းသူ အဆင့်နဲ့တောင် မထိုက်တန်တဲ့ လေယာဥ်တွေ ဖြစ်ပါတယ် ။ 

     ယနေ့ ဖြစ်နေတဲ့ စစ်ဆင်ရေးတွေမှာ ဘာသံမှ မကြားရပဲ ပေါင် ၃၀၀ ဗုံးတွေ အကြဲခံရပြီး အများအပြား သေဆုံးခဲ့ရတယ်လို့ KIA က ပြောခဲ့ပါတယ် ။ 

     ကျနော်ထင်တာကတော့ အသံတိတ်လေယာဥ်ဆိုတာ မကြားဖူးပါဘူး ။ အသံထက် မြန်လွန်းလို့ အသံက နောက်ကျရောက်လာတာ ဖြစ်ပါမယ် ။ 

    တမျိုးဖြစ်နိုင်တာကတော့ ယနေ့ မြန်မာ့တပ်မတော်ရဲ့ အမြှောက်ကဏ္ဍကို ပြန်ကြည့်ရပါမယ် ။ နောက်ဆုံးပေါ် ၁၅၅ ဟောင်ဝစ်ဇာ အမြောက်ကြီးတွေဟာ ပစ်မှတ်ကို ကွန်ပြူတာ နဲ့ တွဲဖက် ချိန်ရွယ်ပြီး ၃၃ မိုင် အကွာအဝေးကနေ တိကျစွာ ပစ်ခတ်နိုင်ပါတယ် ။ 

       ယခင်က ပစ်မှတ်တွေကို ရှေ့တန်းကနေ လူနဲ့ အကဲခတ် မှတ်ပုံတင်ရပါတယ် ။ ယနေ့ဆိုရင် ရုရှားကနေ မကြာသေးမှီက ရယူထားခဲ့သော OL 10E လို ထောက်လှမ်းရေး ဒရုန်း နဲ့ ပစ်မှတ်လမ်းညွှန် ကိုသြဒီနိတ် ဖတ်မှတ်ပြီးတာ နဲ့ ၁၅၅ က ပစ်ခတ်နိုင်ပါပြီ ။ 

     ကျည်ဆံတတောင့်ဟာ ပေ ၁၀၀ ပတ်လည်ရှိ လူအားလုံးကို သေစေနိုင်အောင် ပေါက်ကွဲအားပြင်းထန်ပါတယ် ။ ဒါကြောင့် KIA တွေက ပေါင် ၃၀၀ ဗုံး သုံးတယ်လို့ ယူဆဟန် ရှိပါတယ် ။ 

      ဗိုလ်ချုပ်ဇော်မင်းထွန်းက သူတို့ ဌာနချုပ်တွေကို ထိုင်ရာမထ ပစ်ခတ်ချေမှုံးနိုင်ပါတယ် လို့ ပြောသွားတာဟာ ကြွားတာမဟုတ်ဖူး ဗျ ။ လေ့လာသူတွေ သိကြပြီးဖြစ်မှာပါ ။ 

     ကျနော်ပြောချင်တာက မြန်မာ့ တပ်မတော်ကို အထင်သေးပြီး သူပုန်ကို ဖအေခေါ်ချင်နေတဲ့ တိုင်းပြည်သစ္စာဖောက်တွေ အတွက် နှစ်ပေါင်း ၇၀ ကျော် တော်ထဲကနေ မြို့ပေါက်စတခု ၊ စခန်းကုန်းတခုကိုတောင် လပိုင်းအထိ မသိမ်းနိုင်ခဲ့တဲ့ သူပုန်တွေဆိုတာ သိဖို့ပါပဲ ။ 

     ကျား သနားလို့ နွားချမ်းသာနေတာကို အထင်ကြီးနေတဲ့ G Z တွေ အတွက်တော့ ZERO ရလာဒ်နဲ့ ဘဝပျက်ရုံမှ တပါး ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး ။ 

.....ကဲ သူပုန်ကို အားမကိုးရလို့ ပြည်ပတပ်တွေကို ပထွေးတော်ပြီး မျှော်ချင်နေပြီလား ။ လတ်တလော သတင်းလေးတွေ ဖတ်ကြအုံး ။ ရုရှားကြီးက သူတို့ရဲ့ နောက်ဆုံးပေါ် လေကာ S 500 လက်ထဲ ကိုင်ထားပြီ ။ 

  
.......S 400 ကို ထုတ်ရောင်းတော့မယ် ။ နိုင်ငံတိုင်းကိုတော့ ရောင်းပေးမှာ မဟုတ်ဖူး ။ အထူးဦးစားပေး အနေနဲ့ မြန်မာကို ရောင်းချပေးဖို့ စာရင်းသွင်းထားတယ် ။ 

......မြန်မာ့တပ်မတော်က ဝယ်မဝယ်တော့ မသိဖူး လောလောဆယ်တော့ S400 ထိမ်းချုပ်ပစ်ခတ်စနစ်ကို မြန်မာ့တပ်မတော်သားတွေ သွားပြီး သင်တန်းတက်နေလေရဲ့ ။ 

.....S 400 မပြောနဲ့ အခု မြန်မာ့တပ်မတော်ရဲ့ လက်ဝယ်ရှိ S 300 ကိုတောင် အမေရိကန်တွေ ပစ်ချလို့ မရသေးဖူးလို့ ဆိုကြပါတယ် ။

.....လာအို နိုင်ငံမှာ ရုရှားအခြေစိုက် လေတပ်စခန်းကြီး လာချထားတာ အလကားတော့ မဟုတ်ဖူးလောက်ပါဖူး ။ ဒါကြောင့် ပြည်ပအိပ်မက် ဂယောက်ဂယက်တွေလည်း နိုးထကြပါတော့။ 

.......ပြောချင်တာက နီပိန်းတွေအတွက် မျှော်လင့်ချက် ဆိုလို့ မြူတမှုံစာမျှတောင် မရှိတော့ဘူး ။     အခုဖြစ်နေတဲ့ အနေအထားဆိုတာ မီးလောင်ထားတဲ့ မြေပေါ်မှာ အပူငွေ့ ကျန်နေသေးတဲ့ အခြေအနေတခုပါပဲ ။ 

        အဲဒီလို ကျကျနန ရေးထားတာကို လှောင်ပြောင်ခဲ့ကြသေးတာ မှတ်မိပါတယ် ၊ ဘာတဲ့ တူမီးတောင် မနိုင်ဘူးတို့ ၊ AA တောင် မနိုင်ဘူး တို့ နဲ့ ပြောခဲ့ကြပါတယ် ။ 

      ယနေ့ အထက်ဖော်ပြပါ လက်နက်တွေထက် စွမ်းတာတွေထပ်မံ ရောက်ရှိနေပါပြီ ။ ရာသီဥတု ဘယ်လောက်ဆိုးဆိုး မြန်မာ့တပ်မတော် ထိုးစစ်ကို အနှောက်အယှက် မပေးနိုင်တော့ပါဘူး ။ 

    ယခင်က တရုတ်မှ စက်ရုံလိုက် ဝယ်ယူထားတဲ့ ဒရုန်းတွေဟာ ရာသီဥတု နဲ့ တောတောင်ထူထပ်ရင် ထောက်လှမ်းဖို့ အခက်အခဲ ရှိခဲ့ပါတယ် ။ 

    ယခု ရုရှားထုတ် OL 1​0 E ဒရုန်းတွေကတော့ PDF GZ လေးတွေ ငပိဖုတ် နဲ့ မသေထမင်း မသေဟင်း စားနေတာကိုတောင် ထောက်လှမ်းနိုင်ပါပြီ ။ 

      ကရင်စစ်ဦးချုပ် စောဂျော်နီလည်း NCA လမ်းကြောင်း သွားမှာ ဖြစ်လို့ ယနေ့ မိုးထဲလေထဲ အကြိတ်ခံနေရတဲ့ တပ်မဟာ ၁ ၊ ၂ ၊ ၅ ၊ ၆ တို့အတွက် ကာကွယ်မပေးနိုင်ဖူးလို့ လေသံ ထွက်လာရပါပြီ ။

       ကရင်မှာ ၁၅၅ ဟောင်ဝစ်ဇာ တွေနဲ့ ထယ်ထိုးပြီး လေယာဥ်သစ်တွေ နဲ့  ဗုံးမိုးရွာနေတော့ KIA တို့ လေသံပြောင်းလာရပါပြီ ။ 

     နိုင်ငံရေးနည်းလမ်း နဲ့ ညှိနှိုင်းရမယ် ဘာညာ ဆိုပြီး လေပြေထိုးလာရပါပြီ ။ မနေ့တနေ့ကမှ စစ်ကောင်စီကို ချေမှုံးမယ် ဘာညာ နဲ့ မရှက်မကြောက် ကြုံးဝါးနေတဲ့ KIA တွေ အခုလို ဖင်တုန်သွားတာ မြန်မာ့တပ်မတော်ရဲ့ ထက်မြတ် တိုးတက်လာတဲ့ ချေမှုံးရေး စွမ်းရည်တွေကို သိသွားလို့ပါပဲ ။ 

        အလွန်လုံခြုံတယ် ထင်ပြီး ဖက်ခွက်စားတွေ ခိုအောင်းနေတဲ့ လေးကေကော် ဆိုတာ မြဝတီကနေ ခပ်လှမ်းလှမ်း အကွာမှာပဲ ရှိတာပါ ။ NCA စည်းကမ်းအရ တပ်မတော်က မတို့မထိလို့ လုံခြုံနေတာ ဖက်ခွက်စားတွေ မသိပဲ လေကျယ်နေတာပါ ။ 

       ယခုဆိုရင် KNU တပ်မဟာ ၁ ၊ ၂ ၊ ၅ ၊ ၆. တို့ရဲ့ ကာကင်းတွေ အတော်များများ တပ်မတော် နဲ့ BGF အဖွဲ့တွေ သိမ်းပြီးပါပြီ ။ မကြာမှီ PDF မွေးဖွားရာ ရေသောက်မြစ် ဖြတ်တောက်ခံရပြီး မြန်မာပြည် ငြိမ်းချမ်းသွားပါလိမ့်မယ် ။ 

       ဒီတခါတော့ တသက်လုံးက ကောင်းကျိုးမပေးခဲ့တဲ့ ယုံကြည်ဖွယ်မရှိသော ကလိမ်ကကျစ် KIA ကို ချမ်းသာပေးဖို့ အစီအစဥ် မရှိဘူး ဆိုတဲ့ သတင်းကောင်းလည်း ကြားရပါတယ် ။ 

       ကိုရွှေမျိုးဝင်း

Covid ပြဿနာ နဲ့ နိုင်ငံရေး



         ကျနော် covid အကြောင်း သိပ်မရေးပါဖူး ။ ဘာကြောင့်လဲ ဆိုရင် ဆေးဝါးဆိုင်ရာ ပညာရပ်တွေ အတွက် ကျနော်တို့က လုံးဝ နလပိန်းတုန်း အဆင့်တွေ ဖြစ်နေလို့ပါပဲ ။ 

      ယခု လိုင်းပေါ်မှာ တင်နေကြတဲ့ ဂွေးတောက်ရွက်ရှူတာ တို့ ဝမ်းလျှားမှောက် အိပ်ပါတို့ အစရှိတဲ့ ဆေးမှီးတို ကုထုံးတွေကို စေတနာနဲ့ ရှယ်နေကြ တင်နေကြတာ တွေ့ရပါတယ် ။ အလုပ်ဖြစ်မဖြစ် သေချာမှ ရှယ်စေချင်ပါတယ် ။ 

    ဥပမာ ဂွေးတောက်ရွက် ရှူလို့ အဆုတ်ထဲ အောက်ဆီဂျင် ရောက်တယ်ဆိုတာ သဘာဝ မကျပါဖူး ၊ တကယ်မှတ်ပြီး ပေါ့ဆဆ လုပ်မိလို့ သေသွားရင် ကိုယ်ပါ အကုသိုလ် ဖြစ်နိုင်ပါတယ် ။ လုပ်တုန်းက စေတနာနဲ့ ကုသိုလ်စိတ်နဲ့ပေါ့ ဒါပေမယ့် ပညာမမှန်တော့ ရလာဒ်က အကုသိုလ် ဖြစ်သွားနိုင်ပါတယ် ။

       အရမ်း Hot နေတဲ့ အောက်ဆီဂျင် ကိစ္စ နဲ့ ကုသရေး ဆိုင်ရာ ပြဿနာ တွေ အပေါ် လေ့လာကြည့်မိပါတယ် ။ လောလောဆယ် အစိုးရ ဆေးရုံကြီးတွေမှာ အောက်ဆီဂျင်တွေ အထိုက်အလျှောက် ရှိပါတယ် ကုလည်း ကုသပေးနေပါတယ် ။ 

       ကုသရေးပိုင်းမှာ CDM ဆရာဝန် 40 % လျော့သွားပါတယ် ။ လက်ကျန် Non CDM ထဲမှာ အတွင်း သစ္စာဖောက် အနည်းဆုံး 30 % ရှိနေမှာ သေချာပါတယ် ။ ပြောချင်တာက စိတ်ရော ကိုယ်ပါ နှစ်ပြီး လုပ်ကိုင်နေတဲ့ ဆရာဝန်ဟာ ယခုအခါ 30 % ထက် မပိုဖူးဆိုတာ အရှိတရားပါပဲ ။ 

        နောက်တချက် NLD လက်ထက်တုန်းက ဖောင်ဒင်းရှင်းအလှူပစ္စည်းတွေကို အဲဒီ ဖောင်ဒေးရှင်းတွေက အကုန်ပြန်ယူသွားကြပါတယ် ၊ မန္တလေး AYA ဖောင်ဒေးရှင်း က နမူနာပေါ့လေ ၊ ရန်ကုန်ဆေးရုံကြီးလည်း တင့် တွေတောင် ပြန်ယူသွားကြပါတယ် ။ 

         နောက် ရန်ကုန်မှာ ယခင် NLD လက်ထက်က 40 L အောက်ဆီဂျင်ဘူး 9000 နဲ့ Oxygen Concentrator 3000 ရှိခဲ့ပါတယ် ။ Oxygen Station တွေလည်း ရှိခဲ့ပါတယ် ။ Liquid Oxygen ဆိုတာ ဆေးရုံတိုင်းမှာ ရှိခဲ့ပါတယ် ။ တနေ့ကိုဘူးပေါင်း ၄၅၀၀ ဝန်းကျင် ပေးနိုင်ခဲ့ပါတယ် ။ 

     ယခုအခါ အဲဒီ ပစ္စည်းတွေ အားလုံး NLD ရဲ့ CDM ဆရာဝန် အယုတ်တမာတွေက ခိုးယူသွားတာ တမျိုး ၊ သုံးမရအောင် ဖျက်ဆီးခဲ့တာ တဖုံနဲ့  ပျက်စီးစေခဲ့တဲ့ အတွက် အခက်အခဲ ဖြစ်စေပြီး ပြည်သူတွေ သေခဲ့ကြရပါတယ် ။ 

         နောက် NLD တွေဟာ ဘယ်လိုမှ တွေးမရတဲ့ ရက်စက်ယုတ်မာမှုတွေ ပြုလုပ်နေကြပြန်ပါတယ် ။ covid ကို ပြည်သူတွေထံ မကူး ကူးအောင် အလွန်ရက်စက်ယုတ်မာစွာ လုပ်နေကြပါတယ် ။ 
(သူတို့ကိုယ်တိုင်တင်ထားတဲ့ ပို့စ် တွေ ဖတ်ကြည့်ကြပါ)

      နောက်တချက်က Oxygen တွေကို ဇွတ်လုဝယ်နေကြပါတယ် ၊ ဇော်ဝေစိုးလို လူယုတ်မာ ပြောသမျှ လုပ်နေကြတဲ့ NLD အောက်တန်းစားတွေကြောင့် ဆေးရုံတွေမှာ ရနေကြ Oxygen မရတော့ သူတို့ဝယ်နေကြ Oxygen စက်ရုံအချို့ကို အပြင်လူ မရောင်းချဖို့ တားမြစ်ပါတယ် ။ 

          နောက် အခြေအနေ မဆိုးတဲ့ ပေါ့စတစ်တွေကို အိမ်မှာပဲ ကုသစေတာ အဲဒါတွေကြောင့်လား ၊ CDM ဆရာဝန်တွေ ကြောင့်လား ဆိုတာတော့ ကျနော်မသိပါဘူး ။ 

      ကိုယ်ခံအားကောင်းသူဆိုရင် တပတ်လောက်ကြာရင် ပြန်ကောင်းသွားတယ်လို့လဲ ပြောဆိုရေးသားနေကြတာ တွေ့ရပါတယ် ။ 

.....ယခု ဖြစ်နေတဲ့ပုံကြည့်ရတာက ဆေးရုံတွေမှာ အသဲအသန်လူနာတွေကို ပဲ လက်ခံမယ့် အနေအထားတွေ့ရပါတယ် ။ ဒါတောင် စနစ်တကျ စည်းမျည်းနဲ့ ကိုက်ညီတဲ့ လူနာပဲ လက်ခံနိုင်တဲ့ အခြေအနေလို့ သုံးသပ်မိပါတယ် ။ 
(ဆရာဝန် အခက်အခဲ ၊ ဆေးအကူပစ္စည်း အခက်အခဲ)

        NLD တွေဟာ နစက ကို အမည်ဖျက်ဖို့ အတွက် ပြည်သူ့အသက်တွေကို စတေးဖို့ လုပ်နေကြတာလည်း တွေ့နေရသလို covid အရေးမှာ နှေးကွေးတဲ့ နစက ရဲ့ တုန့်ပြန်မှုကလည်း သူတို့ စောက်သုံးမကျတာရော ၊ ကျန်းမာဝန်ကြီးဌာနက လောက်ကောင်တွေကြောင့်ရော ဆိုတော့ မြန်မာပြည်သူတွေ အကုသိုလ် ဝင်ရတော့တာပါ ပဲ ။ 

      ကျနော် အနှစ်ချုပ်ရမယ်ဆိုရင်   

၁ ။ NLD တွေဟာ Covid ရောဂါကို ယုတ်မာစွာနဲ့ ပြည်သူ့ထံ ကူးစက်ရန် တမင်လုပ်ဆောင်နေခြင်း

၂ ။ မရှိမဖြစ် လိုအပ်သော Oxygen ပြတ်လပ်သွားအောင် တမင် ယုတ်မာနေကြခြင်း

၃ ။ Oxygen အလှူရှင် ပို့စ် တွေကိုတောင် fb မှာ တင်မရအောင် ပြုမူနေတဲ့ လူယုတ်မာ အစုအဖွဲ့ကြီးအား နစက ရဲ့ ကကကွန် ဆိုတဲ့ ရုရှားပြန်များ ထောက်လှမ်းခြင်း နှိမ်နင်းနိုင်ခြင်း မရှိအောင် ညံ့ဖျင်းစုတ်ပြတ် နေတဲ့ အရည်အချင်း ။ 

၄ ။ covid အတွက် နစက မှ သိသာထိရောက် မြန်ဆန်တဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်မပေးခြင်း 
(လုပ်နေတာလည်း ထင်ရှားလူသိများအောင် မလုပ်နိုင်တဲ့ လူညံ့တွေ ပြန်ကြားရေး တာဝန်ထမ်းဆောင်နေခြင်း)

၅ ။ ပြည်သူများ အားကိုးရာမဲ့ ဖြစ်နေပြီး မိမိကို မိမိ ဂရုစိုက်၍ ဘုရားကု ကုရုံကလွဲပြီး 

      ယုတ်မာသော NLD နဲ့  ပျော့ညံ့ နုံချာသော အစိုးရ ကျန်းမာရေး ဝန်ကြီးဌာန ကြားထဲမှာ မသေအောင် ဆုတောင်းနေကြရုံပါပဲ ။ 

        သိထားကြရမှာက covid ဖြစ်တိုင်း မသေပါဘူး ။ သေဆုံးတဲ့ ရာခိုင်နှုံးဟာ ပေါ့စတစ် လူ ၂၀၀ မှ တစ်ဦးလောက်သာ ရှိပါတယ် ။ 

     ဘယ်လိုလူတွေ သေရသလဲဆိုရင် ကိုယ်ခံအားနည်းပြီး ရောဂါ အခံရှိသူများ နဲ့ ကိုယ်ခံအားကောင်းပေမယ့် စိတ်ဓာတ် ပျော့ညံ့ အကြောက်ကြီးသူများ သေကြပါတယ် ။ 

       ကမ္ဘာ့ကပ်ရောဂါကြီး ကိုတောင် အာဏာရမ္မက်အတွက် အသုံးချရဲတဲ့ အာဏာရူး NLD လူယုတ်မာတွေ နဲ့ အူကြောင်ကြောင် အစီအမံတွေ နဲ့ နစက ကြားထဲမှာ ကျနော်တို့ရဲ့ ရှင်သန်နိုင်စွမ်းကို ပြသဖို့ ကြိုးစားကြပါစို့ ဗျာ ။

       မျိုးဝင်း

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...