Sunday, September 5, 2021

လာပြန်ပြီ ရွှေပြည်သာလူယုတ်မာ


1962နှစ် စစ်တပ်အာဏာသိမ်းရခြင်း၏အကြောင်းရင်းသမိုင်းမှန်
      
- တောင်တန်းဒေများ၏တိုးတက်ရေးကိုဖဆပလအစိုးရကပြည်မလောက်လုပ်မပေးနိုင်ခဲ့သည်မှာအမှန်ပင်ဖြစ်သည် ။

(တိုင်းပြည်က ပြည်တွင်းစစ်နဲ့ ဝလချီးလည်နေတဲ့ ကာလလေ ပြည်မလည်း ဒီအတိုင်း တောင်တန်းဒေသတွေလည်း ဒီအတိုင်းပဲ လဒူကြီး ရ) 

- ဂျပန်မှစစ်လျော်ကြေးငွေနှင့်ကား ပစ္စည်းစသည်များတနင့်တပိုးရသော်လည်း တောင်တန်းဝန်
ကြီးများအတွက်ဂျစ်ကားလေး
တစ်စီးစီသာထောက်ပံ့သည် ။

(ကြားဖူးနားဝ နဲ့ အရူးချီးပန်း ပြောပြန်ပြီ စစ်လျှော်ကြေး အနည်းငယ်ပဲ ယူပြီး ဆင်းရဲနေသေးတဲ့ ဂျပန်ကို အကြွေးလျှော်ပေးခဲ့လို့ ဂယက်ထခဲ့သေးတယ် ငစနူရေ  ကိုရွှေဂျပန်တွေက အဲဒီကျေးဇူးကြောင့် အခုထိ ကူညီနေတာ ဟ)         

- ထိုအချိန်ကတည်းကစစ်တပ်၏ဒုက္ခပေးမှုကိုတိုင်းရင်း
သားများရင်စီးခံနေရပြီဖြစ်သည်။

(နင့်မေလွှား တပ်က ဒုက္ခပေးဖို့ နေနေသာသာ တပြည်လုံး သူပုန်ပေါင်းစုံ နဲ့ ရန်ကုန်အစိုးရလို့ လှောင်ပြောင်ခံရတဲ့ အခြေအနေကနေ ကုန်းရုန်း ပြဲလန်အောင် ကြိုးစားနေရတဲ့ ကာလတွေကွ သမိုင်းမသိပဲ တပ်ကို အပုပ်ချချင်ဇောနဲ့ ပါရာဇိက ငရဲသားကြီး လိမ်ပြောမနေနဲ့ ) 

- တိုင်းရင်းသားဝန်ကြီးများက
စာချုပ်ပါအတိုင်းခွဲထွက်ဖို့ဦးနုကိုပြောလာကြသည်။

(ရှမ်းပြည်နယ် ဥက္ကဋ္ဌ ဝန်ကြီး စပ်ခွန်ချိုက အစည်းအဝေးတွင် ပြည်မကို ပြည်နယ်တစ်နယ်အဖြစ် သတ်မှတ်ပြီး ရှစ်ပြည်ထောင်မူကို တင်ပြခဲ့သည်။ လွှတ်တော် (၂) ရပ် အာဏာတူရေး၊ လူမျိုးစုလွှတ်တော်သို့ ပြည်နယ်များက တူညီသည့် ကိုယ်စားလှယ် အရေအတွက် ပေးရေး၊ ပြည်နယ်များမှ မိမိဆန္ဒအလျောက် လွှဲအပ်သော အာဏာကိုသာ ပြည်ထောင်စု ဗဟိုအစိုးရမှ ရရှိနိုင်ရေး၊ ကျန်အာဏာကို ပြည်နယ်များတွင် ထားရှိရေးတို့ ဖြစ်သည်။

          အဲဒါ တိကျတဲ့ သမိုင်း လူဦးရေ ၆၀ % ကျော်ရှိတဲ့ ဗမာတွေကို ၈ ပုံ ၁ ပုံ ပဲ နယ်မြေရော အာဏာကော ယူဆိုတဲ့ တောင်းဆိုချက် မသေခင် မြင်အောင်ကြည့်သွား)

- ထိုအခါဦး
နုကနှစ်ဖက်လုံးအဆင်ပြေအောင်ညှိနှိင်းပေးသည် ခွဲထွက်ခွင့်ဥပဒေကိုခြေခံဥပဒေမှအပြီးဖြုတ်သိမ်းရန်၊တိုင်းရင်းသားများကိုယ့်ဒေသကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးရန် ဗဟိုအစိုးရနှင့်အတူရာသက်ပန်အတူနေထိုင်သွားရန်တို့ဖြစ်သည် ။

(ခင်ဗျား အမေ့လင် ဦးနု ဘာလုပ်ရမှန်းမသိတော့ပဲ ခွဲမထွက်ဖို့ တွင်တွင်တောင်းပန်ပြီး ဗမာ အမတ် သခင်သိန်းဖေမြင့် တို့ ဝိဓူရသခင် ချစ်မောင်တို့လည်း ခွဲမထွက်ဖို့ အကျယ်တဝင့် ဆွေးနွေး အဆိုတင်သွင်းခဲ့တဲ့ လွှတ်တော်သမိုင်း ခင်ဗျားနဲ့ မတန် လို့ ရေးမပြတော့ဖူး သိချင် ဝယ်ဖတ်ကြည့် မျိုးဝင်းက ခင်ဗျားလို မလိမ်တတ်ဖူး )       

- ပြောရလျင်ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ထောင်ဖို့
သဘောတူလိုက်ခြင်းပင်ဖြစ်သည်။ထိုအတိုင်းသာဖြစ်မြောက်သွားလျင်မြန်မာပြည်သည်တောင်ကိုရီးယားနိင်ငံကဲ့သို့ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်နေလောက်ပေပြီ ။

(တကယ်ကို နိုင်ငံရေး ငပေါကြီးပါပဲ သဘောတူတယ် မတူဘူး မဲပေးဆုံးဖြတ်ဖို့ နောက်တကြိမ် ရက်ပြန်ချိန်းရတာ မှတ်ထားအုံး ၊ ကိုရီးယားနမူနာပြမနေနဲ့ ကိုရီးယားက ဖက်ဒရယ်နဲ့ ချမ်းသာတာ မဟုတ်ဖူး ဟ စစ်တပ်က အာဏာသိမ်းပြီး အုပ်ချုပ်ရေးစနစ် စနစ်တကျ ပြင်ပေးသွားလို့ ချမ်းသာနေတာ ခင်ဗျား ပထွေးကြီး ဦးသန်းရွှေ လုပ်သွားတာ မြင်တယ်မဟုတ်လား NLD မဲခိုးလို့ အခု နောက်ပြန်လည်နေတာ လူလိုးမသားကြီး ရ. သမိုင်းမသိ ပထဝီ နားမလည် နဲ့ စောက်ဆရာကြီး လုပ်နေတယ်)    

- သို့သော်ဦးနေဝင်းက 
ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်သည်ကို နိုင်ငံအစိတ်စိတ် အမွှာမွှာကွဲထွက်မည့်ဘေးကြီးကြောင့်ဟုအကြောင်းပြကာအာဏာသိမ်းယူခဲ့သည်မှာယခုအချိန်တိုင်အောင်ပင်ဖြစ်သည် ။

(သူကယ်ခဲ့လို့ တိုင်းပြည်ကြီး အပျိုစင်အတိုင်း ကျန်နေတာ ဗျာ ၊ နိုင်ငံရေး သမားတွေချည်းသာ လွှတ်ပေးကြည့်ပါလား အခု NLD ငါးနှစ်သာ နမူနာ ကြည့်ထား အဲဒီလို လူယုတ်မာ နိုင်ငံရေးသမားတွေ ရှိနေသရွေ့ တပ်မတော်ကတော့ တိုင်းပြည်အတွက် မရှိမဖြစ် လိုအပ်နေအုံးမှာ ဆိုတာကို တိုင်းပြည်ချစ်သူတွေ ၊ အမျိုးဘာသာ သာသနာ ချစ်သူတွေက နားလည်ပြီးသား ၊ သက်န်း နဲ့ မထိုက်တန်လို့ ထမီပြောင်းခြုံနေရတဲ့ လူပြန်တော်ကြီး သိဖို့ ကောင်းပြီ )

         အဲဒါ မေတ္တာရှင်ရွှေပြည်သာ ဆိုတဲ့ လူပြန်တော် ပါရာဇိက ရဲ့ တပ်မတော်အပေါ် မှိုင်းတိုက်ထားတဲ့ သမိုင်းအကျိုးအပဲ အသိဥာဏ်တွေပါပဲ ။ 

       ဒီလူဟာ အတော် သနားစရာ ကောင်းလှပါတယ် ။ မူလတုန်းက လျှမ်းလျှမ်းတောက် ဓမ္မကထိက ဆိုတော့ လုပ်သမျှ တင့်တယ်ခဲ့ပြီး လူသူပရိတ်သပ် အခြွေအရံ အပြည့်အစုံနဲ့ နေခဲ့ရတဲ့ ဘဝကို စွဲလမ်းတပ်မက်နေဟန်ပါပဲ ။ 

       ရဟန်းဝိနည်းတော်နဲ့ မလျှော်ညီလို့ လူထွက်မိန်းမယူပြီး မတော်တရော်ပြောခဲ့တဲ့ အတွက် ဗုဒ္ဓဘာသာ နားလည်သူ ရဟန်း ရှင်လူတွေက လက်မခံကြတော့ပါဘူး ။ 

       သူလည်း ကိုယ့်ကိိုကိုယ် ထင်တလုံး နဲ့ မောက်မာစွာ ရိုင်းစိုင်းစွာ အထက်စီးဆန်စွာ မိန်းမဖြစ်သူအပေါ် ပြုမူဆက်ဆံတော့ လင်မယားခြင်းကွဲပြီး လူဝတ်ကြောင်ကနေ သက်န်းပြန်စီးမယ်တဲ့ ။ 

      ကွဲနေတဲ့ မိန်းမက တခွန်းပဲ ပြောလိုက်တယ် ၊ ကိုယ့်ကိုကိုယ် ပါရာဇိက မကျဖူးလို့ ယုံကြည်ရင် ပြန်ဝတ်ပေါ့ ဆိုတဲ့ စကားအရ ပရိတ်တရားသံကြားရတဲ့ နာနာဘာဝလို တွန့်ဆုတ်သွားပြီး လမ်းဘေးစာအုပ်ရောင်းစားနေလေရဲ့ ။ 

       အဲဒါ သူ့ရဲ့ ကိုယ်ကျင့်တရား မှတ်ကျောက်ပါပဲ ။ သက်န်းဝတ်နဲ့ ကမြင်းကျောထခဲ့တာ သေချာလို့ သူမငြင်းရဲတာပါ ပဲ ။ 

      ထားတော့ အရင်တခါ သူ့အကြောင်းရေးတုန်းက မပြောပဲ အခုမှ ဒါတွေ ဘာကြောင့် ပြောရသလဲ ဆိုရင် လူအထင်ကြီးမလား ဆိုပြီး တပ်မတော်ကို မဟုတ်မဟပ် သမိုင်းလိမ်တွေ နဲ့ အပုပ်ချနေလို့ပါ ။ 

       ဒီလို လူယုတ်မာတွေသာ တပ်မတော်ကို အပုပ်ချနေတာ တို့ပြည်သူ အစစ်တွေက တပ်မတော်ကို ထိရင် မခံဘူး ဆိုတာ သိဖို့ ရေးနေတာပါ ။ 

      လူပြန်တော် ပါရာဇိကကြီး သိဖို့က ခင်ဗျားဘာသာ လူကြည်ညိုခံချင်တဲ့ ရောဂါထနေပြီး နောက်ဖေးပေါက်ကနေ စင်ပေါ်တက်ဖို့ ကြိုးစားရင်လည်း ရိုးရိုးသားသား ကြိုးစားပါ ။ တိုင်းပြည်အတွက် မရှိမဖြစ် တပ်မတော်ကိုတော့ သမိုင်းလိမ်တွေ နဲ့ အပုပ်ချ လက်ခုပ်သံ ချုဖို့ အောက်တန်းကျကျ ကြံစည်မနေပါနဲ့ ။ တပ်မတော်ချစ်သူတွေထဲမှာ သမိုင်းမှန်တွေ ခင်ဗျားထက် သိနားလည်သူတွေ တပုံကြီး ရှိပါသေးတယ် ။ 

       ကိုရွှေမျိုးဝင်း

(မတောက်တခေါက် အသိနဲ့ ကစားနေတဲ့ ကြောင်ကို အချိန်မရွေး ပေါက်သတ်နိုင်တဲ့ အင်အားကြီးမြွေက အပေါ်စီးကကြည့်နေတာ သနားနေသေးလို့ နော် အမြင်ကပ်အောင် မရွ နဲ့ )

အဆိုးဆုံး သင်ခန်းစာ မှ==အကောင်းဆုံး လုပ်ဆောင်ချက်သို့



         အိမ်စောင့်အစိုးရကြီး သတိရစေဖို့ တပ်မတော်အတွက် အဆိုးဝါးဆုံး သင်ခန်းစာအချို့ကို ဖော်ပြချင်ပါတယ် ။ 

၁ ။ ၈၈ အရေးအခင်း
--------------------

 -. ........ရန်ကုန် တိုင်း တောင်ဥက္ကလာပ မြို့နယ် မှာမြင်သာစီမံကိန်း ရပ်ကွက်ဆိုတာ ရှိပါတယ်။
စီမံကိန်းရပ်ကွက်ဆိုတာခြေ လက် အင်္ဂါတွေ တိုင်းပြည်အတွက် စွန့်လွှတ်ခဲ့ရလို့ မသန်စွမ်းစစ်သည်တွေ နေထိုင်ရေး အတွက်စီမံကိန်းချပြီး ပေးထားတဲ့ နေရာမို့စီမံကိန်းရပ်ကွက်လို့ ခေါ်ခြင်း ဖြစ်ပါတယ် ။

- ၈၈ အရေးအခင်းကြီး အရှိန်အဟုတ် မြင့်လာပြီး
ကြမ်းတမ်းရက်စက်မှုတွေ အထွဋ်အထိပ် ရောက်လာချိန်မှာစီမံကိန်းရပ်ကွက်ရှိ
မသန်စွမ်းစစ်သည်တွေနဲ့ မိသားစုတွေအတွက်ကံကြမ္မာမုန်တိုင်း တိုက်ခတ်ခံခဲ့ရပါပြီ ။
မသန်စွမ်းစစ်သည် တွေနဲ့မိသားစု ၅၁ ယောက်ကိုစစ်တပ် သူလျို သတင်းပေးတွေ ဆိုတဲ့ စွပ်စွဲချက်နဲ့အကြောင်းမဲ့ လည်လှီး ခေါင်းဖြတ် မီးရှို့သတ်ခဲ့ကြပါတယ် ။

-. .....သတ်တဲ့နေရာမှာ
မိမိရဲ့ မိဘ ဇနီး သား သမီးငယ်တွေပါ မကျန်ရက်ရက်စက်စက် ခေါင်းဖြတ်သတ်နေတာကို မြင်နေရတဲ့မသန်စွမ်း စစ်သည်တွေ ရဲ့ ခံစားချက်ကို စာနာကြည့်ကြပါ ။

- မကွေးသားစစ်သည် ကယား(၁) မှခြေတဖက်စီ စွန့်ခဲ့ရရှာသော တပ်သား တင်ထွန်း နဲ့ မိဘ နှစ်ပါး ၊တပ်သား ဝင်းအောင် နဲ့
သူရဲ့ဇနီးရယ် လူမမယ် သားလေး နဲ့ သမီးလေး တယောက်စီရယ်
တို့လည်း ၈၈ လူယုတ်မာတွေရဲ့ ခေါင်းဖြတ်ခြင်းကို ခံခဲ့ရပါတယ် ။

-. .... ဒီသတင်းကို ကြားလိုက်ရတဲ့
တပ်မတော် ထိပ်ပိုင်းက ဗိုလ်ချုပ်ကြီးများဟာ သတင်း မပေါက်ကြားဖို့ဆုံးဖြတ်ကြပြီး ဖုံးဖိထားလိုက်ကြပါတယ် ။

- ....ဘာကြောင့်လည်း ဆိုရင်
အောက်ခြေ တပ်တွေ သိသွားရင်
မခံချင်စိတ်နဲ့ လူထုကို ကြမ်းကြမ်းတမ်းတမ်းအင်အားသုံး ဖြိုခွဲမိရင် သွေးချောင်းစီးသွားရမှာ တွက်ဆမိလို့ပါပဲ ။ဒီသတင်းကို တပ်မတော် ကအာဏာသိမ်းပြီးချိန်အထိ ဖုံးဖိထားပြီးအတော်ကြာမှ တပ်ရင်း တပ်ဖွဲ့တွေ သတင်းမှန် သိကြရပါတယ် ။

- ......ကြားလိုက်ရတဲ့ သတင်းကြောင့်တပ်မတော်တခုလုံး အုံးအုံးကျွက်ကျွက် ဖြစ်သွားရပြီး
သေနတ်တွေကို ရိုက်ချိုးပစ်ကြတဲ့အထိခံပြင်းနားကျည်း သွားကြပါတယ် ။

- ...သပိတ်သွပ်တဲ့ နေ့မှာ
ငိုကြွေးနေတဲ့ ရဲမေတွေကို
မဖျောင့်ဖျနိုင်ပဲ အံကျိတ်မျက်ရည်ကျနေရတဲ့
ရဲဘော်တွေရဲ့ နားကျည်းခံပြင်းစိတ်ဒီဂရီကို မှန်းသာကြည့်ကြပါတော့ ။

          အဲဒါတွေကြောင့်
တပ်မတော် အကြီးအကဲတွေဟာ
လူမဆန်စွာ ခေါင်းဖြတ် မီးရှို့အသတ်ခံရတဲ့မသန်စွမ်း စစ်သည်တွေနဲ့ မိသားစုများကို
ကုသိုလ်ပြုပေးတဲ့ အနေနဲ့
စစ်သည်မိသားစုတွေ အသတ်ခံရတဲ့နေရာမှာပဲ စေတီကြီးတဆူကို ပြုပြင် တည်ထားကိုးကွယ် စေခဲ့ပါတယ် ။

-.... ၈၈ ကာလကို မှီခဲ့သော်လည်း မသိသေးသူများ နဲ့ ၈၈ ကို မမှီတဲ့ တူ / တူမ လေးတွေကိုဒီလိုအကြောင်းမှန်တွေ သိစေချင်ပါတယ် ။
 
-. .......၈၈ ရဲ့ အဓိက လက်သည်
တရားခံတွေကို ဖမ်းမိတော့
ထောက်လှမ်းရေးကဘယ်လို နှိပ်စက်တယ် ဘယ်လို ညှင်းပန်းတယ် နဲ့ ၃၂ နှစ်လုံးလုံး မျက်ရည်ချူစားနေတဲ့  စကားတွေ နဲ့
အခု ဖြစ်ရပ်မှန် ရက်စက်မှု နဲ့ ယှဉ်ကြည့်ကြပါအုံး ။

-. ...အာဏာသိမ်းခဲ့ကြတဲ့  ဗိုလ်ချုပ်ကြီးတွေသာဒီသတင်းကို မထိမ်ချန်ပဲအောက်ခြေ တပ်တွေကို အသိပေးပြီး မှအာဏာသိမ်းကြည့်ပါလား ?
သေချာပေါက် တနိုင်ငံလုံး သွေးချောင်းစီးရမှာမြေကြီး လက်ခတ် မလွဲပါပဲ ။

- ....မသိမှီလိုက်သော ကလေးတွေကို ပြောချင်တာ တပ်မတော်ရဲ့ သဘောထား အမှန်ကိုလည်း လေ့လာပါနှိုင်းယှဉ်ကြပါ လို့ အကြံပြုချင်ပါတယ် ။

၂ ။ ၂၀၂၁ အရေးအခင်း
 -----------------------

          သမန်အရပ်သား တပ်မတော်ထောက်ခံသူတွေကိုပင် ရက်စက်စွာ သတ်ဖြတ်ခြင်း ၊ ကြံ့ခိုင်ရေး ပါတီဝင်များအား သတ်ဖြတ်ခြင်း ၊ နစက ခန့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများအား သတ်ဖြတ်ခြင်း နဲ့ အတူ စစ်မှုထမ်းဟောင်းများနဲ့ တပ်နတော်ရှိ ရဲဘော်နှင့် အရာရှိအရာခံ တို့၏ မိဘ ဆွေမျိုးများပါ သတ်ဖြတ် ရန်ရှာခြင်း ခံကြရပါတယ် ။ 

        ကျနော်သိရသလောက် စစ်မှုထမ်းဟောင်းများ နဲ့ စစ်သားမိဘဆွေမျိုးများဟာ နယ်မြို့ အသီးသီး မှာ အကွဲကွဲ အပြားပြား နဲ့  စော်ကားသမျှ ခံကြရပါတယ် ။ နေရပ်ကို စွန့်ခွာ ရှောင်တိမ်းပြီး ခက်ခဲစွာ ရပ်တည်နေကြရပါတယ် ။ 

        ယခု ဖြစ်စဥ် နှစ်ခု အရ (၁၉၈၈ နဲ့ ၂၀၂၁) စစ်မှုထမ်းဟောင်းများ နဲ့  စစ်သားမိသားစုများ အတွက် နိုင်ငံတော်မှ တစုံတရာ စီစဥ်ပေးသင့်ပါပြီ ။ 

      အကောင်းဆုံးကတော့ စစ်မှုထမ်းဟောင်း မြို့တော်များ တည်ဆောက်ပေးခြင်းဖြင့် ဘဝတူ စိတ်တူ ကိုယ်တူ ရဲဘော်ဟောင်းကြီးများ နီးကပ်စွာ နေထိုင်ခွင့် ရရှိကြပြီး အထက်ပါ ပြဿနာများ ပေါ်ပေါက်လာပါလျှင်လည်း စုပေါင်း အင်အားဖြင့် မိမိဘာသာ ကာကွယ် နိုင်ကြပါလိမ့်မည် ။ 

        ကျဆုံး ရဲဘော်များ၏ ကျန်ရစ်သူ မိသားစုအတွက်ပါ နေရာချထားပေးသင့်ပါတယ် ။ တပ်မတော်အတွက် လင်ရော မယားပါ ပေးဆပ်ခဲ့ရတဲ့ အတခက် ဤမျှ ချီးမြှောက်မှုသည် ဘဝပေါင်းများစွာ အတွက် အလွန် ကြီးမားသော အထောက်အပံ့ဖြစ်စေပါလိမ့်မယ် ။

        မြန်မာပြည်မှာ မြေအလွန်ပေါနေပါသေးတယ် ။ ခေတ်အဆက်ဆက် မြေဦးပြီး လုပ်ကွက်မပြနိုင်တဲ့ မြေယာများအား နိုင်ငံပိုင်အဖြစ် ပြန်သိမ်းပြီး စစ်မှုထမ်းဟောင်း မြို့သစ်များ တည်ဆောက်ပေးလျှင်ပင် မြို့ များစွာ ရနိုင်ပါတယ် ။ ဥပဒေအရ စီမံကိန်း မလုပ်နိုင်သော မြေများအား ပြန်လည်သိမ်းယူခွင့် ရှိပါတယ် ။ 

      သစ်တောကြိုးဝိုင်း မပါဝင်ပဲ ကြိုးပြင်ကာကွယ်တောများဟာလည်း ဘာပင်မှ မရှိပဲ စိုက်ပျိုးခွင့် မပြုတဲ့ အချီးနှီး မြေလွတ်များ ဖြစ်ပါတယ် ။ နေရာအတွက် ပူစရာ မလိုတာကို တွေးပေးတာပါ ။

      အစိုးရအနေ နဲ့ လုပ်ပေးချင်စိတ်သာ လိုအပ်ပါတယ် ။ မြို့သစ်ဖော်ရာမှာ လျှပ်စစ် ရေ လမ်းပန်းဆက်သွယ်ရေး ပဲ လိုအပ်ပါတယ် ။ ယနေ့လို ပေါများလှတဲ့ ယန္တယားများ နဲ့ တည်ဆောက်လျှင် မြို့ပြတခုဟာ လပိုင်းနဲ့ အကောင််ထည်ပေါ်နိုင်ပါတယ် ။ 

       ဖြစ်နိုင်ရင် စက်ရုံ အလုပ်ရုံတွေကိုပါ မြေအလကားပေးပြီး ပူးတွဲ တည်ထောင်နိုင်ပါက စစ်မှုထမ်းဟောင်း မိသားစုများ အတွက်ပါ အကျိုးများဖွယ် ရှိပါမယ် ။ WIN - WIN ပေါ်လစီ အတွက် အစိုးရ အနေနဲ့ လောဘ အနည်းငယ် လျှော်ပေးရုံနဲ့ ဖြစ်နိုင်ပါတယ် ။ 

       သုတပါး ရပ်ရွာတွေမှာ သား သမီး မျက်နှာ ကြည့်နေရရှာတဲ့ စစ်သားအိုကြီးတွေ အတွက် လည်းကောင်း ၊ လင်သားကျဆုံး သွားပြီး နေစရာ မရှိ အလုပ်မရှိ ကြုံရာကျပန်း လုပ်စားနေရရှာသော ကျဆုံးစစ်သားများ၏ ဇနီးမယားများ နဲ့ မိသားစု အတွက်လည်းကောင်း ယင်းကဲ့သို့ မြို့များ လိုအပ်နေပါပြီ ။ 

       နိုင်ငံရေးသမားများ လက်ဝယ်သို့ အာဏာသုံးရပ် ရသွားလျှင် ယခုလို ကိစ္စမျိုးအတွက် ဘက်ဂျက်ကျခံဖို့ မဖြစ်နိုင်ပါဘူး ၊ နေ့တွက်စရိတ်တောင် ရက်စက်ယုတ်မာစွာ ဖြတ်တောက်ခဲ့တာ အားလုံး သိကြမှာပါ ။ 

      တပ်မတော်သားဟောင်းများအတွက် တပ်မတော်လက်ဝယ် တင်းပြည့်ကျပ်ပြည့် အာဏာရရှိဆဲ ကာလတွင် အမြန်ဆုံး အကောင်အထည် ဖော်ပေးခဲ့လျှင် တပ်မတော် ချစ်သူပြည်သူများ နဲ့ တပ်မတော်ပင်စင်စားကြီးများရဲ့ ကျေးဇူးတင် လေးစားမှုအား ရာနှုံးပြည့် ရနိုင်ပါလိမ့်မယ် ။ 

      တိုင်းပြည်၏ ကာကွယ်ရေး ကဏ္ဍ၌ တာဝန်ကျေခဲ့သော စစ်သားဟောင်းကြီးများရဲ့ နေဝင်ချိန် သာယာလှပရေး အတွက် လက်ရှိ တပ်မတော်ရဲ့ ဆုံးဖြတ်လုပ်ပိုင်ခွင့်က အဓိက ကျနေပါပြီ ။ မိုးရွာတုန်း ရေခံသင့်ပါကြောင်း မေတ္တာရပ်ခံပါတယ် ခင်ဗျား ။ 

     ကိုရွှေမျိုးဝင်း

(မျိုးနွယ်တူပြီး မေတ္တာရှိရင် တိရိစ္ဆာန်တောင် တတ်စွမ်းသရွှေ့ ကြင်နာပြတတ်ပါတယ်)

အကုသိုလ်တို့ရဲ့ သဘောထား



.....messenger ကနေ ဦးမျိုးရေ ဖြူစင်တဲ့ လူငယ်တွေကြားထဲမှာ ငြင်းစရာ ဖြစ်နေတဲ့ ဒီ ပို့စ် လေးကို ပြန်ရှင်းပေးစေချင်ပါတယ် ဆိုပြီး လင့် ချပေးလို့ ရေးလိုက်ပါတယ် ။

.....အကုသိုလ် အသိုင်းအဝိုင်းရဲ့ စိတ်ထားယုတ်ညံ့ပုံ နဲ့ မနာလို ဝန်တိုစိတ်တွေ နဲ့ ပူလောင်နေရပြီး လောက ငရဲသား ဘဝကနေ ငိုကြွေး ဆဲဆိုနေပုံကို လေ့လာရင်း ဖြေရှင်းကြပါစို့............
××××××××××××××××××

- ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ်ပဲ ဆိုတဲ့စကားကို ကျွန်​​​တော်က​တော့ကန့်ကွက်ချင်လာတယ်။

(မင်း တို့တိုက်နေတာ ဒီမိုကရေစီ အတွက်ဆိုပြီး ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုယ်ပဲ ဆိုတဲ့ အခြေခံအချက်ကိုမှ ကန့်ကွက်တဲ့ စိတ်ထားကိုက မကောင်းမှုရဲ့ နိဒါန်းကစနေပြီ G L အစစ်ရေ) 

- ဟို​နေ့က သူငယ်ချင်းတစ်ချို့ ​ကော်ဖီဆိုင်ထိုင်တဲ့ပုံ hot pot စားတဲ့ပုံ​တွေတက်လာတယ်။
မနာလိုတာလားလို့​မေးရင် ဟုတ်ကဲ့မနာလိုတာပါ။

(သြော် အေး အေး သူ့ငွေ နဲ့ သူ စားကြသောက်ကြတာကို မနာလိုဘူး ဆိုတော့ စိတ်ထားက လေးစားဖို့ ကောင်းသကွာ)  

- အဲ့ဒီhot pot စား​​ ​ကော်ဖီဆိုင်မယ့်ပိုက်ဆံ တစ်​သောင်းခွဲနှစ်​သောင်း ကျွန်တော့်ကိုလာလှူပါလား။ တစ်​ထောင်ဆို ရဲ​ဘော်တစ်​ယောက် တစ်ရက်စားလို့ရပါတယ်။

(ဟမ် လာလာချေသေးကွာ ကိုယ်သုံးဖို့ ကိုယ်ဘာသာ ရှာဖွေ စားသောက်နေကြတာကို မစားမသောက်ပဲ မင်းတို့ကို လှူရမယ် ဟုတ်စ ဘာလဲ မင်းတို့က နိဗ္ဗာန်ကို နေ့ခြင်းပြန် ပို့နိုင်အောင် ကြိုးစားနေတဲ့ သူတွေမို့လား ဟ)

- မြို့ထဲက ရဲ​ဘော်ဆီ သုံး​သောင်းလွှဲ​ပေးပြီး လဝက်မှငါထပ်​ပေးနိုင်ရင်​ပေးနိုင်မှာ​​နော်။ဒီကြားထဲ​ပေးစရာမရှိဘူး လို့ ​ပြောရတဲ့ feeling ခံစားဖူးလားလို့ chill​ကောင်းတုန်း လူ​တွေကို​မေးချင်တယ်။

(အေး အဲလို ပေါက်ပန်းသေး အလုပ် မလုပ်ဖူးသလို ပြည်သူကို သတ်ဖို့ ကြိုးစားနေတဲ့ GL တွေနဲ့လည်း မပတ်သက်ခဲ့မိလို့ အခုထိ စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေနိုင်တာတဲ့ feeling ကိုပဲ နှစ်သက်တယ်လေ) 

- ကိုယ့်​ရွေးချယ်မှုနဲ့ကိုယ်လို့​​တော့လာမ​ပြောပါနဲ့။
ဘယ်​ကောင်မှ​ပျော်လို့​ရွေးခဲ့ကြတဲ့လမ်းမဟုတ်ဘူး။

(အေး မင်းပြောသလို ပြောရရင် မင်းတို့က ပျော်လို့ ရွေးတာ မဟုတ်ဖူး ဆေးချဖို့ ၊ လူသတ်ဖို့ ၊ ဗုံးခွဲဖို့ ၊ ကိုဗစ်လူနာအတွက်တောင် မချန် အောက်ဆီဂျင် ဖျက်ဆီးဖို့ ဘုန်းကြီးသတ်ဖို့ ကလေးသတ်ဖို့ ရွေးချယ်ခဲ့ကြတာ မဟုတ်ဖူး လား) 

- ခင်ဗျားတို့က မြို့​​ပေါ်မှာ ​​ကော်ဖီဆိုင်​လေးထိုင်လိုက် ​hotpot ​လေးစားလိုက် သင်တန်း​လေးတက်လိုက်။ Diploma ​လေးယူလိုက် certificate ​လေးယူလိုက်။​ခေတ်​ကောင်းချိန်​ရောက်​တော့ ရာထူး​ကောင်း​ကောင်းနဲ့အလုပ်​လေးဝင်လိုက်။

(အဲဒါ လူပီသတဲ့ အပြုအမူ လူပီသတဲ့ အနာဂါတ် မျှော်လင့်ချက်တွေလေ မင်းက တိရိစ္ဆာန်မို့ ဘယ်သိမလဲ ကွ) 

- ​​တောထဲကမ​သေလို့ မပြတ်လို့ ကိုယ့်ဘဝကိုယ်ပြန်ရပ်တည်ကြမယ့်​ကောင်​တွေနဲ့  မြို့​​ပေါ်က ​ထောင်နှုတ်ခမ်းနင်းပြီး စွန့်စားခဲ့ကြရတဲ့ကျွန်​​​တော်တို့က ​ခေတ်​ကောင်းချိန်ကြ ခင်ဗျားတို့လက်​​အောက်မှာအလုပ်ဝင်ရဦးမယ်။
တရားလား မတရားလား​​တော့ လူဆိုစဥ်းစားတတ်မှာပါ။

(ဟေ..မင်းတို့ကို တောထဲသွား သေကြ ပြတ်ကြ မြို့ပေါ်မှာ ထောင်ကျခံစွန့်စားကြလို့ မြှောက်ပေးခဲ့တဲ့ ဇော်ဝေစိုး မင်းကိုနိုင် ပန်ဆယ်လို မျိုးရန်နောင်သိန်း တို့ကို သွားပြောလေ ငါတို့ နဲ့ ဘာဆိုင်လဲ ခေတ်ကောင်းချိန်မှာ အေးချမ်းစွာ ပညာသင်ခဲ့တဲ့ ငါတို့ လက်အောက်မှာ လုပ်ခွင့်ရရင် ကံကောင်း မင်းတို့မှာ အသိဥာဏ်မှ မရှိတာ ပဲ ။ တရားလား မတရားသလားတော့ မသိဖူး ပညာမဲ့ လူမိုက်ဆိုတာ လူ့အောက်ကျမှာပဲလို့ လောက သဘာဝတရားကိုက ဆုံးဖြတ်ထားတာ ငတုံးရ) 

- Personal developmemt မလုပ်ရ​​တော့ဘူးလားဆိုလုပ်ပါ။
ဒါ​ပေမယ့် စိတ်အပန်း​ဖြေတာအ​ကြောင်းပြပြီး​ကော်ဖီဆိုင်ထိုင်တာ hotpot ဆိုင်ထိုင်တာ bar သွားတာ​လေလုပ်မယ်ဆို ငါတို့နဲ့ရွယ်တူ​တွေ ဒုက္ခခံ​နေရတယ် ဆိုတဲ့အသိ​လေးနဲ့ ​​​တောထဲက​​ကောင်​တွေအတွက်​ထောက်ပံ့​ပေးပါ။

(မင်းဟာက ပြောရင်း ပြောရင်း နဲ့ သူတောင်းစား အလုပ်ပဲ တွင်တွင် လုပ်ပြနေတော့ မင်းတို့ တော်လှန်ရေးက ဘာလဲ ကွ ငါတို့ဘာသာ မစို့မပို့ ရံဖန်ရံခါ သောင်းဂဏန်းဖိုးလေး သုံးစွဲနေတာကို ပိတ်ပင်ပြီး အေးဒမြတိုက်နေတယ် ၊ တပ်ပြေးတွေကျတော့ တယောက် သိန်း ၅၀ ပေးမယ်တဲ့ ၊ အဲဒီ ကြေငြာထားတဲ့ မင်းအမေလင် NUG ဆီမှာ သွားတောင်းကြပါလား ခွေးသူတောင်းစား ရ) 

- ​နောက်ဆုံးထိုင်ချင်သပ ဆိုရင်​တောင် ယားပြီးပုံ​တွေတင်ပြီး​ပျော်မပြပါနဲ့။

(ကိုယ့်ဘာသာ အပျော်ကူးအောင် ရပ်ဝေးက သူငယ်ချင်းတွေ သတိရအောင် ဝမ်းသာအောင် တင်ကြတာလေ မင်းတို့လို တောထဲ အငတ်ခံ လူသတ်ဖို့ လေ့ကျင့်နေတဲ့ လူယုတ်မာတွေ အတွက် တင်တာမှ မဟုတ်တာ မမြင်ချင် ကျော်သွားပေါ့) 

- နင်တစ်​ယောက်ပဲ​လောင်​နေတယ်လို့မ​ပြောပါနဲ့ ။ 
ကျုပ်တို့ telegram ထဲဝင်လာတဲ့သတင်း​တွေက ခင်ဗျားတို့ fb မှာမြင်​နေရတဲ့ သတင်း​တွေထက် ပိုစိတ်ညစ်စရာ​ကောင်းတယ်ဆိုတာသိထား​ပေးပါ။

(ဘယ်သူမပြု မိမိမှုပါကွာ မင်းတို့ အကုသိုလ်နဲ့ မင်းတို့ပဲလေ ဘုရားစင်ပေါ်က ရှိသမျှပုဂ္ဂိုလ်တွေကို စော်ကားခဲ့တဲ့ အကုသိုလ်တွေက နိဒါန်းပဲ ရှိသေးတယ် အကျိုးပေးအုံးမှာ စိတ်သာချ) 

- တောထဲကပြန်လာတဲ့ရဲ​ဘော်က ငါတို့ကသာပင်ပန်း​နေတာ
တစ်ချို့က ကိုယ်နဲ့မဆိုင်သလိုပဲ  bar သွား club  သွားနဲ့တဲ့
ဒါ​ပေမယ့် မင်းလိပ်ပြာလုံတယ်မလား​မောင်​လေးလို့ ​​​ဖြေသိမ့်ခဲ့ရ​ပေမယ့် ကိုယ်တိုင်လည်းခံပြင်းမိတယ်။

(မင်းတို့ တောခိုကြ ငါတို့ မစားမသောက်နဲ့ ထောက်ပံ့မယ်လို့ ဘယ်သူက တိုက်တွန်းဖူးလို့ လဲ ၊ အခု ကိုယ့်ငွေ နဲ့ ကိုယ် club နဲ့ bar သွားတာ မင်းစောက်ပူ ပါလို့လား ငွေ သိပ်လိုရင် မင်းတို့ နှမတွေ လွှတ်လိုက်လေ ခံပြင်းမနေနဲ့ အလကားရတာ ဘာမှ မရှိဘူး) 

- ​နေဝင်ညမှာ သူများ​ခွေး​မောင်း​နေချိန် အိပ်​နေပြီး
​ရောင်နီလာမှ ဘုရားထမရှိခိုးပြချင်ပါနဲ့။

(ကြံကြီးစည်ရာကွာ မင်းတို့မှာ နေဝင်တာနဲ့ ဝပ်ကျင်းရှာရတာ တမျိုး ၊ လက်နက်မဲ့အရပ်သား သတ်ဖို့ ၊ ဗုံးခွဲဖို့ ၊ မီးရှို့ဖို့ ကြံစည်နေရပြီး ပူလောင်နေတော့ ဘုရားတရား ဘယ်သိမလဲကွ ငါတို့ကတော့ အာရုံလာတဲ့အချိန် နေ့ နေ့ ည ည ဘုရားရှိခိုးတာ ထုံးစံပဲ မင်းတို့လို အချိန်ရှိသရွေ့ ယုတ်မာနေတာမှ မဟုတ်တာပဲ) 

- Gen Z လို့သာ​အော်​နေ​ပေမယ့် ​​​
တော်​​တော်များများက gen lee ​ပေါက်စ​တွေပါ။

(အေးကွ သဘောကျတယ် အဲဒါ ပြောင်းပြန်အချိုးယူလိုက် လူငယ် သန်းပေါင်းများစွာထဲမှာ Gen Z က အများစု ဖြစ်ပြီး မင်းတို့လို ပြည်ပြေးသစ္စာခံ ၊ ပြည်ပကျွန် ၊ သူပုန်ရဲ့ ထမင်းစားကျွန်ခံ Gen lee က လူတစုပဲ ရှိတာ ကွ)  

နိုင်ငံ​ရေးသိဖို့ထက် လူလိုသိဖို့ပိုလိုပါတယ်။

(မင်းတို့မှာ နိုင်ငံရေးလည်း မသိဖူး လူလိုလဲ မသိဘူး ဒါကြောင့် ဒီလိုစာ ရေးနေတာလေ) 

- မနာလိုတာလား​မေးရင် ဟုတ်ကဲ့မနာလိုပါဘူး။
ဘာလို့မနာလိုလဲ​မေးရင် ကိုယ့်အိမ်ကိုယ့်ယာမဟုတ်ပဲ မလုံခြုံတဲ့ညတစ်ခုကို ဖြတ်သန်းကြည့်​ပေးပါလား။
ဘာလို့မနာလိုလဲဆိုတာ သိသွားလိမ့်မယ်။

(မင်းဘာသာ ခွေးဖြစ်နေတာ နဲ့ ငါတို့ လူတွေက မင်းနဲ့ ဘဝတူအောင် ပြာပုံဝပ်စရာ လိုမလား ကွ မင်းရွေးချယ်မှုနဲ့ မင်းဘာသာ ခွေးဖြစ်နေတာ လေ) 

Edit- ခင်ဗျားတို့ ဘယ်​လိုစား​နေနိုင်လဲ ဘယ်လို​နေ​​နေနိုင်လဲဆိုတာကို မနာလိုဖြစ်တာမဟုတ်ဘူး။ တိုင်းပြည်ရဲ့ဒုက္ခ​ပေါင်းစုံ ခင်ဗျားတို့နဲ့မဆိုင်သလို​နေ​နေကြတာကို​ဒေါသဖြစ်တာ။ 

(တိုင်းပြည်ရဲ့ ဒုက္ခဆိုတာ မင်းတို့ပေးနေတဲ့ ဒုက္ခတွေပဲ အများဆုံး ဟ အဲဒါကြောင့် မင်းတို့အသက်တိုလေ ဒုက္ခကိစ္စ မြန်မြန်ချုပ်ငြိမ်းလေ မို့ နားလည်ပြီး ကိုယ့်လမ်းကို သာသာယာယာလျှောက်နေကြတာ ကွ) 

- သွားချင်တဲ့အရပ်သွား လိုင်း​ပေါ်တင်​ပျော်မပြသင့်ဘူဆိုတာ​တော့ လူဆိုရင်သိသင့်တယ်မလား။ တစ်​နေရာရာမှာ​တော့ကူ​နေကြမှာပဲဟုတ်လား။ ဘယ်​နေရာမှာမှ သုံးစားလို့ရမ​နေတဲ့​ကောင်​တွေကို​ပြောတာ။အနာရှိရင်စပ်​လေ။ မရှိရင်မစပ်နဲ့​ပေါ့။ 
ဘာ​တွေဖျင်နာ​နေကြတာလဲ ?

(တကမ္ဘာလုံး ပျော်ရွှင်ဖို့ ကြိုးစားနေချိန်မှာ ငါတို့ဘာသာ ပျော်ရွှင်နေတာကို ချပြတော့ မင်းစောက်ပူပါနေလို့လား ၊ တနေရာရာ ကူညီရအောင် မင်းတို့က တိုင်းပြည်ဖျက်နေတဲ့ လူယုတ်မာတွေလေ ၊ သုံးစားမရတာ မင်းတို့ ကွ ငါတို့ ပျော်နေတာကို မနာလိုစိတ် နဲ့ ငါတို့ ချွေးနဲ့ ရှာဖွေထားတဲ့ ငွေကြေးကို အလကားအချောင် လိုချင်နေတဲ့ လူယုတ်မာ Gen lee တွေ မကျေနပ် လေဖြတ်ကြကွာ)

         ကိုရွှေမျိုးဝင်း

(ရှေ့ရှောက် မျက်ရည်နဲ့ မျက်ခွက် အဆက်ပျက်ဖို့ လမ်းမရှိတော့တဲ့ Gen lee သူပုန် PDF အတွက် ဖက်ရှင် လက်ဆောင်...)

စစ်မှုရေးရာ အဖြာဖြာ



        မနက်အစောကြီး ကိုစိုးရောက်လာတော့ လက်ဖက်ရည်ရည်ဆိုင် သွားပြီး စားသောက် စကားစမြီ ပြောကြတာပေါ့......

"ငမျိုးရေ မမေးရတာ ကြာပြီ ဖြစ်တဲ့ စစ်ရေး အခြေအနေ မေးချင်တယ် ကွာ ''

"ကျနော်က လိုင်ဇာကို တကယ်သိမ်းမှ ရေးမယ် စိတ်ကူးနေတာ ဗျ ''

"အေး အဲဒါ နောက်ပြီးမှ သုံးသပ်ပြ လောလောဆယ် KNU ဖက်က ထွက်လာတဲ့ အသံ တွေ ပြောပါအုံး ''

"KNU ဗဟိုလည်း နှစ်ခြမ်း ထပ်ကွဲ ပြန်ပြီ တပ်မတော်ကို ပြန်တိုက်ခြင်တဲ့ ဒေါ်လာမက် အဖွဲ့ နဲ့ ကရင်ပြည်နယ် တိုးတက်ရေး အတွက် တပ်မတော်နဲ့ အဆင်ပြေမှ ဖြစ်မယ်လို့ မှန်မှန်သုံးသပ်တဲ့ အဖွဲ့ ကွဲသွားပြီ ''

"ဒီတော့.....''

"တပ်မတော်ကတော့ ရှင်းတယ်လေ NCA လိုက်နာရင် အေးဆေးဖြစ်ရင် မလိုက်နာရင် တိုက်မယ် ဒါပဲ ရှိတာလေ ''

"သူ့ဖာသာ နေရင်ငြိမ်းချမ်းနေတဲ့ ကရင်ပြည်နယ် PDF မွှေလို့  သေချင်းဆိုးတွေ သေကြရတော့မှာပဲ ကွာ... ဒါ နဲ့ လိုင်းပေါ် Hot နေတဲ့ ကွန်ကြုပိုက် တာလတ်ပစ်ကြီးကရော ဟ ''

"အဲဒါမျိုးကို အရှက်မရှိလော်နေတာ သနားစရာပဲ ဗျ  ဒါမျိုးတွေက ပအို့ဝ် ဒေသမှာ ဘုရားပွဲကျင်းပတိုင်း ပြိုင်ပွဲလုပ်ပေးနေတာ ကြာပေါ့ ဗျာ ပအို့ဝ် ဆယ်နှစ်သားတွေတောင် လုပ်တတ်တာပေါ့ ''

"ဟေ ဟုတ်လား ကွ နည်းပညာက မလွယ်ဖူးပေါ့ ''

"တာလတ်ပစ် ဒုံး ဆိုတာ ပင်နီယံတခုချင်းစီကို အနုစိတ်ပုံပေါ် ခုတ်စားပြီး အင်မတန် တိကျတဲ့ ရူပဗေဒ တွက်ချက်နည်းတွေ နဲ့ တည်ဆောက်ရတာ ဗျ စက်မှုဇုံက တွင်ခုံလောက်နဲ့ လုပ်လို့ ရမယ် ထင်မနေ နဲ့ ''

"အေး ကွ ဘရွှေလက်ထက်က ထွက်ပြေးသွားတဲ့ သစ္စာဖောက် ယူပြီးပြခဲ့တဲ့ အစိတ်အပိုင်း ကြည့်ပြီး ကျွမ်းကြင်သူတွေ ပြောကြတာ နောက်ထပ် ဆယ်နှစ်လောက် ကြာမှ ရမယ့် ပစ္စည်းလို့ ဖတ်ဖူးတယ်လေ အခု ခုနစ်လ နဲ့ PDF တွေ လုပ်နေပြီ ဆိုတော့.....''

"သောက်ပေါတွေ ပြောတာ သောက်ရူးတွေ ဝမ်းသာ​ကြတာပေါ့ ဗျာ ''

"ကဲ လိုင်ဇာ ကိစ္စ လုပ်စမ်းပါအုံး ဒီတခါ တကယ် တိုက်မှာလား ''

"အင်းးးး..ဖြစ်ပေါ်နေတဲ့ အခြေအနေ တချက်ခြင်းကို ပြန်လည် သုံးသပ်ရမယ် ဗျ ''

"အေး ပြောကွာ ဒါမှ အပြီးသတ် ကောက်ချက်က ခိုင်လုံမှာပေါ့''

"ပထမဆုံး တရုတ်ဖက်ကနေ ကိုဗစ်အကြောင်းပြပြီး အုတ်တံတိုင်း အမြန်ကာခဲ့ကြတယ် အလွယ်တကူ ဖြတ်သန်းမရအောင်ပေါ့ ''

"အေး မှတ်မိပြီ နောက်ကော ''

"တရုတ်ဖက်ကို ကျည်ဆံကျလို့ တရုတ် နယ်စပ်လုံခြုံရေးက မြန်မာကို သတိပေးတယ် ၊ မြန်မာကလည်း ပြည်တွင်းသူပုန်ကို တိုက်ခိုက်နေတာ ဖြစ်တယ် ၊ တိုင်းပြည်အတွက် ဘယ်လိုရန်သူ့ကို မဆို ပြန်တိုက်ဖို့ အဆင်သင့်ပဲ ဆိုပြီး နှစ်ပေါင်း ၇၀ ကျော်အတွင်း အပြင်းထန်ဆုံး အမာကျောဆုံး အဆင့် နဲ့ တုန့်ပြန်ခဲ့ကြတယ် ''

"အေး ငါတို့ တောင် ဝမ်းသာခဲ့ကြသေးတယ် ''

"ဟုတ်တယ် မကြာဖူး KIA က စစ်ကောင်စီကို ချေမှုံးမယ် ဘာညာ နဲ့ အာထချောင်တယ် မှတ်မိလား ''

"အေး မှတ်မိတာပေါ့ ဘာလို့ ဖင်ခေါင်း ထကျယ်တာလည်း ကွ''

"တရုတ်က ရာဇသံပို့တာရယ် ၊ နောက်ပြီး မိုးတွင်းကြီးမှာ မြန်မာ့တပ်မတော်က ထိုးစစ်ဆင်လေ့ မရှိတာရယ်ကြောင့် နိုင်ငံရေးအမြတ်ထုတ်ပြီး ဖင်ခေါင်းကျယ်ကြည့်တာပါ ''

"အေး နောက်ထပ်ကော.....''

"တပ်မတော်က KNU တပ်မဟာကို မိုးတွင်းကြီး ဝုန်း ပစ်တယ် ဒီတော့ KIA ဖင်တွန့်သွားပြီး ကိုဗစ်အကြောင်းပြ အပစ်ရပ်ဖို့ အရှက်မရှိ မျက်နှာချိုသွေး ပလီပလာ လုပ်လာပြန်တယ် ''

"အရှက်မရှိ သိက္ခာမရှိဆုံး EAOs KIA ပဲ ကွ တပ်မတော်ကရော နောက်ထပ်အလိမ်ခံအုံးမလား ပူနေကြတာ ပြည်သူအများစုပဲ ''

"ထပ်ပြေပါအုံးမယ် အဲဒီ အချိန်မှာ တရုတ်ကိုယ်စားလှယ် မြန်မာပြည်ရောက်လာတယ် ''

"အေး သူက ခါတိုင်း KIA နဲ့ ပြဿနာဖြစ်ရင် လာနေကျတဲ့ ပုံမှန်ဆိုရင် KIA ကို အရင်ဝင်ပြီးမှ အစိုးရဆီ လာတာ တဲ့ အခု KIA ကို မတွေ့ပဲ အစိုးရဆီ တိုက်ရိုက်လာတာ ထူးခြားချက်လို့ ဝေဖန်နေကြသေးတယ် ''

"မှန်တာပေါ့ KIA ကိုယ်တိုင် မကျေမနပ် နဲ့ မြန်မာချေးကြုံးဖို့ လာတဲ့ တရုတ်ကိုယ်စားလှယ် ဘာညာ နဲ့ ခနဲ့ပြီး ရေးသားကြသေးတယ် ''

"နောက်ထူးသေးလား ''

"ထူးတာပေါ့ ဒုချုပ်ကြီး ရုရှားသွားတယ် ၊ တရုတ်က သူ့နယ်စပ်မှာ စစ်သား တသိန်း ကင်းချပြီး နယ်စပ်ပိတ်ထားတယ် မြန်မာ့တပ်မတော်က KIA ရဲ့ နောက်ဆုံး ကာကင်း နှစ်ခုကို နေ့ ည မရွေး ဗုံးကြဲ တိုက်ပြနေတာ နောက်ဆုံး အခြေအနေပဲ ''

"ဒီတော့......''

"အခြေအနေ အရပ်ရပ် အရ တပ်မတော်ဖက်က လိုင်ဇာကို သိမ်းယူဖို့ အဖက်ဖက်က ပြင်ဆင်ဆုံးဖြတ်ထားပြီလို့ သုံးသပ်မိတယ် ဒီတကြိမ်မှ လိုင်ဇာကို မသိမ်းပြရင်လည်း အရင်တခါလို ဦးသိန်းစိန်ကို လွှဲချ ၊ ဦးဝင်းမြင့်လွှဲချ နဲ့ ခေါင်းရှောင်လို့မရတော့ဘူး ။ မြန်မာ့တပ်မတော်သည် သူပုန်နဲ့ပေါင်းပြီး တိုင်းပြည်ဘဏ္ဍာ ဖြုံးတီးနေတဲ့ အကြံအဖန် တပ်မတော်လို့ သမိုင်းမှတ်တမ်းတင်ကြလိမ့်မယ် ''

"သြော် ဒီလို အချက်တွေကြောင့် လိုင်ဇာကို သေချာပေါက် သိမ်းလိမ့်မယ်လို့ ကောက်ချက်ချတယ်ပေါ့ ''

"တပ်မတော် သမိုင်း မရိုင်းချင်ရင် လိုင်ဇာကို သေချာပေါက် သိမ်းရလိမ့်လို့ ဆိုချင်တာပါပဲ ဗျာ အဓိက အကျဆုံးက တပ်ချုပ်ကြီး ဆန္ဒမို့ စောင့်ကြည့်ရမှာပါ ပဲ ''

"OK ကွာ တပ်ချုပ်ကြီးလည်း သူ့လက်ထက်မှာ တပ်မတော်သမိုင်း မရိုင်းရအောင် ဆုံးဖြတ်မယ်လို့ ယုံကြည်ပါတယ် ကွာ ကဲ စကားလက်စသတ်ပြီး ပြန်ကြစို့ ကွ ''

        ကိုရွှေမျိုးဝင်း

(တခါတရံ သွေးရဲတာတွေက သောက်တလွဲဖြစ်နေတတ်လို့ ကြုံးဝါးလွန်းရင်လည်း ကြောက်ရတယ် ဗျ)

သူများစားလည်း ချိုပါစေ


            တခါတုန်းက တရုတ်ပြည်မှာ သိုင်းဂိုဏ်းကြီးတွေ ကြီးစိုးတဲ့ ကာလတခု ရှိခဲ့ဖူးပါတယ် ။ ဂိုဏ်းတခုက ခေါင်းဆောင်ကြီးက အလွန်တော်တယ် ။ သူ့ရဲ့ သိပ်အသုံးတဲ့သော ပညာကိုလည်း အလွန်စီစစ်ပြီး လူအနည်းငယ်ပဲ သင်ပေးလေ့ ရှိတယ် ။ 

        ကျန်တဲ့ သာမန်ဂိုဏ်းသားတွေကို သာမန် အခြေခံပညာကိုပဲ အချိန်ဆွဲ သင်ပေးထားခဲ့တယ် ။ 

      သူ့ပြိုင်ဖက်ဂိုဏ်းချုပ်ကတော့ သူ့လိုပဲ ထူးချွန်တယ် ၊ ဒါပေမယ့် သူ့ရဲ့ အကောင်းဆုံး တိုက်ခိုက်ရေး နည်းပညာတွေကို လူဟောင်း လူသစ် မရွေးဘူး ၊ သူ့ဂိုဏ်းထဲ ရောက်တာ နဲ့ အကုန်သင်ပေးလေ့ ရှိတယ် ။ 

       တပည့်ချင်း မယှဥ်နဲ့ ရှေ့က ပညာစီစစ်တဲ့ ဂိုဏ်းကလူတွေ အလဲအကွဲပဲ ။ ကာလကြာလာတော့ ပညာမျိုးစေ့ သိပ်မချပေးပဲ လျှို့ဝှက်ထားတဲ့ ဂိုဏ်းဟာ ပြိုကွဲပျက်ဆီးပြီး ပညာမျိုးစေ့ ချပေးတဲ့ ဂိုဏ်းသာ တိုးတက်စည်ပင် သွားပါ သတဲ့ ။ 

        ဒီ ဝတ္တုလေးကို သတိရလိုက်တာက ယနေ့ အိမ်စောင့်အစိုးရ ရဲ့ ကြေငြာချက် တခုကို တွေ့လိုက်လို့ပါပဲ ။ ဘာကြေငြာလည်း ဆိုတော့  BED ဘွဲ့ သင်ကြားနိုင်ဖို့ BED မရသေးတဲ့ ဆရာ ဆရာမ စာရင် ပေးပို့ကြရန် ကြေငြာလိုက်တာပါ ပဲ ။ 

        ဒီကြေငြာနဲ့ ပတ်သက်ပြီး အခြေခံဆရာတွေ အတော် ပျော်နေကြသလောက် BED ဘွဲ့ရပြီးသား ဆရာတွေကတော့ မလိုမုန်းထား ငြူဆူစောင်းမြောင်း ပြောဆိုနေတာကို တွေ့ရတော့ ကျနော် အံ့သြမိလို့ အထက်က ဝတ္တုလေးကို သတိရမိသွားတာပါ ။ 

        BED. ဟူသည်ကား ဆရာလောကမှာ လိုချင်သူတွေ အတွက် ဝင်ခွင့်ရဖို့ ဖြေဆိုရပါတယ် ။ ထူးချွန်တဲ့ ပြည့်စုံသော ဆရာများသာ တက်ရောက်ခွင့် ရအောင် စီမံထားတဲ့ အတွက် ဝါရင့် သမာရင့် ဆရာကြီးတွေကိုပဲ အကြိမ်ကြိမ်ဖြေဆိုခဲ့ကြပေမယ့် တက်ခွင့်မရခဲ့တဲ့ သာဓက တွေ ရှိခဲ့ပါတယ် ။ 

     အမှန်ကတော့ BED ဘွဲ့ဆိုတာ ဆရာ ဆရာမ တိုင်း သင်ထားရမယ့် သင်ကြားရေး နည်းပညာတွေ ဖြစ်ပါတယ် ။ ဒါကိုပဲ အဲဒီပညာဂပ်ကို သင်ကြားခွင့်ရရှိရေး အတွက် ခက်ခဲအောင် လုပ်ထားကြတာ ကမ္ဘာပညာရေး လောကမှာ မြန်မာပဲ ရှိမှာပါ ။ 

        ယခု အိမ်စောင့်အစိုးရက BED သင်ရိုးတွေကို မသင်ကြားရသေးတဲ့ ဆရာ ဆရာမများအား တက္ကသိုလ် ၂၅ ခုမှာ သင်ကြားစေပြီး BED ဘွဲ့ပေးဖို့ ကြေငြာလိုက်ခြင်းအား ဝမ်းသာမိတာ အမှန်ပါပဲ ။ 

       ကိုယ်တွေကသာ ဆရာတွေ အရည်အချင်း တက်လာမယ့် ကိစ္စမို့ ဝမ်းသာနေတာ ဗျာ ဆရာ အုပ်စု ဖြစ်တဲ့  DBE GROPS နဲ့  အခြား BED ဘွဲ့ရပြီး ပညာတတ်ကြီးတွေ တင်နေတဲ့ ပို့စ် အချို့ ဖတ်ကြည့်ပြီးမှ ပညာတတ်ကြီးများရဲ့ အတွင်းစိတ်ကို တွေ့ရပါတော့တယ် ။ 

      ဘဝတူ ဆရာများ  BED ပညာသင်ကြားခွင့် ရကြမည်ဆိုသည်ကို BED ဘွဲ့ရကြမည်ကို မနာစိတ်ကြီးစွာ နဲ့ ကန့်ကွက်နေကြတာ အံ့သြစရာ တွေ့ရပါတယ် ။ အလွန် အကုသိုလ်များသော ကြောက်မက်ဖွယ် စိတ်ထားများပါတကား.......

        ဘဝတူ ဆရာများ မိမိတို့ နည်းတူ တတ်သိပညာများ မြင့်မားလာခြင်း နဲ့ ဘွဲ့ရလာမည်ကိုပင် မနာလိုစိတ် ဖြစ်ပေါ်နေသော အနှီဆရာများသည် ကျနော်တို့၏ သား သမီးများ ကြီးပွားတိုးတက်ရေး သို့တည်းမဟုတ် သူတို့ထက် ပညာရပ်ဆိုင်ရာ ကဏ္ဍများမှာ ပိုမို တတ်ကျွမ်းသွားမှာကိုရော မုဒိတာစိတ် ထားနိုင်ပါ့မလားလို့ တွေးတော မိပြန်ပါတယ် ။  

        ငါတို့ပဲ သိရမယ် ငါတို့ပဲ နေရာယူမယ် ဆိုတဲ့ စိတ်ထားတွေနဲ့ ပညာရေးလောက ကို လက်ဝါးကြီး အုပ်ချင်နေတာ ပေါ်လွင်နေပါတယ် ။ ပညာ ဖြန့်ဝေရန် အလိုမရှိသော တနည်း မနာလိုစိတ် များပြားလှသော မြန်မာ့ပညာရေး လောက၏ ဝန်ထမ်းများဖြင့် ကျနော်တို့ ပညာရေး ဘယ်တော့မှ မတိုးတက်နိုင်ပါဘူး ။ 

       လူတော်သည် လူကောင်း မဟုတ်ခဲ့လျှင် သာမန်လူဆိုးထက် အဆပေါင်းများစွာ လူ့အသိုင်းအဝိုင်းကို ဒုက္ခပေးနိုင်ပါတယ် ။ 

         မနာလိုစိတ် ပြင်းစွာ ဖြစ်ပေါ်နေသော သူများအတွက် ဘုရားဟော တရား တပုဒ်နဲ့ နိဂုံးချုပ်ချင်ပါတယ် ။ 

      မြတ်စွာဘုရားထံ နတ်သားတပါးက လာရောက်မေးမြန်းပါတယ် ။ အရှင်ဘုရား လူတိုင်း လူတိုင်း သည် စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေချင်ကြပါလျှက် လူတိုင်း လူတိုင်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေကြတာ ဘာကြောင့် ပါလဲ တဲ့ ။ 

      ဘုရားက တိုတိုပဲ ပြန်ဖြေပါတယ် ။ မနာလို ဝန်တို စိတ်တွေကြောင့် တဲ့ ။

( အခြားသူတွေကို ကိုယ်လို သိလာမှာ ၊ ကိုယ်လို ချမ်းသာလာမှာ မလိုလားတဲ့စိတ် ၊ ကိုယ်ထက်သိသွားမှာ ကိုယ်ထက်ချမ်းသာသွားမှာ ကိုယ်ထက်သာသွားမှာကို စိုးရိမ်တဲ့ စိတ်တွေကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ကြရသတဲ့)

      ကဲ ကိုယ့်ဆရာ ပညာတတ်ကြီးများ ခင်ဗျား နောက်လူစားရင်လည်း ချိုပါစေ ဆိုတဲ့ စိတ်ကောင်းလေး မွေးကြပါဗျာ ၊ ခင်ဗျားတို့က အနာဂါတ်ခေါင်းဆောင်လောင်းတွေကို သင်ကြားနေရတာပါ ခင်ဗျ ။

       ကိုရွှေမျိုးဝင်း

(ခြေထောက် နဲ့ ဖိနပ် ဘယ်ဟာ ပြင်ရမှန်း မသိသေးတဲ့ မြန်မာ့ ပညာရေး လောကရဲ့ ကိုယ်ကျင့်တရား....)

ယောင် နေလို့



          ကိုစိုးတယောက် ရောက်လာတော့ ခါတိုင်းလို လက်ဖက်ရည်ဆိုင် သွားပြီး လေကန်ကြတာပေါ့ ။ 

"ငမျိုးရေ ပြည်တွင်းမှာ PDF တွေက ပေါက်ကရတွေ လုပ်နေကြသလို ပြည်ပက NUG ကလည်း ပေါက်ကရတွေ ပြောနေကြတာ သတိထားဖို့တော့ လိုနေပြီကွာ ''

"အခုလည်း တတ်နိုင်ငလောက်တော့ နှိမ်နင်းနေတာပါပဲ ဗျာ PDF တွေဆို မိထားတာ မနည်းလှပါဘူး ''

"အေး မင်းကသာ မိနေတယ် NUG ကဖြင့် ကြေငြာနေတာ တပ်မတော်ပြိုကွဲဖို့  ၄ % ပဲ လိုတော့ သတဲ့ကွာ ''

"ဒီကောင်တွေက UN မှာ နေရာယူချင်လိုက် အာဆီယံမှာ နေရာယူချင်လိုက် နဲ့ သွက်ခြာပါဒလိုက်ပြီးဂယောင်ဂတမ်း ပြောနေတာပါ ဗျာ ''

"မင်း သိတဲ့အတိုင်း ထီဖွင့်မယ် ပြောလိုက် ၊ ရေဒီယိုလွှင့်မယ် ပြောလိုက် ၊ အခွန်ကောက်မယ် ပြောလိုက် ၊ ပြည်ပရင်းနှီးမြှပ်နှံမြှပ်သူတွေ အရေးယူမယ် ပြောလိုက်နဲ့ လုပ်နေကြတာကွ ''

"အပေါစားပျက်လုံးတွေပါ ဗျာ အရာမဝင်ပါဘူး သူတို့ကသာ ကိုယ်ကိုကိုယ် ထင်တလုံးနဲ့ ဘဝင်မြင့်နေတာ တကယ်တန်းကျတော့ သူတို့ ပကတိအရှိတရားက သေးသေးလေးပါ အခု ခင်ဗျား မြင်နေရတာ ယောင်ကိုင်းနေတဲ့ အနေအထား ဗျ ''

"ဟမ်...ဘာယောင်ကိုင်း နေတဲ့ အနေအထားလဲ ကွ ''

"ပကတိထက် ပိုကြီးနေတာကို ပြောတာ ဗျ ခင်ဗျားက ပုံပြင် နဲ့ ပြောမှ မှတ်မိတာ ဆိုတော့ ပုံပြင်နဲ့ နှိုင်းပြော​ပြမယ် ''

"အေး လုပ်စမ်းပါအုံး ''

"တခါက ဆေးခန်းတခုဆီကို အမျိုးသားလူနာ တယောက် လာပြတယ် ဗျ ''

"အင်း ဘာရောဂါလည်း ဟ ''

"ရောဂါ မပြခင် လူနာက သူနာပြု ဆရာမကို ကတိတောင်းတယ် သူ့ရောဂါကို မလှောင်ရဖူး တဲ့ ''

"ဟေ ထူးထူးဆန်းဆန်း ဘာရောဂါလည်း ကွ ''

"လာပါ့မယ် .....ဆရာက ကတိပေးတယ် ကျမ မလှောင်ပါဘူး ရောဂါ ပြောပါ လို့ ကတိပေးလိုက်တယ် ''

"အင်း ဘာဆက်ဖြစ်...''

"ဒီတော့ လူနာက သူ့ရောဂါ ဒီမှာပါ ဆိုပြီး သူ့ဖွားဖက်တော်လေး လှန်ပြတယ် ''

"ဟေ ဆရာမ နဲ့ ခက်တော့တာပဲ ဘာရောဂါလည်း ဟ ဖာကျိုးတာလား ''

"ရမ်းတုတ်ပြန်ပြီ နားထောင်အုံး သူ့ ပစ္စည်းလည်း ဆရာမက မြင်ရော အင်မတန် ရီချင်သွားပြီး ကတိပေးထားမိတာ သတိရလို့ မနည်း အောင့်ထားရသတဲ့ တကယ့်ကို လသားကလေး လက်ညှိုးလောက်လေးမို့လေ...  ပြီးမှ မျက်နှာပိုး သပ်ပြီး ရောဂါ မေးတယ် ဘာဖြစ်တာလည်း ပေါ့ ''

"အေး မေးတော့.....''

"ဒီလူက ပြန်ဖြေတော့ ဆရာမလည်း မနေနိုင်ပဲ အော်ရီလိုက်တာ လူနာလည်း စိတ်ဆိုးပြီး ပြန်သွားသတဲ့ ''

"ဘာဖြေလို့ ရီတာလည်း ဟ ''

"သူ့ပစ္စည်းက မတရား ယောင် နေလို့ လေ.....''

"ဗုဒ္ဒေါ  လသားကလေး လက်ညှိုးလောက် နဲ့  မတရား ယောင်နေလို့ ဆိုတော့ သူ့ပင်ကိုယ် အတိုင်းဆို မင်းဟာက တယ်ရီစကုတ် နဲ့ ကြည့်ရမယ့် ကိန်းပဲ ကွ ဆရာမ ရီတာလည်း မပြော နဲ့ ''

" ဘယ့်နှယ့် မင်းဟာကလည်းဗျာလဲ...  လူနာရဲ့ ဟာပါဗျာ....ပြောချင်တာက အခု NUG ပေါက်ကရပြောနေတာတွေ ခင်ဗျား ကြားနေ မြင်နေရတာ မတရား ယောင်နေတဲ့ အနေအထားပါဗျာ တကယ့်ပတိက ဘာမှ မရှိပါဘူး ''

"လခွမ်းတဲ့ မှ မင်းကတော့ ကြံကြံဖန်ဖန် NUG ကို လူစဥ်မမှီတဲ့ လပြွတ် နဲ့ နှိုင်းပြန်ပြီ ကဲ ပြန်အုံးမယ် ကွာ အေး တခုတော့ သတိထားအုံး မင်းကာတွန်းကြောင့် အပျိုကြီးတွေက မင်းကို တွယ်ချင်လို့ ကြိမ်းနေလေ ရဲ့ ငါကတော့ ကြုံရင် မင်းဆီ တည့်တည့် ခေါ်လာပြီး ရှင်းခိုင်းမှာ ဗျာ ငါ့ကို သူကြီးသေနတ်လို့ ပြောထားတာ မကျေနပ်သေးဖူး ''

"လာပါဗျာ စမ်းချင်စမ်း မောင်ဘဂျမ်း ပါ 😁😁😁''

        ကိုရွှေမျိုးဝင်း 

(NUG နဲ့  PDF တို့ရဲ့ အကြံအဖန် အကွက်တွေဟာ အလိမ်ဇယားချည်းမို့ ဒီလို ဖြစ်နေတာပါ)

သတင်းပေး နဲ့ ကျနော့်ညစ်ကွက်



          1990 မှာ ဆယ်တန်းအောင်တော့ စာအုပ်အငှားဆိုင်လေး ဖွင့်ခဲ့တယ် ။ ထောက်လှမ်းရေးခေတ်မှာ ထောက်လှမ်းရေး ရဲဘော်တွေ နဲ့ ရင်းနှီးခဲ့ရတာ ဆရာကြီးဦးအောင်သင်းရဲ့ စာအုပ်ကို ရှိသမျှ လိုက်ဝယ်ပေးရင်း ပေါ့ ။ 

         အဲဒီနောက် ကျောင်းပြီးတော့ တည်းခိုခန်းက မန်နေဂျာသူငယ်ချင်းဆီ သွားလည်ရင်း ပိုင်ရှင်နဲ့လည်းရင်းနှီးလာပါတယ် ၊ သူငယ်ချင်းက အလုပ်ပြောင်းသွားတော့ မန်နေဂျာမရှိသေးလို့ ခဏ လုပ်ပေးပါအုံး ဆိုပြီး ပိုင်ရှင်က တောင်းဆိုလို့ ယာယီ လုပ်ဖြစ်ပါတယ် ။ 

     လခ က ၂၁၀၀ ရပါတယ် ။ အမှန်က တည်းခိုခန်း ပိုင်ရှင်က သူဌေးပါ နာမည်ကြီး မုန့်တိုက်ပိုင်ရှင် ၊ မုန့်တိုက်နဲ့ တည်းခိုခန်း ကလည်း တိုက်တလုံးပဲ ခြားပါတယ် ။ 

      ပိုင်ရှင်ဖြစ်သူက အရက်အလွန်သောက်တယ် ၊ သူ့မိန်းမက အရက်ဖိုးနဲ့ သူသုံးဖို့ တည်ခိုခန်း ဖွင့်ပေးထားတာ ။ ပြောချင်တာက စီးပွားရေး မဆန်ဖူး ၊ ဥပဒေနဲ့အညီပဲ လက်ခံတယ် ၊ ဖာမထားဘူး ၊ လောင်းကစား မလုပ်ဘူး အလွန်သန့်တဲ့ တည်းခိုခန်းပါ ။

       တနေ့ နေကာမျက်မှန် နဲ့ ဆိုက်ဂိုက်အပြည့် လူတယောက်ရောက်လာပါတယ် ။ သူလာတည်းမယ် ရမလားတဲ့ ။ ကျနော်ကြည့်လိုက်တော့ ထောက်လှမ်းရေး သတင်းပေး တယောက် ။ ကျနော်လည်း မြို့ဂျပိုးပဲ သူ့ကို သိတယ် ။ ဒါပေမယ့် မသိဟန်ဆောင်ပြီး မှတ်ပုံတင်ပါရင် ရမယ် မပါရင် မရဘူး ဆိုတော့ ပါတယ် တဲ့ ပြန်လာမယ်ဆိုပြီး ထွက်သွားတယ် ။ 

       ခဏနေတော့ မိန်းမတယောက်နဲ့ ပြန်လာတယ် ။ သူ့မှတ်ပုံတင်ပေးတယ် အမျိုးသမီး မှတ်ပုံတင် မပါဘူး ။ မရဘူး ဆိုတော့

" မင်း ငါ့ သိလား ''

"မသိဘူး လေ ''

"ဟ ငါက ထောက်လှမ်းရေးကကွ ငါ့တောင်မသိဘူးလား အတော်ညံ့တာပဲ ''

"သြော် ခင်ဗျားက ဗိုလ်ချုပ်ခင်ညွှန့် မို့ သိရမှာလား ဗျ မသိဘူး ထောက်လှမ်းရေး မကလို့ ထောက်လှမ်းရေးဘိုးတော်လည်း မှတ်ပုံတင် မပါရင် လက်မခံနိုင်ဘူး တခြားသွားဗျာ ''

"မင်း မန်နေဂျာဆိုရင် ပိုင်ရှင်ကို ဖုန်းဆက်လိုက် ကွာ ''

"ရ တယ် ခဏစောင့် ''

          ကျနော်လည်း ပိုင်ရှင်နေတဲ့ မုန့်တိုက်ပြေးပြီး အမကြီး ထောက်လှမ်းရေးယောင်ဆောင်ပြီး ဖာသည်ခေါ်လာတဲ့ လူတယောက်က လက်မခံလို့ ပြဿနာရှာတယ် လိုက်ရှင်းအုံး လို့ ပြောလိုက်တယ် ။ 

     ဟိုက သမီးနှစ်ယောက် မွေးထားတဲ့ သူဌေးမ ဒါမျိုး အလွန်ရွံတာလေ ။ ထမီခါးတောင်းကျိုက် လိုက်လာပြီး ဘယ်ကောင်လည်း ငါ့တည်းခိုခန်း ဖာသည်ခေါ်လာတာ မအေပေး မင်းကို ဖမ်းပြီး စစ်တပ်ပို့မယ် ဘာညာ နဲ့ အော်ကြီး ဟစ်ကျယ် ဖိုက်လိုက်တာ ပြေးပါရောလား ။ 

        ဒီသတင်းပေးက မှတ်ထားတာဗျ ။ တည်းခိုခန်းကို ဒုက္ခပေးဖို့ ချောင်းနေတာ ။ တနေ့ ဆိုကရေးတီး ပြိုင်ပွဲ အတွက် မြို့ကိုယ်စားပြု ပြိုင်ရမယ့်ပွဲမှာ မြို့ခံစောင်းသမား မရှိလို့ ကျောက်ပတောင်းက စောင်းသမားတွေ ခေါ်လာရပါတယ် ။ 

        အဲဒီအချိန်က တည်းခိုခန်း ကလည်း သန့်သန့်ပြန့်ပြန့် ဆိုလို့ ကျနော်တို့ တည်းခိုခန်းပဲ ရှိပါတယ် ။ လောင်းကစားမရှိ ၊ ဖာမရှိတာကို ပြောတာပါ ။ ရင်းနှီးနေတဲ့  ခဝတ စာရေးကြီးက အဲဒီ စောင်းဆရာ နှစ်ယောက် လာထားပါတယ် ၊ မှတ်ပုံတင် မပါဘူးတဲ့ ။ 

       ဖမ်းစရာရှိ ခင်ဗျားတို့က ဖမ်းမှာလေ ကိုယ့်ဘာသာ တာဝန်ယူနိုင်ရင် ထားခဲ့ပါ ဆိုတော့ ရပါတယ် အရေးကြောင်းရှိရင် ဖုန်းဆက်လိုက် တဲ့ ။ 

         တည်းခိုခန်းရှေ့က ထမင်းဆိုင်လေးမှာ ထောက်လှမ်းရေး သတင်းပေး နဲ့ ကျနော့်တည့်ခိုခန်း ပိုင်ရှင်တို့ အတူ ရှိနေတုန်း ကျနော်က ပိုင်ရှင်ကို မှတ်ပုံတင်မပါတဲ့ နှစ်ယောက် အခုရောက်နေတယ် လာမေးအုံး ဆိုပြီး ခေါ်လာတယ် ။ 

        ထင်တဲ့အတိုင်းပဲ ည ရောက်တော့ သတင်းပေး နဲ့ အတူ ရဲ သုံးယောက် ဧည့်စာရင်းစစ်မယ်ဆိုပြီး ရောက်လာပါတယ် ။ အခန်း ၁၀၈ မှာ မှတ်ပုံတင်မပါတဲ့ နှစ်ယောက် ရှိတယ် ကိုယ့်ဘာသာ သွားမေး ဆိုပြီး အပေါ်ထပ် လွှတ်လိုက်ပါတယ် ။ 

     သူတို့ အပေါ်တက်သွားမှ ခဝတ ရုံးကို သတင်းပို့လိုက်ပါတယ် ။ ချက်ခြင်းပဲ ခရိုင်ရဲမင်းကြီး နဲ့ ခဝတ စာရေးကြီး ရောက်လာတယ် ။ အပေါ်မှာ ခင်ဗျားတို့ ဧည့်သည်တွေကို မူးပြီး ရစ်နေကြတယ် သွားရှင်းအုံး ဆိုတော့ အပေါ်ထပ် လိုက်သွားပါတယ် ။ 

      ခဏနေတော့ ဆဲ ဆိုပြီး အောက်ဆင်းလာပါတယ် ။ ရဲ တွေကတော့ ကုပ်ကုပ်လေး ပါလာပြီး သတင်းပေးကို တော့ ထောက်လှမ်းရေးရုံး လှမ်းခေါ်ပြီး တိုင်သွားပါတယ် ။ 

      နောက်တော့ အဲဒီ သတင်းပေးကို ထောက်လှမ်းရေးက မသုံးတော့ပါဘူး ။ တချိန်တုန်းက ကျနော်ကြုံခဲ့ဖူးတဲ့ သတင်းပေး နဲ့ တွေ့ခဲ့ရပုံလေးပါ ပဲ ။ 

       တည်းခိုခန်းပိုင်ရှင်ရဲ့ သားကြီးက အခုဆို ကျနော်တို့မြို့ရဲ့ နာမည်ကျော် ဝရမ်းပြေး အမတ်ကြီး ဖြစ်နေလေရဲ့ ၊ သူနဲ့ ရင်းနှီးခဲ့ရတဲ့ အကြောင်းတွေ ရေးချင်ပေမယ့် ကိုယ့်လို ပမွှားကိုတော့ သူသိတော့မယ် မထင်ပါဘူး ဗျာ ။

         ကိုရွှေမျိုးဝင်း

(တချို့ ဒုက္ခတွေက ပညာ ပါတော့ ခံရမှန်း မသိ ခံကြရတာ ဗျ)

သူ့လောက ကိုယ့်လောက



        ကျနော်ဌာနဆိုင်ရာတွေ အကြောင်းရေတိုင်း သတိထားရေးလေ့ ရှိတာက ဝါးလုံးရှည် နဲ့ သိမ်းကြုံး မရေးမိစေဖို့ပါပဲ ။ 

      လောကတိုင်းမှာ အကောင်းအဆိုး ဒွန်တွဲနေတတ်ကြတာ ထုံးစံကိုး ။ ကိုယ့်ရဲ့ ရေးသားမှုကြောင့် ကောင်းတဲ့ အခြားဝန်ထမ်းတွေ စိတ်မခိုက်စေချင်လို့ ဒီလိုပဲ ဂရုစိုက်ရေးလေ့ ရှိပါတယ် ။ 

     တနေ့က ဒဂုံတက္ကသိုလ် အကြောင်း ရေးတော့လည်း ကျနော်က မေဂျာ နဲ့ တကွ ရေးလိုက်တာဟာ အခြား မဆိုင်တဲ့ မေဂျာတွေ စိတ်ထိခိုက်မှာ စိုးလို့ပါ ။ 

      ကိုယ်နဲ့ အကျွမ်းတဝင် အရှိတဲ့ လောကအကြောင်း ရေးလိုက်တော့ အဲဒီလောကရဲ့ ဆရာတွေ မန့်ကြပါတယ် ။ ဘယ်အချက်က ဘာကြောင့် ဘယ်သတ်မှတ်ချက် နဲ့ ဘယ်လို စစ်ဆေးကြရကြောင်း ၊ အများအားဖြင့် ကာကွယ်ပြီး မန့်ကြပါတယ် ။ 

       OK. ကျေးဇူးတင်ပါတယ် ။ ပညာလည်း ရပါတယ် ။ ကျနော်တို့ ရေးနေတာက ပွင့်လင်းမြက်သာမှု မရှိတဲ့ စနစ်ကို ဝေဖန်နေကြတာပါ ။ အထူးအားဖြင့် တိုင်းပြည်အတွက် အဓိကကျတဲ့ ပညာရေး မူဝါဒတွေကို သုံးသပ်ကြရမှာ ဖြစ်ပါတယ် ။ 

     ကျနော်တို့ တက္ကသိုလ် တက်ခဲ့စဥ်က ဒရောသောပါး နဲ့ နှစ် နှစ် တက်ပြီး လေးတန်းလုံး အောင်ခဲ့ကြရပါတယ် (1993-1995) ။ ကိုယ်တိုင်လည်း သာမန်အဆင့်မို့  စာစစ်တဲ့ စနစ်တွေ စိတ်မဝင်စားပါဘူး အောင်ရင်တော်ပြီ ဆိုတဲ့ အရည်အချင်း နဲ့ သာမန်ဖြေဆိုခဲ့တာမို့ပါ ။ 

       ယခု မန့် အချို့အရ ပထမနှစ်ကနေ စပြီး ပြန်ကြည့်တာ မှန်တယ် နောက်ဆုံးနှစ်မှ ခိုးချ ပြီးဖြစ်စေ ၊ ဆရာတယောက်ကို ကပ်ရပ်ပြီး ဂုဏ်ထူးထွက်အောင် လုပ်၍ဖြစ်စေ အဲလိုကျောင်းသား မပါအောင်လို့ ရည်ရွယ်တယ် တဲ့။

(ဒါဆိုရင် တက္ကသိုလ် စတက်တဲ့ ကျောင်းသားဟာ ပထမနှစ်မှာ သာမန်အောင်ရုံဆိုရင် နောင်နှစ်တွေ အတွက် မကြိုးစား​ကြနဲ့တော့အပိုပဲ လို့ ပိတ်ပင်ရာ မကျနေဖူးလား ဗျာ)

        အခြားတဦးကတော့ ဒုတိယနှစ် ရီဇက် နဲ့  ပိုင်းဖြတ်တယ်တဲ့ ။ အပေါ်က စာပိုဒ်လိုပါပဲ ဒုတိယ နှစ်မှာ မစွံခဲ့ရင် တတိယ နှစ် ဖိုင်နယ်တွေမှာ ကြိုးစားခွင့် မရှိတော့ဖူးပေါ့ ။ 

        တဦးကပြောပါတယ် ဝိုင်းကြီးချုပ်စနစ်နဲ့ စာမေးပွဲ စစ်ဆေးရလို့ မသမာမှု ပြုလုပ်လို့ မရပါဖူး တဲ့ ။ 

      တဦးက ပြောပြန်တယ် အဖြေလွှာကို ပြန်ကြည့်ခွင့် ဆိုတာ သက်ဆိုင်ရာ ဆရာတဦးပဲ ကြည့်ခွင့်ရှိသတဲ့ ဆယ်တန်း မဟုတ်ဖူး တဲ့ ။

(သက်ဆိုင်ရာ ဆရာဆိုတဲ့ ပုဂ္ဂိုလ်က ဘုရားလောင်းတမျှ ဖြူစင်ရင်ဖြင့် ပြဿနာ မရှိပါဘူး ၊ အခု ဖြစ်နေတဲ့ CDM ပြဿနာ ရဲ့ ပြရုပ်တွေ ကြည့်ရတာတော့ အဆင့်မြင့် ပညာရေးလောကကြီးကလည်း ဒေဝဒတ်တွေ တပ်မ တခု စာလောက် တွေ့နေရတော့ ခက်ပါတယ်)

       ဒီဖြစ်စဥ်ကနေ ကျနော်တို့ တွေးတောစရာတွေ များစွာ ဖြစ်လာရပါပြီ ။ 

     ဆယ်တန်းအောင်တာ နဲ့ ပညာရေးလမ်းကြောင်း သတ်မှတ်လိုက်ကြပါပြီ ။

- ရမှတ် အခြေခံပြီး ဆရာဝန် အင်ဂျင်နီယာ အစရှိသဖြင့် ခွဲထုတ်လိုက်တဲ့ စနစ်......

- တခါ ဆိုင်ရာ တက္ကသိုလ်ရောက်ပြီ ပထမနှစ် ဒုတိယ နဲ့ ထပ်ပိုင်းဖြတ်ပြန်တယ် ၊ တတိယနှစ် ဖိုင်နယ်မှာ အသိပြောင်း ကျိုးစားခွင့် မပေး​တော့တဲ့ စနစ်....

- တက္ကသိုလ်လိုအဆင့်မှာ ဆရာဆုံးဖြတ်ချက်သာ အမှန် ၊ ကျောင်းသား စောဒက တက်ခွင့်မရှိ ၊ အဖြေလွှာ ပြန်ကြည့်ခွင့် မရှိဆိုတာ အင်မတန် ရုပ်ပျက်တဲ့ မတရားသဖြင့် အနိုင်ကျင့် စုတ်ပဲ့တဲ့ မူဝါဒ နဲ့ စနစ်....

        ကျနော်ပြောချင်တာက ဘဝလမ်းခရီး အရှည်ကြီးသွားကြရာမှာ ပထမဆုံး မနူးမနပ်အရွယ် ၁၆ နှစ် ၁၇ နှစ် ဆယ်တန်းဆိုတဲ့ ပညာရေးနဲ့ ဘဝတွေ ၊ ပညာသင်ကြားခွင့်​တွေကို ကန့်သတ်ပစ်လိုက်တယ် နောင်တရခွင့် မရှိတဲ့ စနစ် ပြင်သင့် မပြင်သင့်.......

       ကလေးသာသာ ၁၈ နှစ် ၁၉ နှစ် ပထမနှစ် ဒုတိယနှစ် ရလာဒ် နဲ့ ထပ်မံပြီး နယ်ပယ် တခု အတွက် အပေါ်တက်ခွင့် အပေါက် ပိတ်ထားပြန်တယ် ။ တတိယနှစ် ဖိုင်နယ်မှာ ကြိုးစားခွင့် မရှိတော့တဲ့ စနစ်ပြင်သင့် မပြင်သင့်......

      လူ့စိတ်ဆိုတာ အမြဲတမ်း ပြောင်းလဲနေပါတယ် ။ အဲဒီပြောင်းလဲမှု အရ တိုးတက်ချင်စိတ် ကြိုးစားချင်စိတ်တွေရဲ့ ကောင်းမွန်တဲ့ ပြောင်းလဲမှုကို ကျနော်တို့ ပညာရေး လူ့အဖွဲ့အစည်းကြီးက ခွင့်မပြုနိုင်တာ ဘာကြောင့်ပါလဲ.. ?

        ပြုပြင်ရမယ့် ပညာရေးစနစ် ကြီးထဲက ပြုပြင်သင့်တဲ့ ကဏ္ဍတခု အတွက် တွေးတောမိတာကို မျှဝေကြည့်ခြင်းသာ ဖြစ်ပါတယ် ။ 

         ကျနော်တို့သည် သိ၍ တတ်၍ ပြောနေသော သူများမဟုတ်ပါဘူး ။ သိသော တတ်သောသူများအား ပြုသင့်သော ပြင်သင့်သော ကိစ္စများအပေါ် အာရုံကျစေရန် သတိပေးသော သာမန်အဆင့်များသာ ဖြစ်ပါတယ် ။ 

          လောကအသီးသီးမှ မန့် များနဲ့ ဝင်ရောက် ဆွေးနွေးပေးပါသော ပညာရှင်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ် ။

          အသက် ၂၀ ဝန်းကျင်မှ နောင်တတရားဖြင့်  ပညာရေးတိုးတက်အောင် ကျိုးစားခွင့် ပိတ်ပင်ထားသည့် အံ့ဖွယ် ပညာရေးလောက တည်ရှိနေသည့် အစုတ်ပြတ်ဆုံး နိုင်ငံသား.........

         ကိုရွှေမျိုးဝင်း

(ဟန် တပြပြနဲ့ ကိုယ့်အခြင်းခြင်း ပဲ ပြန်ဒုက္ခပေးတဲ့ စောက်တလွဲ လောက)

Thursday, September 2, 2021

လာပြန်ပြီ မိတ္ထီလာ ရဲ


           ဇော်ယုထွန်း
              အုပ်ခွဲတပ်ကြပ်ကြီး(ငြိမ်း)

            ဆိုသူကို မိတ္ထီလာက ရဲသတင်းပေး ဆေးသမား ၊ ချဲရောင်းစားဖူးသူ တယောက်က အထက်ပါ တပ်မတော်အငြိမ်းစား တဦးအား စစ်ပြေးဆိုပြီး ဖမ်းခိုင်းမယ်ဆိုတဲ့ သတင်းအား အဆိုပါ တပ်ကြပ်ကြီးက ပြန်လည်ကြားသိခဲ့ရပါတယ် ။ 

       ဒီတော့ ထီလာ ဒုရဲအုပ်ဆီက သတင်းပေးရဲ့ ဖုန်းနံပါတ်တောင်းပြီး အပြင်မှာ ချိန်းဆိုကာ စစ်သားပီပီ ထိုးပစ်ပါတယ် ။ တပ်နယ်အတွက်ပါ လုပ်နေတာ ဆိုပြီး တပ်ကအရာရှိဆီ ဖုန်းဆက်တော့ အရာရှိက ဆရာကြီးလည်း တော်ပါတော့ ကျနော်ပြောလိုက်ပါ့မယ် ဆိုပြီး ပြဿနာ တခန်းရပ်စေခဲ့ပါတယ် ။ 

          ဖြစ်ခဲ့ကြတာ 13-6-2021 နေ့ကပါ ။ ည ၈ နာရီခန့် အမှုဖွင့်ထားတယ် ရဲစခန်း လာခဲ့ဖို့ ဖုန်းဆက်တယ် ၊ ပုဒ်မ ၁၄၄ ထုတ်ထားလို့ မနက်မှ ရှင်းမယ် ပြောတာကိုပဲ နယ်ထိန်းက ဇွတ်ပြောနေသေးတယ် ။ 

       မနက်လင်းတော့ သတင်းပေးရောက်လာပြီး....

" မိတ္ထီလာမှာ ဘယ်ရဲမှာ စောက်ဂရုမစိုက်ဘူး ၊ ဖုန်းနံပါတ်ပေးတဲ့ အဲဒုရဲအုပ်လောက်ကို စာရင်းထဲကိုမရှိဘူး။ စခန်းမှူးတို့ မြို့နယ်မှူးတို့ မဟုတ်တာလုပ်တာ ငါအကုန်သိတယ်။ ငါတိုင်ရင် သူတို့ပြုတ်မှာစိုးလို့ ငါ့ကို ဘာမှမလုပ်ရဲဘူးကွ ''

      ပြောလို့ ​​ပြီးတော့ သူ့အိတ်ထဲက တရားဝင်ကိုင်ခွင့်မရှိတဲ့ ဆက်သွယ်ရေးစက်ထုတ်ပြတယ် ၊ ထိပ်တစ်ဖက်ချွန်ထားတဲဘ စတီးအဆစ်ဒုတ်ကို ထုတ်ပြတယ်၊ လက်ထိပ်ကို ထုတ်ပြတယ် ၊၊ ပြီးတော့ဆက်ပြေတယ်....

    "မင်းကို ဖမ်းချင်ရင် လွယ်လွယ်လေး ၊ မူးယစ်ဆေးပစ်ဖမ်းလို့ရတယ်လို့ပါ ခြိမ်းခြောက်သွားသေးတယ်။ ငါက DCP နဲ့ တိုက်ရိုက်လုပ်နေတာကွ''  တဲ့ ။

       လုပ်ချင်လုပ်ဆိုပြီးပြောလွှတ်လိုက်ကာ စခန်းကို ၉ နာရီခန့်မှာ သွားလိုက်ပါတယ် ။ စခန်းထဲရောက်တော့ သတင်းပေး ဆေးသမားက လာထိုးတယ် ရဲ တပ်ကြပ်ကြီး တယောက်က လက်ကိုချုပ်ပေးတယ် မထိအောင် ကာရုံပဲ ကာပေးပြီး ခဏရှောင်ခဲ့တယ် ။ 

      နောက်စခန်းမှူးနဲ့ သွားတွေ့ပြီး သူပြောခဲ့သမျှ ပြန်ပြောပြခဲ့တယ် ။ စခန်းမှူးက သူမသုံးပါဘူး နယ်ထိန်း​ခေါင်း​ဆောင်နဲ့ပဲ ပြောပါဆိုပြီး ရှောင်သွားတယ် ။ 

     နယ်ထိန်းခေါင်းဆောင်က ရဲ အသုံးအဆောင်တွေကို သူပေးထားမဟုတ်ကြောင်း သူလည်း လူသစ်ဖြစ်ကြောင်း ၊ နောက်နောင် သူ့ကို မသုံးတော့ပါဘူး လို့ ပြောပါတယ် ။ သုံးရင် တိုင်မယ် ဆိုပြီး တပ်ကြပ်ကြီးက ပြောဆို ပြန်လာခဲ့ပါတယ် ။ 

       ဖြစ်ခဲ့ကြတာ 14-6-2021 နေ့ကပါ ။ 29-8-2021 နေ့မှာ အဆိုပါ ရဲစခန်းသို့ အခြားကိစ္စနှင့် တပ်ကြပ်ကြီးရောက်ချိန်မှာ သတင်းပေးဆေးသမား နဲ့ နယ်ထိန်းခေါင်းဆောင် တို့ဟာ အတူဝင်လာကြပါတယ် ။ 

      ဒါနဲ့ နယ်ထိန်းခေါင်းဆောင်ကို ဗိုလ်လေးတို့ပြောတော့ ဒီကောင့်ကို ဆက်မသုံးတော့ဘူးပြောပြီး အခုတော့ ဆက်သုံးနေပါ့လားလို့ ပြောခဲ့တယ် ၊ ဒါဆိုရင် ဗိုလ်လေးတို့က ဒီကောင်ပြောသလိုများ သူ့ကိုပြန်ကြောက်နေရလို့ မဖယ်ရဲတာလားလို့ ပြောခဲ့တယ် ။ 

        အဲဒါကြောင့် ခရိုင်မှူးကတဆင့် တိုင်းအထိ တိုင်ဖို့ စီစဥ်နေကြောင်း တပ်ကြပ်ကြီးက ပို့စ် တင်ထားပါတယ် ။ 

      သူ့ ပို့စ် ရဲ့ ဆိုလိုရင်းက မိတ္ထီလာမှ ရဲတွေသည် အမှန်တကယ် အဆင့်ဆင့် ဖုံးဖိမရလောက်အောင် မဟားဒယား လာဘ်စားထားကြတဲ့ အတွက် ဒီလို ဆေးသမားသတင်းပေးကို သူပြောတဲ့ အတိုင်း ကြောက်နေရပါသလား ။ 

     သူ့လို ရိုးသားတဲ့ တပ်မတော် အငြိမ်းစားကိုတောင် ဆေးပစ် ဖမ်းခိုင်းမယ် ဘာညာ နဲ့ ခြိမ်းခြောက်ရဲတဲ့ လူယုတ်မာဟာ အပြစ်မဲ့ပြည်သူတွေကို အကျင့်ပျက် မိတ္ထီလာရဲ တွေ နဲ့ ပေါင်းပြီး ဘယ်လောက်ယုတ်မာ ထားမလဲ ဆိုပြီး ရေးထားတာပါ ။ 

     မြန်မာပြည်အနှံ့အပြား ဖြစ်နေတဲ့ ဒါမျိုးတွေကို ပြည်ထဲရေးဝန်ကြီး နှစ်ရှည်လများ မသိရအောင် အိပ်ပျော်နေသလား ။ တပ်မတော် ဗိုလ်ချုပ်ကြီးတဦးရဲ့ အရည်အချင်းဟာ အနာဂါတ် မြန်မာ့တပ်မတော်အတွက် ရင်လေးစရာ ဖြစ်နေရပါပြီ ။ 

     ယနေ့ အချိန်မှာ ဘယ်အရပ် ဘယ်ဒေသက လက်နက်ကိုင် အဖွဲ့အစည်း မတော်မတရား ပြုမူနေသည် ဖြစ်စေ ၊ အရပ်ဖက် ဝန်ထမ်းများ မတော်မတရား ပြုမူနေသည် ဖြစ်စေ အိမ်စောင့်အစိုးရ ရဲ့ ခေါင်းပေါ်မှာပဲ ပုံကြနေရမှာပါပဲ ။ 

     ဘာကြောင့်လည်းဆိုတော့ ပြည်သူတို့၏ နစ်နာမှုများ ၊ အနိုင်ကျင့်ခံရမှုများ အတွက် မတော်မတရားသော တနည်း လာဘ်လာဘအတွက် မတရားမှု ပြုကျင့်နေသော အရာထမ်း အမှုထမ်းများအား အပြစ်ပေး အရေးယူပိုင်ခွင့်တည်း ဟူသော လုပ်ပိုင်ခွင့်အာဏာ အရပ်ရပ်ကို အိမ်စောင့်အစိုးရ မှ ရယူသုံးစွဲနေခြင်းကြောင့် ဖြစ်ပါတယ် ။ 

     ယခု ဖော်ပြပါ  မိတ္ထီလာဖြစ်စဥ်၌ တပ်မတော်အငြိမ်းစား တဦးကို လိမ်လည်ထားသော တိုက်ရိုက်တာဝန်ရှိ နယ်ထိန်း နဲ့ ယင်းဆေးသမား စော်ကားခဲ့သော စကားများအရ စခန်းမှူး မြို့နယ်မှူး များအထိ လာဘ်စားမှုများ အများအပြား ရှိနေသောကြောင့်သာ ဆေးသမားအား သူပြောသကဲ့သို့ ကြောက်ရွံ့နေရကြောင်း သက်သေပြသကဲ့သို့ ဖြစ်နေပါပြီ ။ 

        ရိုးသားသော တပ်ကြပ်ကြီး ငြိမ်း ၏ မူအရ အဆင့်ဆင့် တိုင်ကြားနေလျှင် နောက်ဘဝထိ ယင်းအမှု ပေါ်ပေါက်ဖို့ အကြောင်းမရှိဟု ရှုမြင်မိပါ၍ နိုင်ငံတော်အဆင့် လူကြီးမင်းများ သိရှိနိုင်စေရန် ထပ်ဆင်းသတင်းပေး လိုက်ရပါတယ် ။ 

https://m.facebook.com/story.php?story_fbid=122419733465909&id=100070936487280
      ကိုရွှေမျိုးဝင်း

(စား မစား တော့ မသိဖူး ထီးဆောင်းထားရတဲ့ စတိုင်သာကြည့်ကြပေတော့)

ဒဂုံတက္ကသိုလ်က ခေါင်းလောင်းသံ



        ကျနော့်မိတ်ဆွေ တဦးရဲ့ သမီးလေးဟာ ဒဂုံတက္ကသိုလ်မှာ ပညာသင်ကြားနေပါတယ် ။ အဏုဇီဝဗေဒ မေဂျာ ဖြစ်ပါတယ် ။

    အဲဒီကျောင်းသူဟာ ဘွဲ့ရ အမျိုးသမီး ဗိုလ်​လောင်းသင်တန်းတက်ရောက်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ ကြိုးစားနေသူ ဖြစ်ပါတယ် ။ 

    ဒုတိယနှစ် ကျောင်းသူဘဝမှာ တက္ကသိုလ်ကျောင်းရဲ့ အခွင့်အရေးဖြစ်တဲ့ ဝါသနာပါရာ UTC တက်ရောက်ခဲ့ပါတယ် ။ ဒါကိုလည်း အချို့ ဆရာတွေက အမြင်မကြည်ဖူးလို့ သိရပါတယ် ။ 

     ဘွဲ့ရ  အမျိုးသမီး ဗိုလ်လောင်း တက်ရောက်ဖို့ အားထည့်ကြိုးစားနေတဲ့ ကျောင်းသူဟာ ဂုဏ်ထူးတန်းဝင်မှ သေချာပေါက် နီးပါး စသ်တက္ကသိုလ်က ရွေးချယ်မယ် ဆိုတဲ့ မျှော်လင့်ချက် နဲ့ အင်မတန် ကြိုးစားခဲ့ပါတယ် ။ 

.....ကျောင်းတွေဖွင့်လို့ စတက်တော့ ထုံးစံအတိုင်း အဖျက်သမား GZ ကျောင်းသားများက SP လုပ်ကြပါတယ် ။ နောက်ဆုံး ဆိုင်ကယ်နဲ့ တိုက်သတ်တဲ့အထိ လုပ်ကြံခဲ့ပေမယ့် ကံကောင်းလို့ အသက်အန္တရာယ် မဖြစ်ခဲ့ပါဘူး ။

....အဲလို အသက်အန္တရာယ် အပြင် သင်ကြားပေးမယ့် ဆရာအချို့ရဲ့  CDM မလုပ်ရဲပဲ လိမ်စားနေတဲ့ Non CDM အတုတွေရဲ့ ငြိုငြင်မှုကိုလည်း ရင်ဆိုင် ဖြတ်သန်းခဲ့ရပါတယ် ။

     အဲလို အခက်အခဲတွေကြားကနေ  ယခုနောက်ဆုံးနှစ်မှာ ဂုဏ်ထူးတန်း ဝင်ကို ဝင်ရမယ် ဆိုတဲ့ ရည်မှန်းချက်နဲ့ ကြိုးစားဖြေဆိုခဲ့ရာမှာ ဂုဏ်ထူးမှတ်များနဲ့ အောင်မြင်လောက်တဲ့ ဖြေဆိုမှုမျိုး ပြုလုပ်နိုင်ခဲ့ပါတယ် ။ 

         သို့သော် အောင်စာရင်း ထွက်လာချိန်မှာ သာမန်ပဲ အောင်မြင်ပြီး ဂုဏ်ထူးမပါလာတာ အံ့သြဖွယ် တွေ့ရပါတယ် ။ 

      ဂုဏ်ထူးတန်းအတွက် ရည်မှန်းဖြေဆိုခဲ့တဲ့ စာတော်သော ကျောင်းသူဆိုတာ ကိုယ်ဖြေလာတာ ကိုယ်တိုင်သိကြပါတယ် ။ ဘာကြောင့် ဂုဏ်ထူးမထွက်ရတာလည်း လေ့လာမိတော့ ထူးခြားတာ တခု တွေ့ရပါတယ် ။ 

        ယခု အဏုဇီဝဗေဒ နဲ့  ဘော်တနီ မေဂျာကို တဦးတည်း အုပ်ချုပ်နေတဲ့ ပါမောက္ခ ဟာ အခုမှ ပြောင်းလာတဲ့ ဆရာဖြစ်ပါသတဲ့ ။ သူကိုင်တွယ်တဲ့ မေဂျာ နှစ်ခုလုံး ဂုဏ်ထူးတန်း တယောက်မှ မပေးခဲ့ပါဘူးတဲ့ ။ 

     အခြားမေဂျာ ပေါင်းစုံမှာ နောက်နှစ်အတွက် ဂုဏ်ထူးတန်း တက်ရမယ့် ကျောင်းသူ ကျောင်းသားတွေ ရှိနေပေမယ် ယခု မေဂျာ နှစ်ခု အတွက် နောက်နှစ်မှာ ဂုဏ်ထူးတန်း ကျောင်းသား တယောက်မှ မရှိပါဘူး ။ 

       ဒါက ထူးခြားသလား ဆိုတော့ အရည်အသွေးနည်းတဲ့ ကျောင်းသားတွေချည်း ဖြစ်နေလို့ ဆိုရင်လည်း ဖြစ်တတ်ပါတယ် ။ သို့သော် ထူးခြားတာ လာပါမယ် ။ 

       ကလေးမလေးက သူ့ကိုယ်သူ ယုံကြည်နေတဲ့အတွက် အုပ်ထိမ်းသူက ဆရာမတဦးထံ အကျိုးအကြောင်းပြောပြပြီး အဖြေလွှာ ပြန်ကြည့်ခွင့် တောင်းပါတယ် ။ 

     အဲလိုတောင်းဆိုတာ ရိုင်းစိုင်းကြောင်း တုန့်ပြန်ပြီး ခွင့်မပြုခဲ့ပါဘူး ။ နောက်ထပ် ထူးခြားချက်က ယခု ဂုဏ်ထူးတန်းတက်ခွင့်အတွက် ဂုဏ်ထူးပေးရာမှာ ပထမနှစ် မှ နောက်ဆုံးနှစ် အထိ ရမှတ်များကို အကဲဖြတ်ပြီးမှ ပေးကြောင်း သတင်းလွှင့်လာခြင်း ဖြစ်ပါတယ် ။ 

       ဆာ်တန်း ဂုဏ်ထူးပေးဖို့ သူငယ်တန်း ပြန်ဆင်း ရမှတ်ပြန်ကြည့်ပါသလား မေးချင်ပါတယ် ။ ပြောချင်တာက ယခုဖော်ပြပါ ဌာန ရဲ့ မရိုးဖြောင့်မှုကို ပြောချင်တာပါ ။ 

      ကလေးမ ဖြေဆိုထားတာ တကယ် ဂုဏ်ထူးမှတ်မရနိုင်ရင် အဖြေလွှာ ပြသ ရှင်းလင်းနိုင်ရပါမယ် (ဆယ်တန်းတောင် ပြန်ကြည့်လို့ ရပါတယ် တက္ကသိုလ်ဆိုတာ ပိုလွယ်ရမှာပါ)

       ဤသို့ ပြန်ကြည့်ရန် ပိတ်ပင်သည့် အပြင် ပထမနှစ် မှ နောက်ဆုံးနှစ်အထိ ရမှတ်များအရသာ ဂုဏ်ထူးပေးသည်ဟု သတင်းထပ်လွှင့်ခြင်းကား ရိုးသားမှု မရှိခြင်း၏ 100 % သော ပြယုတ်အဖြစ် ရှုမြင်မိပါတယ် ။ 

        အသက်စွန့် အရှက်ကွဲခံ ကျောင်းတက်လာသော ကျောင်းသူများအား ညည်းတို့ အလုပ်ရှုပ်တယ် ဘာလို့ ကျောင်းလာတက်လဲလို့ ပြောခဲ့သော ဆရာအချို့.......

       အသစ်ပြောင်းလာသော ပါမောက္ခ၏ မေဂျာ နှစ်ခုလုံး ဂုဏ်ထူး မထွက်ရှိမှု..... 

          ကျောင်းသူ၏ ရမှတ်အား မကျေနပ်၍ အဖြေလွှာ စစ်ဆေးခွင့်တောင်းဆိုမှုအား ခွင့်မပြုခြင်း......

        တဖန် ပထမ နှစ်မှ နောက်ဆုံးနှစ်အထိ ရမှတ်များအားလုံး ခြုံငုံပြီးမှ ဖိုင်နယ်အတွက် ဂုဏ်ထူးပေးတယ် ဆိုတဲ့ ပေါက်ကရမူအား ဝါဒဖြန့်ခြင်း...

      ဒီအချက်တွေကြောင့် စာကြိုးစားခဲ့ရသော ကျောင်းသူ ကျောင်းသားများ မနစ်နာစေရန် လည်းကောင်း...

      ပညာရေးဌာနရှိ CDM တဝမ်းကွဲ ဖရဲသီးဝန်ထမ်းများအား ဖော်ထုတ်ရန်အတွက် လည်းကောင်း.....

      ယခုနှစ် မြောက်ဒဂုံ တက္ကသိုလ် မှ အဏုဇီဝမေဂျာ နှင့်  ဘော်တနီ မေဂျာ တို့မှ အဖြေလွှာများအား ပြန်လည်စီစစ် အဖြေထုတ်ပေးပါရန် ပညာရေးဝန်ကြီး နှင့် အိမ်စောင့်အစိုးရအား သတင်းပေး တောင်းဆိုချင်ပါတယ် ခင်ဗျာ ။ 

       ဒီလိုကာလ ဒီလို အချိန်မျိုးမှာ ကျောင်းတက်ပညာရှာရဲသော ကျောင်းသူ ကျောင်းသားများဟာ CDM နဲ့ ဖရဲသီး ဝန်ထမ်းများထက် အဆပေါင်းများစွာ တန်ဖိုးရှိသော လူသားရင်းမြစ်များ ဖြစ်ပါတယ် ။ 

     ကိုရွှေမျိုးဝင်း

ငရဲသားတို့ စံပျော်ရာ



         သီတဂူ ဆရာတော်ကြီး ရုရှားရောက်နေတာကိုလည်း ဆဲကြ ၊ ဟိုပုန်းက ကိုရင်လေး ပျံလွန်တော်မူတာလည်း ဝမ်းသာကြ ဆဲကြ နဲ့ NLD အုပ်စုရဲ့ အကုသိုလ်တွေ စုဆောင်းနေကြပုံကတော့ ကြက်သီးထဖွယ်ပါပဲ ။

        PDF GZ ဆိုပြီး လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် တောထဲမှာ တိရိစ္ဆာန်တွေလို နေကြ သေကြတာလည်း မမှတ်ကြသေးဖူး ။ မြို့ပေါ်မှာ အဖမ်းခံရပြီး ဘဝ ဆုံးနေတာလည်း မသိကြသေးဖူး ။ 

       ထောင်ကျတာပဲ သေဒဏ်ဆိုတာလည်း တကယ်မှ မသတ်တာ မကြောက်နဲ့လို့ မြှောက်ပေးသူတွေ ရှိနေတာလည်း တွေ့ရပါတယ် ။ မြှောက်ပေးသူကြည့်တော့ ရဲ စခန်း အချုပ်တောင် တညအိပ် နှစ်ရက် မနေဖူးတဲ့သူပါ ။

       သေဒဏ် ဘယ်လောက်ကြောက်စရာကောင်းသလဲ ပြောပြချင်ပါတယ် ။ 

     တချို့က သေဒဏ်ကနေ ကျွန်းဒဏ်ပြောင်း ၊ ကျွန်းဒဏ်က နှစ် နှစ်ဆယ် လျှော့ရက် နဲ့  လွတ်ငြိမ်းချမ်းသာ နဲ့ ဆိုရင် ခဏ ပဲ ဆိုပြီး လျှောက်ပြောပြတာလည်း တွေ့ရပါတယ် ။ 

     ဟုတ်ကဲ့ ယနေ့ PDF တွေ အတွက် ပြစ်ဒဏ်ကျမယ် ဆိုရင် သေဒဏ်က များပါတယ် ။ သေစေလိုသော စိတ်ဖြင့် ကြိုတင်ကြံစည် လုပ်ဆောင်ကြတဲ့ အတွက်ပါပဲ ။ ပုဒ်မ ၃၀၂ / ၁ (ခ) ဆိုတာ ရိုးရိုး လူသတ်မှုနဲ့ မတူတဲ့ သေဒဏ်ချမှတ်တဲ့ ပုဒ်မပါ ။

      သာမန် ၃၀၂ ဆိုတာ ၇ နှစ် ဆယ်နှစ် အများဆုံး ဆယ့်နှစ်နှစ် ပဲ ချလေ့ရှိပါတယ် ။ သေဒဏ်ကို လွတ်ငြိမ်းခွင့်ပေးပြီး လျှော့ရက်နဲ့ ပြန်လွှတ်သလား လေ့လာကြည့်ပါ ။ 

       သေဒဏ်ကျခံပြီးရင် အယူခံ နိုင်၍ ဖြစ်စေ ၊ အခြားအကြောင်းကြောင့် (သမ္မတရဲ့ သတ်ရန်လက်မှတ် မထိုး၍ ဖြစ်စေ) ထောင်တသက် ပြစ်ဒဏ်သို့ လျှော့ပေါ့ ချမှတ်ပါတယ် ။ 

        ထောင်တသက် ဆိုတာ ရှင်းတယ် သေမှ ထောင်ထဲက ထုတ်ပေးတာပါ ။ 

        ထောင်တသက်သို့ ပြောင်းလဲချမှတ်ပြီးနောက် နောက်ထပ် ထပ်လာတဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေ အတွက် သေဒဏ်မှ ပြစ်ဒဏ်လျှော့ချထားသူများမှ အပ ဆိုပြီး မှတ်ချက် နဲ့ လွတ်ငြိမ်းချမ်းသာ ပေးကြပါတယ် ။ 

       ဥပမာ သုံးဖို့ တဖို့ လျှော့လိုက်သည် ဆိုရင် ဆယ် နှစ်ကျခံသူဟာ သုံးနှစ်ခွဲ လျှော့ရက် ရသွားပါတယ် ။ သေဒဏ်မှ လျှော့ပြီးသား ထောင်တသက်ဆိုသူတွေ ခံစားခွင့်မရှိပါဘူး ထောင်တသက်ဆိုတာ နှစ်အကန့်အသတ် မရှိတဲ့ အတွက် ဖြစ်ပါတယ် ။ 

     မူလကတည်းက ထောင်တသက် ကျခံရသူတွေကတော့ နှစ်တည်တယ် ခေါ်ပါမယ် နှစ် လေးဆယ် ဆိုပြီး သတ်မှတ်ပေးလိုက်ပါတယ် ။ သုံးဖို့ တဖို့ ဆိုရင် ဆယ့်သုံးနှစ်လောက် လျှော့ရက်ရပါမယ် ။ 

      ပြောချင်တာက သေဒဏ်ဆိုရင် မျှော်လင့်ချက် မရှိတော့ပါဘူး ။ သံချောင်းတို့လို သေဒဏ်တွေ လွှတ်မြှောက်ခဲ့နာ ကြုံတောင့်ကြုံခဲ NLD လို လူယုတ်မာပါတီ အာဏာရသွားလို့သာ ဖြစ်ပါတယ် ။ 

       ဒီတော့ အဖမ်းခံထားရတဲ့ PDF လေးတွေ ရဲ့ ဘဝဟာ ထောင်ထဲမှာ နိဂုံးချုပ်ရတော့မှာပါ ။ ကံကောင်းရင် နှစ် လေးဆယ်လောက် နဲ့ လွတ်ကောင်းလွတ်ပါ့မယ် ။ 

      ထောင်တသက်ဆိုတာနဲ့ မိသားစုက ထောင်ဝင်စာ တွေ့နိုင်ရင် နှစ် နှစ် သုံးနှစ် ပေါ့ ။ ​ထောင်ပြောင်း ဘာညာ နဲ့ တဖြေးဖြေး လာမတွေ့နိုင်ဘူး သေစာရင်း မသွင်းရုံ တမယ်ပဲ ။ 

       ထောင်ဝင်စာမလာတော့ရင် ဘာဖြစ်မလဲ ။ ထောင်ထဲမှာ ကိုယ့်ဘာသာ ရှာကြရတာပေါ့ ။ ခိုးလို့မရဖူး မျိုးကန်းသွားမယ် ။ လက်မှုပညာတတ်ရင် ကော်ဖီမစ်နဲ့ အိတိလေးဘာလေးထိုးပေါ့ ။ 

      ဘာမှ မလုပ်တတ်ရင် ကော်ဖီမစ်လေး သုံးထုပ်လောက်ရဖို့  ည ၇ နာရီကနေ အိပ်ချိန် ၉ နာရီအထိ သူများကို နင်းနှိပ်ပေးပေါ့ ။ 

      ည အခန်းတွင်း  ကင်းစောင့် အငှားလိုက်ပေါ့ ။ အိမ်သာဆေး ၊ အိုခွက်ပုဂံဆေး ၊ အဝတ်လျှော်ပေး ၊ ထမင်းတိုးပေး ဟင်းတိုးပေး လုပ်ပြီး ကော်ဖီမစ် ရှာကြရပါ့မယ် ။ 

      ထောင်တသက် သူဌေးတွေတောင် အပြင်က မိသားစုက ရေရှည် မပို့နိုင်ကြပါဘူး ။ အဆက်အသွယ် လုပ်မရလို့ တွေ့သမျှ ဝန်ထမ်းဆရာခေါ် ဖုန်းဆက်ခိုင်း ထောင်ဝင်စာလာတွေ့ခိုင်း ငွေလွှဲခိုင်း နဲ့ ငါး နှစ်ထက် ဒဏ်ခံနိုင်ရင် ခရိုနီမို့ပဲ သာမန်သူဌေးလည်း မတတ်နိုင်ဘူး ။ 

       နုပျိုတဲ့ ဘဝတွေဟာ ထောင်ထဲမှာ ဟိုလူ ဒီလူ ခိုင်းသမျှ ကျွန် သဘောက်သဖွယ် လုပ်ပေးရင်း ဘဝဆုံးကြရမှာ အသေအချာပါပဲ ။ 

     ကိုယ်ကသာ ထောင်ထဲမှာ ဘဝ ပျက်နေတာ မြှောက်ပေးတဲ့ နိုင်ငံရေး ကြောင်ဖားတွေက နိုင်ငံခြားမှာ ဟိုတယ်တက် ပျော်ပွဲစားထွက်နေကြပြီ ။ 

     ကိုယ်က မုန့်ဟင်းခါး တပွဲ ကော်ဖီမစ် ခြောက်ထုပ် ပေးဝယ်စားရဖို့ သုံးရက်လောက် သူများ ခြေသလုံး နှိပိပေးနေရချိန်မှာ မြှောက်ပေးသူတွေက အသားပေါင်းစုံ စားသောက်နေရပြီ ။ 

    ကဲ သေဒဏ်ကို ချက်ခြင်း မသတ်လို့ စိတ်တိုနေသူတွေ နဲ့ သေဒဏ်ကို ပြန်လွတ်မှာလို့ ပေါ့ပေါ့လေး ထင်နေကြသူများ အတွက် သိနိုင်အောင် တင်ပြလိုက်ပါတယ် ။ 

    ထောင်တွင်းက ငရဲခန်းတွေကတော့ ဆရာ့ ဆရာကြီးတွေ ရေးထားကြတာ အများကြီးမို့ ဇီဇာချဲ့ မပြတော့ပါဘူး ဗျာ ။ 

       ကိုရွှေမျိုးဝင်း

(မျှော်လင့်ချက်နဲ့ ပေးဆပ်ခဲ့ပေမယ့် တကယ့်ရလာဒ်မှန်က ထင်သလိုမဟုတ်ပဲ ဒါမျိုး ဖြစ်နေတတ်ပါတယ်)

သင်ဇာ ဒန်ပေါက်



        ဒီနေ့ နေ့လည်စာ စားခါနီး ဟင်းတချက် ရှိုးလိုက်တော့ ကြက်ဥ တဲ့ ။ အင်း မဟန်ဖူး စားချင်တာက သူ့အမေကို စားချင်တာလေ ။ မိန်းမ မျက်နှာကြည့်ပြီး အကဲခတ်နေတုန်း ကိုကြီးစိုးတယောက် ပျာပျာ ပျာပျာ နဲ့ ရောက်လာပြီး......

 "ဟေ့ ကောင် စားပြီးပြီလား အရေးကြီး ပြောစရာရှိလို့ လဖက်ရည်ဆိုင် သွားကြစို့ ''

"မစားရသေးဖူး ကြက်ဥဆိုတော့ စိတ်မပါလို့ သူ့အမေဆို တော်သေး ''

"လခွမ်း လာစမ်းပါကွာ နောက်မှစား အရေးကြီးတယ်... ''

      အတင်းခေါ်တာ နဲ့ လက်ဖက်ရည်ဆိုင် ပါသွားရပါတယ် ။ ဆိုင်ထဲရောက်တာ နဲ့....

"ဟေ့ကောင် ငါ ကွာ ပုတီးသမား ဘိုးတော်ကြီး နဲ့ စကားပြိုင်ငြင်းလာတာ ပြန်မပြောတတ်လို့ မင်းဆီ လာမေးတာကွ ''

"ဟာဗျာ ဘုရားကြောင်း တရားကြောင်း ဆို ကျုပ်က ဘာမှ သိတာမဟုတ်ဖူး နော်.. ''

"ဘုရားကြောင်း တရားကြောင်း မဟုတ်ဖူး ဟေ့ ပြောရရင်တော့ ရှက်စရာ မိန်းမအကြောင်း နဲ့ ပတ်သက်ပြီး ငြင်းလာရတာ ''

"ခင်ဗျား ဗျာ ဒီအရွယ်ကြီးကြမှ ဘာတွေ ငြင်းနေတာလဲ ''

"မနေ့က သင်ဇာတင်တဲ့ ပို့စ် မှာ တရားစွဲမယ်ဆိုတဲ့ အကြောင်း ပြောကြရင်းကနေ ငါက သူ့အနုပညာ သူလုပ်နေတာ မသေချာပဲ အပုပ်မချသင့်ကြောင်း ပြောလို့ တဲ့ကွာ အဲဒီက စပြီး ငြင်းကြရတာပဲ ''

"သြော် ဘာတွေငြင်းကြတာလဲ ''

"တိုတိုပြောရရင်တော့ ဘုရားတရားလုပ်နေတဲ့ သူလိုပုတီးသမားက ငါတို့လို လူတွေထက် တဏှာရာဂ နည်းတယ်ပေါ့ ကွာ''

"ဟာ...ဒါလေးများ လွယ်လွယ်လေးပါ ဗျာ ''

"အေး  လုပ်စမ်းပါအုံး ဘယ်လိုပြန်ပြောရမလဲ ''

"နေအုံးဗျာ ဗိုက်ဆာလာပြီ ထမင်းပြန်စားအုံးမယ် ''

"ဟာ ဒီကောင် ညစ်ပတ်ပြန်ပြီ ကြက်ဥနဲ့မို့ မစားချင်ဘူး ဆိုပြီး ထွက်လာကာမှ...... ''

"အေးလေ အခု မစားချင်လည်း စားရမှာပဲ အစာအိမ်ရှိတယ် ဗျ ''

"တော်  တော်  ငမျိုး လူတိုင်းအစာအိမ်ရှိတယ် မင်း အကြောင်း သိပြီးသား ဟေ့ကောင် ရှေ့ဆိုင်က ကြက်သားဒန်ပေါက် တပွဲ လှမ်းမှာ စားကွာ အတော်ဥာဏ်များတဲ့ ကောင် ''

"ဟဲ ဟဲ ဒါဆိုမဆိုးပါဘူး လေ စားပြီးပြောမယ် ''

        ကိုင်း ဒီတခါတော့ ပုံပြင်တပုဒ် ဒန်ပေါက်တပွဲ တန်ပါ့ဗျာ ။ ကုန်အောင်စားပြီးတာ နဲ့ ရေတောင် လည်ချောင်းထဲ အစအဆုံး မကျသေးဘူး.....

"ဟေ့ ကောင် လုပ်ကွာ ငါစိတ်မရှည်တော့ဖူး ''

"အေးပါ ဗျာ.... ဒီလိုဗျ တခါတုန်းက ညီအမ နှစ်ယောက်ရှိသတဲ့ အရွယ်မတိမ်းမယိမ်းတွေ ဆိုတော့ အိမ်ထောင်ကျတော့လည်း ရှေ့ဆင့် နောက်ဆင့် အိမ်ထောင်ကျ ကြတာပေါ့ ''

"အင်း ဟုတ်ပြီ ''

"ညီမက အရက်သမား နဲ့ ရသွားပြီး အမကတော့ ပုတီးသမား နဲ့ ညားသတဲ့ ''

"အေး ပုတီးဆရာ ပါလာပြီဟေ့ ''

"ဒီလိုနဲ့ ညီအမ နှစ်ယောက် ကွဲသွားပြီး ၅ နှစ်လောက် ကြာမှ ပြန်ဆုံကြသတဲ့ ''

"အေး ဒီတော့ ''

"ညီမကတော့ ပုံမှန်အနေအထားပါပဲ အမကတော့ ငါးနှစ် အတွင်း ချုံးချုံးကျသွားတာ တွေ့ရတယ်''

"သြော် ပုတီးသမား မိန်းမက ဘယ်နှယ့်ချုံးချုံးကျ...... ''

"သူတို့ ညီအမ စကားစမြီ ပြောကြရင်း လင်တွေ အကြောင်း ရောက်သွားပါရော... ''

"အေးပေါ့ ပြောကြမှာပေါ့... ''

"ညီမဖြစ်သူက အမရယ် အရက်သမားနဲ့ ညားတာ မဟန်ပါဖူး တော် မူးရူးလာရင် အင်မတန် ဆိုးတာပဲ ဟိုကိစ္စဆို ပိုဆိုးတယ် အတော် သည်းခံရတယ် အမရယ် အမကတော့ ပုတီးသမားဆိုတော့ အဲဒီကိစ္စ သက်သာမှာ ပဲနော် တဲ့''

"ဘယ် ကိစ္စလည်း ဟ.... ''

"လုပ်ပြီ ဖတ်တဲ့သူသိတယ်..... ဒါနဲ့ အမကလည်း သူ့ညီမပြောတဲ့ ကိစ္စကို သဘောပေါက်တော့ ပြန်ပြောတယ် ဗျ ''

"ဘာကိစ္စလည်း ဟ......''

"နားထောင်အုံး ပြီးရင် သိလိမ့်မယ်....... ညီမလေးရယ် ညည်းပြောတဲ့ ကိစ္စကတော့ ညည်းလင်ကမှ အမူးလွန်လာရင် သူ့ဖာသာမှောက်သွားပြီး တညတလေ ညည်းသက်သာလိမ့်အုံးမယ် ငါ့လင် ပုတီးသမားကြီးကတော့ ညတိုင်း ဘုရားရှိခိုးပြီး အမျှဝေ ကြေးစည်ထုပြီးတာ နဲ့ ကြေးစည် လည်တာ ဆယ်ပတ်မပြည့်သေးဖူး မိန်းမရေ ဆိုပြီး ပုဆိုးလေးမ ပြီး ခြင်ထောင်ထဲ တန်းဝင်လာတာပါပဲအေ တညမှ မလွတ်ဖူးဟဲ့ ငါ ငါးနှစ်နဲ့ ချုံးချုံးကျသွားတာ ပုတီးသမား ဒင်းလက်ချက် ဟဲ့ တဲ့ ''

"သြော်  ပေါက်ပြီဟေ့ ဘာကိစ္စဆိုတာ အေးဟ ဟုတ်ပြီ ဒီတခါ ပုတီးသမားနဲ့ တွေ့ရင် သင်ဇာအကြောင်း ပြန်စပြီး ဒင်းကို ဒီပုံပြင် နဲ့ နှိပ်ကွပ်ရမယ် ဟေ့ ''

"ချ  ချ  ဒီတခါတော့ ခင်ဗျာ ဝယ်ကျွေးတဲ့ သင်ဇာဒန်ပေါက်က အလွန်ကောင်းပဲ ''

"ဟကောင် ကြက်သားဒန်ပေါက် လုပ်ပါဟ ''

"ဟုတ်ဖူး သင်ဇာကြောင့် စားရတဲ့ ဒန်ပေါက်မို့ သင်ဇာဒန်ပေါက် ''

"အမယ် ပုတီးသမားက လူပျိုကြီး အပျိုကြီးတွေ မကောင်းပြောသေးတယ် ဗျာ အဲဒါ လုပ်အုံး ဟ ''

"နေအုံး ကျနော် လူပျိုကြီး အပျိုကြီးတွေ အကြောင်း ဂုဏ်ပြုထားတဲ့ ကာတွန်း ရှိတယ် ခင်ဗျား Messenger ထဲ ပြန်ရောက်မှ ပို့ပေးမယ် ''

"OK. ပြန်ကြစို့ကွာ ''

 (စိတ်ညစ်စရာများနေသလားလို့ အပျင်းပြေ ပုတီးဆရာကြီးတွေကို စနောက်မိတာ ခွင့်လွှတ်ကြပါဗျာ 😁😁😁😁)

            ကိုရွှေမျိုးဝင်း

(ကိုကြီးစိုးထံ ပေးပို့လိုက်သော အပျိုကြီး နဲ့ လူပျိုကြီးတို့ ဘဝ)

မျှော်လင့်ချက်ကို မလိမ်ပါနဲ့



       မင်းကင်းနယ်မှာ PDF တွေ သောင်းကျန်းနေတာ ကြာပြီ ။ စိန်ပြေနပြေ လူသတ်ကြတယ် ၊ မီးရှို့ကြတယ် မြစ်ရိုးတလျှောက် ဆက်ကြေးတောင် ကောက်လိုက်သေးတယ် ။ 

       မထင်ရင် မထင်သလို ဖုန်းကအစ သိမ်းသေးသတဲ့ ။ PDF တွေ တန်ခိုးထွားချက် အံ့သြစရာ ။ တပ်က စစ်ကြောင်းလာရင် အားလုံး ထွက်ပြေးကြ မပြေးတဲ့သူ ဒလံ တဲ့ ။ 

     ကဲ ဘယ်မလဲ နစက ရဲ့ အာဏာစက် ။ ဒီလိုဖြစ်နေချိန်မှာ လွန်ခဲ့တဲ့ တပတ်က နစက ရဲ့ အားကိုးရတဲ့ ကစထ မှူးကြီး နဲ့ တိုင်းမှူးကြီး ရောက်လာပြီး မင်းကင်းမှာ တပ်ရင်းတရင်း ချထားမယ် မြစ်ကြောင်းမှာ ရေတပ်စစ်သဘော် တစီးလဲ ကင်းလှဲ့ပေးမယ်လို့ ကတိပေးသွားတယ် ။ 

      အဲဒါ ဒီနေ့အထိ ပေါ်မလာသေးပဲ ဝမ်းသာအားရ မျှော်လင့်နေသူတွေလည်း ခွေးပြေး ဝက်ပြေး ပြေးနေရဆဲ PDF တွေလည်း တန်ခိုးထွားနေဆဲ ပါပဲ ။ 

      ပြောချင်တာက လုပ်မပေးနိုင်ပဲ ကစထမှူးကြီး နဲ့ တိုင်းမှူးက ဘာလို့ မျှော်လင့်ချက် ပေးခဲ့တာလဲ ။ သူတို့အဆင့်ဆိုတာ ရောက်တုန်း ရောက်ခိုက် စားသောက်ကောင်းအောင် လျှောက်ပြောရမယ့် ကလေကချေ တွေ မဟုတ်ဖူးလေ ။ 

       ဒီနယ်မှာ အပြစ်မဲ့ပြည်သူတွေ သေနေကြတာ များလှပြီ ။ အခု တပ်မတော် ထိပ်ပိုင်းက ကစမှူးကြီး ကိုယ်တိုင်လာပြီး အားပေးစကားပြော လုံခြုံရေး အစီအမံတွေ ချပြသွားလို့ ကျေနပ်နေပါမှ တိုင်းမှူးက ဖိုးသင်းမျောက် လုပ်ပြသလား ၊ ကစထမှူး ကိုယ်တိုင် လိမ်ခဲ့သလားဆိုတာတော့ မသိနိုင်ဖူးလေ ။ 

     လောလောဆယ် မင်းကင်းကတော့ MP ကြီးကိုယ်တိုင် စိတ်တိုနေတဲ့ ပို့စ် တင်ရင်း တပ်မတော်ရဲ့ ပုံရိပ်ကို စိတ်ပျက်နေလေရဲ့ ။ 

     ကိုယ့်ကတိကို တည်အောင် လုပ်ကြစမ်းပါဗျာ ၊ ကစထမှူး နဲ့ တိုင်းမှူးဆိုတာ တပ်မတော်ရဲ့ ကြီးမားတဲ့ ပုံရိပ်ဗျ ။ မလုပ်ပေးပဲ အာချောင်ရုံ သက်သက်ဆိုရင် ခင်ဗျားတို့များ တိုင်းပြည်ခေါင်ဆောင် တပ်ချုပ်ကြီးရာထူး ရခဲ့ရင်တော့ တပ်မတော်ရော တိုင်းပြည်ကော ငါးပါးမှောက်ရချည်ရဲ့ ။ 

     https://m.facebook.com/story.php?story_fbid=212215770957886&id=100065083940844

      ကိုရွှေမျိုးဝင်း

(လူဆိုတာ ကိုယ့်အရိပ်ခိုရတဲ့ နွားကိုတောင် တတ်နိုင်သလောက် ကာကွယ် စောင့်ရှောက်တတ်ရတယ် ဗျ ဒါမှ လူပီသတာ မဟုတ်ရင်........)

နားလည်မှု အရေးကြီးပါတယ်



            လိုင်းပေါ်မှာ တင်နေကြတဲ့ ပို့စ် တွေအပေါ် ဝေဖန်ထောက်ပြကြတဲ့အခါ မိမိရဲ့ ပိုင်းဖြတ်နိုင်စွမ်းဟာ အရေးကြီးပါတယ် ။ လိုင်းပေါ်မှာ ကိုယ်သန်ရာ သန်ရာ နည်းတွေနဲ့  မတူကွဲပြားတဲ့ ရေးဟန်တွေ နဲ့  တင်ပြကြပါတယ် ။ 

- တချို့က ဒဲ့

- တချို့က စောင်းပါးရိပ်ခြေ

- တချို့က အူကြောင်ကြောင်
(သတင်းကောင်းရပြီ နောက်မှပြောမယ် ဆိုတာမျိုး)

- တချို့က အစိုးရကို နောက်ကတွန်းတယ် 
(လုပ်ရမယ့်ကိစ္စကို တိုက်တွန်း)

- တချို့က အစိုးရကို ရှေ့ကဆွဲတယ် 
(လုပ်သင့်တဲ့ ကိစ္စကို လမ်းကြောင်း)

- တချို့က ပြည်သူ့အခက်အခဲ ဒဲ့ပြော ကူညီစေချင်တယ် 

- တချို့က မဝံ့မရဲ ပြောကြတယ်

       အဲသလို ဗွက်ပေါက်နေတဲ့ အထဲက ခင်ဗျားတို့ရဲ့ ဗဟုသုတ ၊ အတွေးအမြင်တွေ နဲ့ ချင့်ချိန်ယုံကြည်ကြရမှာ fb လောက ရဲ့ အရှိတရားပါပဲ ။ 

       ဥပမာ တနေ့က မင်းသမီးနန္နာလှိုင်ရဲ့ ခင်ပွန်း သူဌေးဦးဇေသီဟ က ပို့စ် တင်လိုက်တယ် ။ သူတောင် ဆင်းရဲသွားလို့ ငပိရည်နဲ့ ထမင်းစားနေရပြီ ဆိုတဲ့ ပို့စ် ကို တွေ့လိုက်မိပါတယ် ။ 

     အောက်က မန့်တွေ ဖတ်ကြည့်လိုက်ပါ တကယ့်ကို ရေးထားတာတွေက စိတ်ပျက်စရာ အတိပါပဲ ။ 

     ဟိုသူဌေးက သူပြောချင်တာကို သွယ်ဝှိက်ပြောထားတာပါ ။ဒါကို ဒဲ့စဥ်းစားပြီး လူတွေက ပေါက်ကရ မန့် နေကြတယ် ။ သူဆိုလိုတာက သူတို့လို သူဌေးတွေတောက် မွဲနေပါပြီ ဆင်းရဲသားတွေဆိုရင် ငတ်သေတော့မယ် စတေဟုမ်း ဆိုပြီး အမိန့်ချည်း ထုတ်မနေပါနဲ့ ထောက်ပံ့ပါအုံး ဆိုပြီး အစိုးရကို မက်ဆေ့ ပေးထားတာ ဗျ ။

     အဲသလို မြင်အောင် ကြည့်ကြစမ်းပါ ၊ သူတို့အဆင့်က နောက်ထပ် ဆယ်ဘဝ စားလည်း မကုန်တော့ဘူး ဗျ ။ ပြည်သူအတွက် သူရေးထားတာ လှောင်စရာ မဟုတ်ဖူးဗျ ။ 

       နောက်ပြီး စစ်သတင်းတွေ တင်ကြရင်လည်း စိတ်ဓာတ်စစ်ဆင်ရေး သတင်း ၊ သတိပေးသတင်း ၊ အကြံပေးသတင်း ဆိုပြီး အမျိုးမျိုးရှိတတ်ပါတယ် ။ ကိုယ်သိထားတာ နဲ့ မကိုက်ညီလို့ ဆိုပြီး နဘားသားယား ငြင်းခုန်နေရင်လည်း အချင်းချင်း စကားများကြရုံပဲ ရှိပါမယ် ။ 

     ခွဲခြမ်းစိတ်ဖြာပြီး ကျော်သင့်ရင် ကျော်သွားကြပါ ။ အိမ်စောင့်​အစိုးရကို မတော်မတရား ဖားယား လော်နေတာကိုလက်ခံဖို့ ပြောခြင်းမဟုတ်ပါဘူး ။ 

       လိုင်းပေါ်တက်ပြီး လူသိရှင်ကြား ဝေဖန်ရေးသားပြီ ဆိုရင် ပြည်သူအကျိုးကိုပဲ ရှေ့ရှူရေးသားသင့်ပါတယ် ။ ပြည်သူ့အခက်အခဲကို အစိုးရ သိစေရန် နဲ့ အစိုးရ ဆောင်ရွက်ချက်တွေကို ပြည်သူ သိနားလည်စေရန် အားထုတ်ရေးသားသင့်ပါတယ် ။ 

      အဲဒီလို ရေးသားခြင်းကိုလည်း ဖတ်ရှုသူက နားလည်ဖို့ လိုအပ်ပါတယ် ။ ဒီလူက ဘာလဲဟ တော်ကြာ အစိုးရကို ဝေဖန်လိုက် တော်ကြာ အစိုးရ ကောင်းကြောင်း ရေးလိုက် နဲ့ ဆိုပြီး ဘက်တဖက်ထဲက ကြည့်ပြီး ဆုံးဖြတ် သုံးသပ်နေမယ်ဆိုရင်တော့ မှန်ကန်တဲ့ အနေအထားကို ခြုံငုံစဥ်းစားနိုင်မှာ မဟုတ်ပါဘူး ။ 

     ယခုဖြစ်နေတဲ့ အနေအထားဟာ .....

- အစိုးရ ဘာလုပ်လုပ် မှန်တယ် ဆိုတဲ့ အုပ်စု ၊

- အစိုးရ ဘာလုပ်လုပ် မှားတယ် ဆိုတဲ့ အုပ်စု ၊ 

- အစိုးရဘာလုပ်လုပ် မှန်ရင် လက်ခုပ်တီးပြီး မှားရင် ကလော်တုတ်တဲ့ အုပ်စု 

..........ဆိုပြီး ကွဲနေပါတယ် ။ 

       တတိယအုပ်စုက နှစ်ဖက်လုံးရဲ့ အဆဲခံတွေပါပဲ ။ နားလည်မှု တည်ဆောက်ကြဖို့ လိုနေပါပြီ ။ နားလည်မရှိရင် သို့တည်းမဟုတ် တဦး နဲ့ တဦး နားလည်မပေးနိုင်ကြပဲ ငါတကော ကော နေကြရင်ဖြင့် တနိုင်ငံလုံး စည်းလုံးဖို့ မပြောနဲ့ ချစ်လို့ ယူထားကြတဲ့ လင်မယားလည်း ကွဲ ကြမှာပါပဲ ။

      နားလည်မှုဖြင့်သာ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ပါမယ် ။ 

       ( မင်းသားကြီး အကောင့် နဲ့ page 7 ရက် အပိတ်ခံထားရပါတယ် )      

  ကိုရွှေမျိုးဝင်း

(ကိုယ့်ဝေါလ်ထဲမှာ ချီးကျူး​နေလို့ အဟုတ်ထင်မနေ​ကြနဲ့ ကျန်တဲ့သူရဲ့ ဝေါလ် ထဲမှာ အဲဒီလူကပဲ ကဲ့ရဲ့နေ​ကြတာ အများကြီး)

ယှဉ်ကြည့်ကြခြင်း ==================

                 ရေဘေးကိစ္စအတွက် စိတ်မကောင်းစရာတွေ များစွာတွေ့မြင်နေရသလို ကူညီနိုင်စွမ်းရှိသူတွေလည်း အသက်စွန့်ပြီး ကူညီကယိတင်နေတာတွေ မြင်တွေ...